Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

NLD မှ ပြင်/သစ် ကိစ္စရှင်းလင်းပြီ


၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး (သို့မဟုတ်) ပြန်လည်ရေး
ဆွဲရေးအတွက်အတိုက် အခံပါတီဖြစ်သော NLD ပါတီမှ အောက်တိုလာလ ၁၂ ရက်တွင် စတင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ သဘောတရားနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ အကြောင်းအချက်များကို လုပ် သားပြည်သူများလွယ်လင့်တကူ သိရှိနိုင်စေရန် နေရာအသီးသီးသို့ လိုက်
လံ၍ ဟောပြောရှင်းလင်း ကြကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းပြရာတွင်

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ ဘာလဲ

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနက်အဓိပ္ပာယ်နှင့် ပတ်သက်၍ ဥပဒေနှင့် နိုင်ငံရေးကျွမ်းကျင်သူ ပညာရှင်များမှ မြောက်များစွာ အဓိပ္ပာယ်ဖွင့်ဆို
ခဲ့ကြသော်လည်း သာမန်ပြည်သူများလွယ်ကူစွာနား လည်သဘောပေါက
စေရန်“အုပ်စိုး သူမင်းများ လိုက်နာရမည်ဥပဒေ” ဟု ဖွင့်ဆိုကြောင်း၊

နိုင်ငံတစ်နိုင်ငံတွင် အုပ်စိုးသူ အစိုးရမင်းများနှင့် အုပ်ချုပ်ခံနိုင်ငံ သားပြည်သူများဟူ၍ လူနှစ်မျိုး နှစ်စားရှိရာတွင် အုပ်ချုပ်ခံပြည်သူ များကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ၊ မလိုက်နာမနေရ၊ လိုက်နာရမည်ဟု အုပ်စိုးသူအစိုးရ မင်းများမှစည်းမျဉ်းစည်ကမ်းအမျိုး မျိုးကို သတ်မှတ်ပြဋ္ဌာန်းထားခြင်း ကို “ဥပဒေ” ဟုခေါ်ဆိုကြောင်း၊

အလားတူ အုပ်ချုပ်ခံပြည်သူ များ မလိုက်နာမနေရလိုက်နာမည့် ဥပဒေရှိသကဲ့သို့ အစိုးရမင်းများ မလိုက်နာမနေရလိုက်နာရမည်ဟု ပြဋ္ဌာန်းထားသည့် ဥပဒေအမျိုး အစားတစ်ရပ်ကို“ဖွဲ့စည်းပုံအခြေခံ ဥပဒေ” ဟု ခေါ်ဆိုကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတိုင်းတွင် မရှိပါ။အထူးသဖြင့် အာဏာရှင်နိုင်ငံများတွင် မရှိပါ။ ရှိခဲ့လျှင်လည်း အာဏာရှင်က မိမိ ကိုယ်မိမိအပ်နှင်းသည့် ဥပဒေသာ ဖြစ်ကြောင်း၊

ပြည်သူ့ဆန္ဒနှင့်အညီ အုပ်စိုး သည့် အစိုးရမင်းများအုပ်ချုပ် သည့် ဒီမိုကရေစီနိုင်ငံရေးစနစ် တွင် အုပ်စိုးသူနိုင်ငံတော်နှင့်နိုင်ငံ သားပြည်သူများအကြား ချုပ်ဆို ထားသော သဘောတူပဋိညာဉ် စာချုပ်အသွင်သဏ္ဌာန်ဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိကြောင်း၊

အရှင်းဆုံးပြောရလျှင် ဒီမိုက ရေစီဖွဲ့စည်းပုံအခြေခံဥပဒေဆို သည်မှာ အုပ်စိုးသူမင်းများ လိုက် နာရန် ပြည်သူ့ဆန္ဒနှင့်အညီရေး ဆွဲထားသော ဥပဒေတစ်ရပ်ဟု ဆို နိုင်ကြောင်း ဖော်ပြထားသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံအတွက်ဘယ်လောက်အရေး ကြီးသလဲ

ကမ်္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိရာတွင် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အာဏာ ရှင်စနစ်ဖြင့် အုပ်ချုပ်သည့်နိုင်ငံ ဟူ၍ နှစ်မျိုးနှစ်စားရှိကြောင်း၊ ဒီမို ကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အုပ်ချုပ်သော နိုင်ငံအများစု မှာ ကြွယ်ဝချမ်းသာသည့် နိုင်ငံ များ အဖြစ်ဂုဏ်သိက္ခာရှိစွာ ရပ် တည်နိုင်ကြပြီး အာဏာရှင်စနစ် ဖြင့် အုပ်ချုပ်သည့် နိုင်ငံများတွင် မူ အုပ်စိုးသူ အာဏာရှင်များကြီး ပွားချမ်းသာ၍ နိုင်ငံသားများ ဆင်းရဲမွဲတေနေကြောင်း၊ ယင်း အုပ်ချုပ်သည့်နည်းနှစ်ရပ်ကို လေ့ လာရုံဖြင့် လွယ်ကူစွာ သိမြင်နိုင် ကြောင်း ရှင်းပြထားသည်။

၃။ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခြေခံစံနှုန်းများ

ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခု၏ “အခြေခံစံနှုန်း” များဆိုသည့်စကားရပ်နှင့် ဒီမိုက ရေစီဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ၏“အခြေခံမူများ”မတူညီကြောင်း “အခြေခံမူများ” ဆိုသည်မှာ ဒီမို ကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်တွင် မလွဲမသွေ ပါဝင်ရန် လိုအပ်သည့် ပြဋ္ဌာန်းချက်များကို အဓိကဆိုလိုကြောင်း၊ ဥပမာ လွတ်လပ်ခွင့်အခွင့်အရေးများတန်း တူညီမျှဆိုင်ရာအခွင့်အရေးများ စသည့် နိုင်ငံသားတို့၏အခြေခံ ရပိုင်ခွင့်များဖြစ်ကြောင်း၊ “အခြေခံ စံနှုန်း”ဆိုသည်မှာဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုသည် ဒီမိုကရေစီ ဖွဲ့ စည်းပုံအခြေခံဥပဒေဟုတ်မဟုတ် ကို တိုင်းတာရမည့် စံနှုန်းများ (ပေတံများ) ကို ဆိုလို ကြောင်း၊ အခြေခံစံနှုန်းနှစ်ရပ်ရှိရာတွင် (၁) ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာ တွင် ပြည်သူတို့ဆန္ဒ မည်မျှပါ သနည်းနှင့် (၂) နိုင်ငံတော် အာဏာအား မည်သူကို အပ်နှင်း ထားသနည်းဆိုသည့် စံနှုန်းများ ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြင်သင့်၊ မပြင်သင့်နှင့် အသစ်ရေးဆွဲသင့် ကိစ္စများအတွက် ရှင်းလင်းဖော်ပြ ရာတွင်

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြောင်းအချက် များစွာရှိနေကြောင်း၊ အကျဉ်းချုံး ၍ ရှင်းရလျှင် ဒီမိုကရေစီ စံနှုန်း များနှင့် ကိုက်ညီခြင်းမရှိသည့် ပြဋ္ဌာန်းချက်များကိုပယ်ဖျက်၊ ပြင် ဆင်သင့်ကြောင်း၊ မလိုအပ်ဘဲ ရေးသားထားသည့် လုပ်ထုံးလုပ် နည်းဆန်သော ပြဋ္ဌာန်းချက်များ ကို ဖယ်ထုတ်သင့်ကြောင်းနှင့် စစ် မှန်သော ပြည်ထောင်စုစနစ်နှင့် ကိုက်ညီမည့် ပြဋ္ဌာန်းချက်များကို ဖြည့်စွက်သင့်ကြောင်း ဖော်ပြ ထားသည်။

ပြင်ဆင်ခြင်းကိစ်္စများနှင့်စပ် လျဉ်း၍လည်းပထမအဆင့်အနေ နှင့် ပြည်ထောင်စုလွှတ်တော် အမတ် ၂၀ ရာခိုင်နှုန်း (၁၃၃)ဦး မှစတင်အဆိုပြုရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့်ပြည်ထောင် စုလွှတ်တော်၏ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် (၇၆ ရာခိုင်နှုန်း) မှ ပြင်ဆင်ရန် ထောက်ခံမဲပေးရ မည်ဖြစ်ကြောင်း၊ တတိယအဆင့် အနေနှင့်ပြည်ထောင်စုလွှတ်တော် ၏ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းရရှိ ပါက ဆန္ဒခံယူပွဲ ဆက်လက်ပြု လုပ်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ ဆန္ဒခံယူပွဲ ဆက်လက်ပြုလုပ်ရ မည်ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒခံ ယူပွဲတွင် ထောက်ခံမဲပေးသူထက် ၀က်ကျော်အစား၊ တစ်နိုင်ငံလုံး၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံမဲပေး မှသာ ပြင်ဆင်ချက် အတည်ပြု နိုင်မည်ဖြစ်သည်ကို ပြဋ္ဌာန်းထား ကြောင်း၊ ထို့ကြောင့်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက် ကျော် ထောက်ခံမဲရရှိပါမှ ပြင် ဆင်၍ ရနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားသည်။

အသစ်ရေးဆွဲခြင်းကိစ္စရပ် တွင်လည်း (၁) အဟောင်းကို ပယ်ဖျက်၍ အသစ်ရေးဆွဲပြဋ္ဌာန်း သောနည်းလမ်းနှင့်(၂)အဟောင်း ကို မဖျက်ဘဲ အသစ်တစ်ခုကြို တင်ရေးဆွဲပြီး သတ်မှတ်ထား သည့်အချိန်တွင် အဟောင်းကို ပယ်ဖျက်ပြီး အသစ်ကို အစားထိုး ရသည့် နည်းလမ်းဟူ၍ အကြမ်း အားဖြင့် နည်းလမ်းနှစ်သွယ်ရှိ သည်ဟုဆိုနိုင်ကြောင်းအဟောင်း ကိုဖျက်၍ အသစ်ပြန်လည်ရေး ဆွဲသည့် ပထမနည်းလမ်းသည် လက်ရှိအုပ်ချုပ်ရေးယန္တရားကို ရပ်ဆိုင်းစေမည်ဖြစ်၍ သင့်လျော် သည့်နည်းလမ်းမဟုတ်ဟုဆိုရ မည်ဖြစ်ကြောင်း၊ ဒုတိယနည်း လမ်းမှာ လက်ရှိ ၂၀၀၈ ခုနှစ်ဖွဲ့ စည်းအုပ်ချုပ်ပုံကို ပယ်ဖျက်ခြင်း မပြုဘဲ ယင်းဥပဒေဖြင့်နိုင်ငံတော် ကို လက်ရှိအခြေအနေအတိုင်း ဆက်လက်အုပ်ချုပ်သွားပြီးသတ်မှတ်ထားသည့် အချိန်ကာလတစ် ခုအတွင်း ပြည်သူ့ဆန္ဒနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ် ရပ်ကို ရေးဆွဲအတည်ပြု၍ သတ် မှတ်ထားသည့်အချိန်ကာလရောက် မှအဟောင်းကိုပယ်ဖျက်ပြီးအသစ် ကို အစားထိုးကာ စဉ်ဆက်မပြတ် ဆက်လက်အုပ်ချုပ်သွားသော နည်းလမ်းဖြစ်ကြောင်းဟူ၍ ရှင်း လင်းဖော်ပြထားသည်။


Hot News Journal

No comments:

Post a Comment