Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

လှပစိုပြည်ရတီမေ


မျက်နှာလေးလှဖို့ကတော့ ငယ်ငယ်ကတည်း က ပြင်ဆင်ခဲ့ကြတာ မိန်းကလေးတိုင်းပေါ့။ ဒါပေမဲ့ သိပ်လှချင်စိတ် မပေါ်ခင် အထူးသဖြင့် ငယ်ရွယ်စဉ်က နမော်နမဲ့ နေခဲ့မိတဲ့ တံတောင်ဆစ် တို့၊ ဒူးတို့က ကိုယ့် ရဲ့ ခြေ၊ လက်မှာရှိတဲ့ အသား အရောင်နဲ့ သိပ်ကို ကွာဟလောက်အောင် မည်း နေမယ်၊ ကြမ်းတမ်းနေတယ် ဆိုတာကို စတိုင် ထုတ်ပြီး လှချင်တဲ့အခါ သတိထား လာမိတတ်ကြ ပါတယ်။ အဲဒီအခါ လှချင်ပေမယ့် အဝတ် အစား ရွေးရပြီပေါ့။ နောက်ပြီး လက်ဖဝါး ခြေဖဝါးလေး တွေက သူများ တကာ နဲ့မတူဘဲ ကြမ်းတမ်းတယ် ထင်နေရင်၊ ခန္ဓာကိုယ် အသားအရေ ကလည်း မနူးညံ့ဘူး ထင်ရင် ကိုယ့်အလှကို ယုံကြည်မှုက နည်းနေတတ် တယ်။ ဒီလိုမဖြစ်အောင် ဘယ် အချက်တွေကိုရှောင်ရမယ်၊ ဘယ်လို ချောမွေ့ လာ အောင်၊ အသားအရောင်ညီအောင် လုပ်ရမလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

"တံတောင်နဲ့ဒူး မမည်းရလေအောင်"

ရေချိုးတိုင်း ကျောက်ခဲ အကြမ်းလေးနဲ့ တံတောင် ကိုကွေးပြီး တံတောင် ဆစ်နေရာကို ဘယ်တစ်ခါ ညာတစ်လှည့် တိုက်ပေးပါ။ ဒူးကို လည်းအလား တူပါပဲ။ ပင်ကိုက အသားအရေ နူးညံ့လွန်းတဲ့သူတွေ အတွက်တော့ အဝတ်စို တို့၊ သပွတ်အူတို့၊ ကြေးတွန်းပိုက် တို့လောက်နဲ့ဆို ရပါ ပြီ။

ဒူးထောက် မသွားပါနဲ့။ ငယ်ရွယ်စဉ်မှာ ဒူးထောက် သွားရတာကို ကလေး တိုင်းကြိုက်တတ် ကြပါတယ်။ ဒါက ကြီးလာရင်တော့ သဘော မတွေ့ စရာ ဒူးညိုမည်းတဲ့ ရလဒ်ကိုပေးပါတယ်။ 

တံတောင်ထောက်ပြီး မေးတင် စဉ်းစားတာ၊ စတိုင် ထုတ်တာတွေလုပ်ရင် သိပ်ကြာကြာ မထောက်ဖို့ သတိထားပါ။ အထူးသဖြင့် ကြမ်းပြင် လို မာကြောတဲ့ မျက်နှာပြင်ပေါ် တံတောင်ထောက် တာမျိုးပါ။ ခဏခဏနဲ့ ခပ်ကြာကြာ အဲဒီလိုလုပ် ရင် မေးရိုး အတွက်လည်း မကောင်းသလို တံတောင်အတွက်လည်း မကောင်းပါဘူး။

ပြေးလွှားကစားတဲ့အခါ၊ ဒါမှမဟုတ် အားကစား လုပ်တဲ့အခါ၊ စကိတ်စီး စက်ဘီးစီး တို့ သင်တဲ့အခါ ဦးခေါင်းပိုင်း ကာကွယ်မှု အပြင်
ဒူးတွေ တံတောင်တွေ ပွန်းပဲ့ တတ်တာကြောင့် အဲဒီလို ပွန်းပဲ့မှုတွေ သက်သာစေမယ့် ဝတ်စားဆင် ယင်မှုမျိုးကို ရွေးချယ်ပါ။ ဒဏ်ရာ ရခဲ့ရင် ဆေးကုသမှု ခံယူပြီး အနာကျက်စ မှာလည်း ဂရု စိုက်ပေးပါ။

မာဦး
Yati Magazine

No comments:

Post a Comment