Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 31, 2013

နာနာဘာဝများ ကျွတ်လွတ်ရေး အကျွတ်အလွတ်တရားဟော


Thursday, October 31, 2013

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက် ရှိသည့် အနက်မှ ဗုဒ္ဓဘာသာ၊ မွတ်ဆလင်၊ ဟိန္ဒူ၊ ခရစ်စယမ်၊ တရုတ် ဟူ၍ (၅)မျိုးရှိရာ အယူဝါဒအလိုက် ကိုးကွယ်သည့် ဘာသာ အယူဝါဒကွဲပြား ၍ မင်းမွေးတောင် သင်ချိုင်းတွင်လည်း (၅)နေရာ ခွဲခြား သတ်မှတ်ထားရှိသည်။

ဒါနအခမဲ့ နာမှုကူညီရေး အသင်းမှ ဒုတိယအကြိမ်မြောက် နာနာဘာဝများ ကျွတ်လွတ်ရေး အတွက် ရည်သန်၍ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ ဦးပါမောက္ခ (ဧရာဝတီ ဆရာတော်)နှင့် ပင့်သံဃာတော်များအား ပင့်ဆောင်၍ အောက်တိုဘာလ(၂၉)ရက် ည(၆)နာရီက အဆိုပါ မင်းမွေးတောင် မြန်မာသင်္ချိုင်းတွင်ကျင်ပခဲ့သည်။

အစီအစဉ်အရ ဒါနအခမဲ့ နာမှုကူညီရေးအသင်း ဥက္ကဌ ဦးခင်မောင်သိန်းနှင့် အဖွဲ့ဝင်များက ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ် သံဃနာယက အဖွဲ့ ဥက္ကဌ ဦးပါမောက္ခက မကျွတ်မလွတ် သော နာနာဘဝများအား ဖတ်ခေါ်၍ အကျွတ်အလွတ်တရားဟောကြားပြီး ပင့်သံဃာတော်(၁၁)ပါး အား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ၅ပေပတ်လည် အနက် ၆လက်မ ကျဉ်းများတူး၍ ငှက်ပြောဖက်များခင်းပြီး ဘေးပတ်ပတ်လည်တွင် ခြေရာထင်ကျန်ရစ်ရန် သဲများခင်း ထားပြီး အသားငါးများကို အဆိုပါကျဉ်းတွင်ထည့်ပြီး နာနာဘာဝများ ကျွေးရာ ည(၁)နာရီအချိန်တွင် ပြန်လည်ကြည့်ရှုရာ ခင်းထားသော သဲပေါ်တွင် ခြေရာလက်ရာမရှိ အသားငါးများ ကုန်ခန်းနေသည်ကို တွေ့ရှိရကြောင်း ဒါနအဖွဲ့ ဒုဥက္ကဌ ဦးစိုးကျော်၏ ပြောပြချက်အရ သိရ သည်။

ကျောက်ဆည်ခရိုင်ပြန်/ဆက်

MOI Webportal Myanmar

No comments:

Post a Comment