Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 11, 2013

ကမ္ဘာပေါ်စိတ်အရှည်ဆုံးသတို့ သမီး



အေပီမှာဖော်ပြထားတဲ့သတင်းတပုဒ်ပါ။
 ပြင်သစ်ကို ဟန်းနီးမွန်း ထွက်ရာကပြန်လာတဲ့ အသစ်စက်စက်ဂျာမန် ဇနီးမောင်နှံဟာ အဝေးပြေး လမ်းမကြီးဘေး မှာဆီဝင်ဖြည့်ကြပါတယ်။ ဆီဖြည့်ပြီးတဲ့နောက် ခရီးဆက်ထွက်လာခဲ့ တာ နှစ်နာရီ ခွဲလောက်ကြာမှ ယောက်ျားဖြစ်သူက ကားပေါ်မှာ မိန်းမပါမလာမှန်းသိရပါတော့ တယ်။ အဲဒီတော့မှရဲကိုဖုန်းခေါ်ပြီး မိန်းမဖြစ်သူကိုရှာဖွေ ဖို့ အကူအညီတောင်းရပါတော့တယ်။
ဖြစ်ပုံကတော့ မိန်းမဖြစ်သူက ကားနောက်ခုံမှာအိပ်ပြီးလိုက်ခဲ့ပါတယ်။ ယောက်ျားဖြစ်သူ ဆီဖြည့်နေ တုန်း  နိုးလာပြီး အပေါ့အလေးဆင်းသွားပါတယ်တဲ့။ အဲဒါကိုယောက်ျားဖြစ်သူကလုံးဝမသိလိုက်ပဲကားကိုမောင်းထွက်သွားခဲ့တာပါ။
ကမ္ဘာပေါ်မှာစိတ်အရှည်ဆုံး၊သဘောထားအကြီးဆုံးလို့ သတ်မှတ်ရမယ့် အဲဒီအမျိုးသမီး ဟာ ယောက်ျားဖြစ် သူကို ဓာတ်ဆီဆိုင်ကနေ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့ပါတယ်တဲ့။
(ကားပေါ်ရောက်မှ ဗိုက်ခေါက်ပြတ်ထွက်အောင်လိမ်မလားဆိုတာတော့ သူတို့ အချင်းချင်းပဲသိ မှာပေါ့နော်၊ဘယ်နှယ့်ဗျာ ၂ နာရီခွဲလုံးလုံးအသစ်စက်စက်မိန်းမကိုမေ့ထားရတယ်လို့ )

the melting pot 4 u

Source

No comments:

Post a Comment