Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 11, 2013

ရှစ်နှစ်သမီးကို ၃၅ နှစ် အမျိုးသားက အဓမ္မပြုကျင့်ရန် ကြံစည်ဟု အမှုဖွင့်

အင်းစိန်မြို့နယ်တွင် အသက်ရှစ်နှစ်အရွယ် သမီးငယ်ကို ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည် လုပ်ဆောင်ခဲ့သည်ဆိုကာ အမှုဖွင့်တိုင်တန်းသဖြင့် အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

အမှုတွင် အောက်တိုဘာ ၉ ရက်ညနေ က တောင်ဒဂုံတွင် အလုပ်လုပ်နေသူ မိန်းကလေးငယ်၏ မိခင်က အင်းစိန်မြို့နယ် နေသူထံသို့ အစ်မဖြစ်သူရောက်ရှိလာပြီး သမီးငယ်ဖြစ်သူမှာ အဓမ္မပြုကျင့်ရန် ကြံစည်ခြင်း ခံရကြောင်းကို လာရောက်ပြောပြခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးငယ်ဖြစ်သူမှာ နေအိမ်ရှေ့တွင်ဆော့ကစားနေစဉ် ၃၅ နှစ်ရွယ်ရှိ တစ်လမ်းတည်းနေသူက ကြို့ကုန်း အနောက်ရပ်ကွက် သစ်တောဝင်းအတွင်းရှိ သစ်လုံးပုံများကြားသို့ ခေါ်ဆောင်သွားသည်ဟု သိရှိရသဖြင့် အဒေါ်ဖြစ်သူက လိုက်လံရှာဖွေခဲ့သည်ဟု တရားလိုမိသားစုက ရဲအား ပြောပြထားကြသည်။

ထို့နောက် က(၃)လမ်း၊ အပိုင်း(၄)ရှိ ဦးပေါ်ဦး တံတားထိပ်တွင် သမီးငယ်အားတွေ့ရှိသဖြင့် မေးမြန်းရာ သစ်လုံးပုံ များကြား ခေါ်ဆောင်သွားပြီး မဖွယ်မရာပြုလုပ်ကြံစည်ခဲ့သည်ကို ပြန်လည်ပြောပြခဲ့သည်ဟု တရားလိုဘက်က ဆိုထားသည်။

သမီးငယ်ဖြစ်သူအား မုန့်ဖိုးတစ်ထောင်ပေးမည်ဟုဆိုကာ မဖွယ်မရာပြုလုပ်ခိုင်းပြီးမရသဖြင့် သားမယား ပြုကျင့်ရန်ကြံစည်စဉ် ထွက်ပြေးခဲ့ကြောင်း သိရသည်ဟုလည်း ကလေးငယ်၏ မိခင်ကရဲအား ပြောပြထားသည်။

ထို့ကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်ကို သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် ထိုအမျိုးသားအား အရေးယူပေးရန် စွပ်စွဲတိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။
ယင်းတိုင်တန်းမှုကို အင်းစိန်ရဲခစန်းက (ပ) ၁၀၇၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုကျူးလွန်ကြောင်း ဟုတ်မှန်ပါက ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။

မဇ္ဈိမသတင်းဌာန

No comments:

Post a Comment