Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 11, 2013

အိန္ဒိယလိင်အလုပ်သမတွေကို ငွေအတုအစစ် ခွဲနည်းသင်ပေး



အိန္ဒိယတွင် လိင်အလုပ်သမများ ကို ငွေတုဖြင့် လာရောက်ပျော်ပါးသူ မှ ရှောင်လွှဲ နိုင်စေရေးအတွက် ငွေကြေး အတုအစစ်ခွဲခြားနိုင်စေရ န် လေ့ကျင့် ပေးနေသည်ဟု သိရသည်။

အိန္ဒိယတွင် ပြည့်တန်ဆာလုပ်ငန်း မှာ တရားမဝင်ဖြစ်ေ သာကြောင့် နိုင်ငံရှိ သုံးသန်းခန့်မျှသော လိင်အလုပ်သမ တို့မှာ ပြဿနာတစ်စုံ တစ်ခုဖြစ်လျှင် ရဲ တပ်ဖွဲ့ သို့ တိုင်တန်းနိုင်ခြင်း မရှိကြချေ။

ထို့ကြောင့် Committee for Indomitable Women ဟူသော လူမှု ရေး အဖွဲ့အစည်းက လိင်အလုပ်သမများ အဓိကကြုံတွေ့နေ ရသော ငွေကြေး အတုဖြင့် လာရောက်ပျော်ပါးမှုကို ရှောင်လွှဲနိုင်ရန် အတွက် ငွေကြေးအတု အစစ်ခွဲခြားနည်းကို လေ့ကျင့်သင်ကြား ပေးနေ သည်ဟု ဆိုသည်။

''အများစုက ငွေအတုဆိုတာကို ဘဏ်ထဲငွေလာထည့်တဲ့အခါမှပဲ သိကြ ရတယ်'' ဟု အဆိုပါ ကော်မတီ၏ အကြံပေးအဖွဲ့ ခေါင်းဆောင်Smarajit Jena က ဆိုသည်။

ငွေကြေး အတုအစစ်ခွဲနည်းကို ယခုအခါ လိင်အလုပ်သမား ၈ဝဝဝ ခန့် ရှိသော ကိုးလ်ကတ္တားမြို့တွင် စတင် လေ့ကျင့်ပေးနေသည်ဟု ¤င်းကဆို သည်။

''ငွေအတုနဲ့အစစ် ကွဲပြားခြားနား ချက်ကို ခရမ်းလွန်ရောင်ခြည် သုံးစက် တွေ အသုံးပြုပြီး ခွဲခြားပြသတယ်'' ဟု ၄င်းကဆိုသည်။

လိင်အလုပ်သမများမှာ ရဲတပ်ဖွဲ့ ကို အကူအညီတောင်းခံနိုင်ခြင်း မရှိ၍ ငွေအတုအစစ်ခွဲခြားနည်းကို စိတ်ဝင် စားစွာ လေ့ကျင့်နေကြသည်ဟု သိရ သည်။

''သူတို့က မီးမှိန်မှိန်ကို အခွင့် ကောင်းယူပြီး ငွေအတုတွေ ပေးသွား တာလေ။ ကျွန်မတို့သာ အတုအစစ်ခွဲ တတ်ရင် ဒီလိုလူလည်ကျ တာမခံရတော့ ဘူးပေါ့'' ဟု အသက် ၃ဝ အရွယ် လိင် အလုပ်သမ Swapra Mondal က ဆိုသည်။
Popular Myanmar News Journal
KYL
Ref: AFP

No comments:

Post a Comment