Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

မိုက်ကယ်လ်ဂျက်ဆင် သေဆုံးမှုတွင် တာဝန်ရှိသော ဆရာဝန် ဆေးကုသခွင့် လိုင်စင် ပြန်လိုချင်

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၇

ပေါ့ပ်ဘုရင် မိုက်ကယ်လ်ဂျက်ဆင် သေဆုံးရမှုမှာ အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ထောင်ဒဏ် ကျခံနေရတဲ့ ဒေါက်တာကွန်းရက်ဒ်မာရေးက သူထောင်က လွတ်တဲ့အချိန်မှာ ဆေးကုသခွင့် လိုင်စင် ပြန်ပေးဖို့ တောင်းဆိုခဲ့ကြောင်း Contactmusic. com မှာ ဖော်ပြထားပါတယ်။

ဒေါက်တာကွန်းရက်ဒ်မာရေးဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထောင်က ပြန်လွတ်ခဲ့ပြီး ထောင်က မလွတ်မီမှာပဲ ဆိုင်းငံ့ခံထားရတဲ့ သူ့ရဲ့ဆေးကုသခွင့် လိုင်စင်ကို ပြန်ထုတ်ပေးဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာကွန်းရက်ဒ်မာရေးဟာ မိုက်ကယ်လ်ဂျက်ဆင်ကို အကိုက်အခဲ သက်သာလျော့ပါးစေတဲ့ ပရိုပိုလ်ဖောင်းကို သေစေနိုင်လောက်တဲ့ ပမာဏအထိ သုံးစွဲခွင့် ပြုခဲ့ကြောင်း ထင်ရှားသဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ထောင်ဒဏ်လေးနှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပေမယ့် ပြစ်ဒဏ်ကျခံနေစဉ် ကာလအတွင်း ကောင်းမွန်စွာ နေထိုင်ခဲ့တာကြောင့် လျှော့ရက်တွေ ရရှိခဲ့ပြီး အခုလိုစောစီးစွာ ပြစ်ဒဏ်မှ လွတ်မြောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါက်တာကွန်းရက်ဒ်မာရေးက ထောင်မှ စောစီးစွာ လွတ်မြောက်ခွင့် ရရုံနဲ့တင် မကျေနပ်ဘဲ သူ့ရဲ့ ဆေးကုသခွင့် လိုင်စင်ကို ပြန်ထုတ်ပေးဖို့ပါ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
“ဒေါက်တာမာရေးဟာ လူတွေကိုကူညီဖို့ အမြဲတမ်း ဆန္ဒပြင်းပြနေသူ တစ်ယောက်ပါ။ ဘယ်လို နေရာမျိုးမှာပဲ နေရ၊ နေရ သူကျွမ်းကျင်တဲ့ ဆေးပညာနဲ့ လူတွေကို ဆေးကုသပေးတဲ့ အလုပ်ကို ပြန်လည် လုပ်ကိုင်သွားမှာပါ” လို့ ဒေါက်တာမာရေးရဲ့ ရှေ့နေက ပြောပါတယ်။

ဒါပေမဲ့ လော့စ်အိန်ဂျလိစ် ခရိုင်တရားရုံးကတော့ ဒေါက်တာမာရေး ရဲ့ ဆေးကုသခွင့် ပြန်ရဖို့ ကြိုးစားမှု မှန်သမျှကို တားဆီးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။

No comments:

Post a Comment