Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးဖြစ်စဉ် KNU သွားရောက်လေ့လာ

ရန်ကုန်၊ အောက်တိုဘာ ၂၈

အစိုးရနှင့် အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည်ဟု ကြေညာထားသော ကရင်အမျိုးသား အစည်းအရုံး (KNU) သည် မြောက်အိုင်ယာလန်နှင့် ဗြိတိန်အစိုးရအကြား ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည့် ဖြစ်စဉ်ကို မြောက်အိုင်ယာလန်သို့ သွားရောက် လေ့လာမည် ဖြစ်ကြောင်း KNU ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အဆိုပါ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာရန် KNU အတွင်းရေးမှူး (၂) ပဒိုမန်းမန်း ဦးဆောင်သော ကိုယ်စားလှယ် ခုနစ်ဦးသည် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေပြီး ယင်းလေ့လာရေး ခရီးစဉ်မှာ ခုနစ်ရက် ကြာမြင့်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဗြိတိန်မှာ အင်္ဂလိပ်နဲ့ အိုင်းရစ် လူမျိုးတွေအကြား အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ရတယ်။ အဲဒီ ငြိမ်းချမ်းရေးဆိုင်ရာ ဖော်ဆောင်ခဲ့မှုတွေကို လေ့လာဖို့ သွားတာပါ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ခရီးစဉ်ကို မြောက်အိုင်ယာလန် အခြေစိုက် Inter Mediate အဖွဲ့အစည်းက စီစဉ်ပေးခြင်း ဖြစ်ပြီး ခရီးစဉ်အတွင်း KNU ခေါင်းဆောင်များသည် ဗြိတိန်အစိုးရ တာဝန်ရှိသူများ၊ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခများနှင့် မြောက်အိုင်ယာလန် အစိုးရအဖွဲ့တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း KNU ထံမှ သိရသည်။

အိုင်ယာလန် မြောက်ပိုင်းသည် ဗြိတိန်နိုင်ငံ၏ အစိတ်အပိုင်း နယ်မြေတစ်ခု ဖြစ်ပြီး လက်နက်ကိုင် တောင်းဆိုမှုများကြောင့် ၁၉၉၈ ခုနှစ်တွင် ဗြိတိန်အစိုးရက နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် အရပ်သား အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရစ်စဲရေး သဘောတူလက်မှတ် ထိုးခဲ့ပြီး ယုံကြည်မှု တည်ဆောက်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နှစ်ကြိမ် တွေ့ဆုံထားသည်။

No comments:

Post a Comment