Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 18, 2013

မြန်မာနိုင်ငံရှိ လူ၁၀ဝတွင် ငါးဦးမှ ၁၂ဦး စိတ်ကျရောဂါဖြစ်ပွားနေ



[ နွေဦးလင်း ၊ ရန်ကုန် ၊ စက်တင်ဘာ ၁၃ ]

မြန်မာ နိုင်ငံရှိ လူ၁၀၀ တွင်ငါးဦးမှ၁၂ ဦးစိတ်ကျရောဂါဖြစ်ပွားပြီး ၎င်း တို့အနက် ငါးရာခိုင်နှုန်းသာ စနစ် တကျ ဆေးကုသမှုကို ခံယူကြ ကြောင်း သိရသည်။
စိတ်ကျရောဂါဖြစ်ပွားသူ များ စနစ်တကျရောဂါကုသခံယူ မှုနည်းခြင်းမှာ စိတ်ကျရောဂါ ဖြစ်မှန်းမသိခြင်းနှင့် ဖြစ်မှန်းသိ သော်လည်း စိတ်ရောဂါဟုယူဆ ကာ လူသိမခံလိုသောကြောင့် ဆရာဝန်များထံသွားရန် ဝန်လေး နေခြင်းကြောင့်ဖြစ်ကြောင်း သိ ရသည်။
''ဒီနေရာမှာပြောချင်တာ က စိတ်ကျရောဂါဟာ ရူးခြင်းမ ဟုတ်ဘူး။ ပုံမှန်လူတိုင်း စိတ်ညစ်၊ စိတ်ကျ ဖြစ်ဖူးသူတွေချည်းပဲ။ စိတ်ကျရောဂါဆိုတာက ပုံမှန် စိတ်ကျတာထက် နက်နက်ရှိုင်း ရှိုင်း ပိုကျတာပဲရှိတယ်။ လူတိုင်း ဖြစ်နိုင်တယ်''ဟု ဆေး(၁)ရန်ကုန်၊ စိတ်ကျန်းမာပညာဌာန၊ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာဝင်းအောင် မြင့်က ပြောသည်။
စိတ်ကျရောဂါဖြစ်ပွားသူ များအနေဖြင့် စနစ်တကျဆေး ကုသမှုခံယူပါက လူ၁၀ဝတွင် ၇၀၊ ၈ဝခန့်သည် နှစ်ပတ်မှ တစ်လ အတွင်း လူကောင်းပြန်ဖြစ်လာ နိုင်ပြီး ၂၀၊ ၃ဝခန့်မှာ ထို့ထက် ပို၍ အချိန်ယူကုသရန်လိုအပ် ကြောင်း သိရသည်။
''စိတ်ကျန်းမာရေးစီမံချက် အနေနဲ့ကလဲ မြို့နယ်အဆင့်နဲ့ ကျေးလက်ကျန်းမာရေးဌာနမှာ ရှိတဲ့ဝန်ထမ်းတွေကို သင်တန်း ပေးနေပေမယ့် ခက်တာက ရောဂါ ဖြစ်တဲ့သူတွေက လာမကုကြတာ''ဟု ယင်းက ဆက်လက်ပြောသည်။

No comments:

Post a Comment