Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

လာမည့်အောက်တိုဘာလမှ စတင်ပြီး ကျပ်(၅၀၀)နှုန်းဖြင့် ပြောင်း လဲ ကောက်ခံသွားမည့် လျှပ်စစ်မီတာထိန်းသိမ်းစောင့်ရှောက်ခ


Sunday, September 29, 2013

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိတဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ များကို ငွေကျပ်(၅၀၀)နှုန်းနဲ့သာ ပြောင်း လဲကောက်ခံတော့မှာဖြစ်တယ်လို့ စက်တင်ဘာလ(၂၈) ရက် နေ့က ပြု လုပ်ခဲ့တဲ့ လျှပ်စစ်ကဏ္ဍတွေ့ဆုံဆွေးနွေးပွဲမှ သိရပါတယ်။

အဲ့ဒီလို လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခများကို လျှော့ ချကောက်ခံမှုကိုတော့ လာမယ့် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိန်းသိမ်း စောင့်ရှောက်ခကို သုံးစွဲမှုရှိရှိ၊ မရှိရှိ ငွေကျပ်(၁၀၀၀) နဲ့ ကောက်ခံနေတာ ဖြစ်တယ်လို့သိရပါတယ်။

ဒီလိုကောက်ခံရာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက် ခအနေနဲ့ ကောက်ခံတာမဟုတ်ဘဲ မီတာငှားရမ်းသုံးစွဲခ အနေနဲ့သာ ကောက်ခံ နေတာဖြစ်ပါတယ်။ အခုလို ပြုလုပ်တာဟာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ ပြည် သူတွေအတွက် လျှပ်စစ်မီတာ သုံးစွဲမှုမှာ ပိုမိုအဆင်ပြေလာ ဖို့ဖြစ်ပြီး ပြည်သူတွေမှ လည်း လျှပ်စစ်မီတာ ထိန်းသိမ်းစောင့်ရှောက်ခ အတွက် အများစုမှာ ကျေနပ်မှုမရှိတာမျိုးလည်း ရှိနေတာဖြစ်ပါတယ်။

ဒီလိုကောက်ခံမှုနှုန်းထားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ထပ်မံလျှော့ချပေးဖို့ကို လည်း လုပ်ဆောင်ပေးသွားဖို့ကိုလည်း ရှိတယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment