လက်ပန်တောင်းတောင်ခြေရှိလယ်တီသိမ်နှင့်စေတီတော်ကိုကာကွယ်စောင့်ရှောက်ရန်
ဟုဆိုကာ မန္တလေးမြို့အမရပူရမြို့ နယ်မှစတင်လမ်းလျှောက်ထွက်ခွာလာခဲ
့သောလက်ပတောင်းဒေသခံများနှင့်  ရန်ကုန်မြို
့မှတက်ကြွလှုပ်ရှားသူများပါဝင်သောအဖွဲ့ ဝင်အင်အား ၅၀ ခန့် ကို စစ်ကိုင်းမြို
့အဝင် ဧရာဝတီတံတား(ရတနာပုံ) အဆင်းတွင်လုံခြုံရေးတပ်ဖွဲ
့ဝင်များဆက်မသွားရန်တားဆီးရာမှ အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ ပါတယ်။
တက်ကြွလှုပ်ရှားသူ ကိုသန့် စင်နှင့် ဦးဘမြင့် တို့ ကို လုံခြုံရေးတပ်ဖွဲ
့ဝင်အချို့ ကဖမ်းဆီးရန်ကြိုးပမ်းရာမှ အခုလိုဖြစ်ပွားခဲ
့ခြင်းဖြစ်ပါတယ်။စစ်ကိုင်းခရိုင်မှတာဝန်ရှိသူအချို့ နှင်
့ညှိနှိုင်းပြီးနောက်ဖမ်းဆီးခံရသူများ ကိုပြန်လွှတ်ပေးခဲ့ ပြီးယခုအခါအဆိုပါအဖွဲ့ သည်
ကောင်းမှုတော်ဘုကြီးအနီးဓမ္မာရုံတွင်ညအိပ်ရပ်နား မည်ဖြစ်ကြောင်းသိရှိရပါတယ်။
ဓာတ်ပုံ -တေဇလှိုင်/ဧရာဝတီ











No comments:
Post a Comment