Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

Learning English - ACRONYMS – DAW NWE NWE


လူမျိုးတိုင်းတွင် မိမိတို့ကိုယ်တိုင် အသုံးပြုသော ထူးခြားသည့် စကားလုံးဝေါဟာရများ၊ ဖော်ပြချက်များ ရှိကြ သည်။ အင်္ဂလိပ်ဘာသာစကားတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသောဝေါဟာရတစ်ခုမှာ 'Acronym'  ဖြစ်သည်။ 'Acronym' သည် စကားလုံး (word) များ၏ ပထမဆုံး (သို့) ရှေ့ဆုံးမှစာလုံး (Letter) များကို စု ပေါင်းဖော်ပြထားသော “အတိုကောက်စကားလုံး” ဖြစ်သည်။ တစ်နည်းအားဖြင့် အမည်တစ်ခု၊ အခေါ်အ ဝေါ်တစ်ခု၏ ရှေ့ဆုံးစာလုံးများကို စုပေါင်းခေါ်ဆိုသော “အတိုကောက်ဝေါဟာရ” ဖြစ်သည်။ “အိုပက်” ဟု အသံထွက်ခေါ်ဆိုသော Acronym OPEC သည် Organization of Petroleum Exporting Countries ဟူ သော အဖွဲ့ကြီးကို ခေါ်ဝေါ်သုံးစွဲသော ဝေါဟာရဖြစ်သည်။ အဖွဲ့ကြီး၌ ပါဝင်သော စကားလုံးကြီးများ၏ ရှေ့ ဆုံးမှာ စာလုံးများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
'Acronym' ကဲ့သို့ပင် 'Initialism' ဟူသော ဝေါဟာရမှာလည်း အဓိကစကားလုံးကြီးများ၏ ရှေ့ဆုံး စာလုံးတစ်ခုစီကို ပေါင်းစပ်ထားသော အတိုကောက်သုံး စကားလုံးဖြစ်သည်။ သို့သော် 'Acronym' ကဲ့သို့ ပေါင်းစပ်အသံထွက်၍ မရပါ။ ဥပမာ 'Initialism' 'USA' သည် United States of America ကို ခေါ်ဆိုသုံးစွဲ ပြီး ယူ-အက်စ်-အေ ဟုသာခေါ်ဆို သုံးစွဲသည်။ ထို့အတူ World Trade Organization ၏ Initialism မှာ 'WTO' (ဒဗလျူ-တီ-အို) ဖြစ်သည်။ 'Acronym' နှင့် 'Initialism' တို့မှာ ဘာသာစကားညီအစ်ကိုများဖြစ်ကြ သည်။ ယင်းတို့နှစ်မျိုးလုံးသည် အမည်များ၊ ခေါင်းစဉ်များ၊ အသင်းအဖွဲ့ကြီးများကို အတိုချုံ့ခေါ်ဆိုရန် လွယ်ကူသောဝေါဟာရများ ဖြစ်ကြသည်။ Voice of America ဟု ခေါ်ဆိုရေးသားမည့်အစား 'VOA' ဟု သုံး ရသည်က ပိုမိုလွယ်ကူ သက်သာသည်။ ထို့ကြောင့် 'Acronym' နှင့် 'Initialism' တို့သည် ယခုအချိန်တွင် အသုံးများသောဝေါဟာရများ ဖြစ်လာကြသည်။ သို့သော် 'Acronym' (သို့) 'Initialism' စကားလုံးတစ်လုံး ကို အမည်၊ အသင်းအဖွဲ့၊ အုပ်စုတစ်ခုတည်းကိုသာ ခေါ်ဆိုသုံးစွဲနိုင်သည်မဟုတ်ဘဲ အခြားမျိုးမတူ ကွဲပြား သောအသင်းအဖွဲ့၊ အမည်များ၊ အုပ်စုများကိုလည်း ခေါ်ဝေါ်သုံးစွဲနိုင်သည်။ ဥပမာ 'Initialism' VOA ကို Voice of America (အမေရိကန်အသံလွှင့်ဌာန) ကိုသာမက အမေရိကန်နိုင်ငံရှိ The Volkswagon Of America ခေါ် ကားကုမ္ပဏီကြီးကိုလည်းကောင်း၊ ဆင်းရဲသားများကို ကူညီထောက်ပံ့သော Volunteers Of America အသင်းကြီးကိုလည်းကောင်း ခေါ်ဝေါ်သုံးစွဲကြသည်။ ထို့အတူ ကမ္ဘာအနှံ့အပြား၌ လူသုံးများထင် ရှားသော 'Acronym' – NATO (နေတိုး) ဟု 'The North Atlantic Treaty Organization' အဖွဲ့ကြီးကို ခေါ်ဆိုနိုင်သလို အမေရိကန်ပြည်ထောင်စု၏ 'The National Association of Theatre Organization' အသင်းကြီးကိုလည်း ခေါ်ဆိုနိုင်သည်။ PLO (ပီ-အယ်လ်-အို) အဖွဲ့ဝင်တစ်ဦးဟု ပြောဆိုသုံးစွဲလျှင် ထိုသူ သည် 'Palestine Liberation Organziation' (ပါလက်စတိုင်းလွတ်မြောက်ရေး) အဖွဲ့ဝင်တစ်ဦးဟု တစ် ထစ်ချယူဆမရပါ။ 'Philippine Labour Organization' (ဖိလစ်ပိုင်အလုပ်သမားအဖွဲ့) အဖွဲ့ဝင်တစ်ဦးဖြစ် နိုင်သည့်အပြင် အမေရိကန်အာကာသလုပ်ငန်းအဖွဲ့ကြီးဖြစ်သော 'Pacific Launch Organization' ၌ ပစိ ဖိတ်သမုဒ္ဒရာအတွင်း ဒုံးပျံပစ်လွှတ်သောတာဝန်ကို ကူညီဆောင်ရွက်နေသည့် သိပ္ပံပညာရှင်လည်း ဖြစ်နိုင် သည်။
ထိုသို့ 'Initialism' သို့မဟုတ် 'Acronym' တစ်လုံးတည်ကို ကွဲပြားသောအသင်းအဖွဲ၊ အမည်များကို ခေါ်ဆိုသုံးစွဲနေခြင်းကြောင့် အင်္ဂလိပ်ဘာသာစကားကို ရေးသားသုံးစွဲနေသူများအတွက် အခက်အခဲပြဿ နာတစ်ခုဖြစ်လာသည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးသမားများ၊ သိပ္ပံပညာရှင်များနှင့် လူပုဂ္ဂိုလ်အ မျိုးမျိုးတို့သည် 'Acronym' ပေါင်းများစွာကို တီထွင်သုံးနှုန်းလျက်ရှိသည်။
“အမေရိကန်လူမျိုး အများစုသည် အမည်များဖြစ်စေ၊ အတွေးအခေါ်အယူအဆများကိုဖြစ်စေ အတို ဆုံးပုံစံဖြင့် စကားလုံးရေ လျော့သွား၊ တိုသွားစေရန် သုံးနှုန်းလိုသော ဆန္ဒပြင်းပြသူများ ဖြစ်ကြသည်” ဟု ထင်ရှားသော အမေရိကန်စာရေးဆရာကြီး H.L Mencken က မိမိတို့ အမေရိကန်လူမျိုးများ၏ 'Acronym' သုံးစွဲလေ့ရှိသောစိတ်သဘောထားကို တိကျစွာ ဝေဖန်သုံးသပ်ဖော်ပြခဲ့သည်။
'Acronym' နှင့် 'Initialisms' တို့ကို ကမ္ဘာအနှံ့အပြား၌ အသုံးများလျက်ရှိခြင်းကြောင့် များပြားလှ သော ထိုဝေါဟာရတို့၏ ကွဲပြားခြားနားမှု အမျိုးမျိုးကို လေ့လာမှတ်သားရန် အခက်အခဲ များစွာရှိသည်။ သို့ သော် ထိုသို့ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့ စိတ်ပျက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ မလိုပါ။ ယနေ့ကမ္ဘာ တွင် ကျွန်ုပ်တို့တစ်ဦးတည်း လေ့လာသင်ယူနေရသည်မဟုတ်ပါ။ ၁၉၆၀ ခုနှစ်ကတည်းက ဘာသာဗေဒ ကျွမ်းကျင်ပညာရှင်များသည် အင်္ဂလိပ်ဘာသာ၌ ရှာဖွေတွေ့နိုင်သမျှ 'Acronym' များကို စာရင်းပြုစုထားရာ စကားလုံးပေါင်း (၁၂,၀၀၀) မျှ ရှိသည်။ ယခုအချိန်တွင်မူ အရေအတွက်များစွာ တိုးပွားလာရာ ၎င်းအရေအ တွက်ထက် (၁၀) မက တိုးလာသည်။ ထို့ကြောင့် 'Acronym' ပေါင်း (၁၀၀,၀၀၀) ကျော် ရှိလာပြီးဖြစ်သည်။

Daw Nwe Nwe
(2002, June လထုတ် American, Mosaic မှ Words and Their Stories ကို ဘာသာပြန်ပါသည်။)

No comments:

Post a Comment