Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 28, 2013

ကိုယ်အလေးချိန် မကျရခြင်း အကြောင်းရင်းများ

ကိုယ်အလေးချိန် မကျရခြင်း အကြောင်းရင်းများ ခန္ဓာကိုယ် အလေးချိန် ကျစေဖို့ ကြိုး စားနေသူတွေ အနေနဲ့ ကိုယ်အလေးချိန် ဘာကြောင့် မကျရသလဲ ဆိုတဲ့ အချက် တွေကို ဖော်ပြပေး လိုက်ပါတယ်။

၁။ ကျန်းမာရေးနှင့် ညီညွတ်တယ် ဆိုပြီး အလွန်အကျွံစားခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်နဲ့ ပရို တင်း ကြွယ်ဝတဲ့ အစားအစာတွေကို လို အပ်တဲ့ ပမာဏထက် ပိုမစားမိစေဖို့ ထိန်း ပေးနိုင်မှ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ စားနည်းပုံစံဖြစ်စေ မှာပါ။ အစေ့အဆန် တွေကို တစ်နေ့တာ အတွက် လက်တစ် ဆုပ်စာသာ စားပေးသင့်ပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက် တွေကို အမျိုး စုံလင် အောင် ခွက်တစ်ခွက်စာစား ပေးပါ။ ပရို တင်းကြွယ်ဝတဲ့ ဥနဲ့ အသားတွေဆိုရင် တော့ တစ်နေ့ကို ဥနှစ်လုံးနဲ့ အသား နှစ် အောင်စလောက်သာ စားပေးသင့် ပါတယ်။

၂။ မနက်ခင်းပိုင်း ဘာမှမစားခြင်း

မနက်ခင်းပိုင်း အစာစားတာဟာ အ စာခြေစနစ်ကို ကောင်းမွန် စေတာကြောင့် အစာကိုပိုပြီး ခြေနိုင်စွမ်းလည်း ရှိပါတယ်။ နောက်ပြီး မနက်စာကို ပုံမှန်စားတာ ကြောင့် ခန္ဓာကိုယ်က စွမ်းအင်တွေ ပိုမိုရရှိ စေပါသေးတယ်။ ဒါကြောင့် တစ်နေ့တာ လုပ်ငန်းဆောင် တာတွေကို ပိုမိုလုပ်ကိုင် နိုင်ပြီး မောပန်းတာနဲ့ မူးဝေတာတွေကို သက်သာစေနိုင်ပါတယ်။ မနက်စာကို ပုံ မှန်မစားဘူးဆိုရင်တော့ သင့်တစ်နေ့တာ အတွက် ဇီဝရုပ်ဖြစ်ပျက်မှုတွေ ကျဆင်းပြီး မောပန်းလွယ်တာ၊ သက်သောင့်သက် သာမရှိတာနဲ့ စိတ်အာရုံစုစည်းမရတာမျိုး တွေ ဖြစ်လာကာ ကိုယ်အလေးချိန်လည်း တိုးလာနိုင်ပါသေးတယ်။

၃။ အကြိမ်ပြည့်ဝအောင် မစားခြင်း

သင်ဟာ ဘယ်လောက်ပဲ အစား လျှော့စားနေသူဖြစ်ပါစေ မနက်စာ၊ နေ့ လယ်စာနဲ့ ညစာဆိုပြီး သုံးကြိမ်တော့ အ ပြည့်အဝစားပေးဖို့လိုပါတယ်။ ဒါဟာ သရေစာစားချိန် မပါဝင်ပါဘူး။ အစာကို သုံးကြိမ်အပြည့်အဝစားနေရင်းနဲ့ ဗိုက် ဆာရင် ဆာသလို အဆာပြေစာကို ထည့် ပေါင်းစားရမှာပါ။ မနက်စားကို ပြည့်စုံတဲ့ အာဟာရအဖြစ် များများစားပေးပြီး နေ့ လည်စာကိုလည်း အသားနဲ့ငါးဟင်းရွက် မျှတအောင်စားပေးပါ။ ညစာကိုတော့ အရွက်သုပ်တွေနဲ့ ဟင်းချို၊ စွပ်ပြုတ်လိုအ ရာတွေကို စားပေးပါ။

၎။ ဝ မှာစိုး၍ မအိပ်စက်ခြင်း

အိပ်လွန်တာကြောင့် ဝမယ်ထင်ပြီး အိပ်စက်ချိန်ကို ပုံမှန်မထားတာကြောင့် သင့်ကိုပိုပြီး ဝလာစေပါတယ်။ အိပ်စက် မှုမလုံလောက်တာကြောင့် အစာစားချင် စိတ်ကို ပိုဖြစ်စေပြီး ခန္ဓာကိုယ်က အပြည့် အဝအနားမယူတာကြောင့် လိုအပ်တဲ့ အ ပန်းဖြေမှုကို မရရှိတော့ဘဲ ပင်ပန်းနွမ်း နယ်မှုတွေကို ခံစားနေရတတ်ပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့ ပုံမှန်အိပ်စက်မှုရရှိစေဖို့ လိုပါတယ်။

၅။ ကယ်လိုရီနည်းလွန်းတာကို စားခြင်း

ခန္ဓာကိုယ်အတွက် ကယ်လိုရီက လုံးဝမလိုအပ်တာမျိုး မဟုတ်ပါဘူး။ တစ် နေ့တာအတွက် လိုအပ်တဲ့ ကယ်လိုရီ ပမာဏကိုတော့ မှီဝဲပေးဖို့လိုပါတယ်။ သင်က ဝမှာစိုးတာကြောင့် အဆီနည်း အစားအစာတွေကို ရွေးချယ်တယ်ဆိုပေ မယ့် အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့ကို ကယ်လိုရီ ၁၂ဝဝ လောက် တော့ မှီဝဲသင့်ပါတယ်။

၆။ လေ့ကျင့်ခန်းကို မတင်းကျပ်ခြင်း

လေ့ကျင့်ခန်းနဲ့ ခန္ဓာကိုယ်အလေး ချိန်ကျအောင် ပြုလုပ်နေသူတွေဟာ သတ်မှတ်ထားတဲ့ လေ့ကျင့်ချိန်ကို အတိ အကျလိုက်နာပြီး ပုံမှန်ပြုလုပ်ပေးကာ သတ်မှန်ရက်နဲ့ လ ပြည့်တဲ့အထိ ဆက် တိုက်လေ့ကျင့်ပေးရမှာပါ။ လေ့ကျင့်ခန်း လုပ်လိုက်၊ မလုပ်လိုက်ပြုလုပ်နေတာ ကြောင့် သင့်ကို ပိုပြီး အလေးချိန်တိုးလာ စေပါတယ်။ ဒါကြောင့် သင့်အတွက် အ ဆင်ပြေစေမယ့် အချိန်တစ်ခုကိုသတ်မှတ် ပြီး လေ့ကျင့်ရေးခန်းမကို မပျက်မကွက် သွားရောက်နိုင်ဖို့ စီမံပါ။

၇။ ရေသောက်နည်းခြင်း

သင်ဟာ ရေသောက်ဖို့ မေ့လျော့နေ တတ်သူလား။ ဒါဆိုရင်တော့ သင်က အစားတွေကို ပိုပြီး စားမိနေစေပါတယ်။ အစာမစားခင် ရေ ဖန်ခွက် တစ်ဝက် လောက်ကို အရင်သောက်ထားလိုက်တာ ကြောင့် အစာအလွန်အကျွံစားမိတာကို ဟန့်တားနိုင်ပါတယ်။ အစာစားချိန်မှာ ရေလုံးဝမသောက်ဘူးဆိုရင်တော့ သင်က အစားတွေကိုပိုစားမိတော့မှာပါ။ ရေမ သောက်ဘူးဆိုရင်တောင် ထမင်းစားချိန် မှာ ဟင်းချိုလို အရည်သောက်တစ်မျိုး ပါဝင်ပါစေ။

၈။ သရေစာများကို ရှောင်ပါ

သင်က အစာလျော့စားနေသူဆို ရင် သင့်ရေခဲသေတåာထဲမှာ သကြားလုံး၊ ရေခဲမုန့်နဲ့ ဆီကြော်စာတွေကို ထည့်မ ထားပါနဲ့။ သစ်သီးတွေကိုသာ ထည့်ထား ပါ။ ညတစ်ရေးနိုးလို့ အစာစားတတ်သူ တွေက တွေ့တဲ့အစာကို အလွယ်တကူ စားမိတတ်တာကြောင့်ပါ။ 

သဲသဲ

By Good Health

No comments:

Post a Comment