Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 8, 2013

တရုတ်အလှကုန်ပစ္စည်းတွေသတိထား

တရုတ် အလှကုန်ပစ္စည်း အချို့ အရေပြား ပျက်စီးစေသည့် ခဲဓာတ်တွေ့ဟုဆို

မန္တလေး၊ သြဂုတ် ၇

မန္တလေးမြို့တော် လူသုံးကုန်ပစ္စည်း ဈေးကွက်တွင် အရေပြား ပျက်စီးစေနိုင် သည့် ခဲဓာတ် ပါဝင်သော တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်း အချို့ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သမဝါယမ ဝန်ကြီးဌာန အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန (အထက် မြန်မာပြည်) ညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က ပြောကြားသည်။

“ဈေးကွက်အတွင်းမှာ ရှိနေတဲ့ တရုတ်က လာတဲ့ အလှကုန်တွေထဲက လိုးရှင်း၊ ရေမွှေး၊ မိတ်ကပ်၊ နှုတ်ခမ်းနီ စတဲ့ အလှကုန်ပစ္စည်း ခြောက် မျိုးလောက်ကို ဓာတ်ခွဲခန်းတင် စမ်းသပ်တာ ခဲဓာတ် ပါဝင်မှု ရှိနေတာ ကို တွေ့ရတယ်။ ခဲဓာတ်ရဲ့ အဓိက ဆိုးကျိုးက အသားအရေ ပျက်စီးတာ၊ အရေပြား ယားယံတာ၊ ဆံကေသာ ပျက်စီးတာတွေ ဖြစ်နိုင်တယ်။ တံဆိပ်တွေကိုတော့ မမှတ်မိတော့ဘူး။ ဈေးကွက်ထဲမှာရှိတဲ့ ကုန်ပစ္စည်း ခြောက်မျိုးကို စစ်တော့ အဲ့ဒီအဖြေ ထွက်လာတယ်” ဟု ညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က ဆိုသည်။

အလှကုန်ထဲတွင် ခဲဓာတ် မည်မျှ ပါဝင်သည်ကိုမူ အဆိုပါ ဌာနထံမှ မသိရှိရပေ။

ယင်းကဲ့သို့ တွေ့ရှိမှုများကြောင့် သမဝါယမ ဝန်ကြီးဌာန အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနက ဖွင့်လှစ်နေသည့် လူသုံးကုန်နှင့် အလှကုန် ပစ္စည်းများ ထုတ်လုပ်မှု နည်းပညာ သင်တန်းများတွင် လာမည့် သင်တန်းမှ စတင်၍ ဓာတုဗေဒ သုံးစွဲခြင်း ဘေးထွက်ဆိုးကျိုးများ အကြောင်း ကို ထည့်သွင်း သင်ကြားသွားမည် ဖြစ်ကြောင်း အဆိုပါ အထက်မြန်မာပြည် ရုံးခွဲထံမှ သိရသည်။

ပြည်ပ နိုင်ငံများမှ နည်းမျိုးစုံဖြင့် ဝင်ရောက်လာသော အလှကုန် ပစ္စည်း များ၏ ဓာတုဗေဒ ဘေးထွက် ဆိုးကျိုးများကြောင့် အသားအရေ ပျက်စီးခြင်း၊ အရေပြား ယားယံခြင်း၊ ဆံကေသာ ပျက်စီးခြင်း စသည်တို့ကို ကာကွယ် ရန်နှင့် လူသုံးကုန်နှင့် အလှကုန် လုပ်ငန်းသုံး ဓာတုဗေဒ ပစ္စည်းများ အကြောင်း၊ ဆပ်ပြာ အရည်/ဆပ်ပြာ ခရင် ထုတ်လုပ်နည်း၊ လက်ဆေး ဆပ်ပြာ ထုတ်လုပ်နည်း၊ အမျိုးသမီးသုံး သန့်စင်ဆေးရည်၊ ခေါင်းလျှော်ရည် ထုတ်လုပ်နည်း၊ မျက်တောင်ကော့ဆေး၊ ခေါင်းလိမ်းဆီ၊ ဒေးခရင်/နိုက်ခရင်၊ အသားဖြူ သနပ်ခါး/နေလောင်ခံ သနပ်ခါး၊ မျက်နှာ သန့်စင်ရည်၊ ထုတ်လုပ် နည်း နှင့် အသေးစား ကုန်ထုတ် လုပ်ငန်းများအတွက် ဈေးကွက်ဆိုင်ရာ နည်းပညာများကိုပါ သင်ကြား ပို့ချပေးလျက် ရှိကြောင်း အဆိုပါ ဌာနထံမှ ထပ်မံ သိရသည်။

အဆိုပါ သင်တန်းကို အောင်မြေသာစံမြို့နယ်၊ ၂၅ လမ်း x ၈၂ လမ်းရှိ သမဝါယမ ဝန်ကြီးဋ္ဌာန အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနတွင် သြဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ် ပို့ချမည် ဖြစ်ပြီး သင်တန်း ဝင်ကြေးကို ကျပ်တစ်သောင်း သတ်မှတ်ထားကာ သင်တန်းဆင်း လက် မှတ် ရရှိပြီးသော သူများသည် စီးပွားဖြစ် ထုတ်လုပ်လိုပါက ထုတ်လုပ်ခွင့် မှတ်ပုံတင် လျှောက်ထားနိုင်ကြောင်း အဆိုပါဌာနမှ ထပ်မံ သိရသည်။

No comments:

Post a Comment