Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 19, 2013

သွားအရောင်ချွတ်တာ ဘေးကင်းရဲ့လား



သွားအရောင်ချွတ်ခြင်း (tooth whitening)ဟာ ယေဘုယျအား ဖြင့် ဘေးကင်းပါတယ်။ သို့သော် လိုတာထက်ပိုပြီးသွားအရောင်ချွတ်ခြင်း မပြုသင့်ပါ။ သွားအပေါ်ယံ ကြွေလွှာ (enamel)ကို အနည်း ငယ်မျှတိုက်စားကာ ဖြူဝင်းလာအောင် လုပ်ဆောင်ပေးတာကြောင့် လိုတာ ထက်ပိုတဲ့အခါ သွားနာခြင်း၊ သွား ပျက်စီးခြင်း အထိဖြစ်တတ်ပါတယ်။
သွားအရောင်ချွတ်ဆေးမှာပါတဲ့ ကာဘာမိုက်ပါအောက်ဆိုဒ် (carba- mide peroxide) ဟာ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် (hydrogen per- oxide အဖြစ်ပြိုကွဲပါတယ်။ သွား အရောင်ချွတ်သူများရဲ့ (၇၈)ရာနှုန်း ဟာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ကြောင့် ခဏတာသွားနာခြင်း အထိ မခံခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဟာကြွေလွှာ (enamel)နှင့် သွားသား (dentin) ၏ အပျော့လွှာထဲအထိ ဝင်ရောက်နိုင်တာကြောင့် မလိုအပ် ဘဲ သွားအူတိုင်နဗ်ကြောတွေကို နှိုး ဆွတတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက် ချိန်တွေမှာတော့ သွားအရောင် ချွတ်ခြင်း မလုပ်သင့်ပါ။သွားဖြူဝင်း စေတဲ့ ဓါတုပစ္စည်းတွေမျိုချမိတဲ့အခါ သန္ဓေသား ဖြစ်စေ၊ နို့စို့ကလေးဖြစ်စေ အန္တရာယ် ဖြစ်စေတတ်ပါတယ်။

ဇော်ကို
Source:RD
Health Updates Journal

No comments:

Post a Comment