Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 6, 2013

အသီးအရွက်များ မချက်ပြုတ်မီ ဓာတု အဆိပ်သင့်မှု ကင်းရန် အတွက် ဆားရည်ဖြင့် အနည်းဆုံး နာရီဝက်ခန့် စိမ်ပေး သင့်ကြောင်း

အသီးအရွက်များ မချက်ပြုတ်မီ ဓာတု အဆိပ်သင့်မှု ကင်းရန် အတွက် ဆားရည်ဖြင့် အနည်းဆုံး နာရီဝက်ခန့် စိမ်ပေး သင့်ကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းမှ သိရသည်။
အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ ပိုးသတ်ဆေးတွေ။ အပင် မကဘူး အမြစ် အထိ ပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါ ပျက်စီးတယ်။ မစားရင် အကောင်း ဆုံးပဲဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။ သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများ သုံးခြင်းသည် မြန်မာနိုင်ငံတွင် တွင်ကျယ် နေသည်မှာ အချိန်ကာလ အားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီ ဖြစ်သော် လည်း ယခုအခါ၌ သီးနှံဓာတု အဆိပ်သင့်ခြင်း များသည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုပ်များ တွင် အများဆုံးဖြစ်တတ်ပြီး ၄င်းတို့ တွင် ပင်လုံးပျံ့ ပိုးသတ်ဆေး များအား အသုံးပြု ကြကြောင်း သိရသည်။
အသီးအနှံ၊ အရွက်များတွင် အသုံးပြု နေသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးသည် သုံးမျိုးရှိပြီး ၄င်းသုံးမျိုးမှာ ထိသေပိုးသတ်ဆေး၊ တစ်ဖက်ပေါက် ပိုးသတ် ဆေးနှင့် ပင်လုံးပျံ့ ပိုးသတ် ဆေးတို့ ဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုး ထုတ်လုပ်သည့် သူများ အသိပညာ ကြွယ်ဝ စေရန်နှင့် ၄င်းပိုးသတ်ဆေး များ၏ ဆိုးကျိုးများကို သိထားသင့်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။
ဒီလိုသာ ဆက်ပြီးသွားနေ မယ်ဆိုရင် သီးနှံဓာတု အဆိပ်သင့် တာတွေက လျော့သွားဖို့ မရှိဘူး။ တိုးလာဖို့ပဲ ရှိတယ်။ လူတွေကလည်း organic ကို ရွေးပြီးစားမယ့်သူက အင်မတန် နည်းနေ သေးတယ်ဟု ၄င်းက ထပ်မံ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ် ထမံသီ စံပြကျေးရွာ အုပ်စု ယက်ပရွာရှိ သစ်ပါးလွှာ စက်ရုံတွင် ဂေါ်ဖီထုပ်ကြောင့် ၃၂ ဦးအစာ အဆိပ်သင့်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
မိုးငယ် - Popular Myanmar News Journal

No comments:

Post a Comment