Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 5, 2013

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်


ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင်တယ်လို့ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင်ဆိုးဆေးကို အသုံးပြုသူတွေ များပြားလျက်ရှိတယ်လိုသိရှိ ရပါတယ်။

ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထုညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်းတစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။

ယနေ့အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေး ကို အသုံးပြုနေကြတယ်လို့သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင် ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။

Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြား အတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်းပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေ နိုင်ပါတယ်။ နှစ်ပေါင်း များစွာ ထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ ပါတယ်။

အဲဒီ ဓာတုပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့ တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန်အဆိပ်ပြင်းတဲ့ဓာတုပစ္စည်းN-nitrosanimes တွေဖြစ်ပေါ်ကာကင်ဆာရောဂါကိုဖြစ်စေနိုင်တယ်လို့သုတေသီတွေက မှတ်ချက် ပေးထားပါတယ်။

Good Health

No comments:

Post a Comment