Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 9, 2013

ဝက်ခေါက်ကင်သုပ်



ဝက်သားသုံးထပ်သားကို အမြှောင်းလိုက်လှီး၍ ရေစင်အောင်ဆေးပြီးလျှင် ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်း လက်ဘက်ရည်ဇွန်း ၁ ဇွန်း သုံးပုံ ၁ပုံခန့် ထည့်ပြီးနယ်ပါ။ပြီးလျှင် ရေမြုတ်ရုံထည့်ပြီး ရေကုန်သည်အထိပြုတ်ပါ။ထို့နောက် ဝက်သားသုံးထပ်သားများကို မီးအပူချိန် Oven ၁၈၀ ဒီဂရီထားပြီ ၂၀ မိနစ် (သို့) ၃၀ မိနစ်ခန့်ကင်ပေးပါ။ကင်နေစဉ်အတွင်း Oven ကိုမကြာခဏဖွင့်ကြည့်ပါ။ ဝက်ခေါက်များ ရွှေရောင်သန်းလာပြီး ပွ၍ကြွပ်တက်လာလျှင် ဝက်ခေါက်ကင်ရပါပြီ။ဝက်ခေါက်ကင်ကို ခဏအအေးခံပြီးလျှင် သုပ်ရန်အတွက် ပါးပါးလှီးထားပါ။

ဝက်ခေါက်ကင်သုပ်ရန်အတွက် သခွါးသီး၊ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊ရှောက်ရွက်(သို့ ) နံနံပင် တို့ကို ပါးပါးလှီးထားပါ။ ဇလုံတခုထဲသို့ လှီးထားသော ဝက်ခေါက်ကင်၊ သခွါးသီး၊ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊ရှောက်ရွက်(သို့ ) နံနံပင် တို့ကို ထည့်ပါ။ပြီးလျှင် ပဲမှုန့်၊ဆီချက်၊ကြက်သွန်နီကြော်၊ငရုတ်ဆီ အချဉ်ရည် နှင့် ငံပြာရည် တို့အားလုံးထည့်ပြီးသုပ်ပါ။အချဉ်လိုသေးလျှင် သံပုရာရည်ညှစ်ထည့်ပြီး သုပ်ပါ။ငရုတ်သီးမှုန့်ကြိုက်လျှင်လည်း ထည့်ပြီးသုပ်လို့ရပါတယ်။

ဟင်းချိုအတွက်
ဝက်ရိုး(သို့) ဝက်သားကို ပွက်ပွက်ဆူအောင်ပြုတ်၍ ဂျင်းနှင့်ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီးထည့်ပါ။ အသားများနူးပြီး ကျက်လျှင် ဆား၊ငရုတ်ကောင်းနှင့် ကြက်သွန်မိတ် (သို့)နံနံပင်ခပ်ပြီး အပေါ့အငံမြည်း၍ ဝက်ခေါက်ကင်သုပ်၊ထမင်းပူပူလေးတို့နှင့် တွဲဖက်ကာ သုံးဆောင်လို့ ရပါပြီရှင်။

No comments:

Post a Comment