Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 9, 2013

Learning English (၆ မိနစ်စာ အင်္ဂလိပ်စာ)



၆ မိနစ်စာ အင်္ဂလိပ်စာ ဆိုပြီး ဘီဘီစီက လုပ်တဲ့ Link လေးတစ်ခု ပေးပါရစေ ။ အရမ်း အရမ်းကို ကောင်းပါတယ် ။

Native speaker နဲ့ သင်ချင်လို့ ဆိုပြီး ကားခ ကုန် ၊ အချိန်ကုန် ၊ ပိုက်ဆံ နင်းကန်အကုန်ခံဖို့ မတတ်နိုင်ရင် ၊ အခြေအနေမပေး ဘူးဆိုရင် ဒါကို သုံးကြည့်ပါ ။ အလကား လေ့လာလို့လည်းရ အချိန်လည်း သက်သာပါတယ် ။

သေချာ စိတ်ဝင်တစားလုပ်ရင် ၊ ဇွဲရှိရှိနဲ့ လုပ်ရင် ၊ မှန်မှန်လုပ်ရင် အသံထွက်ရော ၊ အသုံးအနှုန်းတွေရော အရမ်းတိုးတက်လာမှာပါ ။

အရင်ဆုံး သူပေးထားတဲ့ စာပိုဒ်တိုလေးကို ဖတ်ကြည့် ၊ အောက်ဖက်မှာ အသုံးအနှုန်းသစ်တွေကို တိုင်ပေးထားတာကို လိုက်ဆိုကြည့် ပါ ။ စာလုံးသစ်တွေအောက်က button လေးကို နှိပ်လိုက်ရင် အဓိပ္ပါယ်ပါ တွေ့လိမ့်မယ် ။ ပြီးမှ နားထောင်ရင် ပိုထိရောက်ပါတယ် ။


တစ်ပုဒ်ကို အဓိပ္ပါယ် သိသိနဲ့ အနည်းဆုံး ၃ ခေါက်လောက်တော့ ပြန်နားထောင်ပါ ။


အသံထွက်ကတော့ ဘီဘီစီက လုပ်တာမို့ အနည်းငယ် ပြင်းထန်တဲ့ British accent နဲ့ပါ ။ နားထောင်ရင်း သူတို့ လေယူ လေသိမ်းကို သတိထားနားထောင်ပြီး လိုက်ဆိုကြည့်ပါ ။ အသုံးအနှုန်းတွေကို မှတ်ထားပါ ။

နားထောင်ရင် ဒီအတိုင်း ထိုင်နားထောင်နေတာထက် ကိုယ်လုပ်စရာရှိတာကို လုပ်ရင်း ( ထမင်းချက်ရင် ၊ မီးပူတိုက်ရင်း ၊ စသည်ဖြင့် ) ဖွင့်ထားရင် မပျင်းရပါကြောင်း ။

နေ့တိုင်း ဖေ့ဘုတ်ခ် သုံးတဲ့အချိန်ထဲက နာရီဝက်လောက် ထုတ်ပြီး ဒီမှာ သုံးကြည့်ရင် ကိုယ့်အတွက် အကျိုး ရှိပါလိမ့်မည် ။

http://www.bbc.co.uk/worldservice/learningenglish/general/sixminute

No comments:

Post a Comment