Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 9, 2013

လုံခြုံရေးနံပါတ် ၁ Honda Civic


လုံခြုံရေးအမြင့်ဆုံး Top Safety Pick+ မှာ Honda Civc က နံပါတ် ၁ ရ

Friday, August 9, 2013

အမေရိကန် ဟိုင်းဝေးနဲ့ ယာဉ် လုံခြုံရေး စစ်ဆေးမှု အဖွဲ့မှ ထုတ်ပြန် စစ်ဆေးချက် ဖြစ်ပါတယ်။ ယင်းစစ်ဆေးချက်အရ Top Safety Pick+ မှာ ဂျပန် Honda က ထုတ်တဲ့ Honda Civic ဟာ လုံခြုံရေး အမြင့်ဆုံး၊ အသက်ဘေး အန္တရယ် အကင်းဆုံး ကားငယ် စာရင်းမှာ နံပါတ် ၁ ရရှိခဲ့ကြောင်း သိရ ပါတယ်။

၂၀၁၃ မော်ဒယ် များကိုစမ်းသပ်ခြင်း ဖြစ်ပါတယ်။ Honda Civic 2013 မော်ဒယ် ရဲ့  ရောင်းအားလည်း ယင်းထုတ်ပြန်ချက်ကြောင့် မြင့်တက် လာမယ်လို့ ယုံကြည်ထားကြ ပါတယ်။ ဟိုင်းဘရစ်ကား ဖြစ်ပြီး မြန်မာပြည် ကိုတော့ ၂၀၁၁ ဝန်းကျင် မော်ဒယ်လောက်ထိ အရောက်များပါတယ်။ Used Car တွေပါ။

နိုင်ငံတကာမှာတော့ Honda Civic ဟာ ဈေးသက်သာတဲ့ Hybrid ဆလွန်း ကားကောင်းအဖြစ် အသတ်မှတ်ခံထားရပါတယ်။ သူပြီးရင် နောက်ထပ် အသက် အန္တရယ် အတွက် စိတ်အချရဆုံး ကားများ ကတော့ Dodge Dart, Ford Focus, Hyundai Elantra နဲ့Scion tC တို့ ဖြစ်ပါတယ်။ ဂျပန်ပြည်တွင်းက ထွက်ရှိတဲ့ မော်တော်ယာဉ်များရဲ့  အရည်အသွေး ကောင်းမွန်မှုကြောင့် ကမ္ဘာ့ ဈေးကွက်မှာ မျက်နှာသာ ရလျက် ရှိကြောင်း သိရပါတယ်။

လုံခြုံရေး စမ်းသပ်မှု ဗီဒီယို ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://youtu.be/G8elevprV5A

ColayAutomobile


No comments:

Post a Comment