Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 29, 2013

Liver transplant အသဲအစားထိုးကုသခြင်း




အသဲဆိုတာ လူ့ကိုယ်မှာ အတော်အလုပ်များတဲ့အင်္ဂါ ဖြစ်ပါတယ်။ တနေ့တနေ့ အလုပ်အမျိုးပေါင်း ၄ဝဝ လုပ်ပေးနေတယ်။ ပင်မအလုပ်တွေကတော့ အစာကျေချက်ပေးတာ၊ သွေးခဲစေဘို့လိုအပ်တဲ့ (ပရိုတင်း) တွေ ထုတ်လုပ်ပေးတာ၊ စားသောက်တာထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးတာ၊ ကိုယ်ထဲကို တနည်းနည်းနဲ့ဝင်လာတဲ့ ပိုးမွှားတွေ၊ သောက်တဲ့ ထိုးတဲ့ဆေးတွေထဲက မသင့်တာတွေမှန်သမျှ ဖယ်ရှားပြစ်ပေးတယ်။ ဒါ့ပြင် လိုအပ်တဲ့ သကြားဓါတ်၊ အဆီဓါတ်၊ သံဓါတ်၊ နဲ့ ဗီတာမင်တွေကို သိုလှောင်ထားပေးမယ်။

• လှူမဲ့အသဲကို နေကောင်း ကျန်းမာနေသူဆီကလဲ ယူနိုင်တယ်။ မိဘတွေကနေ သူတို့ကလေးအတွက်၊ သားသမီးတွေကနေ မိဘအတွက်လှူတာမျိုး။
• အသဲကိုထိခိုက်ဒဏ်ရာမရပဲနဲ့ လောလောလတ်လတ် သေဆုံးသူဆီကနေလဲ ရယူနိုင်တယ်။
• သေဆုံးပြီးကာစ ကိုယ်ထဲကနေ အသဲတခုလုံးထုတ်ပြီး အကြီးတပိုင်း အသေးတပိုင်းခွဲပြီး အလှူခံမဲ့ လူနာ နှစ်ယောက်ကို အစားထိုးပေးတာမျိုးဖြစ်တယ်။
• လှူမဲ့သူဆီကနေ ခွဲစိတ်ထုတ်ယူလိုက်တဲ့ အသဲကို အေးတဲ့ဆားရည်ထဲမှာ ၈ နာရီအထိ သိမ်းထားနိုင်တယ်။ ဒီအချိန်မှာ အသဲအစားထိုးတာ လက်ခံမဲ့ လူနာနဲ့ တည့်မတည့် လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်နိုင်တယ်။
• အသဲအစားထိုးရာမှာ သွေးကြောတွေနဲ့ သည်းခြေအိပ်ပြွန်တွေ ဆက်ပေးဘို့က အဓိကအရေးကြီးတယ်။
• ခွဲစိတ်ကုသချိန် ၁၂ နာရီအထိကြာနိုင်တယ်။ သွေးသွင်းပေးဘို့လိုမယ်။

ဒီလိုရောဂါတွေရှိနေရင် အသဲအစားထိုးတာ လုပ်မပေးပါ။
• Tuberculosis or Osteomyelitis တီဘီနဲ့ ရိုးတွင်းခြဆီပိုးဝင်ရောဂါ၊
• Difficulty taking medications ဆေးမသောက်နိုင်သူတွေ၊
• Heart, lung, or liver disease နှလုံး၊ အဆုပ်နဲ့ တချို့အသဲရောဂါရှိနေသူတွေ၊
• History of cancer ကင်ဆာရာဇဝင်ရှိထားသူတွေ၊
• Active hepatitis အသဲရောင်ပိုးလက်ငင်းရိနေသူတွေ၊
• Smoking, alcohol or drug abuse အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးမဖြတ်နိုင်သူတွေ။

အသဲဘာကြောင့်လဲရသလဲ
• ကလေးတွေမှာဆိုရင် မွေးရာပါ Biliary atresia သည်းခြေလမ်းပိတ်နေတဲ့ရောဂါ။
• လူကြီးတွေမှာဆိုရင် အများဆုံးက Cirrhosis အသဲခြောက်ရောဂါ။ အသဲခြောက်ရောဂါကိုဖြစ်စေနိုင်တာတွေက နာတာရှည် Hepatitis B or Hepatitis C ဘီပိုးနဲ့ စီပိုး အသဲရောင်ရောဂါတွေဖြစ်ကြတယ်။ နောက်တမျိုးက အရက်နာ Alcoholic liver disease ဖြစ်တယ်။
• တခြားအကြောင်းခံရောဂါတွေလဲရှိသေးတယ်။ Autoimmune hepatitis (အော်တိုအင်မြူး) အသဲရောင်ရောဂါ၊ Hepatic vein blood clot (thrombosis) အသဲသွားသွေးပြန်ကြောပိတ်ရောဂါ၊ Liver damage from poisoning or medications ဆေး-အဆိပတွေကနေ အသဲပျက်စီးတာ၊ primary biliary cirrhosis or primary sclerosing cholangitis ပင်မအစဖြစ် အသဲခြောက်ရောဂါ၊ Metabolic disorders of copper or iron ကြေးနီဓါတ်နဲ့ သံဓါတ်ရောဂါ။

သတိထားစရာတွေ
• အသဲအစားထိုး ခွဲစိတ်ကုသမှုဟာ တကယ့် မေဂျာအော်ပရေးရှင်း ဖြစ်တယ်။ သတိထားစရာ၊ အန္တရာယ်တွေလဲ ရှိပါတယ်။ မေ့ဆေးတိုင်းမှာဖြစ်တတ်တာမျိုးနဲ့ ခွဲစိတ်မှုကနေဖြစ်တာမျိုးတွေရှိတယ်။
• ခွဲစိတ်ပြီးလို့ ဆေးအဆန်းတွေသောက်ရတာမို့ ဆက်ဖြစ်တာမျိုးတွေလဲရှိမယ်။ ဆေးဆိုတာထဲမှာ အမြဲ သောက်နေရတော့မဲ့ Immunosuppressive therapy ခုခံအားကျစေအောင် တမင်တကာလုပ်ပေးနေမဲ့ဆေး ကြောင့်လဲ ရောဂါပိုးတွေဝင်လာရင် ရောဂါရစေမယ်။ ကင်ဆာလဲ ပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်လာမှာကို စစ်ဆေးနေရမယ်။ သွေးတိုး၊ ဆီးချိုနဲ့ (ကိုလက်စထော) များတာတွေကိုလဲ စစ်ဆေးနေရမယ်။
• လူ့အသဲ Liver ဟာ သဘာဝအတိုင်း ဆုံးရှုံးသွားရင် ပြန်အစားထိုးနိုင်တဲ့ တခုတည်းသော အတွင်းအင်္ဂါဖြစ်တယ်။ အသဲတခုလုံးရဲ့ ၂၅%အထိ Regeneration အသစ်ပြန်ဖြစ်လာနိုင်စွမ်းရှိတယ်။ ဒီလိုဖြစ်နိုင်စွမ်းဟာ Compensatory growth ရင်းစားပြန်ရဘို့ လုပ်ဆောင်မှုသာဖြစ်ပါတယ်။ အသဲအစားထိုးဘို့အတွက် ထုတ်ယူလိုက်တဲ့ အသဲရဲ့ အစိတ်အပိုင်း Lobe ကတော့ အဲလို အစိတ်အပိုင်းအသစ် Regrow ပြန်မဖြစ်နိုင်ပါ။ Original form အစိတ်အပိုင်းပုံစံ ပြန်မဖြစ်ပါ။ အစားပြန်ရနိုင်တာကတော့ Restoration of liver function အသဲရဲ့ အလုပ်တွေသာဖြစ်ပါတယ်။
• အသဲအစားထိုးလို့ အကျိုးရရှိသူအရေအတွက်ဟာ ခုနောက်ပိုင်းနှစ်တွေမှာ များသထက် များလာနေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၃  

No comments:

Post a Comment