Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 24, 2013

အသက် ၃၀ အောက် ဝင်ငွေအများဆုံး အနုပညာရှင်စာရင်းတွင် လေဒီဂါဂါ ဦးဆောင်

အသက် ၃၀ အောက် ဝင်ငွေအများဆုံး အနုပညာရှင်စာရင်းတွင် လေဒီဂါဂါ ဦးဆောင်
တစ်နှစ်အတွင်း ဝင်ငွေအများဆုံး ရရှိခဲ့သည့် အသက်(၃၀)အောက် အနုပညာရှင် Celebrityများ စာရင်းတွင် လေဒီဂါဂါက ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။ Poker Faceစတား အဆိုတော်သည် တင်ပါးခွဲစိတ်မှု တစ်ခုကြောင့် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် အချို့ကို မဖြစ်မနေ ဖျက်သိမ်းခဲ့ရသည့်တိုင် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဂါဂါသည် ဒေါ်လာ သန်း(၈၀)မျှ ရရှိခဲ့သည်။ ထို့ကြောင့်လည်း သူမသည် အသက်(၃၀)အောက် နာမည်ကျော် Celebrityများအနက် ဝင်ငွေအကောင်းဆုံးအဖြစ် Forbes၏ စာရင်း၌ နံပါတ်(၁) ချိတ်ခဲ့ခြင်း ဖြစ်သည်။ ကနေဒါ လူငယ် Popဂီတကြယ်ပွင့် ဂျက်စတင် ဘီဘာအနေဖြင့် တေလာဆွစ်ဖ်ကို ကျော်တက်နိုင်ခဲ့သော်လည်း ဒုတိယသာ ရခဲ့သည်။

အသက်(၂၇)နှစ်ရှိ ဂါဂါသည် တင်ပါးခွဲစိတ်မှုကြောင့် အမေရိကန်တွင် ဖျော်ဖြေပွဲ အစီအစဉ် (၂၀)မျှကို ဖျက်သိမ်းခဲ့ရသည်။ သူမသည် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ARTPOP အမည်ရှိ အယ်လ်ဘမ်ကို ထုတ်ဝေမည်ဟုလည်း ကြေညာထားသည်။ Forbes၏ အသက်(၃၀)အောက် ဝင်ငွေအကောင်းဆုံး Celebrityများ စာရင်း၌ DJ၊ သီချင်းရေးဆရာနှင့် ပရိုဂျူဆာဖြစ်သူ ကယ်လ်ဗင်ဟားရစ်က စတုတ္ထချိတ်သည်။ ၎င်းသည် (၂၀၁၂)ခုနှစ်၊ ဇွန်လမှ (၂၀၁၃)ခုနှစ် ဇွန်လအတွင်း Showပေါင်း (၁၅၀)မျှတွင် ပါဝင်ခဲ့သည်။ ဘာဘေးဒိုးစ်ဖွား R&B အဆိုတော်မလေး ရီဟန်နာသည်လည်း ယခုစာရင်း၌ ထိပ်ဆုံး(၅)ဦးတွင် ပါဝင်နိုင်ခဲ့သည်။

အသက်(၃၀)အောက် ဝင်ငွေအကောင်းဆုံး Celebrityများအနက် ထိပ်ဆုံး(၁၀)ဦးနှင့် ၎င်းတို့၏ တစ်နှစ်အတွင်း ဝင်ငွေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ လေဒီဂါဂါ (ဒေါ်လာ ၈၀ သန်း)

၂။ ဂျက်စတင်ဘီဘာ (ဒေါ်လာ ၅၈ သန်း)

၃။ တေလာဆွစ်ဖ် (ဒေါ်လာ ၅၅ သန်း)

၎။ ကယ်လ်ဗင်ဟားရစ် (ဒေါ်လာ ၄၆ သန်း)

၅။ ရီဟန်နာ (ဒေါ်လာ ၄၃ သန်း)

၆။ ကေတီပယ်ရီ (ဒေါ်လာ ၃၉ သန်း)

၇။ အဒဲလ် (ဒေါ်လာ ၃၅ သန်း)

၈။ ဂျနီဖာလောရင့်စ် (ဒေါ်လာ ၂၆ သန်း)

၉။ ခရစ္စတန်စတီးဝပ် (ဒေါ်လာ ၂၂ သန်း)

၁၀။ တေလာလော့တ်နာ (ဒေါ်လာ ၂၂ သန်း)

No comments:

Post a Comment