Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 8, 2013

အစားအသောက်ဖြင့် ဆီးကျိတ်ကင်ဆာကုစားနိုင်


ဆန်ဖရန်စစ္စကို၊ ဇွန် ၃၀
ယောက်ျားများတွင် ဖြစ်ပွားလေ့ရှိသော ဆီးကျိတ်ဝေဒနာကို ဟင်းသီးဟင်းရွက်မှ ထုတ်ယူရရှိသည့်အဆီစားသုံးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ကြောင်း အမေရိကန်ဆေးပညာဂျာနယ် (JAMA) တွင် ရေးသားဖော်ပြထားသည်။
ဆီးကျိတ်ဝေဒနာ ခံစားရသူများသည် အစားအသောက်ကို ဆင်ခြင်ခြင်းဖြင့်ကုစားရန်မှတစ်ပါး အခြားနည်းလမ်းမရှိကြောင်း၊ အစားအသောက်ကို ဆင်ခြင်ခြင်းဖြင့် ကင်ဆာပြန့်ပွားမှုကို ထိန်းသိမ်းနိုင်စွမ်းရှိကြောင်း ယင်းဂျာနယ်ကဆိုသည်။
ကျန်းမာစေတဲ့ဆီနဲ့ မြေပဲတွေက Antioxidants သွေးရည်ကြည်တွေကို ပိုပြီးတိုးပွားစေပြီး  သကြားဓာတ်နဲ့ ရောင်ရမ်းနာကျင်မှုတွေကို လျှော့ကျစေပါတယ်။ အဲဒီလိုဖြစ်တာက ဆီးကျိတ်ကင်ဆာကိုလည်း သက်သာစေပါတယ် ဟု ထိုဂျာနယ်တာဝန်ခံ ဒေါက်တာ အီရင် ရစ်ခ်ျမင်းကပြောကြားသည်။
လေ့လာဆန်းစစ်ချက်အရ ဆီသန့်စားသုံသူ လူပေါင်း ၄၅၇၇ ဦးကို ၁၉၈၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း စစ်ဆေးကြည့်ရာ၌ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုမရှိကြောင်းတွေ့ရသည်ဟု ဒေါက်တာရစ်ခ်ျမင်းကဆိုသည်။
လူတို့နေ့စဉ်စားသုံးနေသည့် ကာဘိုဟိုက်ဒြိတ်ထဲတွင် ဟင်းသီးဟင်းရွက်အဆီ ၁၀ ရာခိုင်နှုန်းကို ဖြည့်စွက်စားပေးခြင်းဖြင့်  ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု ၂၉ ရာခိုင်နှုန်း လျှော့ပါးသက်သာစေပြီး၊ ဆီးကျိတ်ကြောင့် သေဆုံးမှု ၂၆ ရာခိုင်နှုန်းကို လျှော့ပါး စေနိုင်သည်ဟု လေ့လာတွေ့ရှိချက်များတွင် ဖော်ပြထားသည်။
တစ်နေ့လျှင် ဟင်းသီးဟင်းရွက်များမှ ထုတ်ယူရရှိသည့်ဆီကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် စားသုံးခြင်းဖြင့် ဆီးကျိတ်ဝေဒနာ အပြင်းအထန် ခံစားရမှုကို ၂၉ ရာခိုင်နှုန်း လျှော့နည်းသက်သာစေပြီး၊ ထိုရောဂါဖြင့် သေဆုံးခြင်းမှ ၁၃ ရာခိုင်နှုန်း သက်သာစေလိမ့်မည်ဟု JAMA ဂျာနယ်တွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုတွင် ယောက်ျားဦးရေ ၂ ဒသမ ၅ သန်းခန့် ဆီးကျိတ်ဝေဒနာ ခံစားနေရပြီး ယခုနှစ်အတွင်း ထိုရောဂါဖြင့် သေဆုံးနိုင်သူဦးရေမှာ ၃၀၀၀၀ ခန့်ရှိကြောင်း၊ ယောက်ျား ၆ ဦးလျှင် တစ်ဦးသည် ထိုဝေဒနာ ခံစားနေရ ကြောင်း AFP သတင်းတွင်လည်း ဖော်ပြထားသည်။

No comments:

Post a Comment