Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ် နှောင်းပိုင်းလက်ရာ ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းအချို့ ပျက်စီးယိုယွင်းမှု များပြားလာသောကြောင့် ရှေး မူမပျက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်လာ


Monday, July 29, 2013

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ် နှောင်းပိုင်းလက်ရာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း အ ချို့မှာ ပျက်စီးယိုယွင်းမှု များ လာခြင်းကြောင့် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ရတနာပုံခေတ် နှောင်းပိုင်းလက်ရာများဖြင့် တည်ဆောက်ထားပြီး နှစ်သက်တမ်းအားဖြင့် ၂၀၀ ၀န်းကျင်ခန့် ရှိနေပြီဖြစ်သည့် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများမှာ ယခုအချိန်တွင် နှစ်ကာလ ကြာမြင့်လာပြီဖြစ်ပြီး ခေတ်အဆက် ဆက် ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့
ပျက်စီးယိုယွင်းမှု များလာရခြင်းလည်း ဖြစ်သည်။

မန္တလေးမြို့ရှိ ရှေးဟောင်းမြန်မာ ဘုန်းတော်ကြီးကျောင်း အချို့အား ရှေးဟောင်း သုတေသနဌာနမှ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုများ ရှိနေသော်လည်း အချို့သော ဘုန်းတော်ကြီး ကျောင်းများမှာ ပြုပြင်ထိန်းသိမ်းရန် အတွက် အလှူရှင်များ လိုအပ်လျက် ရှိနေကြောင်းလည်း သိရသည်။
''မြန်မာမှု လက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းမြန်မာ ဘုန်းတော်ကြီးကျောင်းတွေကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ဖို့ အတွက် မှတ်တမ်းယူထားပါတယ်။ ပြုပြင်ထိန်းသိမ်းပြီးတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ တချို့ကျောင်းတွေကတော့ ဆရာတော်တွေကပဲ ဆက်လက် ထိန်းသိမ်းထားတာ တွေလည်း ရှိပါတယ်'' ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာများဖြစ်ပြီး နှစ်သက်တမ်း ၂၀၀ ၀န်းကျင်ရှိ နေပြီဖြစ်သည့် ရွှေအင်ပင်ကျောင်းတိုက်၊ သင်္ဂဇာကျောင်းတိုက်၊ တံခွန်တိုင်ပြည်ကျောင်းတိုက်၊ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ မဟာမင်း ထင်ကျောင်းတိုက်၊ စီးတော်မြင်းဝန်တိုက်၊ ဗန်းမော်ကျောင်းတိုက်၊ ရွှေ ကျင်ကျောင်းတိုက် အစရှိသည့် ကျောင်းတိုက်များကို ရှေးဟောင်း သုတေသန ဌာနမှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ထားပြီး ရွှေနန်းတော်ကျောင်းကို အမေရိကန် အစိုးရ၏ နည်းပညာ အကူအညီများ ရယူကာ ပြုပြင် သွားမည်ဖြစ်သည်။

ထို့အပြင် မန္တလေးမြို့ရှိ ကင်းဝန်မင်းကြီးကျောင်းတိုက်၊ သင်္ဂဇာကျောင်းတိုက် အစရှိသည့် ကျောင်းတိုက်များကို အမေရိကန်၊ ဂျာမနီ စသည့် နိုင်ငံများ မှလည်း ပြုပြင်ထိန်းသိမ်းရန် အတွက် စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများတွင် အုတ်ကျောင်း၊ သစ်သားကျောင်းတို့ဖြင့် မြန်မာမှု အနုပညာလက်ရာ ပြောင်မြောက်စွာဖြင့် တည်ဆောက်ထားခဲ့ကြပြီး အချို့သော ရှေးဟောင်းဘုန်းတော် ကြီး ကျောင်းများမှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မီးလောင်ပျက်စီး ခဲ့မှုများကြောင့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် သမိုင်းမှတ်တမ်း များ ပျောက်ကွယ်သွားခဲ့ ရသည်ဟု သမိုင်းမှတ်တမ်း ရေးသားသူများက ဆိုသည်။

''ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းဆိုတာ ပြုပြင်မယ်ဆိုရင် ယဉ်ကျေးမှု အဆင့်အတန်းမီအောင် ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ တကယ်လို့ ရှေးဟောင်း အဆောက်အအုံကို မဖြစ်မနေ ဖျက်ပစ်တော့မယ် ဆိုရင်လည်း သမိုင်းမှတ်တမ်းလေး ကျန်ခဲ့အောင် ဓာတ်ပုံမှတ်တမ်းလေးတော့ ယူထားစေချင်ပါတယ်'' ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ)က ပြောကြားသည်။

မင်းတုန်းမင်း၏ နန်းမတော် မိဖုရားခေါင်ကြီး ကုသိုလ်တော်ဖြစ်သည့် မဟာစိတြာရာမ သစ်သား ကျောင်းတိုက်ကြီးအား တွေ့မြင်ရစဉ်

Eleven Media Groyup

No comments:

Post a Comment