Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

ထူးဆန်းထွေလာ ဒေါ်ပု လက်ရာ ဂမ္ဘီရ ၀က်သားတုတ်ထိုးအမှုတွဲရှင်းတမ်း


ထူးဆန်းထွေလာ ဒေါ်ပု လက်ရာ ဂမ္ဘီရ ၀က်သားတုတ်ထိုးအမှုတွဲရှင်းတမ်း

အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဘွရှင်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ရံဖန်ရံခါ ရခိုင်အစားအစာတွေကို စိတ်ကူးတည့်သလို စတေးတပ်တင်ချက်ပြုတ်ပြီး လူတကာကို သွားရည်ကျအောင် ဒုက္ခပေးတတ်တဲ့ သတ္တ၀ါတစ်ကောင်ပါ။ အဲဒီလို ကိုယ့်စတိုင်လ်နဲ့ကိုယ် (တကယ်တော့ အမေ့စတိုင်လ်) ချက်နည်းပြုတ်နည်းတွေကို မူပိုင်ခွင့်တင်ထားတာမျိုး မရှိပါဘူး။ ကြိုက်တဲ့လူ ယူသုံးခွင့်ပေးထားပါတယ်။ သိပ်အလေးအနက်မထားလို့ ကိုယ့်ဘလော့မှာတောင် ပြန်မတင်ဖြစ်ပါဘူး။

ချက်နည်းပြုတ်နည်းဆိုတာ မြန်မာနိုင်ငံမှာဒေသအလိုက်၊ လူမျိုးအလိုက် စတိုင်လ်ချင်းကွာခြားပါတယ်။ ဒါပေမယ့် ၀က်သားတုတ်ထိုးလိုဟာမျိုးကျတော့ ချက်ပြုတ်ပုံ တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာလှပါဘူး။ မကွာဘူးဆိုပေမယ့် မတူတာလေးတွေတော့ ရှိပါတယ်။ အဲဒီမတူတဲ့အချက်အပေါ် အခြေခံပြီး အွန်လိုင်းပေါ်မှာ စာနဲ့ရေးသားတင်ပြတဲ့အခါ အရေးအသားနဲ့ တင်ပြပုံအပေါ်မူတည်ပြီး သိသိသာသာ ကွဲပြားခြားနားလေ့ရှိပါတယ်။ အဲဒီလို ကွဲပြားခြားနားစွာ တင်ဆက်ကြတဲ့နေရာမှာ ပရိတ်သတ်အသီးသီးရလာတော့ အပြိုင်အဆိုင်တွေ ဖြစ်လာကြပါတယ်။ မနာလိုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကြားထဲက ရန်တိုက်ပေးတာမျိုးတွေ ဖြစ်လာကြပါတယ်။ ခု ဖေ့ဘုတ်ရပ်ကွက်ထဲက စားဖိုမှူးတွေ အချင်းချင်း ခွက်စောင်းခုတ်တဲ့ သတင်းလေးတစ်ပုဒ်ကို တင်ပြချင်ပါတယ်။

ခုတလော နာမည်အသင့်အတင့်ရလာတဲ့ ဒေါ်ပုလက်ရာ page ဟာ မကြာသေးခင်က ၀က်သားတုတ်ထိုးလုပ်နည်းကို ပုံနဲ့တကွတင်ခဲ့ပါတယ်။ https://www.facebook.com/photo.php?fbid=522222451178932&set=a.467061783361666.1073741832.466758856725292&type=1&theate

အဲဒီပို့စ်ထဲက နည်းကို ဓနုဖြူဒေါ်စောရီ(လန်ဒန်) ၀က်ဆိုက်ရဲ့ပိုင်ရှင် မအိသက်က သူ့ဝက်ဆိုက်မှာတင်ထားတဲ့ နည်းကို ခွင့်ပြုချက်မတောင်း၊ ခရက်တစ်မပေးပဲ ကော်ပီခိုးယူပါတယ်လို့ ခုလိုရေးထားပါတယ်။ ဟန်နီထွန်း(သရုပ်ဆောင်)ရှယ်ထားတာကို စကင်ရှော့ယူပြီး ဒေါ်ပုလက်ရာဟာ သူမရဲ့နည်းကို ခိုးယူသုံးစွဲတဲ့အကြောင်း စွပ်စွဲထားတာဖြစ်ပါတယ်။ https://www.facebook.com/photo.php?fbid=10201624939174251&set=a.1854533052027.2109450.1501857532&type=1&theater

အဲဒီတော့ တရားသူကြီး ပေါင်ချိန်ဘွဆီကို အဲဒီအမှုရောက်ချလာပါတော့တယ်။ ကျန်ကျောင်းတို့ ကုန်းစွန်းကျဲ့တို့ကို ဖေ့ဘုတ်တခွင် စုံစမ်းထောက်လှမ်းခိုင်းပြီးတဲ့နောက်မှာတော့ ရရှိလာတဲ့ သက်သေအထောက်အထားတွေနဲ့ တရားသူကြီးပေါင်ချိန်ဘွ စီရင်ချက်ချမှာ ဖြစ်ပါတယ်။

ဒေါ်ပုလက်ရာဟာ တကယ်ပဲ ဓနုဖြူဒေါ်စောရီ(လန်ဒန်)၀က်ဆိုက်က စာသားတွေကို ခိုးယူသုံးစွဲခဲ့တာလား???

ဒါမှမဟုတ်

ဓနုဖြူဒေါ်စောရီ(လန်ဒန်)ရဲ့ ပိုင်ရှင် မအိသက်ကပဲ ဒေါ်ပုလက်ရာကို နာမည်ဖျက်ဖို့ အကွက်ဆင်ခဲ့တာလား???

စီရင်ချက်

ဖေ့ဘုတ်ခွင် ချက်နည်းပြုတ်နည်းပေ့ခ်ျများအား စုံစမ်းထောက်လှမ်းစစ်ဆေးကြည့်သည့်အခါ ဓနုဖြူဒေါ်စောရီ(လန်ဒန်)၀က်ဆိုက်တွင် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ၆ရက်နေ့က တင်ဆက်ထားသည့် စကော့ဈေးကြာဇံကြော် ၀က်သားတုတ်ထိုး အလွယ်လုပ်စားနည်း http://htetfamily.com/2012/02/06/စကော့ဈေး-ကြာဇံကြော်-ဝက်/
 
မှ ကူးယူဖော်ပြထားသည်ဟု ကျင့်ဝတ်နှင့်အညီ ခရက်တစ်ပေး တင်ဆက်ထားသည့် စားဖိုမှူးညီအမပေ့ခ်ျရှိ ဝက်သားတုတ်ထိုး ကိုယ့်ဘာသာလုပ်စားမယ် ဆိုသည့် ပို့စ်တွင် ဓနုဖြူဒေါ်စောရီ(လန်ဒန်) ၀က်ဆိုက်တွင် တင်ဆက်ထားသည့် စာသားများနှင့် ကွဲလွဲနေသည်ကို အောက်ပါလင့်တွင် တွေ့ရှိခဲ့ရပါသည်။https://www.facebook.com/photo.php?fbid=197434427088680&set=a.113161758849281.22903.113148628850594&type=1

စားဖိုမှူးညီအမ၏ ကော်ပီပို့စ်သည် ပြီးခဲ့သည့် ဇူလိုင်လ၂၂ရက်နေ့တွင် တင်ဆက်ခဲ့သည့်ပို့စ်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဓနုဖြူဒေါ်စောရီ(လန်ဒန်)၀က်ဆိုက်တွင် စားဖိုမှူးညီအမကော်ပီယူခဲ့သော စာသားများသည် ၂၂၊၇၊၂၀၁၃ အထိ ရှိနေခဲ့ကြောင်း သိရှိနိုင်ပေသည်။ ထို့ကြောင့် ဇူလိုင်လ၂၂ရက်နေ့နောက်ပိုင်းတရက်ရက်တွင် ဓနုဖြူဒေါ်စောရီ(လန်ဒန်)၀က်ဆိုက်မှ စာသားများအား ပိုင်ရှင်ဖြစ်သူ မအိသက်မှ အစားထိုးပြုပြင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရုံးတော်မှသုံးသပ်မိသည်။ မည်သည့်စာသားများအား ပြုပြင်ခဲ့ခြင်း ဖြစ်ပါသနည်း။

၁။ စားဖိုမှူးညီအမကူးယူခဲ့သည့် မူလပို့စ်တွင် မပါဝင်သည့် "ဝတ်ကလီဇာများအားလုံးသန့်စင် ပြီးလျှင် အိုးထဲတွင် ဆီမြုတ်အောင်ထဲ့ သကြား သုံးဇွန်းလောက်ဖြင့်ကြော်ပါ။ ထို့နောက် ကျောက်ကပ်မပါ ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။နီရဲလာပါမယ်နော်"(သတ်ပုံမူရင်းအတိုင်း ကူးယူဖော်ပြသည်) ဟူသောစာသားအား ဓနုဖြူဒေါ်စောရီ(လန်ဒန်)၏ ၀က်ဆိုက်တွင် ပါဝင်လာသည်ကို တွေ့ရှိရသည်။

၂။အထက်ဖော်ပြပါ ၀က်ကလီဇာများအားသကြားထည့်၍ ဆီဖြင့်ကြော်ပါဟူသော နည်းစနစ်အား ဇူလိုင်လ၂၂နေ့တွင် တင်ဆက်ခဲ့သည့် ဒေါ်ပုလက်ရာပို့စ်တွင် အောက်ပါအတိုင်း တွေ့ရှိရလေသည်။
"ချက်မည့် အိုးထဲသို့ဆီပါတယ် ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍ အသင့်အတင့်ကို ကြော်ပါ။"

၃။စားဖိုမှူးညီအမ ဓနုဖြူဒေါ်စောရီ(လန်ဒန်)၏ပို့စ်အား ကော်ပီယူခဲ့သည့် ဇူလိုင်လ၂၂နေ့တွင် အဆိုပါစာသားမပါဝင်၊ တဖက်တွင် ဒေါ်ပုလက်ရာတွင်တင်ဆက်ထားသည့်ပို့စ်မှာလည်း ဇူလိုင်လ၂၂ရက် တစ်ရက်တည်း တင်ဆက်ထားသည့်အတွက် မအိသက်၏ ဓနုဖြူဒေါ်စောရီ(လန်ဒန်)၀က်ဆိုက်သည် ဒေါ်ပုလက်ရာတင်ဆက်ခဲ့သည့် ဇူလိုင်လ၂၂နေ့နောက်ပိုင်းမှသာ အဆိုပါစာသားအား ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်ဟု ရုံးတော်မှသုံးသပ်မိသည်။ တနည်းအားဖြင့် ဒေါ်ပုလက်ရာမှကူးယူဖော်ပြခြင်း သို့မဟုတ် ထိုအချက်ကိုမေ့ကျန်ခဲ့၍ ဒေါ်ပုလက်ရာပို့စ်အား တွေ့သည့်အချိန်ကျမှ သတိရ၍ ပြန်ဖြည့်စွက်ခြင်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အခြေခံချင်းနည်းစနစ်ချင်း အတူတူဖြစ်သည့် ၀က်သားတုတ်ထိုးပြုလုပ်နည်းတွင် ထပ်မံဖြည့်စွက်ပြင်ဆင်ခြင်းသည် တဖက်သားအား မတရားသဖြင့် စွပ်စွဲခြင်းမပြုလျှင် အလေးထားအရေးယူစရာ အချက်မဟုတ်ချေ။ နောက်ကျမှတင်သူသည် မဦးအခေါ်ခံရန် ထိုက်ပါ၏လော??

စီရင်ချက်

ဒေါ်ပုလက်ရာသည် ၀က်သားတုတ်ထိုးပြုလုပ်နည်းအား မည်သူ့ထံကမှ ကော်ပီခိုးယူတင်ဆက်ခြင်း မရှိသည့်အတွက် ဤအမှုမှကွင်းလုံးကျွတ်(အတွင်းခံမပါ) လွှတ်လိုက်သည်။

သရုပ်ဆောင်ဟန်နီထွန်းသည် တဖက်သားအား ထင်ယောင်ထင်မှားဖြစ်စေရန် ဝေဖန်စွပ်စွဲပြီး သွေးထိုးလှုံ့ဆော်ခြင်း ပြစ်မှုအားကျူးလွန်သည့် အတွက် ၀က်သားတုတ်ထိုးတစ်ဗန်းလုံးအား တစ်နာရီအတွင်း တထိုင်တည်း ကုန်အောင်စားရမည်။

ဓနုဖြူဒေါ်စောရီ(လန်ဒန်)၀က်ဆိုက်ပိုင်ရှင် မအိသက်သည် ဒေါ်ပုလက်ရာအား မမှန်မကန်လီဆယ်စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်သည့်အတွက် ဖေ့ဘုတ်မှ ၁၅ရက်တိတိ Deactivate လုပ်၍ အဆိုပါဆယ့်ငါးရက်အတွင်း လန်ဒန်ရှိကုလားများအား ၀က်သားတုတ်ထိုးစတုဒီသာ လိုက်လံလှူဒါန်းရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ပုံ/

ပေါင်ချိန်ဘွ

တရားသူကြီးချုပ် (ဖေ့ဘုတ်ရုံးတော်)

နောက်ဆက်တွဲ။ ။ အစိုးရသက်သေ စားဖိုမှူးညီအမသည် တရားရုံးအဖွဲ့အား ၀က်သားတုတ်ထိုး လာရောက်ကျွေးမွေးရမည်။ အထက်ဖော်ပြပါလင့်များကို စကင်ရှော့၍ တရားရုံးမှတ်တမ်းအဖြစ် သိမ်းဆည်းထားပြီး ဖြစ်သည်။

No comments:

Post a Comment