Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

ကန်ပက်လက် မြို့နယ်ရှိ လှပ တင့်တယ်သော ခေါနုသုန်(ခ) ဝိတိုရိယတောင်

                        



ကျော်လွင်
မှိုင်းပြာရီမှောင်သည့် ချင်းတောင်တန်း ဒေသသည် ဖူးပွင့်ဝေဆာ လှပသော ချင်းတောင်ဌာနေပန်း၊ တော်ဝင် ပန်းဟူ ၍ ခေါ်တွင်စေသော
တောင်ဇလပ်ပန်းများနှင့် အတူ အပြိုင် တင့် တယ်လှပ လျက် ရှိပြီး တစ်ခါတစ် ခေါက် ရောက်လာသူ အဖို့ တမ်းတမှာ အမှန်ပင် ဖြစ်သည်။
ချင်းပြည်နယ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အနောက်ဘက်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေး တိုင်း ဒေသကြီးတို့၏ အနောက်ဘက်၊ ရခိုင်ပြည်နယ်၏ မြောက်ဘက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရှေ့ ဘက်နှင့် အိန္ဒိယနိုင် ငံ၏ အနောက်မြောက်ဘက်၊ မီဇိုရမ်ပြည်နယ်၏ အရှေ့ဘက်၊ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီနှင့် ၂၄ ဒီဂရီ အကြား အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၃၅ ဒီဂရီမှ ၉၄ ဒီဂရီ အကြားတွင် ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၉ဝ၆ ဒသမ ၉၂ ကျယ်ဝန်းပြီး ဧကအားဖြင့် ၈၉ဝဝ၄၅၉ ဧက ရှိပြီး ချင်း တိုင်းရင်းသား မျိုးနွယ်စုများနှင့် မြို၊ ခမီနှင့် ဗမာ တိုင်းရင်း သားများနှင့် အတူ ကန်ပက်လက် မြို့နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ပလက်ဝမြို့နယ်၊ ဟားခါးမြို့နယ်၊ ထန်တလန် မြို့နယ်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ် ကိုးမြို့နယ်ဖြင့် ဖွဲ့စည်း တည်ရှိသည်။
''ချင်းပြည်နယ်၏ မြို့နယ်တစ်ခု ဖြစ်သော ကန်ပက်လက်မြို့နယ်သည် ပင်လယ် ရေမျက်နှာပြင် အထက် ၄၅၆ဝ ပေ မြင့်ပြီး ၁၈၉၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင် တည်ထောင်သည်ဟု သိရသည်။'' ကန်ပက်လက် မြို့နယ်၏ ၁၂ မိုင်နှင့် သုံးဖာလုံ အကွာတွင် မြန်မာနိုင်ငံ၏ တတိယ အမြင့်ဆုံးတောင် ဖြစ်သော ပေ ၁ဝ၅ဝဝ ခေါနုသုန်(ခ) ဝိတိုရိယတောင် တည်ရှိပြီး ဒေသချင်း အခေါ်အဝေါ်အား မြန်မာ အနက် အဓိပ္ပာယ် ဖွင့်ဆိုပါက ''ဧရာမ တောင်ကြီး'' ဟု အဓိပ္ပာယ် ရသည့်အပြင် အိန္ဒိယပြည် ဘုရင်မဟု ဘွဲ့နာမ ယူထားသော ဗြိတိသျှ ဘုရင်မ၏ နှစ်(၅ဝ)ပြည့် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် ၁၈၈၈ ခုနှစ် ဇွန် ၂၃ ရက် တွင် ခေါနုသုန် တောင်ကြီးကို ဝိတိုရိယ တောင်ဟု ခေါ်ဆိုခဲ့သည်ဟု သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ တတိယ အမြင့်ဆုံးတောင် ဖြစ်သော ခေါနုသုန်(ခ) ဝိတိုရိယ တောင်အား ကမ္ဘာပေါ်ရှိ ရှားပါးသော တောရိုင်း တိရစ္ဆာန်များနှင့် တောင်တန်း၊ တောင်စွယ်၊ တောင်ကြော တစ်လျှောက် တွင် သဘာဝ ဆေးဖက်ဝင် အပင်များနှင့် ဝေဆာလှပစွာ ပွင့်ဖူးလျက်ရှိသော ပန်းပေါင်းစုံတို့ ရှိနေခြင်း တို့ကြောင့် နိုင်ငံတော် အစိုးရမှ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းသောအားဖြင့် အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ကာ ဒေသခံ တိုင်းရင်းသားများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သစ်တော ပြုစု ပျိုးထောင်မှုများ၊ ကြိုတင် ကာကွယ်တောများ သတ်မှတ် ထိန်းသိမ်းပြီး သစ်တော စိုက်ခင်းများ ပြုလုပ်၍ ပျိုးပင်ပေါင်း ၅၇၅ဝဝဝဝ စိုက်ပျိုး ပြုစုလျက် ရှိပါကြောင်း ရေးသား ဖော်ပြ လိုက်ရပါသည်။     ။

No comments:

Post a Comment