Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 25, 2013

ရုတ်တရက် လေမဖြတ်အောင် အစားရှောင်ဖို့ လိုသည်




ရုတ်တရက် လေမဖြတ်အောင် အစားရှောင်ဖို့ လိုသည် တလောက ဖုန်းဆင်းမ်ကဒ် တန်းစီသူ တစ်ဦး မူးမေ့လဲကျပြီး အသက် ဆုံးရှုံးရသည့် သတင်း ကြားသည်။ နောက်ဆက်တွဲ သတင်းမှာ ထိုသူမှာ အရပ်သား သာမန်လက်လုပ် လက်စားတစ် ဦး။ထိုသူ၏ မိသားစုပြောပြချက် အရ နေ့လယ်ချိန်က ပုရစ်ကြော် နှင့်အရက်သောက်စား ထားသည် ဟုသိရသည်။ ည(၁၀)နာရီခွဲခန့် တွင်မှာ တန်းစီရင်း ရုတ်တရက် မူးကာ လဲကျပြီးနောက်သေဆုံး ခြင်းဖြစ်သည်။

ထိုသူသည် လေဖြတ်ပြီး အသက်ပါသွားနိုင်ခြင်း ဖြစ်နိုင်သည်။ အစား အသောက်နှင့် အနေအထိုင် မသင့်တော်သော အကြောင်းများ ကို ဆက်တိုက် လုပ်ဆောင်မှုကြောင့် အသက်ဆုံးခြင်း ဖြစ်သည်။ ဆင်းရဲခြင်းကြောင့် ကြုံရာကျပန်း လုပ်ကိုင်စားသောက် သူများတွင် အသိပညာ နည်းခြင်းကြောင့် လည်း အသက် ဆုံးရှုံးခြင်းမဖြစ် သင့်ဘဲ ဖြစ်ရခြင်းများ ရှိပါသည်။ ပုရစ်သည် မန္တလေး သားတို့ အလွန်ကြိုက်သော အစာဖြစ်သည်။ မိုးဦးလေဦး ကျသော ပုရစ်သည် မကောင်း။ သီတင်းကျွတ်၊ တန်ဆောင်မုန်း မိုးလွတ်မှ ပေါ်သော ပုရစ်သည် ကောင်းသည်ဟု လူကြီး များက ပြောကြသည်။ ယခု အချိန်ပေါ်သော ပုရစ်မှာ မုန်တိုင်း တစ်ခုကြောင့် မိုးသက်လေပြင်း ကျပြီးနောက် မိုးသီးများပြါွေက ပြီးသည့်နောက်မှ ထွက်လာသော ပုရစ်များဖြစ်သည်။ အချို့ပုရစ်များ သည်တွင်းထဲ ရေဝင်သဖြင့် အချိန် အခါမကျ ဥမချရသေးဘဲတိုး ထွက်လာသော ပုရစ်အမများပါ ဝင်သည်။ ဥမချရသေးသော ပုရစ် မျိုးကို မစားသင့်ပေ။ ဝမ်းပျက်၊ ဝမ်းလျှော ဝမ်းကိုက်ရောဂါများ ဖြစ်တတ်သည်။

တွင်းအောင်းသော သတ္တဝါ မှန်သမျှသည် သွေးအေးသတ္တဝါ များဖြစ်သည်။ ပုရစ်၊မြွေ၊ ဖား၊ငါး ရှဥ့်၊ငါးမြွေထိုး၊ ဒီပိုး၊မြေအောင်းပိုး နှင့်ဥမှန်သမျှ တို့သည် အအေးစာ များဖြစ်ကြသည်။ အအေးစာမှန် သမျှကြေခဲပြီး အဆီတိုးသွေးတက် စေနိုင်သော သတ္တိရှိသည်။ထို အထဲတွင်မှ ပုရစ်သည် ခုန်ပျံနိုင် သောသတ္တဝါ ဖြစ်သဖြင့် ပိုပြီး သွေးတိုးစေနိုင်သည်။ ပုရစ်စားပြီး အခန့်မသင့်လျှင် ဝမ်းလျှောခြငှ်းနှင့်ဝမ်းပျက်ခြင်းများဖြစ်နိုင်သဖြင့် ပုရစ်သည် လေစာဟုလည်းဆို နိုင်သည်။ ဆရာဝန်ကြီးတစ်ဦး သည်ပုရစ်ကြိုက်သဖြင့်ဈေးမှဝယ် ပြီး မိမိအိမ်တွင် ဆီအသန့်ဖြင့် ကြော်စားသည်။နောက်တစ်ရက် ရန်ကုန်အပြန်လမ်းတွင် လမ်းတ လျှောက်လုံးဝ၀မ်းလျှောသဖြင့် ရန်ကုန်ရောက်သောအခါဆေးရုံ တက်ပြီး အခန်းတွင် ထားပြီး ကုရသည်။ ပုရစ်တွင် ဝမ်းလျှော စေတတ်သော အီကိုလိုင်ပိုးများ စွာပါဝင်နေသဖြင့် ဝမ်းလျှောရခြင်း ဖြစ်သည်ဟု ဆိုသည်။
အနောက်တိုင်း ဆရာဝန်ကြီး များ ဓာတ်ခွဲတွေ့ရှိထားသော ဝမ်းပျက်ဝမ်းလျှောစေသည့်အီကို လိုင်းပိုးသည် အမျိုးပေါင်းများစွာ ရှိသည်ဟုဆိုသည်။အသီးအနှံ စိုက်ခင်းများ၊မြက်ခင်းပြင်များပေါ် တွင် ရှိသည်။တိရိစ္ဆာန်များမစင် စွန့်ခြင်း၊ဖြတ်သန်းသွားလာသော ခြင်များကြောင့် ပျံ့သွားပြီးလူကို အစားအသောက်ဟင်းသီးဟင်း ရွက်များ ခူးဆွတ်သောအခါကပ် ငြိပြီးပါလာလေ့ရှိသည်။အစား အသောက်ကို သန့်စင်အောင် ရေဆေးသော်လည်းအတွင်းတွင် ကပ်ငြိပါလာသော ဥမွှားများမှာ မသေသေးသဖြင့်ဝမ်းအတွင်းသို့ ရောက်ပြီးမှပေါက်ဖွားကာဝမ်းပျက်၊ ဝမ်းလျှောခြင်း၊ အထက်လှန် အောက်လျှောဖြစ်ခြင်းတို့ဖြစ်သည်။ အခန့်မသင့်လျှင်အသက်ဆုံးမည် အထိ ဖြစ်နိုင်သည်။

ပုရစ်စားခြင်းကြောင့် လေ ဖြတ်နိုင်သည်ဟု မဆိုနိုင်သော် လည်း ပုရစ်ကြော်စားပြီးသွေး တက်သူ၊မျက်စိများ ရဲလာပြီး မျက်ခွံနှင့်မျက်လုံး အိမ်များရောင် လာသူ၊မျက်နှာအမ်းလာသူများစွာ တွေ့ဖူးပါသည်။ မျက်စိများအ တွင်းမှ သွေးကြောများနီရဲပြီး ရောင်လာခြင်းမှာသွေးတက်သော လက္ခဏာဖြစ်သည်။

ဝါယောခေါ်လေဓာတ်ကို ထြွကစေသော အစာမှန်သမျှ သွေးတိုး စေနိုင်သည်။ ဂွေး တောက်ရွက်၊တမာရွက်၊ကြောင် လျှာ၊ကြက်ဟင်းခါး၊ကြောင်လျှာ သီး စသည်တို့သည်အခါးဓာတ် ပါသောလေစာများဖြစ်သည်။ ကင်းမုံသီး၊ဗုံလုံသီး၊ခဝဲသီး၊သခွား သီး၊ဂေါ်ရခါးသီးစသည်တို့သည် အချိုဓာတ်ပါသောလေစာများ ဖြစ်သည်။စားပြီးလျှင် ထိုက်သင့် သလောက်လေပွလာသောကြောင့် ဖြစ်သည်။အခန့်မသင့်လျှင် လေ ပွပြီးသွေးပေါင်တက်လာနိုင်သည်။ ရှေးတိုင်းရင်းဆေးဆရာကြီးများ ၏အယူအဆမှာ သွေးတိုးသည် လေတိုးနှင့်အတူတူပင်ဖြစ်သည ပုရစ်၊ဖား၊ငါးရှဥ့်၊ငါြးွေမထိုး စသောတွင်းအောင်းစာများမှာ အခါးလည်းမဟုတ်၊အချိုလည်း မဟုတ်၊အဆီများသောပထဝီဓာတ် နှင့်လေပွစေသော ဝါယောဓာတ် ပျက်ပေါင်းစပ်ထားသောအစာမျိုး ဖြစ်သည်။

ပထဝီနှင့် ဝါယောဓာတ် တွေ့လျှင် အိပ်ချင်ငိုက်မြည်းနေ သော်လည်းအိပ်မရဘဲတလူးလူး တလိမ့်လိမ့် ဖြစ်နေတတ်သည်။ လူကသာခေါင်းမထောင်နိုင် သော်လည်း စိတ်ကအိပ်မပျော် ဘဲဖြစ်နေတတ်သည်။ဓာတ်စာ ဆရာကြီးများက ပထဝီလွန်ကဲ သောတက်စာများကိုကြေကျက် စေရန် အပူအစပ်ဖြစ်သောချင်း တက်နှင့်ငြုတ်သီးတို့ကို ထည့် ချက်လေ့ရှိသည်။ အပူအစပ် ထ်ည့်သဖြင့် အစာကြေစေနိုင် သည်။

အရက်သည် လေပူထစေ သောအစာမျိုးဖြစ်သည်။ထို့ ကြောင့်အစာမရှိဘဲမသောက်သင ပေ။လေပူထပြီး သွေးတိုးလျှင် အစာမရှိသောကြောင့် ပိုမူးစေ သည်။သတိလက်လွတ်ဖြစ်စေ နိုင်သည်။အစာအိမ်မှ အူသိမ်မှ စုပ်ယူသောအရက်သည်ဦးနှောက် သွေးကြောပေါက်သည်အထိဖြစ် နိုင်သည်။

အရက်သောက်သူများတွင် လိမ္မာသောအရက်သမားသည် အသက်ရှည်ပြီး မလိမ္မာသော အရက်သမားသည် အသက်တို သည်ဟုဆိုသည်။လိမ္မာသော အရက်သမားဆိုသည်မှာ အစား အသောက်ကောင်းကောင်းစားရင်း သင့်တင့်သောအတိုင်းအတာဖြင့် သောက်တတ်သူဖြစ်သည်။အ ရက်အတိုင်းအတာမှာ ပူသော ရာသီနှင့်အေးသောရာသီမှာမတူ ပေ။ပူသောရာသီတွင် အရက်ကို ၂ပက်ထက် ပိုမသောက်သင့်။ အေးသောရာသီတွင်လည်း ၃ ပက်ထက် ပိုမသောက်သင့်။ သောက်လျှင် အသည်းကိုဒုက္ခ ပေးနိုင်သည်ဟုဆိုသည်။ အရက်ကို လုံးဝရှောင်ရ မည့်သူများရှိသည်။အသက်၅၀ ကျော်လာပြီးနောက် အောက်ပါ အချက်များနှင့်ကိုက်ညီနေလျှင် လေဖြတ်နိုင်သည်။

၁။ လူဝပြီး ဗိုက်ရွှဲလာခြင်း။

၂။ မျက်စိအားနည်းလာပြီး ဇက်ကြောထိုးလာခြင်း။

၃။ခေါင်းအုံပြီး မျက်စိသွေး ကြောများနီခြင်း။

၎။အစာမကြေ ရင်တောင့် မကြာခဏဖြစ်ခြင်း။

၅။ဝမ်းဗိုက်လေပွပြီးဝမ်းချုပ် ခြင်း။

၆။အစားမှားတိုင်း သွေးတိုး လာခြင်း။

၇။ဆီးချို၊သွေးတိုးမျိုးရိုးရှိ ခြင်း။

၈။ညအိပ်လျှင်ဟောက်ခြင်း ဆက်ကနဲအကြောများလှုပ်ခြင်း၊ လန့်နိုးခြင်း။

အသက်၅၀အောက်လေ ဖြတ်သူများရှိသော်လည်းလေ့လာ စူးစမ်းမှုအရ အသက်၅၀ကျော် သူယောကျာ်းများက လေဖြတ် သူပိုများလာသည်။ထိုသူများ၏ ရာနှုန်းထက်ဝက်ကျော်မှာလည်း အရက်ကို အနည်းနှင့်အများ သောက်သူဖြစ်သည်။အချို့မှာ အရက်ကို စွဲစွဲမြဲမြဲမသောက်၊ တစ်ခါတစ်ရံကြုံမှသောက်ရင်း လေဖြတ်ခံရသူများရှိကြသည်။

အရက်နှင့် အစားအသောက် အတွဲ မှားပြီး တစ်ကြိမ်တည်းနှင့်လေ ဖြတ်သူများလည်း ရှိသည်။ ပုရစ်ကြော်နှင့် အရက်သောက် ပြီးလေဖြတ်သူ၊ ကြက်ဟင်းခါးသီးချက်နှင့် ဝက်သားဟင်းစားအရက်သောက် ပြီးလေဖြတ်သူ၊ မျှစ်ချဉ်နှင့် ကြက်ဟင်း ခါးစား အရက်သောက်ပြီးလေဖြတ်သူ ဂွေးတောက်ရွက်နှင့်ကြက် ရိုးဟင်းစား အရက်သောက်ပြီး လေဖြတ်သူ၊ ကင်းပုံသီးချက်နှင့်ငုံးကြော် စားအရက်သောက်ပြီးလေဖြတ်သူ လယ်ြွကက်ကြော်နှင့်အရက် သောက် လေဖြတ်သူ ဖားသား၊မြွေသားနှင့် အရက် သောက် လေဖြတ်သူ၊ စသဖြင့် အစားအသောက် နှင့်အရက်အတွဲမှားပြီး လေဖြတ် ရသူများရှိသည်။ အချို့မှာ ဦး နှောက်သွေးကြောပြတ်၊ လေသင် တုန်းဖြတ်ပြီး အသက်ပါသွားသူ များရှိကြောင်းသတိပေးလိုသည်။ လေဖြတ်ခြင်းသည်အဆီအဆိမ့်၊ အချိုဓာတ်များသောအစားအစာ များကိုနှစ်ရှည်လများစားသောက် ပြီးတဖြည်းဖြည်းနှလုံးသွေးကြော တွင် အဆီများ ပိတ်ရာမှဖြစ်ရသူ များရှိသကဲ့သို့ ရုတ်တရက်တစ် နေ့တာ အစားမှား၊ အသောက်မှား၊ နေအထိုင်မှားကြောင့်ဖြတ်ရသူ များလည်း ရှိနိုင်ကြောင်း သတိ ပေးရေသား လိုက်ရပါသည်။

ကြည်လွင်မြင့် (မုဒြာ)

SHADE JOURNAL

No comments:

Post a Comment