Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 23, 2013

ကိုယ်ဝန်ဆောင်ချိန် ရှောင်သင့်သော အချက်များ


အမျိုးသမီး တစ်ယောက် ကိုယ်ဝန် ဆောင်ချိန်ကို ရောက်ပြီ ဆိုရင်တော့ သင့် ဝမ်းဗိုက်ထဲမှာ အသက်ရှိတဲ့ အရာလေး တစ်ခုက အသက်ပုံမှန် ရှူနေပြီး၊ သူ့အ တွက် ဘဝလေး တစ်ခုဖြစ်တည်တော့မယ် ဆိုတာကို သင်က နားလည် ထားရမှာပါ။ ဒါ့အပြင် သူအသက်ရှူ နေတာလေး ရပ် တန့်မသွားစေဖို့ သင်က ဂရုစိုက်နေထိုင် ပြုမူ ပေးရမှာပါ။ သင့်ဂရုစိုက်မှု တွေဟာ သင့်ကလေး ငယ်လေး ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာ လာစေဖို့ ဖြစ်တယ် ဆိုတာကို လည်းနားလည် ထားဖို့ လိုပါတယ်။ ကိုယ် ဝန်ဆောင်ချိန်မှာ အရမ်းကို အရေးပါတဲ့ ရှောင်ရန် အချက်တွေကို ရေးသားလိုက်ပါ တယ်။
အယ်လ်ကိုဟောနှင့် အယ်လ်ကိုဟော ပါဝင်သော ဖျော်ရည်များ
ကလေးငယ် ဖွံ့ဖြိုးစေဖို့ အနှေင့်အယှက်အပေးနိုင်ဆုံး အရည်တစ်မျိုးဖြစ် တဲ့ အရက်ကို ကိုယ်ဝန်စတင်ပြီဆိုတာ နဲ့လုံးဝ မသောက် သင့်ပါဘူး။ ဘယ်လို အ ကြောင်းကြောင်းနဲ့မှ အရက်သောက်ဖို့ ကိစ္စကို အတွေးထဲ မထည့် သင့်တော့ပါ ဘူး။ ကိုယ်ဝန်လနုတဲ့ အချိန်မျိုးမှာဆိုရင် သန္ဓေသား ပျက်စီး သွားစေနိုင်ပြီး၊ မပျက် ဘူးဆိုရင်တောင် ကလေးငယ်ရဲ့ ကိုယ် လက်အင်္ဂါ တွေကို ထိခိုက်နိုင်ပါတယ်။
မှုးယစ်ဆေးဝါးများ
မူးယစ်ဆေးဝါးတွေဟာလည်း က လေးငယ်ကို လုံးဝဖွံ့ဖြိုးလာစေမှာမဟုတ် ပါဘူး။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ မိခင်ဟာ သန္ဓေသားထိခိုက်စေနိုင်ပါသေးတယ်။ တခြားကျန်းမာရေးပြဿနာတွေကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူဖြစ်ရင် တော့ ကလေးမယူခင်နဲ့ ကိုယ်ဝန်ရှိစအ ချိန်မှာ ဆရာဝန်ရဲ့အကြံÓဏ်ကို ယူသင့် ပါတယ်။ ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ ကိုယ် မမှီဝဲပါနဲ့။
ဆေးလိပ်
ဆေးလိပ်သောက်သုံး တတ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရရှိဖို့ ခက်ခဲ တတ်သလိုပဲ ကိုယ်ဝန်ဆောင် ထားချိန်မှာ ဆေးလိပ် သောက်တာနဲ့ သူများသောက် နေတဲ့ ဆေးလိပ်ငွေ့ကို ရှူတာကြောင့် ကလေးငယ်ဖွံ့ဖြိုးဖို့ အနှောင့်အယှက်ဖြစ် စေတဲ့အပြင် သန္ဓေသားရဲ့ ကျန်းမာရေး ကိုပါ ထိခိုက်စေ ပါသေးတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေသူ တွေအ နေနဲ့ ဆေးလိပ်ငွေ့ကို ရှောင်သင့်ပြီး ကိုယ်ဝန်ဆောင်သည် တွေအနေနဲ့ ဆေး လိပ်သောက်တတ်သူ ကိုယ့်ပတ်ဝန်းကျင် မှာရှိနေရင် ခပ်ဝေးဝေးကို ရှောင်ထွက်ဖို့ မမေ့ပါနဲ့။
စိတ်ဖိစီးမှု
စီးမှုတွေဖြစ်နေရင် ကလေးငယ်မှာလည်း ဖိစီးမှုတွေဖြစ်စေတယ်ဆိုတာကို သိထား ဖို့လိုပါတယ်။ စိတ်ဖိစီးမှုကြောင့် ကိုယ်ဝန် ဆောင်ချိန်မှာ သွေးဖိအားမြင့်တက်မှုမျိုး ဖြစ်စေပြီး၊ သွေးလည်ပတ်မှုပုံမမှန်တာမျိုး နဲ့ အသက်ရှူရခက်ခဲတဲ့ ပြဿနာမျိုးတွေ ဖြစ်စေနိုင်ပါသေးတယ်။
ဒေါက်မြင့်ဖိနပ်
ကိုယ်ဝန်စရှိပြီဆိုတာနဲ့ သင်ဟာ ဖိနပ်အမြင့်တွေကို ရှောင်ဖို့လိုပါပြီ။ ဖိနပ် အပါးနဲ့ ခြေထောက်ချော်ထွက်မှုမရှိစေ မယ့်ဖိနပ်မျိုးကို ရွေးချယ်ဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်ကို ညီမျှအောင်ထိန်းပေး နိုင်မယ့်ဖိနပ်မျိုးကိုစီးသင့်ပြီး သက်သောင့် သက်သာဖြစ်ဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်ရောင်ရမ်း တာမျိုးတွေဖြစ်တတ်တာကြောင့် အရမ်း ကျပ်လွန်းတဲ့ ဖိနပ်တွေကိုတော့ ရှောင်ဖို့ လိုပါတယ်။
စပ်သော အစားအစာများ
သင်က အစပ်စာတွေကို ကြိုက်နှစ်သက် တတ်သူ ဖြစ်ရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ အစပ်စာစားတဲ့ အကျင့်ကို ပြောင်းလဲဖို့ လိုအပ်ပါပြီ။ ကိုယ်ဝန်ဆောင် ချိန်မှာ အစပ်တွေ စားတာကြောင့် သင့်ကို သက်သောင့်သက်သာ မဖြစ်စေပါ ဘူး။ ရင်ပူတာ၊ လေပွတာနဲ့ ဝမ်းဖောဝမ်း ရောင်တာမျိုးတွေ ဖြစ်စေတာကြောင့် အ စပ်စာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ မ စားသင့်တော့ပါဘူး။
စွန့်စားရသော လေ့ကျင့်ခန်းများ
ကိုယ်ဝန်ဆောင်ချိန်မှာ အရင်က ပြုလုပ်နေကျဖြစ်ပေမယ့်လည်း စွန့်စားရ တဲ့လေ့ကျင့်ခန်းလုပ်ဆောင်ချက်မျိုးတွေ ကို ရှောင်ဖို့လိုပါတယ်။ လေးလံတဲ့အိတ် ကို ကျောပိုးပြီး ရေငုပ်ရတဲ့ လေ့ကျင့်မှုမျိုး၊ နှင်းလျှောစီးတာမျိုး၊ တောင်တက်တာလို မျိုးလေ့ကျင့်မှုမျိုးတွေဟာ အရမ်းကို အန္တရာယ်များတဲ့ လုပ်ဆောင်ချက်မျိုး တွေဖြစ်တာကြောင့် ယင်းအလုပ်တွေနဲ့ စပ်ဆက်မှုရှိသူတွေအနေနဲ့ အနားယူသင့် တဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။
အသားစိမ်း၊ ငါးစိမ်းနှင့် မကျက်သေးသော အသားများ
မကျက်သေးတဲ့ အသားနဲ့ငါးတွေထဲ မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယား တွေရှိနေပါတယ်။ ဒါတွေကို သင်က စား မိမယ်ဆိုရင် သင့်ကလေးငယ်ကို တိုက် ရိုက်ထိခိုက်စေနိုင်ပါတယ်။ ကလေးငယ် ကျန်းမာရေးကို ထိခိုက်မှု မရှိစေဖို့ အသား စိမ်း၊ ငါးစိမ်းတွေ၊ မကျက်သေးတဲ့ အသား ငါးတွေနဲ့၊ အကင်စာတွေကို ရှောင်ဖို့လိုပါ တယ်။

သဲသဲ

No comments:

Post a Comment