Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 23, 2013

ကမ္ဘာ့အတော်ဆုံး Hacker များ

http://www.soldierx.com/system/files/hdb/jonathan_james_c0mrade.jpg
ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၁)
**************************

Jonathan James
***********

သူ့ကိုတော့ "အင်တာနက်ပေါ်ကစစ်သား" ဆိုပြီး အများကလက်ခံထားပါတယ်။ အဲဒီနာမည်နဲ့လိုက်အောင်ပဲ သူဟာ
အသက် ၁၅နှစ်အရွယ်မှာပဲ အမေရိကန်ကာကွယ်ရေးဌာနနဲ့ နာဆာ တို့ရဲ့ Network တွေကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး သူလိုချင်တဲ့အချက်အ လက်ပေါင်းများစွာကို ယူခဲ့ပါတယ်။ သူဖောက်ထွင်းဝင်ရောက်ပြီး ရရှိခဲ့တဲ့အချက်အလက်တွေအားလုံးရဲ့တန်ကြေးဟာ အမေရိကန်ဒေါ်လာ ၁.၇ သန်းကျော်တန်ဖိုးရှိခဲ့ပါတယ်။ သူအဲဒီလို လုပ်ခဲ့တဲ့အတွက် နာဆာဟာ သူတို့ရဲ့ Network တစ်ခုလုံးကို ၃ပတ်ခန့် ပိတ်ထားခဲ့ရပြီး
ဘယ်သူ့လက်ချက်လည်းဆိုတာကို စုံစမ်းခဲ့တာမှာ ဒေါ်လာ ၄၁၀၀၀ခန့် ကုန်ကျခဲ့ပါတယ်။

ဒါကြောင့် ၂၀၀၀ ပြည့်နှစ်ရဲ့ ဇန်န၀ါရီလရဲ့ မနက်လင်းအားကြီး ၆ နာရီအချိန်မှာ အမေရိကန်ကာကွယ်ရေးဌာနရဲ့ အထူးအေးဂျင့်များနဲ့ ဒေသရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဒါ့အပြင် သူရဲ့ဘ၀ဇာတ်သိမ်းပိုင်းဟာလည်း ၀မ်းနည်းစရာနဲ့သာအဆုံးသတ်ခဲ့ရပါတယ်။
၂၀၀၇ ခုနှစ်မှာ များစွာသောကုမ္ပဏီတွေရဲ့ Network တွေဟာ ဖောက်ထွင်းခြင်းခံခဲ့ရပါတယ်။ James ဟာအဲဒီဖောက်ထွင်းမူတွေနဲ့ ပါဝင်ဆက်နွယ်ခြင်းမရှိခဲ့ပေမယ့် သူဟာ သံသယအရှိခံရဆုံးသူအဖြစ်နဲ့
အကြိမ်ပေါင်းများစွာ အစစ်ဆေးခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ James ဟာ သူ့ကိုသူသတ်သေခဲ့ခြင်းဖြင့် သူ မကျူးလွန်ခဲ့တဲ့ အမှူတွေရဲ့အဝေးဆုံးသို့ထွက်ခွာသွားခဲ့ရပါတယ်။ သူသေဆုံးသွားချိန်မှာတော့ သူ့ရဲ့ သေတမ်းစာထဲမှာတော့ သူဘာမှမလုပ်ခဲ့ကြောင်းကို အရိုးသားဆုံး ၀န်ခံသွားပါရစေဆိုပြီး ရေးသားခဲ့ပါတယ်။

ကျနော်တို့ပေ့ခ်ျလေးမှာ တစ်စုံတစ်ခုရသွားတယ်ဆိုလျှင် ကျေနပ်နေတဲ့
IT4M

No comments:

Post a Comment