Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 19, 2013

CT Scan တစ်ချပ်ရိုက်ခြင်းသည် ဓာတ်မှန် အချပ် ၃၀ ရိုက်ခြင်းနှင့် ညီမျှ

19 June 2013  |
ယခုအခါ ပညာတတ် လူတန်းစား များအကြား ကျန်းမာရေး ပုံမှန်စစ်ဆေးမှု ခံယူသည့် အလေ့အထ တစ်ခု ခေတ်စား လာကြောင်း၊ ထိုအကျင့်မှာ ကောင်းမွန် သည့် ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ပြီး လူတိုင်း တတ်နိုင်သည့် စစ်ဆေးမှု များကို ခံယူ သင့်ကြောင်း အထွေထွေ အထူးကုဆရာ ဝန်ကြီး ပါမောက္ခ ဦးကို ကိုလှက ဆိုသည်။ သို့ရာတွင် အချို့ လူများသည် မလိုအပ်ဘဲ မိမိသဘော အလျောက် CT Scan ရိုက် ပြီး စစ်ဆေးမှု များကို ပြုလုပ်နေကြသည် ကို ဆင်ခြင်သတိပြုစေလိုကြောင်း သတိ ပေးပြောကြားသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ တွဲဖက် ဖက်ပါမောက္ခ ဒေါက်တာ ဦးကိုကိုက "ကျန်းမာရေး စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဆရာ တို့တွေ့နေရတာက အစွန်းနှစ်ဖက်ပါ။ တချို့ လူတွေက စစ်ကို မစစ်ချင် တာပါ။ တချို့ကလည်း အစစ်လွန် နေတာပါ။ စစ် လို့ ရသမျှ အကုန်စစ်မယ်။ တစ်ကိုယ် လုံးကို CT Scan ရိုက်မယ် ဆိုတာ ချည်းပဲ ဖြစ်နေကြပါတယ်။ ခေါင်းလည်း CT Scan ရိုက်မယ်၊ ဗိုက်လည်း ရိုက် မယ်.. စသဖြင့် ပြောနေကြပါတယ်။

ဆရာတို့က အရင်ဆုံး ဗိုက်ကို အာထ ရာဆောင်း ရိုက်ကြည့်ပါ၊ လိုအပ်မှ CT Scan ရိုက်တာပေါ့လို့ ပြောရင်တောင် 'မဟုတ်ဘူး၊ CT Scan ပဲ ရိုက်ချင်တယ်' ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။ တကယ် တော့ CT Scan တစ်ချပ် ရိုက်လိုက် တာက ဓာတ်မှန်အချပ် ၃၀လောက် ရိုက် လိုက်တာနဲ့ ညီမျှ နေပါတယ်။ လူတွေကို ဓာတ်မှန် ၁၀ခါလောက် ရိုက်လိုက်ပါလို့ သွားပြော လိုက်တာနဲ့တင် 'မရိုက်တော့ ပါဘူး၊ ဓာတ်ရောင်ခြည် အဆိပ် သင့်မှာ စိုးပါတယ်'လို့ ပြန်ဖြေ ကြမှာပဲ။

ဒါပေမဲ့ CT Scan တစ်ချပ်ရိုက် လိုက်တာက ဓာတ်မှန် ၃၀ လောက်ရိုက် လိုက်တာနဲ့ ညီမျှတာကို မသိကြပါ ဘူး။ CT Scan ကို ဆရာဝန် မညွှန်ဘဲ ကိုယ့်ဘာသာ မကြာခဏ ရိုက်တာမျိုးလည်း တွေ့နေ ရပါတယ်"ဟု ရှင်းပြခဲ့သည်။ CT Scan ၏ ကောင်းကျိုးမှာ ပုံ ရိပ်များကို ပြတ်သား ထင်ရှားစွာ မြင်ရ သည့်အတွက် ရိုက် ရန် မဖြစ်မနေ လိုအပ် သည့် အခြေအနေ မျိုးတွင် ဆရာဝန် ညွှန် ကြားသည့်အခါ အသုံးပြုသင့်ကြောင်း သိ ရသည်။

ဇွန်
CT Scan (computed tomography Scan)

No comments:

Post a Comment