Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 19, 2013

စင်မြင့်ထက်မှာ အလှဂုဏ်ဝင့်ကြွား ရိုးရာဝတ်စုံနဲ့ မြန်မာအမျိုးသမီး လေးများ




မြန်မာ့ရိုးရာ ယဉ်ကျေးမှု အလှ သရုပ်ကို ထုတ်ဖော် ခြယ်မှုန်းကာ မြန်မာ အမျိုးသမီး ထုအား ဂုဏ်ပြုသည့် အနေဖြင့် နှစ် စဉ်နှစ် တိုင်း မြန်မာ အမျိုးသမီး များနေ့ဟု ဆင်ယင်ကျင်းပပြု လုပ်လေ့ ရှိသည်။ အခမ်း အနားတွင် မြန်မာအမျိုး သမီးလေးများ က မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုဟန်နှောပြီး ဆန်းသစ် ဖက်ရှင် အသွင် သဏ္ဌာန်မျိုးစုံဖြင့် အလှဖော်ကျူး၍ မြန်မာအမျိုး သမီးဂုဏ်ရည် ဖွင့်ဆိုကြသည်။

ထို့ကြောင့် မြန်မာ အမျိုးသမီး များနေ့ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား တွင် မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် ကိုယ် ကိုယ်တိုင် ပါဝင်ကာ ရိုးရာ ယဉ်ကျေးမှု သရုပ်နှင့် မြန်မာအမျိုး သမီးတို့၏ စွမ်းရည်အပြင် အလှဂုဏ် ရည်ကိုပါ ထုတ်ဖော်ဖွင့် ဆိုခွင့်ရရှိခဲ့ကြသည့် အနု ပညာရှင်များ၏ ကြည်နူး ပီတိ စကားသံများကို စု စည်းဖော်ပြ လိုက်ပါသည်။

ခိုင်နှင်းဝေ

”ဒီနှစ်နဲ့ဆို အမျိုးသမီးများနေ့ အထိမ်း အမှတ်ရှိုးပွဲလျှောက်တာ ၃ နှစ်လောက်ရှိပါပြီ။ မြန်မာအမျိုး သမီးတစ်ယောက်အနေနဲ့ လျှောက် ရတာ ဂုဏ်ယူပါတယ်။ မြန်မာအမျိုး သမီးဝတ်စုံတွေဝတ်ရတာ ပိုပြီးတော့ လည်း ကျက်သရေရှိတယ်လို့ထင် တယ်။ ဒီလိုပွဲမျိုးကို ပါဝင်ခွင့်ရတာလည်း ဂုဏ်ယူပါတယ်။ အခု ခေတ် ကလေးတွေက မြန်မာဝတ်စုံလေး တွေကို မြတ်မြတ်နိုးနိုးဝတ်ချင်လာ အောင် ဒီလိုပွဲမျိုးတွေ လုပ်တဲ့ အတွက် မိန်းကေ လး အတွက် အများကြီးအကျိုးရှိပါတယ်”

ပုလဲဝင်း

“ရှိုးလျှောက်တာ ဒီနှစ်လည်း ပါဝင်မှာပါ။ ဒီလိုမြန်မာ အမျိုး သမီးများနေ့မှာ မြန်မာအမျိုး သမီးတစ်ယောက်အနေနဲ့ တစ်တပ်တအား ပါဝင် ကူညီ ခွင့်ရချင် ပါတယ်။ မြန်မာ ဝတ်စုံတွေကို မြန်မာလူငယ်ကြားမှာ ပြန်လည်ဆန်းသစ်လာအောင် လုပ်ပေးတဲ့ပွဲမှာပုလဲကို အနုပညာရှင် တွေက လည်း ပါဝင်ခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်။” ရတနာမိုင်------------- ”အမျိုးသမီးရေးရာပွဲမှာ ၄ နှစ် လောက် ပါဝင်ရှိုးလျှောက်ဖူးတယ်။ မြန်မာအမျိုးသမီး တစ်ယောက်အနေနဲ့ ဂုဏ်ယူမိတယ်။ အခု ခေတ်မှာက အမျိုးသမီးတွေကလည်း အမျိုး သားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်နေကြ ပြီလေ။ ဒီလိုအမျိုးသမီးများနေ့ဆိုပြီး သတ် မှတ်ပေးထားတဲ့အတွက် လည်း တအား ဂုဏ် ယူတယ်”

ယုသန္တာတင်

“အမျိုးသမီးရေးရာရှိုးပွဲမှာ ပါဝင်လျှောက် ခွင့်ရတဲ့အတွက် တအားဝမ်းသာတယ်။ တခြား ရှိုးပွဲ တွေနဲ့မတူဘူး။ ကိုယ့်ရဲ့ မြန်မာ ဝတ်စုံကိုပဲ ဒီဇိုင် နာတွေက အမျိုးမျိုး ထွင်ပေးကြတာ။ မြန်မာအမျိုးသမီးတွေ ကိုယ်စားပြုပြီး အထိမ်း အမှတ်ပွဲလေးကျင်းပတဲ့ပွဲဆိုတော့ တအား ကောင်းတယ်။ အခုခေတ်က အမျိုး သမီးမှ၊ အမျိုးသားမှ မဟုတ်ဘူး။ အကုန်လုံးက အလုပ် လုပ်တာရော၊ ပညာသင်တာရော တန်းတူဖြစ် လာ တဲ့အတွက် မြန်မာ အမျိုးသမီးတွေကို ပိုပြီး ကြိုးစားစေချင်ပါတယ်”

သက်သခင်

“အမျိုးသမီးများနေ့ပွဲမှာ ရှိုးလျှောက်တာ ဒီနှစ်နဲ့ပါဆိုရင် သုံးကြိမ်ရှိပြီ။ မြန်မာလူမျိုး တစ်ယောက်ဖြစ်တဲ့အတွက် မြန်မာဝတ်စုံဝတ်ပြီး ရှိုးလျှောက် ရတာ တအားကြိုက်ပါတယ်။ အမျိုးသမီးများနေ့ပွဲမှာ ရှိုးလျှောက်ရတာ တအားကို ပျော်ပါတယ်။ ကျွန်မက မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်ရတာ တအားဂုဏ် ယူပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စကတ်အတို အပြတ်တွေက နိုင်ငံမှာ ဝတ်နေကြတာလေ။ အဲဒါကြောင့် ကိုယ့်ရဲ့ မြန်မာအမျိုးသမီး ဝတ်စုံကို ဝတ်ရတာ တအားဂုဏ်ယူပါတယ်။ မြန်မာဝတ်စုံနဲ့ ရှိုးလျှောက်ရတာက ခန္ဓာကိုယ်လှ တာလည်း ပေါ်စေ တယ်။ မြန်မာဝတ်စုံဝတ်ပြီး ရှိုးလျှောက်တာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်ရှိတယ်။ ဒီပွဲလေးကို ပရိသတ်တွေလည်း လာကြည့်စေချင်ပါတယ်”

မေဖြူဖြူ

“မေဖြူ ဒီရှိုးကို လျှောက်တဲ့အခါ ဆံပင်၊ မိတ်ကပ်ကအစ အသေးစိတ် ဂရုစိုက်တယ်။ ကိုယ်တိုင်က မြန်မာ အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသမီး တွေကို ဂုဏ်ပြုတဲ့ပွဲမှာ ပါဝင်ခွင့်ရ တဲ့ အတွက်ပါ။ ဒီလိုပွဲတွေလုပ်တာက လည်း မြန်မာအမျိုးသမီးလေးတွေရဲ့စွမ်းအားကိုလည်း သိစေတယ်ေ လ။ မေဖြူကိုယ်တိုင်လည်း မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်ယူတယ်။ ကိုယ်ပိုင် လူမျိုး၊ ယဉ်ကျေးမှုရှိတယ်။ အမြဲတမ်းလည်း ဘယ်နိုင်ငံ ရောက်ရောက် မြန်မာလို့ ပြောရတာ ဂုဏ်ယူ မဆုံးပါဘူး”

နန်းဆုရတီစိုး

“မြန်မာအမျိုးသမီးရေးရာပွဲ စပြီး လုပ်တဲ့ နှစ်မှာ နန်းဆုက မမ ပုသိမ်သူသီချင်းလေးနဲ့တော့ သရုပ် ဖော်လုပ်ခဲ့ရတယ်။ နောက်ပိုင်းမှာ တော့ မြန် မာဝတ်စုံလေးနဲ့ရှိုးလျှောက်ရတယ်။ နန်းဆု တို့က မြန်မာအမျိုးသမီးလေးတွေဖြစ်လို့လား မသိဘူး။ မြန်မာဝတ်စုံဝတ်လျှောက်ရတာကို တအား သဘောကျတယ်။ တကယ့်ပွဲ ကြီး ခမ်းခမ်းနားနားတွေဆိုရင် မြန်မာဝတ်စုံလှလှ လေးဝတ်ပြီး ပွဲတက်ချင်တယ်။ မြန်မာအမျိုး သမီးရေးရာပွဲ မှာလည်း မြန်မာဝတ်စုံတွေရဲ့ အလှကို အားလုံးက ပေါ်လွင်အောင် ပြသကြ တယ်။ နန်းဆုကလည်းကိုယ့်ရဲ့ရိုးရာဝတ်စုံကို လှလှလေးဝတ်ပြီး စင်ပေါ်မှာ ကြော့ကြော့ လေးလျှောက်ရတဲ့အတွက် အတိုင်းမသိအောင် ဘဲ ဝမ်းသာမိပြီး ဂုဏ်ယူမိတယ်။ စိတ်ထဲ မှာလည်း မြန်မာ ဝတ်စုံလှလှေ လးဝတ်ရတဲ့ အတွက်လည်း စိတ်ချမ်းသာမှုတွေနဲ့ ပြည့်စုံ နေတယ်လို့ ခံစားရမိတယ်။ မြန်မာရိုးရာ ယဉ်ကျးမှုကို ဖော်ဆောင်တဲ့ ပွဲလည်းဖြစ်တယ်။ တစ်ကမ္ဘာလုံးကလည်း စောင့် ကြည့်ကြတယ်။ မြန်မာ့ ရိုးရာအလှအပ လေး တွေကိုစိတ် ဝင်တစား ကြည့်ကြတယ်။ ကြီးကျယ် ခမ်းနားတဲ့ပွဲလေး လည်းဖြစ်တယ်။ ကိုယ်တိုင်ပါဝင်ပြီး လျှောက်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ မြန်မာအမျိုးသမီးလေး တွေက ဒီပွဲလေးကို ကြည့်ပြီး မြန်မာ ဝတ်စုံလေး တွေကို ဝတ်ချင်တဲ့ စိတ်လေးဖြစ်ပေါ်သွား အောင် နန်းဆုတို့အနုပညာရှင်တွေက တစ် တပ်တစ်အားပါဝင်ပြီး ဝတ်ဆင်ပြကြတယ်။ ဒီပွဲ လေးကိုကြည့်ပြီးမြန်မာအမျိုးသမီးလေးတွေက မြန်မာဝတ်စုံလေးတွေကို ခေတ်နဲ့အညီ လှလှ ပပချုပ်ပြီး ဝတ်ဆင်လာကြမယ်ဆိုရင် မြန်မာ အမျိုး သမီးလေးတွေ တအားလှမှာပဲဆိုတဲ့ စိတ် လေးနဲ့တိုက်တွန်းခွင့်ရတဲ့အတွက်လည်း တအား ကို ဂုဏ်ယူမိပါတယ်”

သန္တာဗိုလ်

“အမျိုးသမီးများနေ့ပွဲမှာ ရှိုးလျှောက်တာ သုံးကြိမ်လောက်ရှိပြီ။ အဲဒီပွဲမှာ ရှိုးလျှောက်ရတဲ့ အတွက် တအားပျော်ပါတယ်။ ပြီးတော့ မြန် မာဝတ် စုံဝတ်ရပြီး လျှောက်ရတာလည်း ကိုယ့် ကိုယ်ကိုယ် သဘောကျတယ်။ အဲဒီပွဲကလည်း အနုပညာ မောင်နှမတွေလည်း တအားစုံတဲ့ပွဲ လေး လည်းဖြစ် တဲ့အတွက် တအား ပျော်ပါ တယ်။ မြန်မာအမျိုးသမီး တစ်ယောက်ဖြစ် ရတဲ့အတွက်လည်း တအားဂုဏ်ယူမိပါတယ်။ ဒီရှိုးပွဲက တခြားပွဲတွေနဲ့မ တူဘူး။ ဖျော်ဖြေရ တာ ရက်ရှည်တယ်။ မနှစ်ကဆိုရင် နိုင်ငံတွေရဲ့ ကိုယ်စားပြုဝတ်စုံတွေ ဝတ်ရတယ်။ တခြားပွဲ တွေနဲ့တော့ ကွာခြားသွားတာပေါ့။ ဒီလိုပွဲကို နှစ်စဉ်နှစ်တိုင်း လုပ်စေချင်ပါတယ်”

ချမ်းမီမီကို

“ချမ်းမီ ဒီနှစ်နဲ့ဆို ရှိုးလျှောက်တာ ၃ နှစ်ရှိ ပါပြီ။ မြန်မာအမျိုးသမီးများအတွက် အခု လိုရှိုးလျှောက်ရတာ ပိုပြီးတော့လည်း ဂုဏ်ရှိ တယ်။ တစ်နိုင် ငံလုံးကလည်း ဒီပွဲကို စောင့်ကြည့်နေကြတာလေ။ မြန်မာဝတ်စုံ လေး တွေကို လူတိုင်း နှစ်သက်ကြပါတယ်။ မြန်မာဝတ်စုံဝတ်ရ တာကိုလည်း သဘောကျတယ်။ ဟိုးရှေ့ ခေတ်က မြန်မာတွေ စံထားတဲ့ အိုမီဂါ ပုံစံတွေလည်း ထည့်ရင် ကောင်းမယ်တူ တယ်။ ကြည့်ရတာ ပိုပြီးစိတ်ဝင်စား ဖို့ ကောင်းတယ် လို့ ထင်တယ်”

ရွှေမှုံရတီ

“ရွှေမှုံက မြန်မာအမျိုးသမီး ဝတ်စုံနဲ့ ရှိုးလျှောက်ရတာ ပြီးခဲ့တဲ့ နှစ်က တစ်ကြိမ်တော့ ပါဝင်လျှောက် ခဲ့ဖူးတယ်။ မြန်မာဝတ်စုံကဘာပဲ ပြောပြော လုံလုံခြုံ ခြုံဝတ်ရတာ ကျက်သရေလည်းရှိတယ်။ အဲဒီလို မျိုးဝတ်ပြီး လျှောက်ရတဲ့အပေါ်မှာ စမတ်ကျတယ်၊ကျက်သရေရှိတယ် လို့လည်း ခံစား ရတယ်။ အဲဒီလို ခံစားရတာ လေးကိုလည်း တအား ကြိုက်ပါ တယ်။ မြန်မာဝတ်စုံက အဓိကကျတဲ့ပွဲလမ်း သဘင်တွေဆိုရင် မြန်မာအမျိုး သမီး တွေက မြန်မာဝတ်စုံ ကိုပဲ အဓိက ထားပြီးဝတ် ဆင်ကြတယ်။ မြန်မာ အမျိုးသမီး တွေရဲ့ ဓလေ့ ထုံးစံလို့လည်း ပြောလို့ရပါတယ်”

No comments:

Post a Comment