Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 12, 2013

အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဟု ဆို


အိန္ဒိယစစ်တပ်ကို စက်ရုပ်စစ်သားများဖြင့်ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်၏ အကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။ အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန သုတေသန ဌာန Defence Research and Development Organisation (DRDO) က စစ်တပ်တွင်စစ်သားအဖြစ် အသုံးပြုနိုင်မည့် စက်ရုပ် စစ်သားများအား ထုတ်လုပ်နိုင်ပြီ ဖြစ်ပြီး ယင...်းစက်ရုပ် စစ်သားများသည် မှတ်ဥာဏ် မြင့်မားသည့်အတွက် ရန်သူ့ အခြေအနေများအား မိခင် တပ်ရင်းသို့ ပြန်လည် သတင်းပို့နိုင်မည် ဟုသိရသည်။
လတ်တလော အခြေအနေတွင် လူသား စစ်သားများကို ကူညီပေးရန်အတွက် တီထွင်ထားခြင်းဖြစ်ပြီး လက်တွေ့တိုက်ပွဲ အတွေ့အကြုံများနှင့် လိုအပ်ချက်များကို ဖြည့်တင်းကာ နောက်ပိုင်းတွင် လူသား စစ်သားများရှေ့မှ ဦးဆောင်သွားမည့် ကွန်မန်ဒို တပ်သားများကဲ့သို့ လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း DRDO ဥက္ကဋ္ဌ Avinash Chander က ပြောကြားခဲ့သည်။ အဆိုပါ စက်ရုပ်များအား တည်ငြိမ်အေးချမ်းမှု မရှိသော အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်ရှိ ဂျမ်မူးနှင့် ကတ်ရှ်မီးယား ဒေသ နယ်စပ် ထိန်းချုပ်ရေး မျဉ်းတွင် တပ်ဖြန့် ချသွားမည် ဟုလည်းသိရသည်။

( သက်ဖြိုးကျော်)

No comments:

Post a Comment