Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 28, 2013

ပဲရစ်မြို့မှ လိင်တူချင်း လက်ထပ်ခွင့်ဆန့်ကျင်ရေး ဆန္ဒပြပွဲ လူပေါင်း သိန်းနှင့်ချီ ပါဝင်

လူပေါင်း သိန်းနှင့်ချီ ပါဝင်သည့် လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ဆန့်ကျင်ရေး ဆန္ဒပြမှုကြီးတစ်ခု တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်တွင် ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ယခုဆန္ဒပြမှုတွင် လူပေါင်း တစ်သိန်းခွဲမျှ ပါဝင်ခဲ့သည်ဟု ယူဆရကြောင်း ခန့်မှန်း ပြောဆိုထားသည်။ သို့သော်လည်း ဆန္ဒပြပွဲအတွက် ကြီးမှူး လှုံ့ဆော်သူများက မြို့တော်ခန်းမကို ဝန်းရံခဲ့သော ဆန္ဒပြသူ အရေအတွက်သည် တစ်သန်းမျှ ရှိနေကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် အစွန်းရောက် ဆန္ဒပြသူ အချို့နှင့် လုံခြုံရေး တပ်ဖွဲ့များကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူပေါင်း (၁၀၀)ကျော်ကို ထိန်းသိမ်းခဲ့ကြောင်း ရဲများက ဆိုသည်။

protest in paris

(ပဲရစ်မြို့လယ်မှ ဆန္ဒပြလူအုပ်ကြီး)

စနေနေ့ကလည်း လူပေါင်း(၅၀)မျှသည် ချမ့်အီလိုင်ဆေးစ်ကို ပိတ်ဆို့ ဆန္ဒပြမှုအတွက် အဖမ်းခံခဲ့ရသေးသည်။ တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွင်မူ အချို့သော ဆန္ဒပြသူများက မြည်းများကိုပါ စီးနင်းလာပြီး လိင်တူချင်း ထိမ်းမြားခွင့်ကို ထောက်ခံပေးခဲ့သည့် သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးကိုပါ လှောင်ပြောင်ကြသည်။ မြည်းပေါ်တွင် ငိုက်မြည်းနေဟန်ဖြင့် လိုက်ပါလာသော ဆန္ဒပြသူ တစ်ဦးက "ကျုပ်က ငတုံးဗျ။ ဟော်လန်ဒေးကို မဲပေးမိတယ်လေ"ဟု ရေးသားထားကြောင်း တွေ့ရသည်။

ပဲရစ်တွင် ရဲတပ်သား (၄၅၀၀)မျှကို တပ်ဖြန့်ထားလိုက်သော်လည်း ကြီးကြီးမားမား ပြဿနာ မကြုံရဘဲ အချို့သော အစွန်းရောက် ဆန္ဒပြသူများနှင့်သာ အတန်ငယ် ပြဿနာဖြစ်ခဲ့ပြီး မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခဲ့ရသည်။ ပြည်ထဲရေး ဝန်ကြီးဌာနက လူပေါင်း (၉၆)ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကြေညာသည်။ ပြင်သစ်သည် လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့်ကို တရားဝင် လက်ခံသည့် (၁၄)ခုမြောက် ကမ္ဘာ့နိုင်ငံနှင့် (၉)ခုမြောက် ဥရောပနိုင်ငံ ဖြစ်လာခဲ့သည်။

Source: BBC

No comments:

Post a Comment