Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 28, 2013

အီးမေးလ်တစ်စောင် ပို့ တဲ့အခါ မရှိမဖြစ် သိသင့်တာလေးများ



 ၂၅၀ ဘီလီယံ နီးပါးရှိတဲ့ အီးမေးလ်တွေဟာ နေ့ စဉ် အွန်လိုင်းပေါ်ကနေ
ပို့ ဆောင် ဆက်သွယ်ရင်းအသုံးပြုနေကြပါတယ်။ ၂၀၁၂ ခုနှစ် စစ်တမ်းအရ အီးမေးလ် မာကတ်တင်း အရေအတွက်ဟာဝ.၀၀၀၀၀၀၃၅ စက္ကန့် မှာ
တစ်စောင်နှုန်း ဖြန့် ဝေလျက်ရှိပါတယ်။
...
အီးမေးလ်တစ်စောင် ဟာ ဘယ်လောက် အထိ အရေးပါသလဲ??

တခါတစ်လေမှာ အီးမေးလ်ကို ရီပို့ တင်တဲ့အခါ ဖြစ်ဖြစ် ၊ အလုပ်ရှာဖို့ ပဲ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းသုံးတာပဲ ဖြစ်ဖြစ်
ကိုယ်ချစ်ခင်တဲ့ သူတစ်ယောက်ယောက်ကို သတိရကြောင်း
စာ ပို့ တာဖြစ်ဖြစ် အသုံးပြုတက်ကြပါတယ်။

အကယ်လို့ ကိုယ်ပို့ လိုက်တဲ့ မေးလ်ဟာ ပြန်စာအနေတဲ့ တုန့် ပြန်တဲ့ အရိပ်အယောင် မတွေ့ ဘူး ဆိုရင်သေချာပါတယ် သင်ပို့ လိုက်တဲ့
အီးမေးလ်ဟာ တစ်ခုခု မှားယွင်းနေတာပဲ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ချစ်သူ ခင်သူဆီကို ပို့ လိုက်တဲ့ မေးလ်တောင် ပြန်စာမလာဘူး ဆိုခဲ့ရင် ပို့ တဲ့ အီးမေးလ်မှာ တစ်ခုခုမှားနေပါပြီ။

အခု တင်ပြမဲ့ အချက်အလက်တစ်ချို့ ကတော့ အကောင်းဆုံး မေးလ်တစ်စောင်၊ အချက်အလက် ပြည့်စုံတဲ့ မေးလ်တစ်စောင် ဘယ်လို
ပို့ မလဲ ဆိုတာနဲ့ အီးမေးလ်ပို့ တဲ့ အခါ အသုံးပြုရမဲ့ ကျင့်ဝတ်တစ်ချို့ ကို
မျှဝေ သွားမှာပါ။

-- Subject Line

အီးမေးလ်တစ်စောင်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းလို့  ဆိုနိုင်ပါတယ်။
ဒီ Subject နေရာမှာ ထည့်ရေးထားတဲ့ စာတိုဟာ သင့် အီးမေးလ်ကို လက်ခံရရှိတဲ့ သူအနေနဲ့  ဖတ်မလား ဖျတ်မလား ဆိုတဲ့ အတွေးကို
အဆုံးအဖြတ် ပေးနိုင်ပါတယ်။

ဟုတ်ပါတယ်.. မေးလ်ဘောက်စ် ကို ရောက်လာတဲ့ အီးမေးလ်တစ်စောင်မှာ
Subject က အရေးပါ ပါတယ်။ ဘာအတွက် ပို့ တဲ့ စာလဲ ။ ဘာကြောင့် ဖတ်သင့်သလဲဆိုတာကို Subject က အဖြေပါ။

မှန်ကန်တဲ့ အချက်အလက် ဖြစ်ရမယ်။ တိကျပြီး ထိရောက်ရမယ် ။ Subject ကို ဖတ်မိတာနဲ့  စာပုဒ်တစ်ခုလုံးကို ဖတ်ဖို့ စိတ်ဖြစ်ပေါ်လာစေရမယ်။ Subject ဟာ ကိုယ်ပို့ တဲ့စာရဲ့  အချက်အလက် တို ဖြစ်တဲ့ အတွက်
ထိရောက်ပါစေ ။ ရှည်လျားထွေပြားတဲ့ ခေါင်းစီးစာတော့ မဖြစ်သင့်ပါ။ မဖြစ်မနေ ဖတ်စေချင်တဲ့ စာဆိုရင် စာလုံးပေါင်းနဲ့ အထားအသို
မှန်သင့်ပါတယ်။ အသေအချာ အကြံပြုချင်တာက No Subject ဆိုတဲ့
စာကို မပို့ မိစေဖို့ လိုပါတယ်။


-- ပထမဆုံး စာကြောင်း

Hi ဘယ်သူ ဘယ်ဝါ ဆိုတာ ပထမဆုံးထည့်ပြီး နှုတ်ဆက်ရမှာ ဖြစ်ပါတယ်။
ပို့ မည့်သူနာမည် သိရင်လည်း သူ့ နာမည်ကို ရည်ညွန်းပြီး ရေးရပါမယ်။
ဒါက မိမိစာပို့ တဲ့သူတို့ ဘယ်လောက် အလေးထားကြောင်း မြင်သာ
စေပါတယ်။ ထိုစာကြောင့်က သင့် စာတစ်ပုဒ်လုံးကို ဖတ်ဖို့ ဆွဲဆောင်မှာ ဖြစ်ပါတယ်။


--စာကိုယ်

ရှည်လျား ထွေပြားတဲ့ အပြင် ဖတ်ရတာ လိုရင်းမရောက်တဲ့ အီးမေးလ် စာကိုယ်ဟာ စာပုဒ်မဆုံးခင် အပိတ်ခံရဖို့ ဖြစ်နိုင်ပါတယ်။
ဘယ်သူမှ သင့်ဘ၀အကြောင်းကိုဖတ်ဖို့ အချိန်မပေးနိုင်ကြပါဘူး။
အဓီက ပြောချင်တာက တိုပြီး လိုရင်းရောက်တဲ့စာဖြစ်ပါစေ ။
ကိုယ်ပေးချင်တဲ့ အချက်အလက်ကို ထိထိရောက်ရောက် ပေးနိုင်တဲ့
စာဖြစ်ပါစေ။ ပြောချင်တဲ့ အဓီပယ် ရှင်းလင်းပြီး လက်ခံမဲ့သူနဲ့  တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းအရာ ဖြစ်ဖို့ လိုပါတယ်။


--အဆုံးသတ်

အီးမေးလ် တစ်စောင်ရဲ့ အဆုံးသတ်ဟာ မေးလ်အစပိုင်းမှာ စတင်ရေးခဲ့တဲ့ ပုံစံလို အရေးကြီးပါတယ်။

အဆုံးသတ် စာကြောင်းဟာ စာဖတ်မဲ့ သူကို ဘာကို လုပ်ပေးစေချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြရပါမယ်။
ဒါပေမဲ့ အမိန့် ပေးတဲ့ ပုံစံ နဲ့ တော့ မရေးရပါဘူး။ စာကြောင်းအဆုံးသတ် ဟာ သင့်ဆီက အဖြေကောင်းကို စောင့်နေပါမယ် တို့  သင့်အကြံညဏ်ကို မျှော်လင့်နေပါတယ် လို့  စတဲ့ စကားလုံးတွေနဲ့ သင်ပြောပြချင်တဲ့ စကားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရပါမယ်။

အကယ်လို့  .... ပေါ့ပေါ့ပါးပါး စာ တစ်စောင် ဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်။ လေးစားစွာဖြင့်.. ဆိုပြီး အဆုံးသတ်ကို မိမိနာမည်ထည့်ပြီး ရေးရပါမယ်။

နောက်ပြီးအဆုံးမှာ မိမိရဲ့  Social Network လိပ်စာများကို ထည့်သွင်းနိုင်ပါတယ်။ Facebook, Twitter, LinkedIn စတဲ့ လင့်များထည့်ပေးခြင်းဟာ ပိုပြီး လေးနက်စေပြီး မိမိကိုယ်ကိုယ်
ယုံကြည်မှု ပိုတိုးစေပါတယ်။ အဲ့ဒီအတွက် စာလက်ခံတဲ့ သူဟာ သင့်ကို ပရောဖက်ရှင်နယ် ဆန်တဲ့ သူတစ်ယောက်ဆိုတာ စာဖတ်ပြီး တန်းသိစေမှာပါ။

အထက်ပါ အချက်အလက်များကတော့ အီးမေးလ် အသုံးပြုတဲ့ ကျင့်ဝတ် တစ်ချို့ ပဲ ဖြစ်ပါတယ်။ နိုင်ငံ တကာမှာတော့ အီးမေးလ် မာကတ်တင်း လုပ်တဲ့ အခါ အထက်ပါ နည်းများအတိုင်း စာလက်ခံသူများကို ဆွဲဆောင်ပြီး မိမိတို့  လုပ်ငန်း ကြေငြာ Promotion များကို ဖြန့် ဝေလေ့ရှိပ့ါတယ်။

တဖက်ကနေလည်း Online Marketing , Email Marketing လုပ်တဲ့ အခါ အသုံးပြုလေ့ရှိပြီး အသုံးပြုမှု နည်းသေးတဲ့ ကျနော်တို့ အနေနဲ့  ထိထိရောက်ရောက် အသုံးပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့  တင်ပြလိုက်ရပါတယ်။


----

Freddy ( Stuff Myanmar)
Stuff Myanmar Magazine

No comments:

Post a Comment