Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 28, 2013

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် အတ္ထုပ္ပတ္တိ ဇာတ်ကားတွင် ပါဝင်ရန် စကားလက်ဂျွန် ဟန်ဆင်နှင့် ရီးစ် ဝစ်သာ စပွန်းတို့ စိတ်ဝင်စားနေ

Written by 
       
လော့စ်အိန်ဂျလိစ် မေ ၂၇
ကမ္ဘာကျော် သရုပ်ဆောင် စတား လက်ဂျွန်ဟန်ဆင်နှင့် ရီးစ်ဝစ်သာ စပွန်းတို့သည် နိုင်ငံခြားရေး ဝန်ကြီးဟောင်း  ဟီလာရီ ကလင်တန်၏ အတ္ထုပ္ပတ္တိ ဇာတ်ကား ရိုက်ကူးမှုတွင် ပါဝင်ရန် စိတ်ဝင်စား လျက်ရှိကြောင်း သိရသည်။
"Rodham" အမည်ရှိ အဆိုပါ ဇာတ်ကားတွင် ဟီလာရီ ကလင်တန်သည် ဝါရှင်တန်၌ ရှေ့နေတစ်ဦး အဖြစ် လုပ်ဆောင် ခဲ့သည့် ၁၉၇၄ ခုနှစ်မှစ၍ သူမဖြတ်သန်းခဲ့ရသည့်  ဘဝဇာတ် ကြောင်းကို အခြေခံ၍ ရိုက်ကူးသွားမည် ဖြစ်သည်။
ဂျက်ဆီကာ ခရစ္စတင်းနှင့် အမန်ဒါဆီး ဖရိုက်ဒ်တို့ သည်လည်း ဟီလာရီ ကလင်တန် ဇာတ်ရုပ်တွင် ပါဝင်ရိုက်ကူးရန် စိတ်ဝင် စားလျက်ရှိကြောင်း Digital Spy ၏ ထုတ်ပြန်ချက် အရ သိရသည်။
ယင်းဇာတ်ကားကို ဒီမိုကရက်တစ် ပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ် ဟီလာရီကလင်တန် ဝင်ရောက် အရွေးခံမည့် ၂ဝ၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အမီ ထုတ်လွှင့်ပြသရန် စီစဉ်လျက်ရှိသည်။
၎င်းတို့အားလုံးသည် သရုပ်ဆောင် ပိုင်းဆိုင်ရာ၌ ထူးချွန်သော သရုပ်ဆောင် များဖြစ်ကြပြီး နာမည်ကျော် သရုပ်ဆောင် မင်းသားများ သည်လည်း ယင်းဇာတ် ကားတွင် ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားသည့် အတွက် မိမိသည် အလွန်ကံ ကောင်းပါကြောင်း "Rodham" ဇာတ်ကားဒါရိုက်တာ ဂျိမ်းစ် ပွန်ဆော့ဒ်က ပြောကြားခဲ့သည်ဟု သိရသည်။
မြ၀တီ

No comments:

Post a Comment