Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 17, 2013

ကြောက်တတ်သူများဖတ်ရန်မသင့်ပါ၊၊။။။။။


အိန္ဒိယနိုင်ငံကရာချီမြို့တွင်လွန်ခဲ့သောတစ်လခန့်ကကွယ်လွန်သွားကောလိပ်ကျောင်း သူလေးတစ်ယောက်ရဲ့ခြောက်ခြားစရာဖြစ်ရပ်ပါ။

သူမနာမည်ကsabaဖြစ်ပြီးထရပ်ကားတစ်စီးတိုက်မိပြီးသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

sabaဟာဖုန်းအရောင်းဆိုင်တစ်ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ပါတယ်။ သူမမှာ shahrukh ဆိုတဲ့ချစ်သူ တစ်ယောက်ရှိပါတယ် ။ သိပ်ချစ်ကြတဲ့သူတို့ဟာ ဖုန်းပြောရင်လည်းနာရီနဲ့ချီပြီးကြာပါတယ် ။ sabaကိုဘယ်အချိန်ကြည့်ကြည့်ဖုန်းတစ်လုံးနဲ့တတွတ်တွတ်ပြောနေတာပါပဲ ။shahrukh ကိုသူမမိဘတွေကလည်းသဘောတူကြည်ဖြူပြီးအလွန်လဲခင်မင်ရင်းနှီးကြပါတယ် ။
sabaဟာမသေဆုံးခင်ကသူငယ်ချင်းတွေနဲ့မိဘတွေကို သူမသေသွားခဲ့ရင် သူမရဲ့ဖုန်းကိုပါတပါတည်း သူမအခေါင်းထဲထည့်ပေးလိုက်ဖို့မှာခဲ့ပါတယ် ။
ဒီလိုနဲ့သူမသေဆုံးပြီးသင်္ဂြိုဟ် ဖို့ ခေါင်းကိုမတဲ့အခါ ခေါင်းဟာဘယ်လိုမှ မ မရဖြစ်နေပါတော့တယ် လူအင် အားသုံးပြီးပုံစံမျိုးစုံနဲ့ မ ပေမဲ့ခေါင်းကလုံးဝကြွတက်မလာပါဘူး ။ ကြံရာမရတဲ့အဆုံးမှာ ဝိဥာဉ်တွေနဲ့စကားပြောရာမှာနာမည်ကြီးတဲ့ဆရာတစ်ပါးကိုပင့်ပြီးမေးရပါတော့တယ် ။ ဆရာဟာခေါင်းနားမှာထိုင်ချလိုက်ပြီး အလောင်းကိုကြည့်ကာပါးစပ်မှတတွတ်တွတ်ရွတ်လို့နေပါတယ် ။ ခနအကြာမှာ အိမ်သားတွေဘက်လှည့်ပြီးပြောပါတယ် "သူ့ပစ္စည်းတစ်ခုပါမှသွားမယ်လို့ပြောနေတယ်" ။ ဒီတော့မှ သူငယ်ချင်းတွေနဲ့မိဘတွေဟာ သူမပြောခဲ့ဖူးတာကိုသတိရသွားပြီးသူမရဲ့ ဖုန်းကို ဆင်းကဒ်နဲ့တကွ ခေါင်းထဲထည့်ပေးလိုက်ပါတယ်။ ဖုန်းကိုထည့်လိုက်ပြီး ခေါင်းကိုအလွယ်တကူမလို့ရသွားပါတယ်။sabaရဲ့မိဘတွေဟာ သူမကွယ်လွန်သွားတာကို သူ့ချစ်သူshahrukh ကိုမပြောဘဲထားခဲ့ပါတယ်။
ဒါပေမဲ့နှစ်ပါတ်လောက်ကြာတော့ shahrukh က sabaရဲ့အမေဆီကိုဖုန်းဆက်ပါတယ် " အန်တီသားဒီနေ့အိမ်လာလည်မယ် ဟင်းကောင်းကောင်းချက်ထားနော် ။ sabaကိုတော့မပြောနဲ့ဦး surpriseလုပ်မလို့" ဆိုတော့sabaရဲ့အမေက "အိမ်ကိုသာလာခဲ့ပါကွယ် သားကိုပြောစရာရှိတယ်"

shahrukh အိမ်ရောက်တဲ့အခါ sabaသေသွားပြီဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်။ shahrukh က "မနောက်ကြပါနဲ့ဗျာ sabaကိုထွက်လာခိုင်းလိုက်ပါတော့ သူ့အတွက်ကျွန်တော်လက်ဆောင်ဝယ်လာလို့ပါ " လို့ မယုံဘဲရယ်မောနေလိုက်ပါတယ် ။ နောက်ဆုံးsabaရဲ့သေစာရင်းကိုထုတ်ပြလိုက်မှshahrukh မျက်လုံးပြူးသွားပြီး ခြွေးတွေပျံလာပါတော့တယ် "မဟုတ်ဘူး မနေ့ကပဲသူနဲ့ကျွန်တော် ဖုန်းပြောနေကြသေး တယ် " မိဘတေကလဲမဖြစ်နိုင်တဲ့အကြောင်း sabaဆုံးတာနှစ်ပါတ်ကျော်ပြီဖြစ်ကြောင်းပြောနေစဉ်မှာပဲ shahrukh ရဲ့ဖုန်းမြည်လာပါတယ် ။ သူကဖုန်းကိုကြည့်လိုက်ပြီးတုန်ယင်စွာနဲ့အိမ်သားတွေဘက်ကိုဖုန်းကိုပြလိုက်ပြီး " ဒီမှာ saba ဖုန်းခေါ်နေတယ် "။ အားလုံးက သူ့ကိုဖုန်းဖြေလိုက်ဖို့ပြောတဲ့အခါ shahrukh ဟာ ဖုန်းစပီကာကိုဖွင့်ပြီး ထူးလိုက်ပါတယ် ။
shahrukh : အချစ်ရေဘယ်ရောက်နေလဲသူတို့ကချစ်ကိုသေပြီလို့ပြောနေကြတယ်
saba: မောင်ရေကျွန်မတစ်ကယ်ပဲသေခဲ့ပါပြီ
shahrukh: ဒ ဒါဆို ချစ်ကခုဘယ်ကပြောနေတာလဲ
saba:တမလွန်ကပြောနေတာလေမောင့်ရဲ့လိုင်းကြည်ရဲ့လား
shahrukh: ကြ ကြည်ပါတယ်

saba: ကြည်ဆိုခုပြောနေတာချစ်ရဲ့ samsaung galaxy နဲ့လေမောင်ရဲ့ လိုင်းဆွဲအားကောင်းတယ် video call ခေါ်မလို့ပဲ ချစ်ကနားရွက်ပြတ်ပြီးမျက်လုံးတစ်လုံးထွက်နေတာမောင်မြင်ရင်ကြောက်မှာစိုးလို့ " ဟူသတဲ့။

samsung တို့များမိုက်ချက်တမလွန်ထိတောင်လိုင်းဆွဲအားကောင်းဆိုပဲ ခိခိ

No comments:

Post a Comment