Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 17, 2013

ချစ်သူနဲ့ပတ်သတ်၍ မိန်းကလေးများ စိတ်ဆင်းရဲရသော အခိုက်အတန့်

 ------------------------------------------------------------------------
 
(၁) သူမကောင်လေးကို တခြားကောင်မလေးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေတာ တွေ့လိုက်တဲ့အချိန်

(၂) သူမကောင်လေးဆီက message reply ပြန်မလာတဲ့အချိန် နောက်ကျတဲ့အချိန်

(၃) သူမကိုတွေ့ပေမယ့် တခြားသူတွေကို အရင်နှုတ်ဆက်တဲ့အချိန်

(၄) သူမဘေးမှာ ရှိနေတာတောင် တခြားကောင်မလေးတွေကို လိုက်ကြည့်နေတဲ့အချိန်

(၅) ချိန်းထားတဲ့အချိန်အတိုင်း ရောက်မလာတဲ့အတွက် တစ်ယောက်တည်း စောင့်နေရတဲ့အချိန်

(၆) သူမကောင်လေးက လမ်းခွဲချင်တဲ့ အပြုအမူတွေ လုပ်ပြနေတဲ့အချိန်

(၇) သူမလက်လေးကို တွဲစေချင်လို့ မသိမသာလက် ကမ်းပေးတဲ့အခါ သူမကောင်လေးက မသိဟန်လွှဲ လုပ်သွားတဲ့အချိန်

(၈) သူမကောင်လေးက သူမအတွက် ထူးထူးခြားခြား လက်ဆောင်တစ်ခုကို ၀ယ်ပေးမလိုလိုတဲ့ နောက်ဆုံးဘာမှမပေးဘဲ ဟိုဟာဝယ်ရင်ကောင်းမယ် ဒီဟာဝယ်ရင်ကောင်းမယ်ဆိုပြီး အကြံညဏ်ပဲပေးတဲ့အချိန်

(၉) သူမအလေးအနက်ထားတဲ့ အထိမ်းအမှတ်နေ့တွေကို သူမကောင်လေးက မေ့လျော့ ဂရုမစိုက်တဲ့အချိန်

(၁၀) သူမဘက်က ချစ်တယ်လို့ လေးလေးနက်နက် ပြောတဲ့အခါ ... သူမကောင်လေးက သူမကို အမြတ်ထုတ်ဖို့သက်သက်ပဲ ချစ်တယ် လို့ ပြန်ပြောတဲ့အချိန် ။


မိန်းကလေးတိုင်း ချစ်သောသူကြောင့် ပြုံးပျော်နိုင်ကြပါစေ ။



.ပိုးဟပ်ဖြူ.

( Heart Canteen )

No comments:

Post a Comment