Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

စိတ်ဖိစီးမှုများနေခြင်းက အမျိုးသားများတွင် ဆီးချိုဖြစ်ပွားမှုနှုန်းမြင့်တက်စေ


 
စိတ်ဖိစီးမှုကို ပုံမှန်ကြုံတွေ့နေရသော အမျိုးသားများသည်အမျိုး အစား၂ဆီးချိုသွေးချိုဖြစ်ပွားမှုနှုန်း ကိုမြင့်တက်စေကြောင်း သုတေသန တစ်ရပ်တွင်ဖော်ပြထားသည်။ယခု သုတေသနသည်ဆွီဒင်နိုင်ငံ၊ Gothenbergမြို့တွင် အမျိုးသား၇၅၀၀ဦး ကို ၃၅နှစ်ကြာလေ့လာမှုမှထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
၁၉၇၀ခုနှစ်ကတည်းကလေ့လာမှုပြုခဲ့သော ယခုလေ့လာမှုတွင် University of Gothenberg နှင့် Sahlgrenska Academy တို့မှ ပူးပေါင်းသုတေသနပြုခဲ့ခြင်းဖြစ်ပြီး ၁၉၁၅ ခုနှစ်မှ ၁၉၂၅ အတွင်း မွေးဖွားခဲ့သော အမျိုးသားများကိုလေ့လာမှု တွင်ပါဝင်စေခဲ့သည်။ သုတေသီများသည် စိတ်ဖိစီးမှုကို ပုံမှန်ကြုံတွေ့နေရ သောအမျိုးသားများက အမျိုးအစား၂ ဆီးချို၊သွေး ချိုရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်နေကြောင်း ဖော် ထုတ်နိုင်ခဲ့သည်။ အမျိုးသားအများအနက် ၆၈၂၈ဦး သည် ဆီးချို၊သွေးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်း ဝေဒနာနှင့် လေဖြတ်ခြင်းများကို လေ့လာမှုအစတွင် ဖြစ်ပွားမှုမရှိကြောင်း၊ ပါဝင်သူများအနက် ၈၉၉ဦး သည်လေ့လာမှုကာလတွင်ဆီးချို၊သွေး ချိုရောဂါရှိလာခဲ့ကြောင်း သိရသည်။
လေ့လာမှုတွင် စိတ်ဖိစီးမှုကို သုံးသပ်လေ့လာရန်မေးခွန်းများမေး မြန်းခဲ့ပြီးစိတ်လှုပ်ရှားလွယ်မှု၊စိတ်ကျ မှု၊အိပ်မပျော်မှုနှင့်လုပ်ငန်းခွင်အခြေ အနေများကိုလည်းထည့်သွင်းစဉ်းစား ခဲ့သည်။ပါဝင်သူများအနက်၁၅.၅% သည်စိတ်ဖိစီးမှုကိုပုံမှန်ကြုံတွေ့နေရ ကြောင်းဖော်ထုတ်နိုင်ခဲ့သည်။ရလဒ် များအရစိတ်ဖိစီးမှုပုံမှန်ကြုံတွေ့ နေရသူများသည်စိတ်ဖိစီးမှုမကြုံရ သူများထက်ဆီးချို၊သွေးချို ရောဂါဖြစ် ပွားမှုနှုန်းကို၄၅%ပိုပြီးမြင့်တက်စေ ကြောင်း၊လေ့လာမှုတွင်အသက်အရွယ်၊ ကိုယ်အလေးချိန်၊သွေးပေါင်ချိန်စသော အချက်များကိုလည်း ထည့်သွင်းတွက် ချက်ထားကြောင်းကိုလေ့လာမှုခေါင်း ဆောင် Dr.Masuma Novak က ပြောကြားခဲ့သည်။

သက်နှင်း
Ref:ANI
Health Updates Journal
Vol-2,No-8

No comments:

Post a Comment