Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

လူလုပ်ဆေးခြောက် ကျောက်ကပ်ပျက်စီးနိုင်


 
လူလုပ်ဆေးခြောက် သုံးစွဲခြင်း သည် ကျောက်ကပ်ကို ဆိုးရွားစွာထိ ခိုက်ပျက်စီးစေကြောင်း လေ့လာမှု တစ်ခုအရသိရသည်။ ဆေးခြောက်နှင့် ဆင်တူသော အာနိသင်ရှိသည့် SPICE (သို့) K2 ဆေးဝါးများကဲ့သို့ လူလုပ်ဓါတုပစ္စည်း အဆိပ်အတောက်များသည် ဆေးခြောက်သုံးစွဲမှုစစ်ဆေး နည်းများနှင့်ထောက်လှမ်း၍ မရနိုင်ဘဲ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေသောကြောင့် အကြောင်းအရာ မည်မည်ရရမရှိဘဲ ကျောက်ကပ်ပျက်စီးသည့် ဝေဒနာခံစားရပါက ဆေးခြောက်ဆင်တူဆေးဝါးများကို ရောဂါ ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားသင့်ကြောင်း အယ်လ်ဘားမားတက္ကသိုလ်ကျောက် ကပ်ရောဂါပညာရှင်များက ဆိုသည်။
ဆေးခြောက်ဆင်တူဆေးဝါးများသည် ဆေးခြောက်သုံးစွဲမှု စစ်ဆေးနိုင်သည့်စမ်းသပ်ချက်များကို ကျော်လွှားနိုင်ပြီး ဈေးပေါသောကြောင့် မူးယစ်ဆေးဝါးစမ်းသပ်အသုံးပြုလိုသူ လူငယ်များအကြား အသုံးများလာ သည့် ဆေးများဖြစ်ကြသည်။
ဆေးခြောက်ဆင်တူဆေးဝါးအ သုံးပြုသူများ အနက် ကျောက်ကပ် ရောဂါဖြစ်ပွားသူ လေးဦးကို သုတေသီများက ဖော်ထုတ်နိုင်ခဲ့ကြသည်။ လူငယ်သုံးဦးတွင် ကျောက်ကပ် ထိ ခိုက်၍ ဆီးအလွန်နည်းသည့် ဝေဒနာဖြစ်ပေါ်ပြီး စတုတ္ထလူငယ်တွင် ကျောက်ကပ်ထံ သွေးစီးဆင်းမှုအလွန် ကျဆင်းလာသည်ကို တွေ့ရသည်။
ကျောက်ကပ်ပျက်စီးသူများ အား ကျောက်ကပ်မှ အသားစ (biopsy) ယူစစ်ဆေးခဲ့ရာ ဆီးစွန့်ထုတ် သည့် ဖြစ်စဉ်တွင် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် ကျောက်ကပ် ဆဲလ်များ ပျက်စီးနေသည်ကိုတွေ့ရ သည်။ ကျောက်ကပ်ဆဲလ်ပျက်စီးမှုသည် မကုသဘဲထားပါက ကျောက်ကပ် တစ်ခုလုံးကုသ၍ မရနိုင်တော့ဘဲပျက်စီး သွားသည်အထိ ဆိုးရွားသည့် ဝေဒနာ တစ်ခုဖြစ်သည်။ လူနာလေးဦး စလုံး အား အချိန်မီကုသမှုကြောင့် ကျောက်ကပ်ဆေးကြောခြင်း(dialysis)ဖြင့် ကုသရန်မလိုဘဲ ပြန်လည်သက်သာလာ ခဲ့သည်။ထို့ကြောင့် ဆရာဝန်များအနေ နှင့် အကြောင်းရင်းမသိရဘဲ ရုတ်တ ရက်ကျောက်ကပ်ထိခိုက် ဝေဒနာခံ စားရသည့် လူနာများ၊ ဆီးတွင်းဆေးခြောက်ပါဝင်မှုစမ်းသပ်ချက်တွင်အဖြေ မတွေ့သည့်လူနာများ၌ ဆေးခြောက် ဆင်တူဆေးဝါးများအသုံးပြုခြင်းကိုထည့် သွင်းစဉ်းစားသင့်ကြောင့်သုတေသီများက ဆိုသည်။ လေ့လာမှုကို American Society of Nephrology ဂျာနယ် တွင် ဖော်ပြထားခဲ့သည်။

သီဟ
Source:ANI
Health Updates Journal
Vol-2,No-8

No comments:

Post a Comment