Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

ခေါင်းကိုက်ဝေဒနာသက်သာစေမည့် ခေါင်းစွပ်


သိပ္ပံပညာရှင်များသည် Star Treck ရုပ်ရှင်ကားပုံစံ ခေါင်းစွပ်တစ်မျိုးကို နဖူးတ၀ိုက် တစ်ရက်မိနစ် (၂၀)ခန့် ၀တ်ဆင်ခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ ကာကွယ်နိုင်ရန် တီထွင်ထားသည်။
Cefaly ဟု အမည်ရသည့် အဆိုပါစက်သည် မျက်လုံးတ၀ိုက် အာရုံခံစားမှုများကို ထိန်းချုပ်ထား သည့် supraorbital အာရုံကြောထံ လျှပ်စစ်စေ့ဆော်မှုများ ပေးပို့သည်။

Neurology ဂျာနယ်တွင်ဖော်ပြထားသည့် လေ့လာမှုအရ အဆိုပါ စက်ကို လအနည်းငယ်ကြာသုံးစွဲသူ များသည် ခေါင်းကိုက်ဝေဒနာခံစား ရမှု သုံးပုံတစ်ပုံလျော့ကျလာကြောင်း သိရသည်။ ခေါင်းကိုက်ဝေဒနာထက် ၀က်ကျော် သက်သာလာသူအရေအ တွက်မှာလည်းသုံးဆကျော်တိုးပွား လာခဲ့သည်။
“ဒီစက်မှာ ငွေထည်အစွပ်ပါး လေးတစ်ခုပါပြီး Star Treck ဇာတ်ကားထဲက ပစ္စည်းတစ်ခုခုနဲ့ ဆင်တူ ပါတယ်။ နားရွက်မှာသွားချိတ်မယ်၊ နဖူးတည့်တည့်မှာ ၀တ်ထားမယ်ဆိုရင် အနာဂတ်ကာလ နေကာမျက် မှန်အတိုင်းပါပဲ။ တစ်နေ့မှာ မိနစ် နှစ်ဆယ်သာဝတ်ဆင်ထားဖို့ လိုပါမယ်” ဟု ဘယ်လ်ဂျီယံနိုင်ငံ လီယဲ့ဂ်ျ တက္ကသိုလ် ပါမောက္ခ ဂျင်းန်ရှိုနန်က ဆိုသည်။
“ခေါင်းကိုက်ဝေဒနာသက်သာစေတဲ့ ဆေးဝါးတွေကဲ့သို့ အာနိသင် ရှိပါတယ်။ ဒါပေမယ့် ဆေးဝါးတွေ ဟာ ဘေးထွက်ဆိုးကျိုးတွေရှိပြီး တချို့လူတွေမှာ ဆေးဆက်မသောက် ချင်လောက်အောင်ဘေး ထွက်ဆိုး ကျိုးတွေများပါတယ်” ဟုရှိုနန်က ဆိုသည်။
လေ့လာမှုတွင်တစ်လ လေးကြိမ် ခန့်ခေါင်းကိုက်ဝေဒနာခံစားရသူ (၆၇) ဦးကို ဆေးကုသမှုမပေးဘဲ လေးပတ် ကြာစောင့်ကြည့်ခဲ့သည်။
ထို့နောက် အချို့ကို အာရုံကြော စေ့ဆော်စက်ဖြင့် တစ်နေ့ မိနစ် (၂၀) ခန့် သုံးလကြာကုသပြီး အချို့ကို အာနိသင်မရှိသော ဟန်ပြစက်ဖြင့် ကုသခဲ့သည်။
အာရုံကြောစေ့ဆော်စက်ဖြင့် ကုသမှုခံယူသူများမှာ သုံးလအကြာ တွင် ခေါင်းကိုက်ဝေဒနာခံစားရသည့် ရက်များ သိသိသာသာလျော့ကျ လာခဲ့ပြီး စက်အတုဖြင့် ကုသမှုရရှိ သူများတွင် ခေါင်းကိုက်ဝေဒနာ လျော့ကျခြင်းမရှိပေ။
အာရုံကြောစေ့ဆော်စက်ဖြင့် ကုသမှုခံယူခဲ့သူများတွင် ရောဂါလက္ခ ဏာများ ထက်ဝက်လျော့ပါးလာသူ သုံးဆယ့်ရှစ်ရာနှုန်းရှိကြောင်း သုတေ သနစာတမ်းတွင်ဖော်ပြထားသည်။

ဇော်ကို
Source: PTI
Health Updates Journal
Vol-2,No-8

No comments:

Post a Comment