Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

အင်တာဗျူး :P


 
Q.(အမေး..) ခုအခြေအနေက အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတော့ ဆရာ့အနေနဲ့ ဘာတွေအရင်ပြောင်းသင့်တယ်ထင်လဲ ဆရာ???

A.(..အဖြေ..) အကျင့်တွေ....

Q. ဒေါသမထွက်အောင် ဘာဆောင်ရမလဲ ဆရာ ???

A. မသိချင်ယောင်ဆောင်......

Q.ဆရာဘ၀မှာ စိတ်ရှည်လက်ရှည်စောင့်ခဲ့ရတဲ့ မှတ်မှတ်ရရရှိရင်ပြောပါဆရာ

A.လျပ်စစ်မီး...

Q. မြန်မာပြည်မှာ ပိုင်ဆိုင်မှုတွေကို ဆရာအတိုင်းအတာလေးနဲ့ ခိုင်းနှိုင်း ပြောပြပေးပါလား???

A. လက်ညိုးထိုးမလွဲပါဘူး......

Q. သံယံဇာတတွေလားဆရာ

A. မဟုတ်ဘူး၊ ပြသနာတွေ....

Q. အထက်ကို ပင့်လိုက် အောက်ကိုချလိုက် လုပ်တဲ့သူတွေဆိုတာ ဘယ်လိုလူမျိုးတွေကို ခေါ်ပါသလဲဆရာ???

A. ၀ိတ်မတဲ့ သူတွေ........

Q. မြန်မာ့လူထုအတွက် အပေါဆုံးအရာက ဘာပါလဲဆရာ

A. အချိန်.......

Q. မြန်မာ့ နိုင်ငံဟာ ဥပဒေစိုးမိုးရေမှာ များစွာလိုအပ်ဆဲရှိတယ်လို့ ပြောနေကြပါတယ်၊ အမျိုးမျိုးလုပ်နေကြတယ်လို့လဲ ကြားပါတယ်၊ ဟုတ်ပါသလားဆရာ???

A. အမျိုးမျိုးမဟုတ်ဘူး၊ နှစ်မျိုးတည်း........

Q. ဘယ်လိုနှစ်မျိုးပါလိမ့်ဆရာ???

A. ခုတစ်မျိုး တော်ကြာတစ်မျိုး........

Q. မြန်မာပြည်ရုပ်ရှင်လောကအနေနဲ့ နိုင်ငံခြားကားတွေနည်းတူ ဖန်တီးမှုတွေနဲ့ကြိုးစားလာကြပါတယ် စကာံပူ၊ တရုတ်၊ မလေးရှားနိုင်ငံတွေမှာ သွားရိုက်မဲ့ ဇတ်ကားနာမည်အရွေးရခက်နေပါတယ်၊ ဆရာ့အနေနဲ့ သင့်တော် တဲ့နာမည်များရှိရင်ပြောပြပေးပါလားဆရာ

A. ထူးမခြားနား.......

Q.ခုဈေးကွက်ထဲမှာ ဈေးနှုန်းတွေ ဒစ်စကောင့်တွေ အပြိုင်အဆိုင်ချရောင်းလာတာကို တွေ့ပါတယ်ဆရာ၊ ဆရာ့အနေနဲ့ ဘယ်ပစ္စည်းမျိုးကို ဒစ်စကောင်ချရောင်းရင် မြန်မာ့လူထုပိုမို ကြိုက်နှစ်သက်အားပေးမယ်ထင်ပါသလဲဆရာ ???

A. ဆန်......

Q. မြန်မာပြည်ထုတ်လုပ်ရောင်ချရတဲ့ ထုတ်ကုန်တွေထဲမှာ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံရတဲ့ အဓိကထုတ်ကုန်က ဘာပါလဲဆရာ???

A. လူ......

Q. ဆရာအနေနဲ့ လူငယ်တွေကို ဘာများမှာခဲ့ချင်ပါသေးလဲဆရာ

A. မသေခင်အားတင်းထားပါ......

Q. ဘာလို့ပါလဲဆရာ

A. သေမှ ၀ဋ်ကျွတ်မှာမိုလို့ သိပြီလား......ဒါပဲစ်.......:P:P:P:P

တိန်..ရီမောစေလိုသောဆန်ဒ..ဖြင့်သာ...

by...Lon Elys

No comments:

Post a Comment