
ဟောလိဝုဒ်စတား ဂျက်ဆီကာ ဆင်ပဆင်က ၄၀း ၃၀း ၃၀ ဆိုတဲ့ ဇုန်စားသောက်မှု ပုံစံကို လိုက်နာတာကြောင့် ကျန်းမာတယ်လို့ ဆိုပါတယ်။ ဒီစားသောက်မှုပုံစံမှာ အသားနဲ့ သရေစာတွေ အချိုးညီညီ ပါဝင်ပါတယ်။
၄၀ % - သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ စတဲ့ Glycemic index နည်းတဲ့ ကာဗို
ဟိုက်ဒရိတ်တွေကို ၄၀ ရာခိုင်နှုန်း ပါဝင်အောင် စားပါတယ်။
၃၀% - ကြက်သား၊ ငါး၊ ပဲပုပ်စေ့၊ အဆီ နည်း နို့နဲ့ နို့ထွက်ပစ္စည်းနဲ့ အဆီနည်း အမဲသားတို့လို အဆီနည်း ပရိုတင်း ၃၀ ရာခိုင်နှုန်း ပါအောင် စားပါတယ်။
၃၀% - သံလွင်ဆီ၊ ထောပတ်သီး၊ ငါးအဆီ၊ အခွံမာသီးနဲ့ အစေ့အဆန်တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို ၃၀ရာခိုင်နှုန်း စားပါတယ်။
ဒီအချိုးအတိုင်း နေ့စဉ်စားတာကြောင့် အင်ဆူလင်ဟော်မုန်းကို ထိန်းချုပ်နိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်
ပါတယ်။ ဒီဇုန်စားသောက်မှုပုံစံကို ဆန်ဒရာဘူးလော့ခ်၊ ဂျနီဖာအနစ္စတန်တို့လည်း ကျင့်သုံးကြပြီး ဒီနည်းဟာ သူတို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေကာ ခါးအတိုင်းအတာကို သွယ်လျစေတယ်လို့ ဆိုပါတယ်။
ကြယ်စင်
Credit to :GOOD HEALTH
No comments:
Post a Comment