Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 22, 2018

Facebook မှာ Marketing ဘယ်လိုဝင်ရမလဲ မသိသေးတဲ့သူတွေအတွက် အထွေထွေလမ်းညွှန်


Facebook ဟာ အခုဆိုရင် လူသုံးအများဆုံး social media တစ်ခုဖြစ်လာတဲ့အပြင် Marketing သမားတွေအတွက် customer ကောင်းတွေရနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။
အဓိက စဉ်းစားစရာတစ်ခုက သင့်ရဲ့ Marketing စွမ်းရည်နဲ့ Facebook user တွေထဲက customer ကောင်းတွေရအောင် ဘယ်လို ဆွဲဆောင်ရမလဲဆိုတာပါ။
သတင်းကောင်းကတော့ Facebook ရဲ့ Advertising platform ဟာ သင်တစ်ကယ်ရှာနေတဲ့သူတွေကို နေရာဒေသအလိုက်၊ စိတ်ဝင်စားမှုအလိုက် စတာတွေနဲ့ ရွေးထုတ်ပေးနိုင်ပါတယ်။

ဒီလမ်းညွှန်ကတော့ ကမ္ဘာ့အကြီးဆုံး social media ပေါ်မှာ ကိုယ့်ရဲ့ business ကို စတင်မိတ်ဆက်ပေးချင်သူတွေအတွက် ရည်ရွယ်ပါတယ်။

Facebook ပေါ်မှာ ဘယ်သူတွေရှိလဲ?

Facebook ကတော့ သူ့ကို အသုံးအများဆုံးက ဘယ်သူတွေပါလို့ တရားဝင်ထုတ်ပြန်တာမျိုးမရှိပါဘူး။
ဒါပေမယ့် survey တစ်ခုအရ social networking ဟာ အသက် 18 နဲ့ 29 အရွယ်လူငယ်တွေကြားမှာ ရေပန်းအစားဆုံးပါတဲ့။ အသက် 65 နဲ့ အထက် လူကြီးတွေကြားမှာတော့ အသုံးမရှိသလောက်နည်းပါတယ်။

Facebook မှာ ဘယ်လို ဈေးကွက်တိုးချဲ့မလဲ?

Facebook မှာ ဘယ်သူမဆို အသုံးချနိုင်တဲ့အရာ 3 ခုကတော့ - Pages, Ads နဲ့ Groups တွေပဲဖြစ်ပါတယ်။

1. Pages

Pages တွေကတော့ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ public figure (နာမည်ကြီးကျော်ကြားသူ) တွေအတွက် Profile သဘောမျိုးပါပဲ။
Facebook user တွေအနေနဲ့ page တစ်ခုကို like လုပ်ထားရင် အဲဒီ page က information မှန်သမျှကို news feed မှာတွေ့နေရမှာပါ။
ဒါမှမဟုတ် like ပဲလုပ်ထားပြီး follow မလုပ်လို့လဲရပါတယ်။

အားသာချက် - Page တစ်ခုကို လွယ်ကူစွာနဲ့အခမဲ့ဖန်တီးလို့ရပါတယ်။
အားနည်းချက် - Page တစ်ခုထောင်ရုံနဲ့ အသေအချာ ခြေကုပ်ယူဖို့နဲ့ Fan များများရဖို့က သိပ်မလွယ်လှပါဘူး။

2. Ads

Facebook မှာ သင့်အနေနဲ့ နေရာဒေသ၊ အသက်အရွယ်၊ ပညာအရည်အချင်း စတာတွေနဲ့ Facebook user တွေအသုံးပြုတဲ့ device တွေအပေါ်မှာတောင် မူတည်ပြီး ကိုယ်လိုချင်တဲ့ customer ရဖို့ ads တွေသုံးလို့ရပါတယ်။
Facebook က user တွေကို ကိုယ်မကြိုက်တဲ့ ads ကို ပိတ်ခွင့်လည်းပေးထားပါတယ်။

အားသာချက် - Ads တွေဟာ တကယ် target ထားတဲ့ customer တွေရဖို့ အရမ်းအသုံးဝင်ပါတယ်။
အားနည်းချက် - Ads တွေသုံးတဲ့ ကုန်ကျစရိတ်ဟာ သင့်ရဲ့ ရည်ရွယ်ချက်အပေါ်မူတည်ပြီး ဈေးများနိုင်ပါတယ်။

3. Groups

Group ဆိုတာကတော့ ဆွေးနွေးချင်တာ ဆွေးနွေးလို့ရတဲ့ ဖိုရမ် သဘောမျိုးပါပဲ။
ဒါ့အပြင် page တွေ profile တွေက feature တွေလည်း အပိုပါပါသေးတယ်။
သင့်အနေနဲ့ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို customer တွေသိအောင် group တစ်ခု ဖန်တီးလို့ရပါတယ်။

အားသာချက် - Group တွေကို အခမဲ့ထောင်လို့ရပြီး customer တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့အခွင့်အရေးလည်း ပိုများပါတယ်။
အားနည်းချက် - Group တွေသုံးရတာ အချိန်တော့ကုန်ပါတယ်။
_____________________________________

Page တွေသုံးပြီး ဘယ်လိုဈေးကွက်တိုးချဲ့မလဲ?

Page တွေကိုသုံးတာကတော့ marketing စဖို့အတွက် အရိုးရှင်း အလွယ်ကူဆုံးနည်းလမ်းပါ။
Page တွေကို ကောင်းကောင်းအသုံးချနိုင်ဖို့ အောက်ပါအချက်တွေကို ဂရုပြုပါ။

1. Profile Picture နဲ့ Cover Photo

Profile picture ကတော့ သင့်ရဲ့ အမှတ်တံဆိပ်ဖြစ်ရပါမယ်။
Cover photo ကိုတော့ သင့်ရဲ့ page ကို ကြည့်မယ့်သူတွေအတွက် ဆွဲဆောင်မှုဖြစ်စေမယ့် ပုံမျိုး ရွေးချယ်ပါ။

2. About Section

About section ကတော့ သင့်ရဲ့ page logo အောက်မှာနေရာယူထားပါတယ်။
ဒီနေရာဟာ သင့်ရဲ့ business အကြောင်းရှင်းပြဖို့ အခွင့်အရေးကောင်းတစ်ခုပါ။
ကိုယ်ရေးမယ့်စာသားကိုတော့ ထိထိမိမိနဲ့ ရင်းရင်းနှီးနှီးပြောဆိုနေပုံမျိုးရေးဖို့ သတိပြုပါ။

3. Tabs

Tabs တွေကိုတော့ about section ရဲ့အောက်မှာတွေ့ရပါမယ်။
Facebook က application tabs (10) ခုအထိသုံးဖို့ ခွင့်ပြုထားပါတယ်။
Admin တွေ အကြိုက်ဆုံး photo တွေ ဒါမှမဟုတ် link တွေကို tabs တွေရဲ့ ထိပ်ဆုံးမှာထားလို့ရပါတယ်။

4. သင့်ရဲ့ wall မှာ အရေးပါတဲ့ information တွေကိုပဲတင်ပါ

သင်တင်တဲ့ post က fan တွေအတွက် အသုံးဝင်အရေးပါတာမျိုးဖြစ်ပါစေ။
post တွေ ခဏခဏတင်တာမျိုး၊ အကြောင်းအရာတစ်ခုတည်းကိုပဲ ထပ်တလဲလဲတင်တာမျိုး စတာတွေကို ရှောင်ပါ။

သင့်ရဲ့ page မှာ တင်သင့်တဲ့အရာတွေနဲ့ ပတ်သက်ပြီး idea နည်းနည်းပေးချင်ပါတယ်။
- သင့်ရဲ့ business နဲ့ပတ်သက်ပြီးရေးထားတဲ့ article တွေရှိမယ့် link
- သင့်ရဲ့ blog post တွေရှိမယ့် link
- Fan တွေအတွက် သင့်ရဲ့ product နဲ့ပတ်သက်တဲ့ coupon codes တွေ
- Product အသစ်နဲ့ပတ်သက်တဲ့ ကြော်ငြာချက်
- သင့်ရဲ့ fan တွေအတွက် အသုံးဝင်နိုင်တဲ့ tools တွေရှိမယ့် link
ဒါတွေကိုအဓိကထားပြီး တင်ပါ။

5. သင့်ရဲ့ fan တွေကို မေးခွန်းတွေမေးပါ

သင့်ရဲ့ post တွေမှာ မေးခွန်းလေးတွေမေးတာမျိုးဟာ fan တွေနဲ့ရင်းနှီးကျွမ်းဝင်မှုပိုစေပါတယ်။
မေးခွန်းမေးတဲ့နေရာမှာလည်း သင့်ရဲ့ business နဲ့ ဆက်စပ်တာမျိုး ကိုယ့်ရဲ့ product နဲ့ ပတ်သက်ပြီး အကြံဥာဏ်တောင်းတာမျိုးဟာ ကိုယ့်ဘက်ကလည်း fan တွေကို ပိုအလေးထားကြောင်း ပြသနည်းတစ်မျိုးပါ။

6. ရိုးသားပါ

သင့်ဘက်က post တစ်ခုခုတင်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ရိုးသားမှုရှိရဲ့လား ဆန်းစစ်ပါ။ မဟုတ်ရင် မတင်ပါနဲ့။
အလိမ်အညာတွေပါလာတာဟာ fan တွေ မြန်မြန်လျော့ကျမယ့် အချက်ဖြစ်ပါတယ်။

7. သင်တင်တဲ့ post နဲ့ပတ်သက်တဲ့ ရလာဒ်တွေကို လေ့လာပါ

သင့်ရဲ့ page မှာ fan တွေ အရမ်းတိုးလာတာပဲဖြစ်ဖြစ် လျော့ကျသွားတာပဲဖြစ်ဖြစ် တစ်ခုခုဆိုရင် သင်နောက်ဆုံးတင်ခဲ့တဲ့ post တွေကိုလေ့လာသုံးသပ်ပါ။
Fan တွေကြိုက်တတ်တဲ့ content ကြောင့်ဆိုရင် ဒီလို content မျိုးတွေ များများတင်ပါ။

8. Targeted Advertising

သင့်အနေနဲ့ Facebook user တွေရဲ့ profile မှာပေါ်နေတဲ့ အချက်တွေအလိုက် customer တွေကို targetထားလို့ရပါတယ်။

9. Facebook ads အမျိုးအစားများ

Facebook ads အမျိုးအစားတွေကိုတော့ အရင်တစ်ခေါက်ကလည်း ပြောပြပြီးပြီ ဆိုတော့ အထွေအထူး ရှင်းပြစရာမလိုလောက်တော့ဘူးထင်ပါတယ်။

10. သင့်ရဲ့ Ad ကို user တွေက မမြင်အောင်လုပ်ထားလို့ရပါတယ်။

Facebook မှာ ad တစ်ခုကို like လို့ရသလို hide လုပ်ထားလို့လည်းရပါတယ်။
Facebook က ဒီ ad ကို မပိတ်ပေးခင်မှာ ဘာလို့မကြိုက်တာလဲလို့ မေးလေ့ရှိပါတယ်။
ဒါဟာ သင့်ရဲ့ ads နဲ့ပတ်သက်ပြီး ဘာတွေလိုအပ်သလဲဆိုတာသိနိုင်တဲ့ အဖိုးတန် information တစ်ခုဖြစ်လာမှာပါ။

11. တကယ်မိုက်တဲ့ target ထားနည်းတွေ

အရင်ကပြောထားသလိုပဲ Facebook မှာ customer targeting အတွက် အစွမ်းအထက်ဆုံး tools တွေရှိပါတယ်။
ဒါ့အပြင် သင့်အနေနဲ့ ကိုယ် target ထားချင်တဲ့ သူတွေရဲ့ email address စာရင်းရှိပြီး သူတို့ကိုပဲ အဓိက ဆက်သွယ်ချင်ရင် Facebook ads manager ကို သုံးနိုင်ပါတယ်။

12. သင့်ရဲ့ ads တွေကို လိုအပ်သလိုပြုပြင်အသုံးပြုပါ

Ads တွေရဲ့ အကြီးဆုံး အားသာချက်တွေထဲက တစ်ခုကတော့ မတူညီတဲ့ နေရာက လူအုပ်စုတစ်ခုချင်းစီအတွက် မတူညီတဲ့ adsတွေ ဖန်တီးလို့ရတာပါ။
target ထားတာ ပိုတိကျလေလေ ရလာဒ်ကလည်း ပိုကောင်းလေလေပါပဲ။

နိဂုံးချုပ်

သင့်ရဲ့ business အမျိုးအစားဟာ ဘာပဲဖြစ်နေနေ Facebook မှာ မတူညီတဲ့ Marketing နည်းလမ်းတွေရှိပြီးသားပါ။
Facebook ရဲ့ features တွေအားလုံးကို သိဖို့ အချိန်ယူရတယ်ဆိုပေမယ့် ဒါက တကယ်သိဖို့တန်ပါတယ်။
အခုအချိန်မှာ Facebook ဟာ သင့်ရဲ့ Marketing မှာ တစ်စိတ်တစ်ဒေသနေရာယူမထားသေးဘူးဆိုရင် ကျွန်တော့်ရဲ့အကြံကတော့.......

အခုပဲ စလိုက်ကြပါစို့ !

CD-MyanmarOnlineEntrepreneur

No comments:

Post a Comment