Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 10, 2019

iPhone 11 series


ကိုယ့်အနေနဲ့ ... iPhone ကို တစ်နှစ်ထက်တစ်နှစ် စိတ်ပျက်လာတယ်။

အလွန်လျှင်မြန်တဲ့ Competitive and innovative ဖြစ်လွန်းတဲ့ ခေတ်ကြီးမှာ iPhone ဟာ Andriod ဖုန်းတွေကို ပြတ်ကျန်ခဲ့ပြီ။

ဖုန်းအသစ်ထွက်တိုင်း လိုက်ဝယ်ရမယ်လို့ မယူဆထားတဲ့ ကိုယ့်အတွက် လက်ရှိသုံးနေတဲ့ 6s လေးဟာ ရုပ်ဆင်းရူပကာအားဖြင့် ဂျုံးနေပြီ ဖြစ်လို့ ဒီနှစ်ထွက်တဲ့ iPhone 11 series ကို ခါတိုင်းနှစ်တွေထက် စောင့်နေမိတာ အမှန်ပဲ။

သို့သော် ... iPhone 11 series ကို အလွန်စိတ်ပျက်မိတယ်။

၁။ ဈေးကွက်ထဲက နောက်ဆုံးပေါ် A13 Chip နဲ့ ကင်မရာ ၃ လုံး သုံးထားသည့် တိုင်အောင် 4K 60fps အထိပဲ အထောက်အပံ့ပေးနိုင်သေးတယ်။ သူများတွေလို 960fps မထည့်နဲ့ဦး။ 120fps လောက်ထည့်ပေးရင် သူ့ဖုန်းကြီး Hang သွားမှာ စိုးလို့လား။ အဲ့လောက် ခက်ခဲနေသလား။

၂။ မျှော်လင့်ထားတဲ့ Type C charging port ပါမလာဘူး။

၃။ Notch ကြီးကိုလည်း မဖယ်ရှားနိုင်သေးဘူး။ notch ကြီးရှိနေသရွေ့ ဘယ်တော့မှ fully wide screen ဆိုတဲ့ စကားကို မသုံးပါနဲ့။

၎။ Fully wide screen လုပ်ချင်လို့ Home button ကို ဖြုတ်ခဲ့ပြီး အခုချိန်အထိ on screen fingerprint မလုပ်ပြနိုင်သေးဘူး။

၅။ တအား မ wow စေတဲ့ Night mode တွေကို ချပြလိုက်တာ Andriod က ဘာပြောလဲ။

၆။ Rumour တွေ ထွက်လာထဲက အဲ့ Monster look နဲ့ ကင်မရာဒီဇိုင်းကြီး ထွက်မလာပါစေနဲ့ လို့ ဆုတောင်း ခဲ့တာ ဆုတောင်းတွေ မပြည့်ခဲ့ဘူး။

၇။ အရောင်တွေဆိုတာလည်း ပါဝါရိန်းဂျားအရောင် တွေ ထုတ်လို့ မပြီးတော့ဘူး။

၈။ ရေစိုခံတာကြီးကိုတော့ innovative ဖြစ်တယ် ဆိုပြီးခေါင်းစဉ် မတပ်သင့်ပါ။

၉။ AI ခေတ်ကြီးထဲမှာ Apple အနေနဲ့ AI innovative ဖြစ်မနတော ပိုရင်နာတယ်။

၁၀။ ဈေးကြီးတယ်။

အနှစ်ချုပ်ရင် ... iPhone 11 ဟာ ပေးရတဲ့ ဈေးနဲ့ မတန်တဲ့ ဖုန်းတစ်လုံးလို့ပဲ ကိုယ့်အနေနဲ့ မြင်တယ်။

အခုလောလောဆယ်တော့ Steve ရဲ့ နောက်ဆုံးအငွေ့အသက်တွေပါတဲ့ iPhone 6s လေးကို တအားချစ်မိနေတယ်။Toe Aung Lwin

No comments:

Post a Comment