CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Showing posts with label story. Show all posts
Showing posts with label story. Show all posts
Monday, June 10, 2019
သားသမီးမ်ားရဲ႕ အိမ္ဟာ မိဘမ်ား အခ်ိန္မေ႐ြး သြားေရာက္ေနထိုုင္ႏိုုင္တဲ့ အိမ္မဟုုတ္
ထိုုင္ဝမ္မွာ အမ်ိဳးသမီးႀကီး တစ္ဦးရွိပါတယ္။
သူဟာ ေက်ာင္းဆရာမတစ္ဦး ျဖစ္ပါတယ္။
အ႐ြယ္ေကာင္းတုုန္းမွာပဲ ေယာက္်ားဆုံုးပါးသြားပါတယ္။
ငယ္႐ြယ္တဲ့ သားေလးတစ္ေယာက္ က်န္ရစ္ခဲ့ပါတယ္။
သားေလးကိုု ဘေထြးနဲ႔ မႀကဳံေစခ်င္လိုု႔
ေနာင္အိမ္ေထာင္ထပ္မျပဳပဲ အေမတစ္ခုု
သားတစ္ခုုနဲ႔ ပဲ သားေလးကိုု ပ်ိဳးေထာင္လာခဲ့ပါတယ္။
သားေလးလည္း အလြန္လိမၼာပါတယ္။
အေမ့ကိုုလည္း အလြန္သိတတ္ပါတယ္။
ဒီလိုုနဲ႔ ဆရာမဝင္ေငြေငြေလးနဲ႔ သားေလးကိုု
ရွိစုုမဲ့စုု ပ်ိဳးေထာင္လာခဲ့ပါတယ္။
သားကလည္း ထူးခြၽန္တာမိုု႔ အေမရိကန္ႏိုုင္ငံကိုု
ပညာေတာ္သင္ ေစလြတ္ႏိုုင္ခဲ့ပါတယ္။
အေမရိကမွာ သားကလည္း ထူးခြၽန္ပါတယ္။
ေက်ာင္းၿပီးလိုု႔ အလုုပ္ေကာင္းၿပီး အေမရိကမွာပဲ
အိမ္ေထာင္ျပဳၿပီး ကိုုယ္ပိုုင္အိမ္တစ္လုံုး ဝယ္ႏိုုင္ခဲ့ပါတယ္။
ေျမးကေလးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။
မိခင္ျဖစ္သူ ဆရာမကေတာ့ တာဝန္နဲ႔မိုု႔
ဆရာမအျဖစ္ပဲ ထိုုင္ဝမ္မွာ ဆက္လက္ေနထိုုင္ခဲ့ပါတယ္။
ဒီလိုုနဲ႔ ဆရာမႀကီးဟာ ပင္စင္ယူခ်ိန္နီးလာပါေတာ့တယ္။
ပင္စင္ယူခ်ိန္နီးလာေလေလ သားနဲ႔ ေျမးေလးကိုု
သတိရေလေလျဖစ္ၿပီး သားေလးမိသားစုုနဲ႔
သြားေရာက္ေနထိုုင္ဖိုု႔ ဆႏၵျပင္းျပလာပါတယ္။
အေမ့ျဖစ္သူရဲ႕ စိတ္ထဲမွာ သားလိမၼာႀကီးကိုု
သတိရၿပီး ပီတိျဖစ္ေနတတ္ပါတယ္။
ေၾသာ္ လုုပ္ေဖၚကိုုင္ဘက္ေတြ ဒီသတင္းသိလိုုက္ရင္ေတာ့ျဖင့္
ဘယ္ေလာက္အားက်လိုုက္မလဲဆိုုတာ
ေတြးေတာၿပီး ၿပဳံးေနတတ္ပါတယ္။
ဆရာမရဲ႕ စာေရးခ်င္တဲ့ အမူအက်င့္အတိုုင္း
ဖုုန္းခကိုု ေခြၽတာတတ္သူမိုု႔ သားဆီကိုု ပင္စင္ယူၿပီးရင္
အတူလာေနခ်င္ေၾကာင္း ေရးသားေပးပိုု႔ လိုုက္ပါတယ္။
သားဆီက ျပန္စာကိုု ေတာ္ေတာ္နဲ႔ ျပန္မရဘူး။
အေမကလည္း ပင္စင္ယူဖိုု႔ ျပင္ဆင္ေနၿပီး
သားဆီက ျပန္စာကိုု ေမ်ာ္ေနတာေပါ့။
ပင္စင္ယူဖိုု႔ တစ္ပတ္ေလာက္အလိုုမွာ
သားဆီက စာတစ္ေစာင္ေရာက္ရွိလာပါတယ္။
ေဖာက္ဖတ္ၾကည့္လိုုက္ေတာ့ ေဒၚလာ သုံုးေသာင္းတန္
ခ်က္လက္မွတ္တစ္ေစာင္နဲ႔ စာတစ္ေစာင္ေတြ႕လိုုက္ပါတယ္။
စာက အဲလိုုေရးထားပါတယ္။
“ခ်စ္လွစြာေသာ ေမေမ
သားနဲ႔ သားဇနီး ေသေသခ်ာခ်ာ ညႇိႏိူင္းၾကည့္ၿပီးပါၿပီ။
ေမေမကိုု မလာေစခ်င္ပါဘူး။
ေမေမသားကိုု ေကြၽးေမြးခဲ့တာ မွန္ပါတယ္။
အဲဒီကုုန္က်စားရိတ္ကိုု သားတိုု႔ ေသေသခ်ာခ်ာ
တြက္ခ်က္ၾကည့္ၿပီးပါၿပီ၊ ေဒၚလာ ( ၂ ) ေသာင္းေလာက္က်ပါတယ္။
အပိုု ( ၁ )ေသာင္းပါ ထပ္ေပါင္းလိုုက္ေတာ့ စုုစုုေပါင္း ( ၃ )
ေသာင္းေမေမ့ကိုု ပိုု႔ေပးလိုုက္ပါတယ္။
ေမေမ ေနာက္ဆို သားဆီကိုု စာမေရးပါနဲ႔ေတာ့၊
သားမိန္းမက မႀကိဳက္လိုု႔ပါ။….”
မိခင္ျဖစ္သူမွာ စာဆုံုးေအာင္ပင္
ေကာင္းေကာင္း မဖတ္ႏိုုင္ခဲ့ပါ။
မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ေနပါၿပီ။
အံ့ၾသျခင္း၊ ရင္နာျခင္း၊ယူက်ဳံးမရျဖစ္ျခင္း၊
ေမ်ာ္လင့္ခ်က္တစ္ခုုလုံုး ေပ်ာက္ဆုံုးသြားျခင္း၊
စတဲ့ခံစားခ်က္ေတြနဲ႔ ခ်ဳံးပြဲခ် ငိုုခ်လိုုက္ပါေတာ့တယ္။
မိခင္ဆရာမျဖစ္သူကိုု တရားက ကယ္တင္သြားပါတယ္။
တရားစခန္းဝင္တယ္။ တရားနာတယ္။ တရားထိုုင္တယ္။
ေတာ္ေတာ္ေလး စိတ္သက္သာရာ ရသြားပါတယ္။
ဒါနဲ႔ သူမဟာ အဲဒီေဒၚလာ ၃ ေသာင္းကိုု
အသုံုးျပဳၿပီး ကမာၻပတ္ပါေတာ့တယ္။
ခရီးတစ္ေလွ်ာက္လုံုးမွာ ရွိတဲ့ သဘာဝတရားရဲ႕
လွပဆန္းက်ယ္မူကိုု သူမေကာင္းစြာ ခံစားမိၿပီး
တစ္ခုုခုု အသိဝင္လိုုက္သလိုု ခံစားလိုုက္ရတယ္ ။
အဲဒါနဲ႔ သူ႔မသားကိုု စာတစ္ေစာင္ ထပ္မံေရးသားလိုုက္ပါတယ္။
“ခ်စ္ရတဲ့ သား….
ေမေမ့ကိုု စာထပ္မေရးပါနဲ႔ေတာ့လိုု႔
သားကေျပာထားေပမဲ့ ေမေမေျပာခ်င္တဲ့စကား
မျပည့္စုံုေသးလိုု႔ သားဆီကိုု စာထပ္ေရးလိုုက္ရပါတယ္။
သားခ်က္လက္မွတ္နဲ႔ ပိုုက္ဆံကိုုထုုတ္ၿပီး
ေမေမကမာၻပတ္ခရီးသြားခဲ့ပါတယ္။
လည္ရင္းပတ္ရင္း စဥ္းစားရင္းဆိုုပါစိုု႔၊
အဲလိုုနဲ႔ အသိတစ္ခုုဝင္လာသလိုုပဲ၊ ဟုုတ္ပါတယ္။
သားကိုု ေက်းဇူးတင္ရမယ္။
တကယ္လိုု႔ သားက ေမေမကိုု ျပတ္ျပတ္သားသား
စိမ္းကားတဲ့ စကားမဆိုုခဲ့ဘူးဆိုုရင္ ေမေမအဲေလာက္
သံေဝဂ တရား ျမန္ျမန္ရခဲ့မွာ မဟုုတ္ပါဘူး။
အခုုေတာ့ ေမေမနားလည္အသိနဲ႔ သိသြားပါၿပီ။
ေလာကႀကီးမွာ အေသခ်ာဆုံုုုး၊ အေရရာဆုံုး အရာဟာ
မေသခ်ာမေရရာျခင္းျဖစ္တယ္ဆိုုတာ
ေကာင္းေကာင္းႀကီးသိသြားပါၿပီ။
ေမတၱာလည္း အနိစၥတရားကိုု ေရွာင္ကြင္းလိုု႔
မရဘူးဆိုုတာ သိသြားပါၿပီ။
တကယ္လိုု႔ သားက ေမေမကိုု မလိုုခ်င္ပဲ လာခဲ့ပါလိုု႔
အားနာနာနဲ႔ ေခၚခဲ့မယ္ဆိုုုုရင္ အခုုေလာက္ဆိုု
အားလုံုးစိတ္ဒုုကၡ ေရာက္ေနေလာက္ပါၿပီ။
ေမေမလည္း စိတ္ဆင္းရဲရပါမယ္။ အသက္တိုုမယ္။
အခုုေတာ့ ေမေမ့စိတ္ထဲမွာလည္း
သားဆိုုတဲ့ အစြဲ မရွိေတာ့ပါဘူး။
သားေရာ ေျမးပါ ေမေမစိတ္ထဲမွာ လြတ္ခ်ႏိုုင္ခဲ့ပါၿပီ။
ကိုုယ့္မွာ အခ်စ္မရွိေတာ့ အခ်စ္ျပန္မလိုုေတာ့ဘူးေပါ့၊
အလိုုမရွိေတာ့ ဒုုကၡကင္းတာေပါ့၊
ျဖစ္ေပၚခဲ့တဲ့ အေျပာင္းအလဲ အားလုံုးကိုု
ေမေမေက်ေက်နပ္နပ္ႀကီးနဲ႔ လက္ခံလိုုက္ပါၿပီ။
ေက်းဇူးတင္ပါတယ္ သား….”
ဇာတ္လမ္းေလးကေတာ့ ဒီေလာက္ပါပဲ။
ပညာရွင္တစ္ဦးရဲ႕ စကားကိုု သတိရေစပါတယ္။
“ မိဘမ်ားရဲ႕ အိမ္ဟာ သားသမီးမ်ား
အခ်ိန္မေ႐ြး ျပန္ႏိုုင္တဲ့ အိမ္ျဖစ္ပါတယ္။
သားသမီးမ်ားရဲ႕ အိမ္ဟာ မိဘမ်ား
အခ်ိန္မေ႐ြး သြားေရာက္ေနထိုုင္ႏိုုင္တဲ့ အိမ္မဟုုတ္ပါ။
ကေလးကိုု ေမြးဖြားျခင္းဟာ တာဝန္၊
ပ်ိဳးေထာင္ျခင္းဟာ ဝတၱရား ျဖစ္ခဲ့မယ္ဆိုုရင္
အားကိုုးလိုုစိတ္ေမြးျမဴ ခဲ့ရင္ မဟာအမွားျဖစ္သြားပါလိမ့္မယ္။
အိုုလာရင္ ကိုုယ့္က်န္းမာေရးကိုု အတတ္ႏိုုင္ဆုံုး ဂ႐ုုစိုုက္ပါ။
အိုုစာနာစာအၿမဲခ်န္ထားပါ။
အိုုဖိုု႔ အတြက္ မအိုုခင္မွာကတည္းက ႀကိဳတင္ျပင္ဆင္ထားပါ။
ဓမၼေရခ်မ္းစင္
#Unicode Version# ျဖင့္ဖတ္ပါ ။
ထိုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။
သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။
အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။
ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့
နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု
သားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။
သားလေးလည်း အလွန်လိမ္မာပါတယ်။
အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။
ဒီလိုနဲ့ ဆရာမဝင်ငွေငွေလေးနဲ့ သားလေးကို
ရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။
သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကို
ပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။
အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။
ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲ
အိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်နိုင်ခဲ့ပါတယ်။
မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဆရာမကတော့ တာဝန်နဲ့မို့
ဆရာမအဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။
ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကို
သတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့
သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။
အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကို
သတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။
သြော် လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်းသိလိုက်ရင်တော့ဖြင့်
ဘယ်လောက်အားကျလိုက်မလဲဆိုတာ
တွေးတောပြီး ပြုံးနေတတ်ပါတယ်။
ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတိုင်း
ဖုန်းခကို ချွေတာတတ်သူမို့ သားဆီကို ပင်စင်ယူပြီးရင်
အတူလာနေချင်ကြောင်း ရေးသားပေးပို့ လိုက်ပါတယ်။
သားဆီက ပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။
အမေကလည်း ပင်စင်ယူဖို့ ပြင်ဆင်နေပြီး
သားဆီက ပြန်စာကို မျော်နေတာပေါ့။
ပင်စင်ယူဖို့ တစ်ပတ်လောက်အလိုမှာ
သားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။
ဖောက်ဖတ်ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းတန်
ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုက်ပါတယ်။
စာက အဲလိုရေးထားပါတယ်။
“ချစ်လှစွာသော မေမေ
သားနဲ့ သားဇနီး သေသေချာချာ ညှိနိူင်းကြည့်ပြီးပါပြီ။
မေမေကို မလာစေချင်ပါဘူး။
မေမေသားကို ကျွေးမွေးခဲ့တာ မှန်ပါတယ်။
အဲဒီကုန်ကျစားရိတ်ကို သားတို့ သေသေချာချာ
တွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။
အပို ( ၁ )သောင်းပါ ထပ်ပေါင်းလိုက်တော့ စုစုပေါင်း ( ၃ )
သောင်းမေမေ့ကို ပို့ပေးလိုက်ပါတယ်။
မေမေ နောက်ဆို သားဆီကို စာမရေးပါနဲ့တော့၊
သားမိန်းမက မကြိုက်လို့ပါ။….”
မိခင်ဖြစ်သူမှာ စာဆုံးအောင်ပင်
ကောင်းကောင်း မဖတ်နိုင်ခဲ့ပါ။
မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပါပြီ။
အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊
မျော်လင့်ချက်တစ်ခုလုံး ပျောက်ဆုံးသွားခြင်း၊
စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုချလိုက်ပါတော့တယ်။
မိခင်ဆရာမဖြစ်သူကို တရားက ကယ်တင်သွားပါတယ်။
တရားစခန်းဝင်တယ်။ တရားနာတယ်။ တရားထိုင်တယ်။
တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။
ဒါနဲ့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကို
အသုံးပြုပြီး ကမ္ဘာပတ်ပါတော့တယ်။
ခရီးတစ်လျှောက်လုံးမှာ ရှိတဲ့ သဘာဝတရားရဲ့
လှပဆန်းကျယ်မူကို သူမကောင်းစွာ ခံစားမိပြီး
တစ်ခုခု အသိဝင်လိုက်သလို ခံစားလိုက်ရတယ် ။
အဲဒါနဲ့ သူ့မသားကို စာတစ်စောင် ထပ်မံရေးသားလိုက်ပါတယ်။
“ချစ်ရတဲ့ သား….
မေမေ့ကို စာထပ်မရေးပါနဲ့တော့လို့
သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကား
မပြည့်စုံသေးလို့ သားဆီကို စာထပ်ရေးလိုက်ရပါတယ်။
သားချက်လက်မှတ်နဲ့ ပိုက်ဆံကိုထုတ်ပြီး
မေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။
လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုပါစို့၊
အဲလိုနဲ့ အသိတစ်ခုဝင်လာသလိုပဲ၊ ဟုတ်ပါတယ်။
သားကို ကျေးဇူးတင်ရမယ်။
တကယ်လို့ သားက မေမေကို ပြတ်ပြတ်သားသား
စိမ်းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင် မေမေအဲလောက်
သံဝေဂ တရား မြန်မြန်ရခဲ့မှာ မဟုတ်ပါဘူး။
အခုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။
လောကကြီးမှာ အသေချာဆုံး၊ အရေရာဆုံး အရာဟာ
မသေချာမရေရာခြင်းဖြစ်တယ်ဆိုတာ
ကောင်းကောင်းကြီးသိသွားပါပြီ။
မေတ္တာလည်း အနိစ္စတရားကို ရှောင်ကွင်းလို့
မရဘူးဆိုတာ သိသွားပါပြီ။
တကယ်လို့ သားက မေမေကို မလိုချင်ပဲ လာခဲ့ပါလို့
အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆို
အားလုံးစိတ်ဒုက္ခ ရောက်နေလောက်ပါပြီ။
မေမေလည်း စိတ်ဆင်းရဲရပါမယ်။ အသက်တိုမယ်။
အခုတော့ မေမေ့စိတ်ထဲမှာလည်း
သားဆိုတဲ့ အစွဲ မရှိတော့ပါဘူး။
သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုင်ခဲ့ပါပြီ။
ကိုယ့်မှာ အချစ်မရှိတော့ အချစ်ပြန်မလိုတော့ဘူးပေါ့၊
အလိုမရှိတော့ ဒုက္ခကင်းတာပေါ့၊
ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံးကို
မေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုက်ပါပြီ။
ကျေးဇူးတင်ပါတယ် သား….”
ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။
ပညာရှင်တစ်ဦးရဲ့ စကားကို သတိရစေပါတယ်။
“ မိဘများရဲ့ အိမ်ဟာ သားသမီးများ
အချိန်မရွေး ပြန်နိုင်တဲ့ အိမ်ဖြစ်ပါတယ်။
သားသမီးများရဲ့ အိမ်ဟာ မိဘများ
အချိန်မရွေး သွားရောက်နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။
ကလေးကို မွေးဖွားခြင်းဟာ တာဝန်၊
ပျိုးထောင်ခြင်းဟာ ဝတ္တရား ဖြစ်ခဲ့မယ်ဆိုရင်
အားကိုးလိုစိတ်မွေးမြူ ခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။
အိုလာရင် ကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။
အိုစာနာစာအမြဲချန်ထားပါ။
အိုဖို့ အတွက် မအိုခင်မှာကတည်းက ကြိုတင်ပြင်ဆင်ထားပါ။
ဓမ္မရေချမ်းစင်
Thursday, May 23, 2019
ကရုဏာတရားထားမိတဲ့ ရေသ့ႀကီးနဲ႔ ေခြးမိဖုရား ( ပုံျပင္ )
တခါတုန္းက ေတာတြင္းတေနရာမွာ သစ္ခက္တဲေလးထိုးၿပီး တရားအားထုတ္ေနတဲ့ ရေသ့ႀကီးတပါးရွိသတဲ့။ ဒီသစ္ခက္ေက်ာင္းသခၤမ္းေလးနားကို ေခြးပိန္မေလးတေကာင္က လာၿပီးေတာ့ ရေသ့ႀကီးဆြမ္းစားၿပီး က်န္တဲ့ ဆြမ္းက်န္ဟင္းက်န္ေလးေတြ စားေလ့ရွိပါတယ္။
ဒီ ထမေလစား(ထမင္းလံုး အေလ အလြင့္ကုိ စားေသာ)ေခြးမေလးဟာေန႔စဥ္နဲ႕အမွ် ဆြမ္းက်န္ေလးေတြ လာလာစားေနတာၾကာလာေတာ့ရေသ့ႀကီးဟာ ေခြးမေလးကို သနားတဲ့အျပင္ သံေယာဇဥ္ ျဖစ္လာျပီး …လူအျဖစ္ကို ဖန္ဆင္းေပးလိုက္ပါေတာ႔တယ္။
ဒီလိုနဲ႔ ေခြးမေလးဟာ အရွင္လတ္လတ္ လူမိန္းကေလးဘ၀ကို ေျပာင္းသြားတာေပါ့။ ရေသ့ႀကီးဖန္္ဆင္းထားတဲ့ မိန္းကေလးဆိုေတာ့လဲ ရုပ္ရည္ ရူပကာဟာ အလြန္လွပေခ်ာေမြ႔ေနပါေတာ႔တယ္။
ဒီလိုနဲ႔ ေခြးမေလး တျဖစ္လဲ မိန္းကေလးဟာ ရေသ့ႀကီးရဲ႕ ေ၀ယ်ာ၀စၥေတြ လုပ္ေပးရင္း ေတာထဲမွာ ေနလာလိုက္တာတေန႔ေတာ့ … ေတာကစားထြက္လာတဲ့ ဘုရင္ႀကီးတပါးက ေတြ႕သြားပါေလေရာ။ ဲ့ ဘုရင္ႀကီးဟာ ထံုးစံအတိုင္း ႏွစ္သက္သေဘာက်ေတာ္မူတာေပါ့။ သူတို႔ႏွစ္သက္ျပီ ဆိုမွျဖင့္ ပိုင္ရွင္ ရွိမရွိ ေမးျမန္းၿပီး (ေမးလို႔ေတာ္ေသးတာေပါ့) ဖခင္ျဖစ္သူ ရေသ့ႀကီးထံမွာ ေတာင္းရမ္းပါေတာ့တယ္။
ဘုရင္မင္းျမတ္ ကိုယ္တိုင္က ေတာ္ေကာက္တာဆိုေတာ့ ရေသ့ႀကီးကလဲ ရုတ္တရက္ ဒီမိန္းကေလးဟာ ေခြးမေလးပါ လို႔ ေျပာမထြက္ဘူးေပါ့။ဒါေပမ့ဲ …အခုလို မင္းႀကီးကို ေလွ်ာက္တင္မွာၾကားပါတယ္။
“ျမတ္ေသာမင္းႀကီး …အကြၽႏ္ုပ္၏ သမီးျဖစ္သူ ဒီမိန္းကေလးဟာျဖင့္ ေတာတြင္းသူ အရိုင္းအစိုင္းကေလး ျဖစ္ပါတယ္၊ ဒါေၾကာင့္ အရွင္မင္းႀကီးတို႔ နန္းတြင္းေရာက္တဲ့အခါ တစံုတရာ အျပစ္က်ဴးလြန္မိခဲ့ပါလွ်င္ သနားေသာအားျဖင့္ အျပစ္မွ ခြင့္လႊတ္ေတာ္မူပါ”
ဘုရင္ႀကီးကလဲ ေနာင္ခါလာေနာင္ခါေစ်း …အခု ေလာေလာဆယ္ ဒီမိန္းကေလးကိုရရင္ ျပီးေရာဆိုျပီး ခြင့္လႊတ္မွာျဖစ္ေၾကာင္း ေျပာၿပီး ေခြးမိန္းကေလးကို ေခၚသြားပါေလေရာ။
ရေသ့ႀကီးက ဘုရင္ႀကီးကိုမွာၾကားၿပီးတဲ့ေနာက္ ေခြးမိန္းကေလးကို …“ခ်စ္သမီး …ျမင့္ျမတ္တဲ့ ေနရာေရာက္ရင္ … ျမင့္ျမတ္တဲ့စိတ္ေမြးပါ …” ဆိုျပီး မွာၾကားရျပန္ပါတယ္။ေခြးမိန္းကေလးကလဲ ေကာင္းပါျပီ အဘရေသ့ႀကီး ဆိုၿပီး ဘုရင္ႀကီးေခၚရာေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားပါသတဲ့။
နန္းေတာ္ထဲေရာက္သြားတဲ့ ေခြးမိန္းကေလးဟာ အရာရာအထူးအဆန္းေတြခ်ည္းမို႔ အံ့ဘနန္းျဖစ္ေနတာေပါ့။ ဘုရင္ႀကီးကလဲ သူ႔ကို သင္ၾကားစရာရွိတာသင္ၾကားေစၿပီးေနာက္ အခမ္းအနားနဲ႔ မိဖုရားေျမႇာက္လိုက္သတဲ့။ ကုသိုလ္ကံမ်ား အက်ဳိးေပးခ်င္ေတာ့ ေနရင္းထိုင္ရင္း ေခြးမိဖုရားႀကီးျဖစ္သြားတာေပါ့။
ေခြးမိဖုရားႀကီးဟာ နန္းေတာ္ထဲမွာ ေနရထိုင္ရ အားလံုးအဆင္ေျပေပမဲ့ တစံုတခုေၾကာင့္ စိတ္ထဲ ေနမထိ ထိုင္မထိျဖစ္ေနပါတယ္။ဘာလဲဆိုေတာ့ သူဟာ ေခြးဘ၀ကလာသူျဖစ္တဲ့အတြက္ နန္းေတာ္ထဲမွာ ခြၽတ္ထားတဲ့ ေျခနင္း ဖိနပ္ေတြကို ျမင္တဲ့အခါ ဒီဖိနပ္ေတြရဲ႕ သားေရနံ႔က သူ႔ကို ဆြဲေဆာင္ေနၿပီး ဖိနပ္သားေရေတြကို ကိုက္ခ်င္စိတ္ကို မနည္းေအာင့္အီးထားရလို႔ပါပဲ။
ဒီလိုနဲ႔ လူေျခတိတ္တဲ့ ညေရာက္ေတာ့ … သူ႔စိတ္ကို မထိမ္းႏိုင္ေတာ့တာနဲ႔ ေျခနင္းဖိနပ္ေတြ ခြၽတ္ထားတဲ့ ေနရာကို အျမန္သြားၿပီး အာသာေျပေအာင္ ဖိနပ္ေတြတရံၿပီးတရံ ကိုက္၀ါးပါေလေရာ။
မနက္မိုးလင္းေတာ့ ဖိနပ္ျမီးတိုေတြ ျမင္တဲ့အခါ နန္းေတာ္ထဲမွာ ႂကြက္စီႂကြက္စီနဲ႔ေပါ့။ ဘယ္ကေခြးေလေခြလြင့္က ၀င္ၿပီး ငါတို႔ဖိနပ္ေတြ ကိုက္သြားသလဲ ဆိုၿပီး နန္းေတာ္တခုလံုး အံုးအံုးက်က္က်က္နဲ႔ ျဖစ္ေနတယ္။ နန္းေတာ္ထဲ ရွိသမွ် ေခြးေလေခြးလြင့္ေတြ ဖယ္ရွားပစ္ေပမဲ့ ေနာက္တညမွာလဲ ဖိနပ္ေတြ ကိုက္ခံရျပန္တာပဲ။ ဒီေတာ့ မျဖစ္ေခ်ဘူး … မွဴးႀကီးမတ္ရာေတြက ဖိနပ္စားတဲ့ ေခြးကို ညဘက္ ေစာင့္ဖမ္းဖို႔ စီစဥ္ၾကတာေပါ႔။
ဒါကိုသိတဲ့ ေခြးမိဖုရားႀကီးဟာ ဖိနပ္မစားမိေအာင္ စိတ္ထိန္းတာပါပဲ။ ဒါေပမဲ့ ဗီဇဆိုတာ ေတာ္ရံုနဲ႔ ေဖ်ာက္လို႔ရတာမွ မဟုတ္ဘဲ။ ဆႏၵ ဆိုတာလဲ ထိမ္းခ်ဳပ္ဖို႔ ခက္သားလား။ ညေရာက္ေတာ့ သူ႔စိတ္ကို သူ မလြန္ဆန္ႏိုင္ျပန္ဘူး။ သြားေရတျမားျမား ပါးစပ္တျပင္ျပင္နဲ႔ဖိနပ္ေတြဆီ ေရာက္သြားျပန္တာပဲ။ေခြးအလာကိုသာ ေစာင့္ေနတဲ့ မွဴးမတ္ေတြဟာ ေခြးမိဖုရားႀကီးကိုေတာ့ ဘယ္သတိထားမိ မွာတုန္း။ ဒီလိုနဲ႔ ေနာက္တည ဖိနပ္ေတြကိုက္ခံ လိုက္ရျပန္ပါေရာ။
ဒီလို ခဏခဏ ျဖစ္လာေတာ့ ဘုရင္ႀကီးနားကို ဒီသတင္း ေပါက္ၾကားသြားေတာဘုရင္ႀကီးက ဖိနပ္ကိုက္ေသာ ေခြးႏွိမ္နင္းေရးေကာ္မတီ ဖြဲ႕စည္းေစၿပီး ဒီေခြးကို မိေအာင္ဖမ္းႏိုင္ရင္ဖမ္း … မဖမ္းႏိုင္ရင္ မင္းတို႔ကို ျပစ္ဒဏ္ေပးမယ္ လို႔ အမိန္႔ခ်မွတ္လိုက္ပါတယ္။နန္းေတာ္ထဲမွာ ေခြးႏွိမ္နင္းေရးေကာ္မတီက ေန႔ဆိုင္းညဆိုင္းနဲ႔ ေခ်ာင္းဖမ္းဖို႔ ကင္းေစာင့္ၾကတဲ႔အခါသန္းေခါင္ေက်ာ္ေလာက္လဲေရာက္ခ်ိန္ …ေခြးမိဖုရားႀကီးက ကုပ္ကုပ္ ကုပ္ကုပ္နဲ႔ ထြက္လာၿပီး ဖိနပ္ေတြ ကိုက္၀ါးေနတာကို ေခ်ာင္းေနတဲ့ မွဴးမတ္ေတြက ေတြ႕သြားေတာ့ … တေယာက္မ်က္ႏွာတေယာက္ၾကည့္ၿပီး ေခါင္းယမ္းၾကတယ္။
ဘယ္လိုလုပ္ရပါ့ တကယ့္မီးခဲပဲ ဘုရင္ႀကီးကို ဘယ္လိုေလွ်ာက္တင္မလဲ ဖိနပ္ေတြ ကိုက္ေနတဲ့ေခြးကို မမိရင္လဲ ငါတို႔မွာ ျပစ္ဒဏ္ ခံရေပအံုးမည္။ ဖိနပ္စားတာ မိဖုရားႀကီးပါလို႔ ေျပာရင္လဲ … ….
မနက္မိုးလင္းေတာ့ ညီလာခံမွာဘုရင္ႀကီးက ေမးပါတယ္။
ကဲ .. ဘယ္လိုလဲ … ဖိနပ္ကိုက္တဲ့ ေခြးကို မိျပီလား ေပါ့။ ေခြးမိဖုရားကလဲ နေဘးနားမွာ ခစားရင္း မွဴးမတ္ေတြ ဘယ္လိုမ်ားေျဖမလဲလို႔ ရင္တထိတ္ထိတ္နဲ႔ေပါ့။
မွဴးမတ္တေယာက္က ျပားျပား၀ပ္ခစားေနရင္းက
“မွန္လွပါ … ဖိနပ္စားတဲ့ေခြးဟာ ကြၽန္ေတာ္မ်ဳိးတို႔ထက္ ဘုန္းကံျမင့္မားတဲ့သူ ျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္မ်ဳိးတို႔ ေတြ႕ေသာ္လည္း ဖမ္းလို႔ မမိပါဘုရား” လို႔ ေလွ်ာက္တင္ေတာ့ …
ဘုရင္ႀကီးလဲ … ဒါျဖင့္ ငါကိုယ္ေတာ္ျမတ္ကိုယ္တိုင္ ဖမ္းမယ္ လို႔ မိန္႔ေတာ္မူလိုက္ပါသတဲ့။
အဲဒီညမွာေတာ့ ေခြးမိဖုရားႀကီးဟာ ဘုရင္ႀကီးနဲ႔အတူ အိပ္ရာေညာင္ေစာင္းထက္မွာ လဲေလ်ာင္းေနရေပမဲ့ အိပ္မေပ်ာ္ႏိုင္ဘူးတဲ့။ ဒီညအဖို႔ ဖိနပ္မစားဘဲေနရ ေကာင္းမလားေတာ့ေတြးမိပါရဲ႕ သို႔ေသာ္လဲ ရသတဏွာရဲ႕ အလိုကို မလြန္ဆန္ႏိုင္ေပဘူး။ ခဏေနေတာ့ ဘုရင္ႀကီး အိပ္ေပ်ာ္သြားၿပီ အထင္နဲ႔ တိတ္တိတ္ေလး အိပ္ရာကထၿပီး ဖိနပ္ေတြ ရွိရာဆီကို သြားတယ္။ တကယ္ေတာ့ ဘုရင္ႀကီးက အိပ္ခ်င္ေယာင္ေဆာင္ေနတာပါ။ ေခြးမိဖုရားႀကီး ထသြားတာနဲ႔ သူက ေနာက္က အသာေလးလိုက္သြားၿပီး ေခ်ာင္းၾကည့္တဲ့အခါ..ေခြးမိဖုရားႀကီးဟာ ဖိနပ္ေတြကို အားရပါးရ ကိုက္၀ါးေနတာ မ်က္၀ါးထင္ထင္ ျမင္လိုက္ရတယ္။
ဒီျမင္ကြင္းေၾကာင့္ အံ့အားသင့္ၿပီး “ဟင္” ခနဲ အာေမဋိတ္ ထြက္သြားေတာ့ ဘုရင္ႀကီးလိုက္ေခ်ာင္းတာကို ေခြးမိဖုရားႀကီးလဲ သိသြားေတာ့တာေပါ့။ဒါေပမဲ့ ဘုရင္ႀကီးဟာ အသာေလး လွည့္ထြက္ျပီး အိပ္ရာထဲျပန္သြားေခြေနျပီး သက္မႀကီးေတြ တခ်ခ်နဲ႔ တညလံုး မအိပ္ႏိုင္ေတာ့ဘူး။
ဒီမိန္းကေလးရဲ႕ အက်င့္ဟာ ဆိုးလွခ်ည့္။ ဒါေၾကာင့္ ရေသ့ႀကီးက ငါ့ကိုမွာတာ ေနမွာ။ ဘယ္လိုလုပ္ရမလဲ … ဆက္ထားျပန္ရင္လဲ ရွိရွိသမွ် ဖိနပ္ေတြ ျမီးတိုေတြခ်ည္းျဖစ္ကုန္မဲ့ အျပင္ … အေၾကာင္းသိေနတဲ့ မွဴးမတ္ေတြရဲ႕ ကဲ့ရဲ႕စရာျဖစ္အံုးမယ္၊ ျပစ္ဒဏ္ေပးျပန္ရင္လဲ …. ရေသ့ႀကီးကို ကတိဖ်က္ရာက်မယ္ … ။စသျဖင့္ ေတာင္ေတြး ေျမာက္ေတြး စိတ္မေအးႏိုင္ျဖစ္ေနပါေတာ႔တယ္။
ေခြးမိဖုရားႀကီးမွာ ဘုရင္ႀကီးေတာ့ ငါဖိနပ္ကိုက္တာ သိသြားၿပီ၊ ငါ့အေၾကာင္း ရေသ့ႀကီးကို သြားေမးၿပီး ငါဟာ ေခြးမွန္းသိရင္ ငါ့ကို သတ္မွာဘဲ။ဒီေတာ့ ငါက အရင္ ရေသ့ၾကီးဆီသြားၿပီး ငါ့အေၾကာင္း မေဖာ္ႏိုင္ေအာင္ သတ္ပစ္ရမယ္ လို႔ မိုက္မဲစြာေတြးၿပီး မိုးမလင္းခင္ဘဲ နန္းေတာ္ထဲက ထြက္ၿပီး ရေသ့ႀကီးရဲ႕ ေက်ာင္းသခၤမ္းဆီ အေျပးအလႊားသြားပါေတာ႔တယ္။
ရေသ့ႀကီးဟာ စ်ာန္အဘိဥာဥ္ရထားသူဆိုေတာ့ ေခြးမိဖုရားၾကီး သူ႔ကိုသတ္ဖို႔ လာေနတာကို သြားျမင္တယ္။
ဒါနဲ႔ပဲ …
“ေၾသာ္ … ငါသနားျပီး ကယ္ထားတဲ့သူက ငါ့ကိုသတ္ဖို႔ လာေနၿပီ …. မိုက္မဲေလစြ …အင္း … သတၱ၀ါတခု ကံတခုေပပဲ …” လို႔စိတ္ထဲ ေတြးလိုက္မိတာနဲ႔ ျဗဳန္းဆို မိဖုရားအသြင္ကေန မူလနဂိုအတိုင္း ေခြးဘ၀ကူးေျပာင္းသြားၿပီး ဘဝႏွစ္ခုအကူး လမ္းခရီးေခ်ာက္ကမ္းပါးထဲ လိမ့္က်ေသဆံုးသြားပါေတာ႔တယ္။
ျမင့္ျမတ္တဲ့ ေနရာ ေရာက္ရင္ ျမင့္ျမတ္တဲ့ စိတ္ထားတတ္ရမယ္ ဆိုတဲ့ ရေသ့ႀကီးရဲ႕ မိန္႔ၾကားခ်က္ကို နားမေထာင္ တဲ့အတြက္ ေခြးမေလးဟာ ခုလို ဒုကၡေရာက္ရတယ္။
အေတြးအေခၚ အေျမာ္အျမင္ ဆင္ျခင္ဥာဏ္ နည္းပါးတဲ့သူမ်ဳိးကို ဘယ္လိုၾကီးမားတဲ့ ကရုဏာနဲ႔ ျမႇင့္တင္ေပးလို႔မွ မရဘူး …အဲလို ျမႇင့္တင္ေပးရင္ကိုယ္သာ ဒုကၡေတြ႕ရႏိုင္တယ္ဆိုတာမွတ္သားပါ။
ကိုယ္ကအျမင့္ေရာက္ေနရင္ ျမင့္ျမတ္စိတ္ထားရွိျကပါလို႔ ပုံျပင္ေလးဖတ္လို႔မွတ္သားနိုင္ျကပါေစ။
Ashin Marnita
#Unicode Version#
တခါတုန်းက တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေ စားလေ့ရှိပါတယ်။
ဒီ ထမလေစား(ထမင်းလုံး အလေ အလွင့်ကို စားသော)ခွေးမလေးဟာနေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ် ဖြစ်လာပြီး …လူအဖြစ်ကို ဖန်ဆင်းပေးလိုက်ပါတော့တယ်။
ဒီလိုနဲ့ ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေးဘဝကို ပြောင်းသွားတာပေါ့။ ရသေ့ကြီးဖန်ဆင်းထားတဲ့ မိန်းကလေးဆိုတော့လဲ ရုပ်ရည် ရူပကာဟာ အလွန်လှပချောမွေ့နေပါတော့တယ်။
ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာတနေ့တော့ … တောကစားထွက်လာတဲ့ ဘုရင်ကြီးတပါးက တွေ့သွားပါလေရော။ ဲ့ ဘုရင်ကြီးဟာ ထုံးစံအတိုင်း နှစ်သက်သဘောကျတော်မူတာပေါ့။ သူတို့နှစ်သက်ပြီ ဆိုမှဖြင့် ပိုင်ရှင် ရှိမရှိ မေးမြန်းပြီး (မေးလို့တော်သေးတာပေါ့) ဖခင်ဖြစ်သူ ရသေ့ကြီးထံမှာ တောင်းရမ်းပါတော့တယ်။
ဘုရင်မင်းမြတ် ကိုယ်တိုင်က တော်ကောက်တာဆိုတော့ ရသေ့ကြီးကလဲ ရုတ်တရက် ဒီမိန်းကလေးဟာ ခွေးမလေးပါ လို့ ပြောမထွက်ဘူးပေါ့။ဒါပေမဲ့ …အခုလို မင်းကြီးကို လျှောက်တင်မှာကြားပါတယ်။
“မြတ်သောမင်းကြီး …အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းကလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ်၊ ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်းရောက်တဲ့အခါ တစုံတရာ အပြစ်ကျူးလွန်မိခဲ့ပါလျှင် သနားသောအားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ”
ဘုရင်ကြီးကလဲ နောင်ခါလာနောင်ခါဈေး …အခု လောလောဆယ် ဒီမိန်းကလေးကိုရရင် ပြီးရောဆိုပြီး ခွင့်လွှတ်မှာဖြစ်ကြောင်း ပြောပြီး ခွေးမိန်းကလေးကို ခေါ်သွားပါလေရော။
ရသေ့ကြီးက ဘုရင်ကြီးကိုမှာကြားပြီးတဲ့နောက် ခွေးမိန်းကလေးကို …“ချစ်သမီး …မြင့်မြတ်တဲ့ နေရာရောက်ရင် … မြင့်မြတ်တဲ့စိတ်မွေးပါ …” ဆိုပြီး မှာကြားရပြန်ပါတယ်။ခွေးမိန်းကလေးကလဲ ကောင်းပါပြီ အဘရသေ့ကြီး ဆိုပြီး ဘုရင်ကြီးခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပါသတဲ့။
နန်းတော်ထဲရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာအထူးအဆန်းတွေချည်းမို့ အံ့ဘနန်းဖြစ်နေတာပေါ့။ ဘုရင်ကြီးကလဲ သူ့ကို သင်ကြားစရာရှိတာသင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရားမြှောက်လိုက်သတဲ့။ ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးမိဖုရားကြီးဖြစ်သွားတာပေါ့။
ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံးအဆင်ပြေပေမဲ့ တစုံတခုကြောင့် စိတ်ထဲ နေမထိ ထိုင်မထိဖြစ်နေပါတယ်။ဘာလဲဆိုတော့ သူဟာ ခွေးဘဝကလာသူဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင်နေပြီး ဖိနပ်သားရေတွေကို ကိုက်ချင်စိတ်ကို မနည်းအောင့်အီးထားရလို့ပါပဲ။
ဒီလိုနဲ့ လူခြေတိတ်တဲ့ ညရောက်တော့ … သူ့စိတ်ကို မထိမ်းနိုင်တော့တာနဲ့ ခြေနင်းဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေတရံပြီးတရံ ကိုက်ဝါးပါလေရော။
မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ နန်းတော်ထဲမှာ ကြွက်စီကြွက်စီနဲ့ပေါ့။ ဘယ်ကခွေးလေခွေလွင့်က ဝင်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော်တခုလုံး အုံးအုံးကျက်ကျက်နဲ့ ဖြစ်နေတယ်။ နန်းတော်ထဲ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပစ်ပေမဲ့ နောက်တညမှာလဲ ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ။ ဒီတော့ မဖြစ်ချေဘူး … မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြတာပေါ့။
ဒါကိုသိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ်မစားမိအောင် စိတ်ထိန်းတာပါပဲ။ ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ရတာမှ မဟုတ်ဘဲ။ ဆန္ဒ ဆိုတာလဲ ထိမ်းချုပ်ဖို့ ခက်သားလား။ ညရောက်တော့ သူ့စိတ်ကို သူ မလွန်ဆန်နိုင်ပြန်ဘူး။ သွားရေတမြားမြား ပါးစပ်တပြင်ပြင်နဲ့ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ။ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီးကိုတော့ ဘယ်သတိထားမိ မှာတုန်း။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေကိုက်ခံ လိုက်ရပြန်ပါရော။
ဒီလို ခဏခဏ ဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားတောဘုရင်ကြီးက ဖိနပ်ကိုက်သော ခွေးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင်ဖမ်းနိုင်ရင်ဖမ်း … မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ်လိုက်ပါတယ်။နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေးကော်မတီက နေ့ဆိုင်းညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတဲ့အခါသန်းခေါင်ကျော်လောက်လဲရောက်ချိန် …ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေက တွေ့သွားတော့ … တယောက်မျက်နှာတယောက်ကြည့်ပြီး ခေါင်းယမ်းကြတယ်။
ဘယ်လိုလုပ်ရပါ့ တကယ့်မီးခဲပဲ ဘုရင်ကြီးကို ဘယ်လိုလျှောက်တင်မလဲ ဖိနပ်တွေ ကိုက်နေတဲ့ခွေးကို မမိရင်လဲ ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည်။ ဖိနပ်စားတာ မိဖုရားကြီးပါလို့ ပြောရင်လဲ … ….
မနက်မိုးလင်းတော့ ညီလာခံမှာဘုရင်ကြီးက မေးပါတယ်။
ကဲ .. ဘယ်လိုလဲ … ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလား ပေါ့။ ခွေးမိဖုရားကလဲ နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများဖြေမလဲလို့ ရင်တထိတ်ထိတ်နဲ့ပေါ့။
မှူးမတ်တယောက်က ပြားပြားဝပ်ခစားနေရင်းက
“မှန်လှပါ … ဖိနပ်စားတဲ့ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့ တွေ့သော်လည်း ဖမ်းလို့ မမိပါဘုရား” လို့ လျှောက်တင်တော့ …
ဘုရင်ကြီးလဲ … ဒါဖြင့် ငါကိုယ်တော်မြတ်ကိုယ်တိုင် ဖမ်းမယ် လို့ မိန့်တော်မူလိုက်ပါသတဲ့။
အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့အတူ အိပ်ရာညောင်စောင်းထက်မှာ လဲလျောင်းနေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့။ ဒီညအဖို့ ဖိနပ်မစားဘဲနေရ ကောင်းမလားတော့တွေးမိပါရဲ့ သို့သော်လဲ ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင်ပေဘူး။ ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေ ရှိရာဆီကို သွားတယ်။ တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင်ဆောင်နေတာပါ။ ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေးလိုက်သွားပြီး ချောင်းကြည့်တဲ့အခါ..ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရပါးရ ကိုက်ဝါးနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။
ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး “ဟင်” ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီးလိုက်ချောင်းတာကို ခွေးမိဖုရားကြီးလဲ သိသွားတော့တာပေါ့။ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲပြန်သွားခွေနေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး။
ဒီမိန်းကလေးရဲ့ အကျင့်ဟာ ဆိုးလှချည့်။ ဒါကြောင့် ရသေ့ကြီးက ငါ့ကိုမှာတာ နေမှာ။ ဘယ်လိုလုပ်ရမလဲ … ဆက်ထားပြန်ရင်လဲ ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်းဖြစ်ကုန်မဲ့ အပြင် … အကြောင်းသိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာဖြစ်အုံးမယ်၊ ပြစ်ဒဏ်ပေးပြန်ရင်လဲ …. ရသေ့ကြီးကို ကတိဖျက်ရာကျမယ် … ။စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင်ဖြစ်နေပါတော့တယ်။
ခွေးမိဖုရားကြီးမှာ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ၊ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်းသိရင် ငါ့ကို သတ်မှာဘဲ။ဒီတော့ ငါက အရင် ရသေ့ကြီးဆီသွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာတွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ အပြေးအလွှားသွားပါတော့တယ်။
ရသေ့ကြီးဟာ ဈာန်အဘိဉာဉ်ရထားသူဆိုတော့ ခွေးမိဖုရားကြီး သူ့ကိုသတ်ဖို့ လာနေတာကို သွားမြင်တယ်။
ဒါနဲ့ပဲ …
“သြော် … ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကိုသတ်ဖို့ လာနေပြီ …. မိုက်မဲလေစွ …အင်း … သတ္တဝါတခု ကံတခုပေပဲ …” လို့စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရားအသွင်ကနေ မူလနဂိုအတိုင်း ခွေးဘဝကူးပြောင်းသွားပြီး ဘဝနှစ်ခုအကူး လမ်းခရီးချောက်ကမ်းပါးထဲ လိမ့်ကျသေဆုံးသွားပါတော့တယ်။
မြင့်မြတ်တဲ့ နေရာ ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင် တဲ့အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ်။
အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဉာဏ် နည်းပါးတဲ့သူမျိုးကို ဘယ်လိုကြီးမားတဲ့ ကရုဏာနဲ့ မြှင့်တင်ပေးလို့မှ မရဘူး …အဲလို မြှင့်တင်ပေးရင်ကိုယ်သာ ဒုက္ခတွေ့ရနိုင်တယ်ဆိုတာမှတ်သားပါ။
ကိုယ်ကအမြင့်ရောက်နေရင် မြင့်မြတ်စိတ်ထားရှိကြပါလို့ ပုံပြင်လေးဖတ်လို့မှတ်သားနိုင်ကြပါစေ။
Ashin Marnita
Wednesday, May 8, 2019
Burning Sun ရဲ႕ ေနာက္ဆက္တြဲ-၁
🌟Burning Sun ရဲ႕ ေနာက္ဆက္တြဲ-၁ 🌟
စာရွည္လို႔ ဖတ္မရတဲ့ သူေတြ အတြက္ အပိုင္းခြဲၿပီ ထပ္ တင္ေပးလိုက္ပါတယ္။
အပိုင္း-၁
( ေအာက္ပါ အေၾကာင္းအရာမ်ားတြင္ လိင္ကိစၥ အေၾကာင္းအရာမ်ား ပါဝင္ေနပါသျဖင့္ အသက္ ၁၈ ႏွစ္ ေအာက္မ်ား ဖတ္ရန္မသင့္ေၾကာင္း သတိေပးအပ္ပါသည္။)
🌟ပါလာဝန္ကြ်န္းဆြယ္က သူေဌး ေမြးေန႔🌟
ဘယ္သူမွ မေႏွာက္ယွက္ႏိုင္တဲ့ ေနရာ...။
ဘယ္သူမွ လာၿပီး အျပစ္မေျပာႏိုင္တဲ့ ေနရာ..။
ဒီေနရာဟာ သူတို႔ အတြက္ေတာ့ သိပ္ၿပီးအဆင္ေျပတဲ့ေနရာေပါ့။
သူတို႔အတြက္ ေပ်ာ္စရာေကာင္းတဲ့ေန႔ရက္ေလးကေတာ့ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၉ ရက္ျဖစ္တယ္..။
ေပ်ာ္စရာေတြ.. လၽွိဳ႕ဝွက္စရာေတြ... ရင္ခုန္စရာေတြ အျပည့္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ပါလာဝန္ ကြ်န္းဆြယ္..။
အဲဒီ ပါလာဝန္ (Palawan) ကြ်န္းဆြယ္တစ္ခုလံုးကို သူေဌးေလးတစ္ဦးက ငွားရမ္းလိုက္တယ္။
အဲဒီသူေဌးေလးက ေတာင္ကိုရီးယား က BIGBANG ဆိုတဲ့ နာမည္ႀကီး အဆိုေတာ္ အဖြဲ႕ရဲ႕ အငယ္ဆံုး အဆိုေတာ္ Seungri ... ႏိုင္ငံျခားသားေတြကေတာ့ ကိုရီးယား အသံမထြက္တတ္ေတာ့ သူ႔ကို Ri လို႔ေခၚၾကတယ္။
ပါလာဝန္ ကြ်န္းဆြယ္ကို Ri ဖိတ္ၾကားခဲ့တဲ့ ဧည့္သည္ေတြက ၁၅၀ ေလာက္ရွိတယ္လို႔ ပါလာဝန္ကြ်န္းဆြယ္က တာဝန္ရွိသူကေျပာတယ္။
" ငွားခနဲ႔ ပါတီလုပ္တာနဲ႔ဆိုရင္ သိန္း တစ္ေသာင္းေက်ာ္ က်တယ္ဗ်...၃ ရက္ေတာင္ငွားတာကိုး.. Ri ကေငြအကုန္ရွင္းခဲ့ပါတယ္ "
အဲဒီေန႔ဟာ အဆိုေတာ္ သူေဌးေလး Ri ရဲ႕ ေမြးေန႔ပြဲျဖစ္ပါတယ္။
***********************
သူေဌးရဲ႕ေမြးေန႔ပြဲကို အဖိတ္ခံရတဲ့ မိန္းကေလးေတြ အမ်ိဳးအစား ႏွစ္မ်ိဳးပဲရွိတယ္။
ေခ်ာေပ့ လွေပ့ ဆိုတဲ့ မိန္းမလွေလးေတြ..။
႐ုပ္ရည္မေခ်ာပဲ ခ်မ္းသာေပ့ဆိုတဲ့ သူေဌးမေလးေတြ...။
ေယာက္်ားေလးေတြကေရာ..?
Ri ရဲ႕ အႏုပညာေလာက သူငယ္ခ်င္းေတြ၊ ၿပီးေတာ့ စီးပြားေရးမွာ အလြန္ေအာင္ျမင္တဲ့ Ri ရဲ႕ စီးပြားေရး လုပ္ငန္း နဲ႔ ဆက္စပ္ေနတဲ့ သူေဌးေတြ...။
သူေဌးေတြ နဲ႔ မိန္းမလွေလးေတြရဲ႕ ၃ ရက္ဆက္တိုက္ ပါတီပြဲႀကီးေပါ့...။
သူတို႔ဟာ ေန႔လယ္ဖက္မွာ အေရးႀကီးတဲ့ စီးပြားေရးလုပ္ငန္းတစ္ခု အေၾကာင္း ေဆြးေႏြးၾက...။
ညဖက္ေရာက္ေတာ့ ရင္ခုန္ဖို႔ေကာင္းတဲ့ ဂီတေအာက္မွာ အရက္... ေဆးလိပ္ေငြ႕ေတြၾကားက မိန္းမလွေလးေတြ...မူးယစ္ေဆးဝါးေတြနဲ႔ ေပါင္းစပ္လိုက္ေတာ့ အားလံုး နတ္ျပည္ေရာက္သြားၾကသလို...။
***********************
“Happy Birthday To You!!!”
Ri ရဲ႕ ၂၇ ျပည့္ ေမြးေန႔ ဆုေတာင္းၿပီး မီး႐ွဴးမီးပန္းေတြ ေဖာက္ၾကတယ္။
ပါလာဝန္ ကြ်န္းတစ္ခုလံုး မီး႐ွဳးမီးပန္းေတြနဲ႔ လွပသြားတယ္။
မီးပန္းေတြကလည္း ေစ်းႀကီးပ...သိန္း ၂၀၀ တဲ့။
ေတာင္ကိုရီးယားႏိုင္ငံ BIGBANG အဖြဲ႕က အဆိုေတာ္Ri ရဲ႕ ပါလာဝန္ ေမြးေန႔ပါတီက အဲဒီလို ႀကီးက်ယ္ ခန္းနားလွပါတယ္..။
***********************
VIP ဧည့္သည္ေတြကို Ri က တစ္ေယာက္ခ်င္း နာမည္ေခၚေပးတယ္။Ri က မိုက္ခ္ကို ကိုင္းၿပီး အဂၤလိပ္လိုေျပာလိုက္တယ္။
" သူေဌးမႀကီး လင္း( Lin ) ...ျဖစ္ပါတယ္ခင္ဗ်ာ...! အခုလို လာေရာက္ခ်ီးျမႇင့္တဲ့အတြက္ ေက်းဇူးအထူးတင္ပါတယ္.."
အသက္ သိပ္မႀကီးေသးတဲ့ ဘီလီယန္နာ သူေဌးမႀကီး လင္း က အားလံုးကို လက္ျပလိုက္တယ္။
ပရိတ္သတ္ႀကီးက ၾသဘာေပးလိုက္တယ္။
" အင္ဒိုနီးရွား ဂ်ာကာတာက လာတဲ့ ***ကို ႀကိဳဆိုပါတယ္ ခင္ဗ်ာ..သူမက အင္ဒိုနီးရွားမွာ အလြန္နာမည္ႀကီးတဲ့ ႐ုပ္ရွင္မင္းသမီးေလးေပါ့ "
"ေယး" ပရိတ္သတ္ႀကီးက လက္ခုပ္ၾသဘာ ေပးၾကတယ္။
အဲဒီ ေမြးေန႔ပြဲကို ေဟာင္ေကာင္က အလြန္နာမည္ႀကီးတဲ့ ႏိုင္ငံေရး သမားႀကီးရဲ႕ သားလည္း အဲဒီပါတီကို တက္ေရာက္ခဲ့တယ္။
ဂ်ပန္ (Japan)၊ တ႐ုတ္ (China)၊ ေဟာင္ေကာင္ (Hong Kong)၊ ထိုင္ဝမ္ (Taiwan)၊ စင္ကာပူ (Singapore)၊ မေလးရွား (Malaysia)၊ဗီယက္နမ္ ( Vietnam)၊ ထိုင္း (Thailand)အင္ဒိုနီးရွား ( Indonesia ) က တကယ့္ ခ်မ္းသာတဲ့ သူေဌးႀကီးေတြ၊ အႏုပညာရွင္ေတြ တက္ေရာက္ၾကတယ္။
Ri ကို အသည္းစြဲခ်စ္ၾကတာ အေရွ႕ေတာင္ အာရွဘက္က မ်ားတယ္ေလ။
ဒီပါတီရဲ႕ ဇာတ္လိုက္ကေတာ့ အဆိုေတာ္ Ri ..။
***********************
ပါလာဝန္ ေမြးေန႔ပြဲ အေၾကာင္းကို Ri က အကုန္လံုးေတာ့ လၽွိဳ့ဝွက္မထားပါဘူး။
" အစ္ကိုေတြ မရွိဘူးဆိုၿပီး ပါလာဝန္ကြ်န္းဆြယ္တစ္ခုလံုး ငွားၿပီး ကဲေနတာလားဗ်..?" လို႔ ၂၀၁၈ ခုႏွစ္ ၈ လပိုင္း ၁၃ ရက္ေန႔ ႐ုပ္ျမင္သံၾကား စကားဝိုင္းတစ္ခုမွာ အေမးခံရေတာ့ ဒီလို ေျပာျပခဲ့တယ္။
" သူငယ္ခ်င္းေတြ ဧည့္သည္ေတြ အတြက္ ဘြတ္ကင္လုပ္ေပးခဲ့တာဗ်..."
***********************
Ri ဟာ ေတာင္ကိုရီးယား လုလင္ပ်ိဳေတြ အားက်ရတဲ့ ဟီး႐ိုးတစ္ေယာက္...။
႐ုပ္ရည္ေခ်ာေမာမႈ
ေအာင္ျမင္ ေက်ာ္ၾကား မႈ
ေငြေၾကးခ်မ္းသာမႈ ... သူ႔မွာ အကုန္ရွိတယ္။
ဘာလိုေသးလဲ...။
***********************
ပထမေတာ့ Ri ဟာ BIGBANG အဖြဲ႕ဝင္
G-Dragon
T.O.P
Taeyang
Daesung တို႔လို အဆိုေတာ္ တစ္ေယာက္ပါပဲ..။ သူတို႔ကို ညီအကို ၅ ေယာက္လို႔ ျပည္သူေတြက ခ်စ္စႏိုးေခၚၾကတယ္။
၂၀၁၈ ခုႏွစ္ ဇူလိုင္လက သူေျပာခဲ့တာ “ ကြ်န္ေတာ့္ ကုမၸဏီက ေခါက္ဆြဲစေရာင္းေနၿပီဗ်...biotechnology နဲ႔ nanotechnology ဘက္မွာ အရင္းအႏွီး စထည့္ေနၿပီ။"
" ကြ်န္ေတာ့္ဝင္ေငြက အစ္ကို G.Dragon သံုးတဲ့ေငြ အပံုတစ္ရာပံုရင္ တစ္ပံုေတာင္ မရွိဘူးဗ်.."
G.Dragon က သီခ်င္းတစ္ပုဒ္ေရးရင္ပဲ သိန္း ၈၀၀၀ ...ေလ။
ဒါေပမယ့္ Ri... အခ်ိန္ အနည္းငယ္အတြင္းမွာ အစ္ကိုေတြထက္ တစ္ဟုန္ထိုး ခ်မ္းသာလာတယ္။ ပါလာဝန္မွာ ေမြးေန႔ပြဲႀကီး က်င္းပလိုက္တယ္။
Ri က ႀကိဳးစားတယ္ေလ...။ အေပါင္း အသင္းဆန္႔တယ္။ အဆက္အသြယ္ေကာင္းတယ္။
Ri က စီးပြားေရးဘက္မွာ လာဘ္ျမင္တဲ့ လူငယ္တစ္ေယာက္။ သူ႔ဆီမွာ အႏုပညာ အေပါင္းသင္းေတြရွိတယ္။ Kpop ဆိုတာ ကမ႓ာက အသိအမွတ္ျပဳထားတာေလ။ တစ္ဖက္မွာ Ri ရဲ႕ဖန္ေတြ.. သူတို႔က ႏိုင္ငံတကာ စီးပြားသမား သူေဌးေတြ။ ဒီ ႏွစ္ခုကို ဆက္စပ္ၿပီး စီးပြားေရး တစ္ခု လုပ္ဖို႔ သူ ဆုံးျဖတ္ခဲ့တယ္..။
Ri ဟာ သူ႔ရဲ႕ အႏုပညာ သူငယ္ခ်င္းေတြနဲ႔ ေပါင္းၿပီး သူတို႔ တတ္တဲ့ အႏုပညာ အရည္အခ်င္းေတြ အရင္းစိုက္ထုတ္မယ္။ ႏိုင္ငံတကာ စီးပြားေရးသမားေတြက ေငြအရင္း စိုက္ထုတ္မယ္။
ပါလာဝန္က အစည္းအေဝးက သိပ္အေရးႀကီးခဲ့တာေပါ့။ စီးပြားေရးတစ္ခုရဲ႕ ပထမေျခလွမ္းကို စတင္လိုက္တာျဖစ္တယ္။
အဲဒါကေတာ့ လူခ်မ္းသာေတြေနတဲ့ ဂန္နမ္းဆိုတဲ့ေနရာမွာ ႏိုက္ကလပ္ဖြင့္လိုက္တာပဲ...။
***********************
***********************
***********************
🌟 Club Burning Sun 🌟
ေထာက္လွမ္းေရးေတြက Ri ရဲ႕ ပါလာဝန္ ေမြးေန႔ပြဲကို တက္ေရာက္တဲ့သူေတြ အေၾကာင္း တစ္ေယာက္ခ်င္း ေလ့လာ ဆက္စပ္လိုက္ေတာ့ Burning Sun ရဲ႕ ျဖစ္တည္မႈကို သေဘာေပါက္နားလည္သြားၾကတယ္။
ဒီလို နားလည္ဖို႔ ၃ လေက်ာ္ အခ်ိန္ၾကာခဲ့တာေပါ့။
***********************
ပါလာဝန္မွာ Ri ေမြးေန႔ပါတီလုပ္ၿပီး မၾကာခင္မွာပဲ Ri ဟာ ေတာင္ကိုရီးယားမွာ Le Méridien ဆိုတဲ့ ဟိုတယ္ ေျမေအာက္ထပ္မွာ Burning Sun Club ကိုဖြင့္တယ္ေလ။
ဒါဟာ Ri ရဲ႕ ဂန္နမ္း ဒုတိယေျမာက္ေျခလွမ္းျဖစ္တယ္။ ၂၀၁၆ ခုႏွစ္က ဂန္နမ္းမွာ Monkey Museum ဆိုတဲ့ ကလပ္နာမည္ႀကီး ကလပ္တစ္ခုကို စဖြင့္ေတာ့ ကလပ္လုပ္ငန္းနဲ႔ စီးပြားျဖစ္တယ္ဆိုတဲ့ အိုင္ဒီယာကို ရခဲ့တာေပါ့။ ဂန္နမ္းကလူေတြ ေငြအသံုးၾကမ္းတယ္ေလ။
အဲဒီ Burning Sun ဆိုတဲ့ Club ကေတာ့ Ri ပါလာဝန္ကြ်န္းဆြယ္မွာ ပါတီမလုပ္ခင္ ၂၀၁၇ ခုႏွစ္ ၁၁ လပိုင္းမွာ ခြင့္ျပဳခ်က္ရယူ ခဲ့တာျဖစ္တယ္။
တကယ့္ဖြင့္ပြဲကေတာ့ ၂၀၁၈ ခုႏွစ္ ၂ လပိုင္း ၂၃ ရက္ေန႔မွာ လုပ္ခဲ့တယ္။
***********************
ကလပ္လုပ္ငန္းက အဆိုေတာ္ေတြျဖစ္တဲ့ သူတို႔အတြက္ ဘာလို႔ စီးပြားျဖစ္လဲ...?
အဆိုေတာ္ေတြရွိရင္ ဖန္ေတြရွိတယ္။ အဆိုေတာ္ေတြကိုေတြ႕ဖူးခ်င္တဲ့ ရင္ႏွီးခ်င္တဲ့ မိန္းမလွေလးေတြလာမယ္။ မိန္းမလွေလးေတြရွိတဲ့ေနရာဆို ေယာက္်ားေလးေတြ ဝိုင္းအံုလာမယ္...။ ဒါ ထံုးစံ...။
ဂန္နမ္းဆိုတဲ့ ေနရာက ကလပ္ကို ေငြ သံုးႏိုင္ျဖဳန္းႏိုင္တဲ့ လူေတြေလာက္ပဲ လာႏိုင္ၾကတယ္။ အရက္မူးေနတဲ့ လူခ်မ္းသာေတြရဲ႕ေငြေတြရဖို႔ဆိုတာ မခက္ေတာ့ဘူးေလ။
***********************
Ri က ၂၀၁၈ ခုႏွစ္ ၃ လပိုင္း ၁၆ ရက္ MBC ဆိုတဲ့ ႐ုပ္ျမင္သံၾကားမွာ Burning Sun နဲ႔ပတ္သက္ၿပီး ဒီလိုေျပာခဲ့တယ္။
" လူေတြက ဒီလို လြယ္လြယ္ပဲေတြးၾကမယ္။ အႏုပညာသည္ေတြ လုပ္တဲ့ စီးပြားေရးလုပ္ငန္းဟာ နာမည္ငွား ၊ ႐ုပ္ထြက္ျပရင္ ၿပီးေရာလို႔။"
" ကြ်န္ေတာ့္ အတြက္ေတာ့ ဒီလို မဟုတ္ပါဘူး။ ကြ်န္ေတာ္ Burning Sun ကို ေအာက္ေျခကစၿပီး အကုန္ႀကီးၾကပ္တာပါ။ တကယ့္ကို ပင္ပင္ပန္းပန္း လုပ္ေနတာပါ.."
ဒါေၾကာင့္ ေတာင္ကိုရီးယားမွာ Burning Sun ဆိုတဲ့ နာမည္ထက္ အဲဒီကလပ္ကို Seungri Club လို႔ေခၚၾကတဲ့အတြက္ Ri တစ္ေယာက္တည္း ပိုင္တာပဲလို႔ အားလံုးက ထင္ေနၾကတာေပါ့။ သူက ႐ုပ္ျမင္သံၾကားမွာ အဲလိုေျပာခဲ့တာကိုး။
***********************
Burning Sun Club ဟာလည္း တကယ့္ကို ေအာင္ျမင္ခဲ့တယ္။
Burning Sun က ထင္ထားတာထက္ေငြေတြ အမ်ားႀကီးရခဲ့တယ္။ ေစ်းအေပါဆံုး ရွန္ပိန္တစ္ပုလင္းေတာင္ ၈ သိန္း နီးပါးက စၿပီး သိန္း တစ္ေထာင္အထိ...။
Burning Sun ကို တ႐ုတ္သူေဌးေတြ အမ်ားဆံုးလာတယ္။ Ri က တ႐ုတ္ျပည္ဖက္မွာ သိပ္ၿပီး နာမည္ႀကီးတာကိုး။
အခ်ိဳ႕ တ႐ုတ္သူေဌးေတြဆို တစ္ေန႔တည္း သိန္း ႏွစ္ေထာင္ သံုးပစ္တာ။
***********************
၂၀၁၈ ခုႏွစ္ ၁၁ လပိုင္း ၂၄ ရက္ေန႔အထိ သူတို႔ အားလံုး အဆင္ေျပေနခဲ့ေသးတယ္။
အဲဒီေန႔မွာ Burning Sun ကလပ္ အထာကိုမသိ... သူငယ္ခ်င္းဖိတ္လို႔ ေမြးေန႔ပြဲကိုလာတဲ့ ကင္မ္ (Kim) ဆိုတဲ့ လူငယ္တစ္ေယာက္ အဲ့ဒီမွာ အႏိုင္က်င့္ ထိုးႀကိတ္ျခင္းကို ခံလိုက္ရတယ္။
မခံမရပ္ႏိုင္ျဖစ္ေနတဲ့ ကင္မ္ဟာ ရဲစခန္းကို ကိုယ္တိုင္ ဖုန္းဆက္ခဲ့တယ္။ ဒါေပမယ့္ တကယ့္လက္ေတြ႕မွာ အဖမ္းခံရတာ ကင္မ္...။
ကင္မ္က မခ်မ္းသာေပမယ့္ ၿငိမ္ခံေနတဲ့သူေတာ့ မဟုတ္ ။ဒီသတင္းကို တစ္ႏိုင္ငံလံုး ျဖန္႔ပစ္ခဲ့တယ္။
ကင္မ္ျဖန္႔ပစ္တဲ့သတင္းက အ႐ိုက္ခံရတဲ့သတင္းပါပဲ။ ဒါေပမယ့္ Burning Sun လွဳိ့ဝွက္ခ်က္ေတြ ဆက္တိုက္ ထြက္လာတယ္။
" Burning Sun Club မွာ ျပည့္တန္ဆာလုပ္ငန္းေတြ ရွိပါတယ္"
" Burning Sun Club မွာ မူးယစ္ေဆးဝါးေတြ သံုးစြဲေနၾကပါတယ္.."
" Burning Sun Club မွာ မိန္းကေလးေတြ အဓမၼက်င့္ခံေနရပါတယ္"
"Burning Sun Club မွာ ေငြျဖဴ၊ ေငြမည္း၊ အခြန္ ျပႆနာေတြျဖစ္ေနပါတယ္..."
***********************
Club Burning Sun ျပႆနာ စတာနဲ႔ ျပည္သူေတြ နဲ႔ ရဲ ေထာက္လွမ္းေရးေတြဟာ အဆိုေတာ္ Ri ကိုပဲ အာ႐ုံစိုက္လာခဲ့တယ္။
ျပည္သူေတြက Ri ပိုင္ရွင္ဆိုေတာ့ ျဖစ္သမွ်ျပႆနာ သူ႔တာဝန္လို႔ အလြယ္ေတြးၾကတာေပါ့။
အဲဒီ ကလပ္က Ri နဲ႔ သူ႔ သူငယ္ခ်င္း Lee Moon Ho စပ္တူ စတင္ ထူေထာင္တယ္ဆိုတာ Burning Sun ျပႆနာေတြတက္ေတာ့မွ လူေတြက သိၾကတာ..။ ဒါေပမယ့္ ရဲဖက္ကေတာ့ သူငယ္ခ်င္း Lee Moon Ho က အမည္ခံပဲလို႔ ယူဆၾကတယ္။
ဒါေၾကာင့္ Burning Sun အမႈအေၾကာင္းေျပာရင္ Ri အေၾကာင္းကို ခ်န္ထားလို႔မရဘူး။ Ri က အဓိက ဇာတ္ေကာင္ပါပဲ။
Burning Sun အစိုးရဆီမွာ တရားဝင္စာရင္းတင္ထားတဲ့ ရွယ္ယာအစုဝင္ေတြက ဒီလိုျဖစ္တယ္။
Ri နဲ႔ အတူ ပါလာဝန္ ေမြးေန႔ပါတီ မွာရွိေနခဲ့တဲ့ သူငယ္ခ်င္း Lee Moon Ho - ၁၀ %
Burning Sun ကလပ္ ရွိတဲ့အေဆာက္အဦး Le Méridien ဟိုတယ္ပိုင္ရွင္ Lee S.H - ၅၀ %
Ri နဲ႔ Yul In Suk စပ္တူတည္ေထာင္ထားတဲ့ Yori Holdings ကုမၸဏီ အမည္နဲ႔ -၂၀ %
အျခားႏိုင္ငံက ႏိုင္ငံျခားသားတစ္ေယာက္ - ၂၀ %
တရား ဥပေဒအရ ၾကည့္မယ္ဆို Ri ရဲ႕ နာမည္မပါဘူး။ Ri ဟာ အစကတည္းက စီးပြားေရးလုပ္ငန္းေတြကို သူတစ္ဦးတည္း နာမည္နဲ႔ မလုပ္ခဲ့ဘူး။ အဲဒါလည္း အေၾကာင္းရွိတယ္။
ဒါေပမယ့္ Ri ဟာ သူတည္ေထာင္ခဲ့တာပါလို႔ ႐ုပ္ျမင္သံၾကားမွာ ဘာလို႔ေျပာခဲ့သလဲ..?
ကလပ္ကို ေၾကျငာဖို႔ သက္သက္ပဲလား..?
ဒါဆို ကိုယ့္စီးပြားေရး မဟုတ္ဘဲ Burning Sun မွာ ဘာလို႔ တကယ္အလုပ္ႀကိဳးစားၿပီး လုပ္ေနခဲ့တာလဲ..?
ကိုယ္ေယာင္ေဖ်ာက္ထားတဲ့ ႏိုင္ငံျခားသားကေရာ ဘယ္သူလဲ...?
စံုစမ္းၾကေတာ့တယ္။
***********************
ကိုယ္ေယာင္ေဖ်ာက္ထားတဲ့ ႏိုင္ငံျခားသားအစုရွယ္ယာဝင္က ထိုင္ဝမ္ဖက္က လင္း Lin ဆိုတဲ့ ဘီလီယံနာ သူေဌးမႀကီး။
သူမပိုင္တဲ့ ေလာင္းကစား website တစ္ခုတည္းနဲ႔တင္ တစ္ေန႔ ေဒၚလာ ၁၃သန္းေလာက္ အသာေလးရွာႏိုင္တဲ့ တကယ့္ သူေဌးမႀကီး..။
ၿပီးေတာ့ သူေဌးမႀကီး လင္းက Ri နဲ႔ G-Dragon ကို သိပ္ခ်စ္တဲ့ VVVIP fan ေလ။
ဒါေၾကာင့္ Ri က လင္း နဲ႔ အဆက္အသြယ္ရသြားတယ္။ ေငြေတြ ထားစရာမရွိတဲ့ သူေဌးမႀကီး လင္းက ၂၀၁၆ ခုႏွစ္မွာ Yuri Holdings ဆိုတဲ့ ဂ်ပန္ဖက္စပ္ ကုမၸဏီကို ေထာင္ဖို႔ Ri ကို တစ္ဖက္လွည့္နဲ႔ အရင္းအႏွီးထုတ္ေပးလိုက္တာျဖစ္တယ္။
ၿပီးေတာ့ ေနာက္တစ္ဆင့္။
Ri က Yuri Holdings ကုမၸဏီ အမည္နဲ႔ Monkey Museum Club ကိုမၾကာခင္မွာ တည္ေထာင္ခဲ့တယ္။ အဲဒီ ကလပ္ကို စားေသာက္ဆိုင္လို႔ မွတ္ပံုတင္ခဲ့ေပမယ့္ တကယ့္တကယ္ေတာ့ အရက္ေသာက္၊ က လို႔ရတဲ့ ကလပ္ျဖစ္တယ္။
ၿပီးေတာ့ တတိယေျခလွမ္း...။
Yuri Holdings ကုမၸဏီ အမည္နဲ႔ပဲ ပိုႀကီးတဲ့ Burning Sun Club ...။
ၿပီးေတာ့ အျခား အျခား စီးပြားေရးလုပ္ငန္းေတြ တစ္ခုၿပီးတစ္ခု ...။
ပန္ဒါေလးလို႔ နာမည္ႀကီးတဲ့ Ri ကိုခ်စ္တဲ့ VVVIP Fan လင္း က Ri ကို သူေဌးေလးျဖစ္ေအာင္ အဲဒီလို တြန္းတင္ခဲ့တယ္။
အဲဒီမွာ ႀကိဳးစားတဲ့ Ri နဲ႔ ေငြရွိတဲ့ လင္း ႏွစ္ေယာက္ေပါင္းေတာ့ စီးပြားေရးလုပ္ငန္းေတြ ေအာင္ျမင္လာတာေပါ့။
ဒါေၾကာင့္ Burning Sun ကလပ္ရဲ႕ ရင္းႏွီးျမႇုတ္ႏွံမႈေတြမွာ သူေဌးမႀကီး လင္းလည္းပါတာေပါ့။ ေဒၚလာ ၉ သိန္းနီးပါးပဲ။
သူေဌးမႀကီး လင္းရဲ႕ ေငြမည္းေတြကို ေငြျဖဴျဖစ္ေစတဲ့ ေနရာကလည္း Burning Sun ပဲျဖစ္တယ္။ လင္းလည္း အက်ိဳးရွိတာေပါ့။
လင္းဟာ သူခ်စ္တဲ့ အဆိုေတာ္ ပန္ဒါေလး Ri ကို ေငြတိုက္႐ိုက္ေပးလို႔မရတဲ့အတြက္ ရင္းႏွီးျမႇုတ္ႏွံတယ္ဆိုၿပီး သြယ္ဝိုက္ ကူညီေနတာလို႔ ေထာက္လွမ္းေရးေတြက ခန္႔မွန္းၾကတယ္။
ဘာေၾကာင့္လဲဆိုေတာ့ လင္းက သိန္း တစ္ေသာင္းတန္ တိုက္ခန္းတစ္ခုကို Yori Holdings ကုမၸဏီ နာမည္နဲ႔ ဝယ္ေပးထားတယ္ေလ။
ဒါေၾကာင့္ လက္ေတြ႕မွာ Ri ဟာ Burning Sun ရဲ႕ ၅၀ % ပိုင္တယ္လို႔ မွန္းဆၾကတယ္။ မွန္းဆၾကတာ တရား မဝင္ပါဘူး။ တရားဥပေဒအရ Ri က ေခတၱစစ္မႈထမ္းေဆာင္ဖို႔အတြက္ Burning Sun က ႏႈတ္ထြက္ထားၿပီျဖစ္တယ္။
Burning Sun ဆိုတာ Ri နဲ႔ မပတ္သက္ေၾကာင္းကို Ri က သက္ေသျပႏိုင္ပါမွ ေထာင္ထဲမဝင္ရမွာေလ...။
***********************
***********************
***********************
စာရွည္လို႔ ဖတ္မရတဲ့ သူေတြ အတြက္ အပိုင္းခြဲၿပီ ထပ္ တင္ေပးလိုက္ပါတယ္။
အပိုင္း-၂
http://www.themeltingpot4u.com/2019/05/burning-sun_8.html
https://www.facebook.com/100015987859439/posts/460316947844563?sfns=mo
Saturday, January 19, 2019
ေၾကြလြင့္ခဲ့ရတဲ႔ ေက်ာင္းသူေလးတစ္ေယာက္ရဲ႕၀မ္းနည္းစရာ ျဖစ္ရပ္
အတၱေၾကာင့္ ေႂကြလြင့္ခဲ့ေသာ ပန္းေလးတစ္ပြင့္ …!
” ဆရာမ သမီး မခိုးပါဘူး ”” သမီး မခိုးရင္ ဒီစာအုပ္က ဘယ္လိုလုပ္ သမီး လြယ္အိတ္ထဲ ေရာက္ေနတာလဲ ”” ဒါေတာ့သမီးလည္း မသိပါဘူး။ ဒါေပမယ့္ ဒီစာအုပ္ကို တစ္ကယ္ မခိုးခဲ့ပါဘူးရွင့္ ။ ဘုရားေပးေပး က်မ္းေပးေပးပါ ဆရာမရယ္ သမီး မခိုးခဲ့ပါဘူး..ဟီး … ဟီး ,.. ဟီး ”
“ခုမွ ငိုျပ မေနနဲ႕ေတာ့။ အခုက လက္ပူးလက္ၾကပ္ သက္ေသနဲ႕တစ္ကြ မိတာ။ ရွင္းျပခ်က္ေပးခ်င္ရင္ မနက္ျဖန္ သမီးရဲ႕ အုပ္ထိန္းသူေခၚၿပီး ေက်ာင္းအုပ္ႀကီးနဲ႕ေတြ႕ၿပီးေျပာေပါ့ ။
ခုေတာ့ ဆရာမ စာသင္ေတာ့မယ္ ။ စာအုပ္ပိုင္ရွင္လည္း ေပ်ာက္တဲ့ စာအုပ္ျပန္ေတြ႕ၿပီဆိုေတာ့ ေက်နပ္လိုက္ေတာ့ ။ အားလုံး မွတ္ထားၾကပါ သူတစ္ပါးပစၥည္း ခိုးရင္ ငရဲေရာက္တာေနာက္မွ လက္ရွိ အခ်ိန္မွာ ခုလို ဖမ္းမိ သြားရင္ အရွက္ကဲြၿပီး ႏွစ္ခါျပန္ေသေနရတာ အတူတူပဲ။အက်င့္ပ်က္တယ္ ဆိုတာ ဆရာမအတန္းထဲမွာ မရွိေစရဘူး။ ကဲ – စာသင္ရေအာင္ စာမ်က္ႏွာ ၅၉ ကိုလွန္ အားလုံးျမန္ျမန္လုပ္ၾက ”
” ဟုတ္ကဲ့ ဆရာမ ”ဒီေန႔ ကြ်န္မ အတန္းတြင္ စိတ္ပ်က္ဖြယ္ရာ ကိစၥမ်ားက ေစာင့္ႀကိဳေနသည္။ တစ္ေန႔တာရဲ႕ စာသင္ခ်ိန္းတစ္ ဝက္ ကုန္ဆုံးၿပီး အားလပ္ခ်ိန္ ဆင္းၿပီးေနာက္ စာသင္ခန္းထဲျပန္ဝင္ခ်ိန္တြင္ ကြ်န္မ အတန္းထဲက ေက်ာင္းသူေလး တစ္ေယာက္ ငိုယိုၿပီး စာအုပ္ေပ်ာက္ လာတိုင္သည္။
ကြ်န္မ ကိုင္တြယ္ေနသည့္ အတန္းသည္ ေျခာက္တန္း ! တန္းခဲြ အားလုံးထဲတြင္ အေတာ္ဆုံး အတန္းျဖစ္ေန ရမည္။ စာရိတၱေကာင္းေသာ ယဥ္ေက်း လိမၼာေသာ စာေတာ္ေသာ စည္းကမ္းရွိေသာ ဟူသည့္ စံနမူနာမ်ားျဖင့္ ျပည့္ေနရမည္။ကြ်န္မလိုခ်င္ေသာ ပုံစံခြက္ အတိုင္း အတန္းထဲက ကေလးအားလုံးကို ပုံသြင္းထား သည္။ဒါေၾကာင့္ ကြ်န္မ အႏုနည္း အၾကမ္းနည္း နည္းေပါင္းမ်ားစြာ သုံးခဲ့ရသည္။ ထိုေၾကာင့္ ေက်ာင္းသူ/ သား မ်ားၾကားတြင္ နာမည္ေက်ာ္ၾကားေလသည္ ။
ဆရာမ ေဒၚဂ်မ္းပုံ သည္ ကြ်န္မ ၏ နာမည္အရင္း မဟုတ္ေသာ္လည္း တိုးတိုးႏွင့္ၾကားေနရေသာ ကြ်န္မ၏ နာမည္ေျပာင္ပင္။ စိတ္ဓာတ္ စည္းကမ္း ပညာအရာတြင္ ထိပ္ဆုံးျဖစ္လိုေသာ ကြ်န္မ အတန္း၏ တိုင္တန္းမႈသည္ ခိုးမႈ။ ကြ်န္မ အတန္းတြင္ ဆိုဆုံးမ၍ မရေသာ ေက်ာင္းသူ/သားမ်ား လုံးဝ မလိုပါ။ ေသခ်ာ ကိုင္တြယ္ေျဖရွင္းရမည္ ။
စာအုပ္ေပ်ာက္ လာတိုင္ေသာ ေက်ာင္းသူေလးသည္ မ်က္ရည္ က်လ်က္ ေပ်ာက္သြားေသာ စာအုပ္ သည္ ႏိူင္ငံျခားေရာက္ေနေသာ အကိုျဖစ္သူက လက္ေဆာင္ေပးထားသည့္ စာအုပ္ျဖစ္ေၾကာင္း ငိုရင္းနဲ႕ေျပာျပ သည္ ။သူမ တန္ဖိုးထားရေသာ စာအုပ္ျဖစ္သည့္အတြက္ ျပန္လိုခ်င္ေၾကာင္း ထပ္ေျပာသည္။ ဒါေၾကာင့္ အက်င့္ ပ်က္ေသာ စာအုပ္ သူခိုးကိုလည္း ကြ်န္မ ဒီအတိုင္း လႊတ္မထားႏိူင္ပါ။ အက်င့္ျပင္တန္ျပင္ မျပင္ပါက အုပ္ထိန္းသူေခၚခိုင္းၿပီး ေက်ာင္းအုပ္ရုံးခန္းသို႔ ပို႔ရမည္ ။
တစ္ခန္းလုံး လြယ္အိတ္ေတြကို စာေရးခုံေပၚတြင္ တင္ခိုင္းလိုက္ေလသည္။ စာအုပ္ေပ်ာက္ေသာ ေက်ာင္းသူအား တစ္ေယာက္ခ်င္း၏ လြယ္အိတ္ေတြကို လိုက္လံ စစ္ေဆးခိုင္းေလသည္ ။ေက်ာင္းသူေလးသည္ လြယ္အိတ္ တစ္လုံးၿပီး တစ္လုံး စစ္ေဆးၿပီးေနာက္ အေရွ႕တန္း ၅ ခုံေျမာက္တြင္ စာအုပ္ေပ်ာက္ရွာေဖြျခင္း ရပ္ဆိုင္းလိုက္သည္။ ပန္းႏုေရာင္ စာအုပ္ေလးကို ကိုင္တြယ္ၿပီး ထြက္လာသည္။ ၾကား ရသည့္ ကိုယ့္နားကိုပင္ မယုံႏိူင္ပါ။ ဒီ စာအုပ္အား ” ႏွင္းႏြယ္ေအာင္ ” လြယ္အိတ္မွ ေတြ႕ခဲ့သည္လို႔ ေျပာပါသည္ ။
ထိုေက်ာင္းသူသည္ ကြ်န္မ အတန္းထဲတြင္ အေတာ္ဆုံး အေအးဆုံး အလိမၼာဆုံး ေက်ာင္းသူျဖစ္သည္ ။ သူမတြင္ မိဘမ်ား မရွိေတာ့ဟု မိဘမဲ့ မိန္းခေလး သီးသန္႔ေက်ာင္းက ဆရာမႀကီးက ေက်ာင္းလာအပ္ကတည္းက ေျပာျပခဲ့သည္ ။ထို မိဘမဲ့ေက်ာင္းက ဆရာမႀကီး ကိုယ္တိုင္ကလည္း စည္းကမ္း ထိန္းသိမ္းေရးဝါဒ ကို လက္ကိုင္စဲြထားသူတစ္ဦးပင္။ ဘာအတြက္ေၾကာင့္ ဒီကေလးမ အက်င့္ပ်က္ရသည့္ကို မေတြးတတ္ပါ ။
ကြ်န္မေမးတိုင္း ” ဒီစာအုပ္ သမီးမခိုးပါဘူး ” အႀကိမ္ႀကိမ္ ထြက္ဆိုေနသျဖင့္ စိတ္လည္းတိုလာသည္။ ခိုး သည့္ အျပင္ ဝန္မခံတတ္ေသာ လူမ်ိဳးသည္ အက်င့္မေကာင္းေသာ သူမ်ားျဖစ္သည္။ ကြ်န္မေနာက္ဆုံး Warning အေနျဖင့္ သူမ အုပ္ထိန္းသူကို ေက်ာင္းအုပ္ႀကီးဆီ ေခၚလာခိုင္းပါသည္ ။
” ဆရာႀကီး ။ ေက်ာင္းသူတစ္ေယာက္ ေက်ာင္းေပၚက ခုန္ခ်လို႔။ အလံတိုင္နားေလးမွာ ေသြးေတြလည္း အိုင္လို႔ဗ် ”ေက်ာင္းေစာင့္ႀကီးရဲ႕အသံသည္ အစည္းေဝး လုပ္ေနေသာ ခန္းမႀကီးကို လႊမ္းသြားသည္ ။မနက္ပိုင္းေက်ာင္းလြတ္ခ်ိန္ၿပီး၍ ေက်ာင္းအုပ္ႀကီးက အစည္းေဝးေခၚတာေၾကာင့္ ဆရာ/မ အားလုံးလည္းစုံေနေသာ အစည္းေဝးခန္းထဲတြင္ အာေမဋိတ္မ်ား သံၿပိဳင္ ကိုယ္စီႏွင့္ ဝရုန္းသုန္းကား အျပင္ေျပးထြက္ေတာ့သည္။ ကြ်န္မလည္း ရင္ ထိတ္ထိတ္ပ်ာပ်ာျဖင့္ ဆရာအုပ္ႀကီးၾကား တိုးေဝွ႕ၾကည့္လိုက္သည္ ။
ေသြးအိုင္ထဲတြင္ ေက်ာင္းဝတ္စုံတို႕ အေရာင္ေျပာင္းကုန္ၿပီးျဖစ္ေသာ ကြ်န္မ အတန္းထဲကေက်ာင္းသူေလးသည္ ေသြးစြန္းေနေသာ စကၠဴေလးကို လက္ထဲတြင္ က်စ္က်စ္ ပါေအာင္ ဆုပ္ကိုင္ၿပီး ေသဆုံးေနသည္ကို ေတြ႕လိုက္ရေတာ့ ကြ်န္မေသြးမ်ား ေျပာင္းျပန္စီးသလို ခံစားရၿပီး မိုက္ခနဲျဖစ္သြားသည္။ ကြ်န္မယူႀကံဳးမရျဖစ္ခါ ေအာ္ငိုခ်မိသည္ ။
ကြ်န္မ စိုက္ပ်ိဳးခဲ့ေသာ ပန္းေလးတစ္ပြင့္ ရုတ္တရက္ ေၾကြလႊင့္သြားပါလား။ ကြ်န္မ ဆိုေသာ အတၱ ဒီဆရာမသည္ စည္းကမ္းေသသပ္သည္ ဟူေသာ ကြ်န္မ သတ္မွတ္ထားသည့္ေခါင္းစဥ္မ်ားေအာက္တြင္ ရိုးသားျဖဴ စင္ေသာ ေက်ာင္းသူေလး တစ္ေယာက္၏ ဘဝ တစ္ခု ပ်က္သုဥ္းသြားေစခဲ့သည္ ။
ေက်ာင္းသူေလး၏ ေနာက္ဆုံးစာဟု ထင္ရေသာ ညာဘက္လက္ထဲက စာရြက္ ညစ္ညစ္ေလးကို အသာအယာ ယူၿပီး ေျဖထုတ္ ဖတ္ၾကည့္လိုက္သည္။ မ်က္ရည္ေပါင္းမ်ားစြာက တစိမ့္စိမ့္ ယိုစီးလာသည္။ အခ်ိန္မတန္ဘဲ မရင့္က်က္ေသးဘဲ ေသဆုံးသြားေသာ ေက်ာင္းသူေလး လက္ထဲက စာသည္ ကြ်န္မအတြက္ ယူႀကံဳးမရေသာ ႏႈတ္ဆက္စာျဖစ္လာခဲ့သည္ ။
” ဆရာမရွင့္ ”
” တပည့္မိုက္ တစ္ေယာက္ကို ခြင့္မလႊတ္ပါနဲ႕ ။ ဆရာမႏွင့္ ေက်ာင္းရွိ ဆရာ/ မ မ်ားအားလုံးအေပၚ သမီးကံငါးပါးႏွင့္ ျပစ္မွားမိခဲ့တာရွိေသာ္ သမီးကို အားလုံး ခြင့္လႊတ္ေပးၾကပါ။သမီး ေနာက္ဆုံးအႀကိမ္ထိ ရိုးသားခဲ့တာေၾကာင့္ ဒီစာအုပ္ေလးကို လုံးဝ မခိုးပါဘူးလို႕ ဝန္ခံပါရေစ ။
သမီး ငယ္ငယ္ ကတည္းက မိဘ မရွိခဲ့တာေၾကာင့္ ဆရာမက သမီးကို အက်င့္ပ်က္သူလို႕ ထင္ေကာင္းထင္ပါလိမ့္မယ္။ သမီးဟာ မိဘမဲ့ေဂဟာ စေရာက္ကတည္းက ဆရာမႀကီးရဲ႕ လမ္းညႊန္မႈေအာက္မွာ နာခံခဲ့ၿပီး စာရိတၱလည္း လုံးဝမေဖာက္ျပားခဲ့ပါဘူး။ ေက်ာင္းတက္ေနတဲ့ ကာလ တစ္ေလွ်ာက္လုံးလည္း သူမ်ားရဲ႕ ခဲတံတိုေလး တစ္ေခ်ာင္းေတာင္မွ မခိုးခဲ့ဖူးပါဘူး ။
ဒီေန႔ ဆရာမ စြပ္စဲြခံရတာ အရမ္း နာက်င္ ခံစားရပါတယ္။ ဆရာမ အတန္းထဲက ထြက္သြားေတာ့ တစ္ခန္းလုံးက သမီးကို ( Stolen student ) လို႔ ေလွာင္ၾကတယ္။ သမီး အရမ္းရွက္တာပဲ ဆရာမရယ္။ သမီးေလ ဒီလို စြပ္စဲြရတာလည္း အတိတ္ဘဝက ဝဋ္ေႂကြးေၾကာင့္ထင္ပါတယ္ ။
သူတို႔ကိုလည္း ေျပာေပးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက္နဲ႕ရင္းၿပီး သက္ေသျပခဲ့ပါတယ္လို႔။ သမီးရဲ႕ မိဘမဲ့ေဂဟာက ဆရာမႀကီးကိုလည္းေျပာေပးပါ သမီးေၾကာင့္ ဆရာမႀကီး ခုလို အရွက္ကဲြ မခံေစ ခ်င္လို႔ စိတ္မပူေစခ်င္လို႔ သမီးရဲ႕ကိစၥကို သမီးရွင္းေအာင္ လုပ္သြားခဲ့ပါတယ္ ။
ဆရာမရဲ႕ ျပ႒ာန္းထားတဲ့ စည္းကမ္းေတြေအာက္မွာ အမည္းစက္ ထင္ခဲ့တဲ့ သမီးရဲ႕ အျပစ္ ကိုလည္း ဖ်က္ေပး ပါေနာ္။ သမီးရဲ႕ ျဖဴစင္ရိုးသားမႈကို ေနာက္ဆုံး အေနနဲ႕ သက္ေသျပလိုက္ပါတယ္။ သမီး ဒီီလို မလုပ္ သင့္ေပမယ့္ ႀကံမိ ႀကံရာ လုပ္ခဲ့လို႔ ဒီစာကို ဖတ္ေနတဲ့ ဆရာမကိုလည္း ခြင့္လႊတ္ပါလို႔ သမီးမေတာင္းဆိုေတာ့ပါဘူး ။
သမီးေလ အရမ္းေၾကာက္တယ္ ဆရာမရယ္။ ဒီစာကိုေရးေနတဲ့အခ်ိန္မွာေရာ ခုန္ခ်ေတာ့မယ့္ အခ်ိန္မွာေရာ သမီး ကို တားမယ့္သူ သမီးနားမွာ တစ္ေယာက္မွ မရွိၾကဘူး။ သမီး မေသခ်င္ေသးဘူး ဆရာမရယ္ … ”
တပည့္မိုက္ (ႏွင္းႏြယ္ေအာင္)
စာဖတ္ၿပီး က်မရဲ႕ ႏွလုံးအိမ္တို႔ အရည္ေပ်ာ္ကုန္ခဲ့ရသည္။ ႏွလုံးသား မရွိေသာ က်မ စည္းကမ္းကို ေရွ႕တန္းတင္ခဲ့ေသာ က်မ ဂုဏ္ပုဒ္ သိကၡာေတြ ရေစဖို႔အတြက္ ျပႆနာေျဖရွင္းမႈ ညံ႕ဖ်င္းခဲ့ေသာ က်မ စာေလး တစ္ေစာင္ေၾကာင့္ ႏွလုံးသားကဲြေၾကရပါၿပီ ။
ျဖဴစင္ရိုးသားေသာ ကေလးကိုမွ သူခိုးျဖစ္ေစခဲ့သည္။ ဒဏ္ရာမ်ားနဲ႕ အေတာင္က်ိဳးေနေသာ ငွက္ကေလးကိုမွ ရိုက္သတ္မိခဲ့သည္။ ကြ်န္မအား ဆရာမလို႔ေခၚထိုက္စရာ တစ္ကြက္မွ မရွိေတာ့ပါ။
ေသြးစြန္းေနေသာ စာရြက္ေလးကို တင္းတင္းဆုတ္ကိုင္ထားေနစဥ္ ကြ်န္မေဘးနားကို တိုးတုိးေလးကပ္ လာေျပာသေယာင္ ” သမီးကို ခြင့္မလႊတ္ပါနဲ႕ သမီးမေသခ်င္ေသးဘူး ဆရာမရယ္ ” ဟူေသာ အသံေတြက ဆူညံပြတ္ေလာက္ရိုက္ေနၿပီး ေက်ာင္းသူေလးကို မ်က္လုံးထဲ ျမင္ေယာင္ကာ ကတၱရားလမ္းေပၚတြင္ ကြ်န္မလဲက်သြားေလသည္။
” ဆရာမ သမီးမေသခ်င္ေသးဘူး ဆရာမရယ္ ။ သမီးစာအုပ္ကို လုံးဝ မခိုးပါဘူး ။ သမီးေၾကာက္တယ္။ သမီးဘယ္ေနရာေရာက္ေနမွန္းမသိဘူး ေမွာင္မဲေနတာဘဲ။ ”” သမီးေရ ဆရာမကို ခြင့္မလႊတ္ပါနဲ႕ကြယ္။ ဆရာမ စည္းကမ္းခ်က္ေတြကို ေရွ႕တန္း တင္ခဲ့မိတဲ့ အမွားေၾကာင့္ သမီးကို ဘဝျခားသြားေစခဲ့ၿပီ။ ဆရာမ မွားပါၿပီကြယ္ ။ ေနာက္ဘဝဆိုတာ ရွိခဲ့ရင္ ဆရာမဆီျပန္လာခဲ့ပါ သမီးေက်နပ္ေလာက္တဲ့အထိ ဒူးေထာက္ၿပီး ေတာင္းပန္ပါ့မယ္။”
” ဆရာမ -သမီးကို ကတိတစ္ခု ေပးပါ ။ ဆရာမ စာဆက္သင္ပါအုံးမယ္လို႔ ။ ပန္းကေလးေတြကို သမီးလို အေလအလႊင့္မရွိပဲ ျပဳစုပ်ိဳးေထာင္ပါ့မယ္လို႔ ကတိေပးပါ။ ဆရာမ ကတိေပးရင္ သမီးလြတ္လြတ္လပ္လပ္နဲ႕ ခရီးဆက္ေတာ့မယ္။ ဆရာမ သမီးကို ကတိေပးမယ္မလား ”” ေပးပါတယ္ သမီးရယ္ ”
“သမီးသြားေတာ့မယ္ ႏႈတ္ဆက္ခဲ့ပါတယ္ ဆရာမရယ္ ”” သမီး… သမီး … သမီးေလး ”ကြ်န္မေအာ္ရင္း လန္႔ႏိူးလာခဲ့သည္။ အိမ္မက္ထဲတြင္ ေသသြားေသာေက်ာင္းသူေလးသည္ ေက်ာင္းဝတ္စုံေလးႏွင့္ေနာက္ဆုံး အခ်ိန္ထိ ကြ်န္မ ကို ခြန္အား သတၱိေတြ လာေပးသြားသည္ ။
ေမာဟိုက္စြာ တစ္ဒိတ္ဒိတ္ ခုန္ေနေသာ ႏွလုံးတို႔သည္ အေမေပးေသာ ေရတစ္ခြက္ကို ေသာက္ၿပီး ခဏၿငိမ္ေနေတာ့သည္။ အခုေတာ့ ဘဝသစ္ကို ျပန္စမည္ ေျခလွမ္းသစ္တိုင္းတြင္ လက္ထဲက ေသြးစြန္းေနတဲ့စာရြက္ေလးက အားအင္ ျပဳေပးေနေတာ့သည္ ။
” ဒို႔ေက်ာင္း ”
ပန္းကေလးမ်ား ပြင့္ေတာ့မည္
ဖူးတံဝင့္လို႔ခ်ီ
ေနျခည္မွာ ေရႊရည္ေလာင္း
ငါတို႕ စာသင္ေက်ာင္း ”
ကေလးမ်ား သံၿပိဳင္ရြတ္ဆိုေသာ ကဗ်ာေလးသည္ နံနက္ခင္းတြင္ ပီျပင္စြာေတးဆိုေနေသာ ငွက္ကေလးမ်ားႏွယ္။ ကြ်န္မ ၿပံဳးေပ်ာ္ေနသည္ ။ ရြာတစ္ရြာ၏ မူလတန္းစာသင္တန္းေက်ာင္းတြင္ ေျပာင္းေရြ႕ တာဝန္ခ်ခံရေသာ္လည္း ကြ်န္မ ထူးၿပီး ေစာဒက တတ္မေနေတာ့ပါ။
အခုဆို ကြ်န္မေဘာင္မေခတ္ပဲ ပန္းကေလးေတြ ပ်ိဳးတတ္လာၿပီ။ ကေလးေတြရဲ႕ အၿပံဳးကို စားသုံးရင္း တစ္ႏွစ္ၿပီး တစ္ႏွစ္ေက်ာ္လြန္ လာခဲ့သည္မွာ သုံးႏွစ္တိုင္ျပည့္ေတာ့မည္။ စိတ္ေတြလည္း အေတာ္ပင္တည္ၿငိမ္ခဲ့သည္။သုံံးႏွစ္ၾကာခဲ့ၿပီ ဆိုေသာ္လည္း အတိတ္က ေၾကြလႊင့္ခဲ့ေသာ ပန္းေလးအေၾကာင္းေတြးမိတိုင္း တစ္ဖန္ပူေႏြးလာစၿမဲ ။
ေက်ာင္းမေျပာင္းေရြ႕ရခင္ ေနာက္ဆုံးသင္ခဲ့ရသည့္ေန႕တြင္ စာအုပ္ေပ်ာက္လာတိုင္ေသာ ေက်ာင္းသူေလးက သူ႔အျပစ္ကို လာဝန္ခံခဲ့သည္။ သူမရဲ႕ မနာလိုစိတ္ေၾကာင့္ ေသခဲ့ရသည္ဟု ရႈိက္ငိုရင္း ေျပာရွာပါသည္။အတန္းထဲတြင္ လတိုင္း အဆင့္ ၁ ရေသာ ႏွင္းႏြယ္ေအာင္ ကိုၾကည့္မရလို႔ မုန္႔စားဆင္းခ်ိန္တြင္ ႏွင္းႏြယ္ေအာင္ လြယ္အိတ္ထဲတြင္ သူမကိုယ္တိုင္ သြာထည့္ထားၿပီး လုပ္ႀကံခဲ့တာဟု ဝန္ခံခဲ့သည္။
ေထာင္းထာင္း ေၾကေနေသာစိတ္ႏွင့္သာ အျပစ္လုပ္ေသာ ကေလးမကို ေက်ာင္းစည္းမ်ဥ္း အရ ေက်ာင္းထုတ္ လိုက္ပါသည္။ ကြ်န္မလည္း ထိုေက်ာင္းႏွင့္ေဝးရာကို ဇာတ္ျမွုဳပ္ေနထိုင္ခဲ့ပါသည္။ အခုဆို ကြ်န္မပ်ိဳးထားေသာ ပန္းပြင့္ငုံေလးမ်ား လန္းဆန္းလွ်က္ ရွင္သန္ေနပါတယ္။ ကြ်န္မ ရဲ ႕အေတြးေတြ ျဖန္႔က်က္ေနစဥ္တြင္…
” ဆရာမ ”
” သားကို ဘုန္းဘုန္းေပးထားတဲ့ စာအုပ္ သာဂိ ခိုးထားတယ္။ ”ကြ်န္မ အာရုံေတြ စုစည္းလိုက္သည္။ ကြ်န္မ ဒီတစ္ခါ ကိုင္တြယ္မႈ မမွားခ်င္ေတာ့ပါ။ လြန္ခဲ့ေသာ ႏွစ္ႏွစ္ေက်ာ္ေလာက္က ေသဆုံးသြားေသာေက်ာင္းသူေလးအား ဖ်တ္ခနဲ သတိရလိုက္သည္။
ဒိုင္ယာရီ စာအုပ္ၾကားက ေသြးစြန္းေနေသာ စာရြက္ေလးကို ဖြင့္ၾကည့္ရင္း..။
ပ်ဴမခ (ေကာ့ေသာင္း)
Unicode
အတ္တကြောင့် ကြွေလွင့်ခဲ့သော ပန်းလေးတစ်ပွင့် …!
” ဆရာမ သမီး မခိုးပါဘူး ”” သမီး မခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် သမီး လွယ်အိတ်ထဲ ရောက်နေတာလဲ ”” ဒါတော့သမီးလည်း မသိပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို တစ်ကယ် မခိုးခဲ့ပါဘူးရှင့် ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာမရယ် သမီး မခိုးခဲ့ပါဘူး..ဟီး … ဟီး ,.. ဟီး ”
“ခုမှ ငိုပြ မနေနဲ့တော့။ အခုက လက်ပူးလက်ကြပ် သက်သေနဲ့တစ်ကွ မိတာ။ ရှင်းပြချက်ပေးချင်ရင် မနက်ဖြန် သမီးရဲ့ အုပ်ထိန်းသူခေါ်ပြီး ကျောင်းအုပ်ကြီးနဲ့တွေ့ပြီးပြောပေါ့ ။
ခုတော့ ဆရာမ စာသင်တော့မယ် ။ စာအုပ်ပိုင်ရှင်လည်း ပျောက်တဲ့ စာအုပ်ပြန်တွေ့ပြီဆိုတော့ ကျေနပ်လိုက်တော့ ။ အားလုံး မှတ်ထားကြပါ သူတစ်ပါးပစ္စည်း ခိုးရင် ငရဲရောက်တာနောက်မှ လက်ရှိ အချိန်မှာ ခုလို ဖမ်းမိ သွားရင် အရှက်ကွဲပြီး နှစ်ခါပြန်သေနေရတာ အတူတူပဲ။အကျင့်ပျက်တယ် ဆိုတာ ဆရာမအတန်းထဲမှာ မရှိစေရဘူး။ ကဲ – စာသင်ရအောင် စာမျက်နှာ ၅၉ ကိုလှန် အားလုံးမြန်မြန်လုပ်ကြ ”
” ဟုတ်ကဲ့ ဆရာမ ”ဒီနေ့ ကျွန်မ အတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများက စောင့်ကြိုနေသည်။ တစ်နေ့တာရဲ့ စာသင်ချိန်းတစ် ဝက် ကုန်ဆုံးပြီး အားလပ်ချိန် ဆင်းပြီးနောက် စာသင်ခန်းထဲပြန်ဝင်ချိန်တွင် ကျွန်မ အတန်းထဲက ကျောင်းသူလေး တစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်သည်။
ကျွန်မ ကိုင်တွယ်နေသည့် အတန်းသည် ခြောက်တန်း ! တန်းခွဲ အားလုံးထဲတွင် အတော်ဆုံး အတန်းဖြစ်နေ ရမည်။ စာရိတ္တကောင်းသော ယဉ်ကျေး လိမ္မာသော စာတော်သော စည်းကမ်းရှိသော ဟူသည့် စံနမူနာများဖြင့် ပြည့်နေရမည်။ကျွန်မလိုချင်သော ပုံစံခွက် အတိုင်း အတန်းထဲက ကလေးအားလုံးကို ပုံသွင်းထား သည်။ဒါကြောင့် ကျွန်မ အနုနည်း အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့ရသည်။ ထိုကြောင့် ကျောင်းသူ/ သား များကြားတွင် နာမည်ကျော်ကြားလေသည် ။
ဆရာမ ဒေါ်ဂျမ်းပုံ သည် ကျွန်မ ၏ နာမည်အရင်း မဟုတ်သော်လည်း တိုးတိုးနှင့်ကြားနေရသော ကျွန်မ၏ နာမည်ပြောင်ပင်။ စိတ်ဓာတ် စည်းကမ်း ပညာအရာတွင် ထိပ်ဆုံးဖြစ်လိုသော ကျွန်မ အတန်း၏ တိုင်တန်းမှုသည် ခိုးမှု။ ကျွန်မ အတန်းတွင် ဆိုဆုံးမ၍ မရသော ကျောင်းသူ/သားများ လုံးဝ မလိုပါ။ သေချာ ကိုင်တွယ်ဖြေရှင်းရမည် ။
စာအုပ်ပျောက် လာတိုင်သော ကျောင်းသူလေးသည် မျက်ရည် ကျလျက် ပျောက်သွားသော စာအုပ် သည် နိူင်ငံခြားရောက်နေသော အကိုဖြစ်သူက လက်ဆောင်ပေးထားသည့် စာအုပ်ဖြစ်ကြောင်း ငိုရင်းနဲ့ပြောပြ သည် ။သူမ တန်ဖိုးထားရသော စာအုပ်ဖြစ်သည့်အတွက် ပြန်လိုချင်ကြောင်း ထပ်ပြောသည်။ ဒါကြောင့် အကျင့် ပျက်သော စာအုပ် သူခိုးကိုလည်း ကျွန်မ ဒီအတိုင်း လွှတ်မထားနိူင်ပါ။ အကျင့်ပြင်တန်ပြင် မပြင်ပါက အုပ်ထိန်းသူခေါ်ခိုင်းပြီး ကျောင်းအုပ်ရုံးခန်းသို့ ပို့ရမည် ။
တစ်ခန်းလုံး လွယ်အိတ်တွေကို စာရေးခုံပေါ်တွင် တင်ခိုင်းလိုက်လေသည်။ စာအုပ်ပျောက်သော ကျောင်းသူအား တစ်ယောက်ချင်း၏ လွယ်အိတ်တွေကို လိုက်လံ စစ်ဆေးခိုင်းလေသည် ။ကျောင်းသူလေးသည် လွယ်အိတ် တစ်လုံးပြီး တစ်လုံး စစ်ဆေးပြီးနောက် အရှေ့တန်း ၅ ခုံမြောက်တွင် စာအုပ်ပျောက်ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။ ပန်းနုရောင် စာအုပ်လေးကို ကိုင်တွယ်ပြီး ထွက်လာသည်။ ကြား ရသည့် ကိုယ့်နားကိုပင် မယုံနိူင်ပါ။ ဒီ စာအုပ်အား ” နှင်းနွယ်အောင် ” လွယ်အိတ်မှ တွေ့ခဲ့သည်လို့ ပြောပါသည် ။
ထိုကျောင်းသူသည် ကျွန်မ အတန်းထဲတွင် အတော်ဆုံး အအေးဆုံး အလိမ္မာဆုံး ကျောင်းသူဖြစ်သည် ။ သူမတွင် မိဘများ မရှိတော့ဟု မိဘမဲ့ မိန်းခလေး သီးသန့်ကျောင်းက ဆရာမကြီးက ကျောင်းလာအပ်ကတည်းက ပြောပြခဲ့သည် ။ထို မိဘမဲ့ကျောင်းက ဆရာမကြီး ကိုယ်တိုင်ကလည်း စည်းကမ်း ထိန်းသိမ်းရေးဝါဒ ကို လက်ကိုင်စွဲထားသူတစ်ဦးပင်။ ဘာအတွက်ကြောင့် ဒီကလေးမ အကျင့်ပျက်ရသည့်ကို မတွေးတတ်ပါ ။
ကျွန်မမေးတိုင်း ” ဒီစာအုပ် သမီးမခိုးပါဘူး ” အကြိမ်ကြိမ် ထွက်ဆိုနေသဖြင့် စိတ်လည်းတိုလာသည်။ ခိုး သည့် အပြင် ဝန်မခံတတ်သော လူမျိုးသည် အကျင့်မကောင်းသော သူများဖြစ်သည်။ ကျွန်မနောက်ဆုံး Warning အနေဖြင့် သူမ အုပ်ထိန်းသူကို ကျောင်းအုပ်ကြီးဆီ ခေါ်လာခိုင်းပါသည် ။
” ဆရာကြီး ။ ကျောင်းသူတစ်ယောက် ကျောင်းပေါ်က ခုန်ချလို့။ အလံတိုင်နားလေးမှာ သွေးတွေလည်း အိုင်လို့ဗျ ”ကျောင်းစောင့်ကြီးရဲ့အသံသည် အစည်းဝေး လုပ်နေသော ခန်းမကြီးကို လွှမ်းသွားသည် ။မနက်ပိုင်းကျောင်းလွတ်ချိန်ပြီး၍ ကျောင်းအုပ်ကြီးက အစည်းဝေးခေါ်တာကြောင့် ဆရာ/မ အားလုံးလည်းစုံနေသော အစည်းဝေးခန်းထဲတွင် အာမေဋိတ်များ သံပြိုင် ကိုယ်စီနှင့် ဝရုန်းသုန်းကား အပြင်ပြေးထွက်တော့သည်။ ကျွန်မလည်း ရင် ထိတ်ထိတ်ပျာပျာဖြင့် ဆရာအုပ်ကြီးကြား တိုးဝှေ့ကြည့်လိုက်သည် ။
သွေးအိုင်ထဲတွင် ကျောင်းဝတ်စုံတို့ အရောင်ပြောင်းကုန်ပြီးဖြစ်သော ကျွန်မ အတန်းထဲကကျောင်းသူလေးသည် သွေးစွန်းနေသော စက္ကူလေးကို လက်ထဲတွင် ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ပြီး သေဆုံးနေသည်ကို တွေ့လိုက်ရတော့ ကျွန်မသွေးများ ပြောင်းပြန်စီးသလို ခံစားရပြီး မိုက်ခနဲဖြစ်သွားသည်။ ကျွန်မယူကြုံးမရဖြစ်ခါ အော်ငိုချမိသည် ။
ကျွန်မ စိုက်ပျိုးခဲ့သော ပန်းလေးတစ်ပွင့် ရုတ်တရက် ကြွေလွှင့်သွားပါလား။ ကျွန်မ ဆိုသော အတ္တ ဒီဆရာမသည် စည်းကမ်းသေသပ်သည် ဟူသော ကျွန်မ သတ်မှတ်ထားသည့်ခေါင်းစဉ်များအောက်တွင် ရိုးသားဖြူ စင်သော ကျောင်းသူလေး တစ်ယောက်၏ ဘဝ တစ်ခု ပျက်သုဉ်းသွားစေခဲ့သည် ။
ကျောင်းသူလေး၏ နောက်ဆုံးစာဟု ထင်ရသော ညာဘက်လက်ထဲက စာရွက် ညစ်ညစ်လေးကို အသာအယာ ယူပြီး ဖြေထုတ် ဖတ်ကြည့်လိုက်သည်။ မျက်ရည်ပေါင်းများစွာက တစိမ့်စိမ့် ယိုစီးလာသည်။ အချိန်မတန်ဘဲ မရင့်ကျက်သေးဘဲ သေဆုံးသွားသော ကျောင်းသူလေး လက်ထဲက စာသည် ကျွန်မအတွက် ယူကြုံးမရသော နှုတ်ဆက်စာဖြစ်လာခဲ့သည် ။
” ဆရာမရှင့် ”
” တပည့်မိုက် တစ်ယောက်ကို ခွင့်မလွှတ်ပါနဲ့ ။ ဆရာမနှင့် ကျောင်းရှိ ဆရာ/ မ များအားလုံးအပေါ် သမီးကံငါးပါးနှင့် ပြစ်မှားမိခဲ့တာရှိသော် သမီးကို အားလုံး ခွင့်လွှတ်ပေးကြပါ။သမီး နောက်ဆုံးအကြိမ်ထိ ရိုးသားခဲ့တာကြောင့် ဒီစာအုပ်လေးကို လုံးဝ မခိုးပါဘူးလို့ ဝန်ခံပါရစေ ။
သမီး ငယ်ငယ် ကတည်းက မိဘ မရှိခဲ့တာကြောင့် ဆရာမက သမီးကို အကျင့်ပျက်သူလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သမီးဟာ မိဘမဲ့ဂေဟာ စရောက်ကတည်းက ဆရာမကြီးရဲ့ လမ်းညွှန်မှုအောက်မှာ နာခံခဲ့ပြီး စာရိတ္တလည်း လုံးဝမဖောက်ပြားခဲ့ပါဘူး။ ကျောင်းတက်နေတဲ့ ကာလ တစ်လျှောက်လုံးလည်း သူများရဲ့ ခဲတံတိုလေး တစ်ချောင်းတောင်မှ မခိုးခဲ့ဖူးပါဘူး ။
ဒီနေ့ ဆရာမ စွပ်စွဲခံရတာ အရမ်း နာကျင် ခံစားရပါတယ်။ ဆရာမ အတန်းထဲက ထွက်သွားတော့ တစ်ခန်းလုံးက သမီးကို ( Stolen student ) လို့ လှောင်ကြတယ်။ သမီး အရမ်းရှက်တာပဲ ဆရာမရယ်။ သမီးလေ ဒီလို စွပ်စွဲရတာလည်း အတိတ်ဘဝက ဝဋ်ကြွေးကြောင့်ထင်ပါတယ် ။
သူတို့ကိုလည်း ပြောပေးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက်နဲ့ရင်းပြီး သက်သေပြခဲ့ပါတယ်လို့။ သမီးရဲ့ မိဘမဲ့ဂေဟာက ဆရာမကြီးကိုလည်းပြောပေးပါ သမီးကြောင့် ဆရာမကြီး ခုလို အရှက်ကွဲ မခံစေ ချင်လို့ စိတ်မပူစေချင်လို့ သမီးရဲ့ကိစ္စကို သမီးရှင်းအောင် လုပ်သွားခဲ့ပါတယ် ။
ဆရာမရဲ့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေအောက်မှာ အမည်းစက် ထင်ခဲ့တဲ့ သမီးရဲ့ အပြစ် ကိုလည်း ဖျက်ပေး ပါနော်။ သမီးရဲ့ ဖြူစင်ရိုးသားမှုကို နောက်ဆုံး အနေနဲ့ သက်သေပြလိုက်ပါတယ်။ သမီး ဒီလို မလုပ် သင့်ပေမယ့် ကြံမိ ကြံရာ လုပ်ခဲ့လို့ ဒီစာကို ဖတ်နေတဲ့ ဆရာမကိုလည်း ခွင့်လွှတ်ပါလို့ သမီးမတောင်းဆိုတော့ပါဘူး ။
သမီးလေ အရမ်းကြောက်တယ် ဆရာမရယ်။ ဒီစာကိုရေးနေတဲ့အချိန်မှာရော ခုန်ချတော့မယ့် အချိန်မှာရော သမီး ကို တားမယ့်သူ သမီးနားမှာ တစ်ယောက်မှ မရှိကြဘူး။ သမီး မသေချင်သေးဘူး ဆရာမရယ် … ”
တပည့်မိုက် (နှင်းနွယ်အောင်)
စာဖတ်ပြီး ကျမရဲ့ နှလုံးအိမ်တို့ အရည်ပျော်ကုန်ခဲ့ရသည်။ နှလုံးသား မရှိသော ကျမ စည်းကမ်းကို ရှေ့တန်းတင်ခဲ့သော ကျမ ဂုဏ်ပုဒ် သိက္ခာတွေ ရစေဖို့အတွက် ပြဿနာဖြေရှင်းမှု ညံ့ဖျင်းခဲ့သော ကျမ စာလေး တစ်စောင်ကြောင့် နှလုံးသားကွဲကြေရပါပြီ ။
ဖြူစင်ရိုးသားသော ကလေးကိုမှ သူခိုးဖြစ်စေခဲ့သည်။ ဒဏ်ရာများနဲ့ အတောင်ကျိုးနေသော ငှက်ကလေးကိုမှ ရိုက်သတ်မိခဲ့သည်။ ကျွန်မအား ဆရာမလို့ခေါ်ထိုက်စရာ တစ်ကွက်မှ မရှိတော့ပါ။
သွေးစွန်းနေသော စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ထားနေစဉ် ကျွန်မဘေးနားကို တိုးတိုးလေးကပ် လာပြောသယောင် ” သမီးကို ခွင့်မလွှတ်ပါနဲ့ သမီးမသေချင်သေးဘူး ဆရာမရယ် ” ဟူသော အသံတွေက ဆူညံပွတ်လောက်ရိုက်နေပြီး ကျောင်းသူလေးကို မျက်လုံးထဲ မြင်ယောင်ကာ ကတ္တရားလမ်းပေါ်တွင် ကျွန်မလဲကျသွားလေသည်။
” ဆရာမ သမီးမသေချင်သေးဘူး ဆရာမရယ် ။ သမီးစာအုပ်ကို လုံးဝ မခိုးပါဘူး ။ သမီးကြောက်တယ်။ သမီးဘယ်နေရာရောက်နေမှန်းမသိဘူး မှောင်မဲနေတာဘဲ။ ”” သမီးရေ ဆရာမကို ခွင့်မလွှတ်ပါနဲ့ကွယ်။ ဆရာမ စည်းကမ်းချက်တွေကို ရှေ့တန်း တင်ခဲ့မိတဲ့ အမှားကြောင့် သမီးကို ဘဝခြားသွားစေခဲ့ပြီ။ ဆရာမ မှားပါပြီကွယ် ။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ဆရာမဆီပြန်လာခဲ့ပါ သမီးကျေနပ်လောက်တဲ့အထိ ဒူးထောက်ပြီး တောင်းပန်ပါ့မယ်။”
” ဆရာမ -သမီးကို ကတိတစ်ခု ပေးပါ ။ ဆရာမ စာဆက်သင်ပါအုံးမယ်လို့ ။ ပန်းကလေးတွေကို သမီးလို အလေအလွှင့်မရှိပဲ ပြုစုပျိုးထောင်ပါ့မယ်လို့ ကတိပေးပါ။ ဆရာမ ကတိပေးရင် သမီးလွတ်လွတ်လပ်လပ်နဲ့ ခရီးဆက်တော့မယ်။ ဆရာမ သမီးကို ကတိပေးမယ်မလား ”” ပေးပါတယ် သမီးရယ် ”
“သမီးသွားတော့မယ် နှုတ်ဆက်ခဲ့ပါတယ် ဆရာမရယ် ”” သမီး… သမီး … သမီးလေး ”ကျွန်မအော်ရင်း လန့်နိူးလာခဲ့သည်။ အိမ်မက်ထဲတွင် သေသွားသောကျောင်းသူလေးသည် ကျောင်းဝတ်စုံလေးနှင့်နောက်ဆုံး အချိန်ထိ ကျွန်မ ကို ခွန်အား သတ္တိတွေ လာပေးသွားသည် ။
မောဟိုက်စွာ တစ်ဒိတ်ဒိတ် ခုန်နေသော နှလုံးတို့သည် အမေပေးသော ရေတစ်ခွက်ကို သောက်ပြီး ခဏငြိမ်နေတော့သည်။ အခုတော့ ဘဝသစ်ကို ပြန်စမည် ခြေလှမ်းသစ်တိုင်းတွင် လက်ထဲက သွေးစွန်းနေတဲ့စာရွက်လေးက အားအင် ပြုပေးနေတော့သည် ။
” ဒို့ကျောင်း ”
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း ”
ကလေးများ သံပြိုင်ရွတ်ဆိုသော ကဗျာလေးသည် နံနက်ခင်းတွင် ပီပြင်စွာတေးဆိုနေသော ငှက်ကလေးများနှယ်။ ကျွန်မ ပြုံးပျော်နေသည် ။ ရွာတစ်ရွာ၏ မူလတန်းစာသင်တန်းကျောင်းတွင် ပြောင်းရွေ့ တာဝန်ချခံရသော်လည်း ကျွန်မ ထူးပြီး စောဒက တတ်မနေတော့ပါ။
အခုဆို ကျွန်မဘောင်မခေတ်ပဲ ပန်းကလေးတွေ ပျိုးတတ်လာပြီ။ ကလေးတွေရဲ့ အပြုံးကို စားသုံးရင်း တစ်နှစ်ပြီး တစ်နှစ်ကျော်လွန် လာခဲ့သည်မှာ သုံးနှစ်တိုင်ပြည့်တော့မည်။ စိတ်တွေလည်း အတော်ပင်တည်ငြိမ်ခဲ့သည်။သုံးနှစ်ကြာခဲ့ပြီ ဆိုသော်လည်း အတိတ်က ကြွေလွှင့်ခဲ့သော ပန်းလေးအကြောင်းတွေးမိတိုင်း တစ်ဖန်ပူနွေးလာစမြဲ ။
ကျောင်းမပြောင်းရွေ့ရခင် နောက်ဆုံးသင်ခဲ့ရသည့်နေ့တွင် စာအုပ်ပျောက်လာတိုင်သော ကျောင်းသူလေးက သူ့အပြစ်ကို လာဝန်ခံခဲ့သည်။ သူမရဲ့ မနာလိုစိတ်ကြောင့် သေခဲ့ရသည်ဟု ရှိုက်ငိုရင်း ပြောရှာပါသည်။အတန်းထဲတွင် လတိုင်း အဆင့် ၁ ရသော နှင်းနွယ်အောင် ကိုကြည့်မရလို့ မုန့်စားဆင်းချိန်တွင် နှင်းနွယ်အောင် လွယ်အိတ်ထဲတွင် သူမကိုယ်တိုင် သွာထည့်ထားပြီး လုပ်ကြံခဲ့တာဟု ဝန်ခံခဲ့သည်။
ထောင်းထာင်း ကြေနေသောစိတ်နှင့်သာ အပြစ်လုပ်သော ကလေးမကို ကျောင်းစည်းမျဉ်း အရ ကျောင်းထုတ် လိုက်ပါသည်။ ကျွန်မလည်း ထိုကျောင်းနှင့်ဝေးရာကို ဇာတ်မြှုပ်နေထိုင်ခဲ့ပါသည်။ အခုဆို ကျွန်မပျိုးထားသော ပန်းပွင့်ငုံလေးများ လန်းဆန်းလျှက် ရှင်သန်နေပါတယ်။ ကျွန်မ ရဲ ့အတွေးတွေ ဖြန့်ကျက်နေစဉ်တွင်…
” ဆရာမ ”
” သားကို ဘုန်းဘုန်းပေးထားတဲ့ စာအုပ် သာဂိ ခိုးထားတယ်။ ”ကျွန်မ အာရုံတွေ စုစည်းလိုက်သည်။ ကျွန်မ ဒီတစ်ခါ ကိုင်တွယ်မှု မမှားချင်တော့ပါ။ လွန်ခဲ့သော နှစ်နှစ်ကျော်လောက်က သေဆုံးသွားသောကျောင်းသူလေးအား ဖျတ်ခနဲ သတိရလိုက်သည်။
ဒိုင်ယာရီ စာအုပ်ကြားက သွေးစွန်းနေသော စာရွက်လေးကို ဖွင့်ကြည့်ရင်း..။
ပျူမခ (ကော့သောင်း)
Friday, January 18, 2019
ေရႊစက္ေတာ္မွ အေစာင့္နဂါး
လြန္ခဲ႔တဲ႔ ၁၀ႏွစ္ေက်ာ္ အခ်ိန္တုန္းက ျဖစ္ရပ္မွန္ေလးေပါ့။
ေရႊစက္ေတာ္ဖြင့္ပြဲ မလုပ္ခင္ ႏွစ္ပတ္ေလာက္ အလိုမွာေတာ့ သာသနာျပဳ အဖြဲ႔တဖြဲ႔ဟာ ေရႊစက္ေတာ္ဘုရားက အရန္ေစတီကေလးမ်ားကို ေရႊေဆးသၤကန္းကပ္ရန္ သြားႀကေလသည္။ စုစုေပါင္း ကား၃စီးပါ
ကာ ကားေသးႏွစ္စီးႏွင့္ ကားႀကီးတစီး ပါေလသည္။ လူကလဲ အားလံုးေပါင္း ၃၀ဦးေလာက္ ပါေလသည္။ထိုအဖြဲ႔မွ ေနာက္ဆံုး ကားေလးတစီးသည္ လမ္းတြင္ ရြာတရြာဝင္ေန၍ ေရွ့ကားမ်ားႏွင့္ မ်က္ေျခ ျပတ္သြားေလသည္။ ေနကလဲေစာင္းကာ တေျဖးေျဖး ေမွာင္လာျပီျဖစ္သည္။ ကားမီးျဖင့္ ပတ္ဝန္းက်င္ကို ႀကည့္၍ ေမာင္းလာကာ ေရႊစက္ေတာ္ေတာႀကီးထဲ ေရာက္ေတာ့ ေတာထဲ မ်က္စိလည္ေနသည္။ လမ္းကလဲမက်ြမ္းေတာ့ ဘယ္ေတြေရာက္ေနမွန္းပင္ မသိႀကပါ။ ေမးရမည့္သူလဲ တစ္ေယာက္မွ မရွိေသာ ေတာႀကီးထဲ ေရာက္ေနႀကသည္။ ထိုအခါ ကားေပၚပါလာသူမ်ားက ေရႊစက္ေတာ္ဘုရားအား တိုင္တည္ကာေတာေစာင့္နတ္ ေတာင္ေစာင့္နတ္မ်ားအား ေမတၱာပို့အမ်ွေဝျပီး ကူညီကာ လမ္းျပေပးပါရန္ ဝိုင္း၍ ဆုေတာင္းႀကေလသည္ ရသမ်ွ ဘုရားစာမ်ားလဲ ရြတ္ႀကေလသည္။ ထူးဆန္းစြာပင္ မႀကာခင္ ကားမီေရာင္ထဲတြင္ ေရွ့ကိုက္50ေလာက္တြင္ လမ္းေဘးေတာစပ္မွ လမ္ေရွာက္သြားေနေသာ အဖိုးအဖြားႏွစ္ဦးကို ျမင္လိုက္ရသည္။ အားလံုး အားတက္သြားကာ ထိုအဖိုးအဖြာတို့နား ကားကိုကပ္၍ လမ္းေမးႀကသည္။ သူတို့က လမ္းကိုေကာင္းစြာ ညြန္ျပသျဖင့္ ေက်းဇူးတင္လြန္းလို့ ကားနဲ႔လိုက္ခဲ႔ရန္ ေခၚေပမဲ႔ မလိုက္ႀကပါ။
ဒီအနီးအနားမွာ ေနသည္ဟုေျပာေပမဲ႔ အနီးအနားတြင္ ေတာႀကီးျဖစ္ကာ ဘာအိမ္မွမရွိ ရြာလဲ မေတြ႔ေပ။ တခုခုေတာ့ လြဲေနတာအမွန္ပင္ ဘာမွန္းေတာ့ မသိႀကပါ။ သူတို့သည္ ကရင္ရုိးရာအဝတ္မ်ား ဝတ္ထားကာေခါင္းတြင္ ပလိုင္တလံုးဆီ သိုင္း၍ လြယ္ထားေလသည္။ ဒီလိုညဘက္ႀကီး ေတာႀကီးထဲ အဖိုးႀကီး အဖြားႀကီး ႏွစ္ေယာက္သည္ သာမန္လူမ်ား မျဖစ္ႏုိင္လို့ ေတြးရင္း သူတို့ျပေသာ လမ္းအတိုင္း ေမာင္းလာရာ ေရႊစက္ေတာ္သို့ ေခ်ာေမာစြာ ေရာက္ရွိသြားေလသည္။ ေရွ့ကကားႏွစ္စီးလဲ အရင္ေရာက္ေနကာ ဘုရားမွ တာဝန္ရွိသူမ်ားအား ႀကိုတင္ အေႀကာင္းႀကား ထားသည့္အတြက္ အားလံုး အဆင္ေျပေလသည္။
ေနာက္တေန့ မနက္မွာေတာ့ ဘုရားပြဲမဖြင့္ေသး၍ လူမရွိေသးပါ။ မန္းေခ်ာင္းတေလ်ာက္ တဲထိုးေနႀကသူမ်ားႏွင့္ ေစ်းဆိုင္ေဆာက္ေနသူ အနည္းငယ္သာ ရွိပါသည္။ သာသနာျပဳအဖြဲ႔လဲ အထက္စက္ေတာ္ရာတြင္ ဆြမ္းကပ္ျပီး အထက္စက္ေတာ္ရာ အဆင္းလမ္းေအာက္တဆင့္မွ ေစတီငယ္ကေလးမ်ားအား သန့္ရွင္းေရးလုပ္ကာ ေရႊေဆးသၤကန္း ကပ္ႀကေလသည္။
ေဆးသုွပ္ျပီးေတာ့ ေရႊေရာင္တဝင္းဝင္းျဖစ္သြားေသာ ေစတီကေလးမ်ားအား ေနာက္တေန့မနက္တြင္ ေနကဇာတင္ပြဲ က်င္းပေလသည္ ေန့လည္မွာေတာ့ ေရႊစက္ေတာ္ပတ္ဝန္းက်င္ ေတာေတာင္ထဲ ရွိႀကကုန္ေသာ ဘုန္းႀကီးမ်ား သီလရွင္မ်ားအား ဆြမ္းကပ္ပြဲႏွင့္ ေရစက္ခ်ပြဲကို ေအာက္စက္ေတာ္ရာတြင္ က်င္းပႀကေလသည္ ပါလာေသာ လွဴဖြယ္ပစၥည္းမ်ား ကပ္ကာ ေရစက္ခ်ျပီး အမ်ွေပးသည့္အခါမွာေတာ့ သာဓုေခၚသံမ်ားသည္ ဟိန္း၍ ပဲ႔တင္ထပ္ သြားေလသည္ သာဓုေခၚျပီးသည္ႏွင့္တျပိုင္နက္ တရားနာ ပရိတ္သတ္ထဲမွ ပဌာန္းဆက္ ရွိသည္ထင္ရေသာ ေယာက်ၤားမိန္းမမ်ားသည္ မန္းေခ်ာင္းထဲ ေျပးဆင္းသြားႀကကာ ဝိုင္းဒိုင္းက်ဲ ေရကစားႀကေလသည္ သူတို့ေရကစားေနသည္မွာ ေျမြမ်ား နဂါးမ်ား ေရထဲသြားေနသလို တြန့္လိမ္ တြန့္လိမ့္ျဖင့္ အဆန္းတက်ယ္ ျမင္ရေလသည္။ က်န္တဲ႔သူမ်ားက ဝိုင္းဆြဲတဲ႔အခါ ေရကစားေနသူမ်ားကေပ်ာ္တယ္ေဟ့ ငါတို့ေပ်ာ္တယ္ ေက်နပ္တယ္ ေပ်ာ္တယ္ေဟ့ဟုေအာ္ကာ မန္းေခ်ာင္းထဲ လူးလိမ့္ ေနႀကေလသည္။
ဒါနဲ႔ သာသနာျပုအဖြဲ႕ထဲက သူမ်ားက အခုဝင္ပူးေနတာ ဘယ္သူေတြလဲ ငါတို့က ေရႊစက္ေတာ္ကို ေစာင့္ေနတဲ႔ နဂါးေတြ ငါတို့ကို အခုလို အမ်ွေပးတာ ေပ်ာ္တယ္ေဟ့ ဒါနဲ႔ ေရေဆာ့ေနေသာ နဂါးမ်ားေကာ
လိုက္ဆြဲေနသည့္ လူမ်ားပါ ေရမ်ား စိုရြဲေနႀကျပီ အခ်ိန္အေတာ္ႀကာမွ ေရေပၚျပန္တက္ႀကေတာ့ နဂါးဝင္ပူးကာ ေရေဆာ့ေနေသာ အမ်ိဳးသမီးတစ္ေယာက္သည္ ေရႊလက္ေကာက္ ႏွစ္က်ပ္သားဟန္းခ်ိန ေးေရထဲမ ောေပ်ာက္သြားေလသည္ လက္ေကာက္ ေပ်ာက္သြားေသာမိန္းမလဲ ထိပ္ထိပ္ျပာျပာ ျဖစ္သြားကာ ရွာေလသည္။ အားလံုးလဲ စိတ္မေကာင္း ျဖစ္သြားႀကသည္။ ထိုအခါ က်န္လူမ်ားလဲ ေရထဲျပန္ဆင္းကာ ရွာႀကေလသည္။
လက္ေကာက္လဲ မေတြ႔ေသး လူေတြလဲ ပဲႀကီးေရစိမ္ထားသလို ပြေနျပီ။ ဒီအခ်ိန္မွာ ကမ္းစပ္မွ ဘုန္းႀကီးတပါးက ေဟ့ မင္းတို့ ဒီလိုရွာေနလို့ ေတြ႔မွာမဟုတ္ဘူး ေရစီးကလဲ သန္ေနတာ ခုနဝုန္းဒုန္းႀကဲေရေဆာ့ေနတဲ႔ နဂါးေတြကို ျပန္ရွာခိုင္းေဟ့ ဘုန္းႀကီး အႀကံေပးသည့္အတိုင္း ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ စမ္းႀကည့္ႀကရန္အတြက္ ပိုေနေသာ အုန္းသီးဌက္ေပ်ာသီးမ်ားႏွင့္ ေခ်ာင္းအလယ္ ဝါးတံတားေပ ၚပြဲေပးကာ ေပါက္ေပါက္မ်ား ေရထဲက်ဲရင္း သာသနာျပုအဖြဲ႔က လက္ေကာက္ျပန္ရွာေပးရန္ နဂါးမ်ားအား တိုင္တည္ကာ ျပဳသမ်ွကုသိုလ္အား အမ်ွေပးေလသည္။
အဖြဲ႔ထဲက တေယာက္ကလဲ အသံက်ယ္က်ယ္ျဖင့္ ေအာ္လိုက္ေလသည္။ ဒီထဲနဂါးေတြ တကယ္ရွိတယ္ဆိုရင္ ယံုေအာင္ျပပါ ဒီမွာလာျပီး သာသနာျပုတာ ေပ်ာ္တယ္ ေက်နပ္တယ္ဆို ရေအာင္ရွာေပးပါက ေ
နာက္ႏွစ္လဲ လာျပီး သာသနာျပဳအဖြဲ႔လွဴဦးမယ္ ထိုလူေအာ္ျပီး မႀကာခင္ေလာကမွာ ေျပာျပရင္ေတာင္ မယံုႏုိင္စရာပင္ ေရထဲမွ နဂါးပံုလိုလို ေျမြလိုလို ေရလႈိင္းမ်ားျဖစ္ေပၚလာသည္မွ ာအဆန္းတက်ယ္ ရွိလွေပသည္။
ထိုထူးျခားေသာ ေရလႈိင္းပံုမ်ားသည္ ရုတ္တရက္ႀကည့္ပါက ေျမြတေကာင္ လူးလိမ့္ေနသလို ေရစီးေၾကာင္းႀကီးျဖစ္သြားကာ ေရမ်ားေဘာင္ဘင္ခတ္ လႈပ္ရွားသြားေလသည္။
ဒီအခ်ိန္တြင္ ေရစီးကလဲ အလြန္သန္လာကာ ေရမ်ားေနာက္သြားေလသည္ခဏအႀကာ ေရစီးက ပံုမွန္ျပန္ျဖစ္သြားကာ ေခ်ာင္းစပ္ ေက်ာက္စရစ္မ်ားႀကားမွ ေရႊလက္ေကာက္ကို အံ႕ဖြယ္ျပန္ေတြ႔ရေလသည္ သာသနာျပဳအဖြဲႏွင့္ လက္ေကာက္ပိုင္ရွင္လဲ အလြန္ဝမ္းသာ သြားႀကေလသည္။ ဒီအထဲတြင္ ဝိုင္း၍ကူညီရွာေပးေသာ ဝါးတဲမ်ား ေဆာက္ေနသူတေယာက္က
ဒီေရႊစက္ေတာ္ဘုရားမွာ ေစာင့္ႀကတဲ႔ နဂါးေတြက တကယ္ရွိတယ္ဗ် မယံုမရွိနဲ႔ မိုးတြင္းအခါမွာဆို ေအာက္စက္ေတာ္ရာကို နဂါးေတြ ေစာင့္ေရွာက္တာဗ် တခ်ိဴ႔ ပဌာန္းဆက္ရွိသူေတြက ဒီဘုရားက ရုပ္ထုနဂါးေတြ ေရဆင္းကူးေနတာ ျမင္ရသတဲ႔ တခုခုမွားလို့ကေတာ့ နဂါးေတြက အိမ္မက္ေပးတာဗ် ဘုရားဖူးရာသီဆို အမွားမျဖစ္ေအာင္ သတိထားေျပာရတယ္ တခ်ိဳ႕ဒီေခ်ာင္းတိမ္တိမ္မွာ ေရနစ္ေသသူေတြ ရွိတယ္ေလ ေခ်ာင္းေရကလဲ လူအနဲအမ်ားလိုက္ျပီး အတိုးအေလ်ွ ာ့ရွိတယ္ဗ်
သာသနာျပဳအဖြဲ႔လဲ လက္ေတြ႔ယံုႀကသည္မို့ ေဒသခံေျပာျပတာ စိတ္ဝင္တစား နားေထာင္ေနႀကေလသည္ တခ်ိဳ႕အျဖစ္ေတြဟာ အမွန္တကယ္ အဆန္းတက်ယ္ရွိေနတာကို လက္ေတြ႔ႀကံဳဖူးသူမ်ားသာ သိႀကေပမဲ႔ မယံုမရွိ မျဖစ္ပါ ေနာင္လဲဆန္းက်ယ္ေသာ အျဖစ္မ်ား ရွိေနဦးမွာျဖစ္သည္။
ျပီး
D Moe Moe
Unicode ျဖင့္ဖတ္ရန္
လွန်ခဲ့တဲ့ ၁၀နှစ်ကျော် အချိန်တုန်းက ဖြစ်ရပ်မှန်လေးပေါ့။
ရွှေစက်တော်ဖွင့်ပွဲ မလုပ်ခင် နှစ်ပတ်လောက် အလိုမှာတော့ သာသနာပြု အဖွဲ့တဖွဲ့ဟာ ရွှေစက်တော်ဘုရားက အရန်စေတီကလေးများကို ရွှေဆေးင်္သကန်းကပ်ရန် သွားကြလေသည်။ စုစုပေါင်း ကား၃စီးပါ
ကာ ကားသေးနှစ်စီးနှင့် ကားကြီးတစီး ပါလေသည်။ လူကလဲ အားလုံးပေါင်း ၃၀ဦးလောက် ပါလေသည်။ထိုအဖွဲ့မှ နောက်ဆုံး ကားလေးတစီးသည် လမ်းတွင် ရွာတရွာဝင်နေ၍ ရှေ့ကားများနှင့် မျက်ခြေ ပြတ်
သွားလေသည်။ နေကလဲစောင်းကာ တဖြေးဖြေး မှောင်လာပြီဖြစ်သည်။ ကားမီးဖြင့် ပတ်ဝန်းကျင်ကို ကြည့်၍ မောင်းလာကာ ရွှေစက်တော်တောကြီးထဲ ရောက်တော့ တောထဲ မျက်စိလည်နေသည်။ လမ်းကလဲ
မကျွမ်းတော့ ဘယ်တွေရောက်နေမှန်းပင် မသိကြပါ။ မေးရမည့်သူလဲ တစ်ယောက်မှ မရှိသော တောကြီးထဲ ရောက်နေကြသည်။ ထိုအခါ ကားပေါ်ပါလာသူများက ရွှေစက်တော်ဘုရားအား တိုင်တည်ကာ
တောစောင့်နတ် တောင်စောင့်နတ်များအား မေတ္တာပို့အမျှဝေပြီး ကူညီကာ လမ်းပြပေးပါရန် ဝိုင်း၍ ဆုတောင်းကြလေသည် ရသမျှ ဘုရားစာများလဲ ရွတ်ကြလေသည်။ ထူးဆန်းစွာပင် မကြာခင် ကားမီ
ရောင်ထဲတွင် ရှေ့ကိုက်50လောက်တွင် လမ်းဘေးတောစပ်မှ လမ်ရှောက်သွားနေသော အဖိုးအဖွားနှစ်ဦးကို မြင်လိုက်ရသည်။ အားလုံး အားတက်သွားကာ ထိုအဖိုးအဖွာတို့နား ကားကိုကပ်၍ လမ်းမေးကြသည်။ သူတို့က လမ်းကိုကောင်းစွာ ညွန်ပြသဖြင့် ကျေးဇူးတင်လွန်းလို့ ကားနဲ့လိုက်ခဲ့ရန် ခေါ်ပေမဲ့ မလိုက်ကြပါ။
ဒီအနီးအနားမှာ နေသည်ဟုပြောပေမဲ့ အနီးအနားတွင် တောကြီးဖြစ်ကာ ဘာအိမ်မှမရှိ ရွာလဲ မတွေ့ပေ။ တခုခုတော့ လွဲနေတာအမှန်ပင် ဘာမှန်းတော့ မသိကြပါ။ သူတို့သည် ကရင်ရိုးရာအဝတ်များ ဝတ်
ထားကာခေါင်းတွင် ပလိုင်တလုံးဆီ သိုင်း၍ လွယ်ထားလေသည်။ ဒီလိုညဘက်ကြီး တောကြီးထဲ အဖိုးကြီး အဖွားကြီး နှစ်ယောက်သည် သာမန်လူများ မဖြစ်နိုင်လို့ တွေးရင်း သူတို့ပြသော လမ်းအတိုင်း
မောင်းလာရာ ရွှေစက်တော်သို့ ချောမောစွာ ရောက်ရှိသွားလေသည်။ ရှေ့ကကားနှစ်စီးလဲ အရင်ရောက်နေကာ ဘုရားမှ တာဝန်ရှိသူများအား ကြိုတင် အကြောင်းကြား ထားသည့်အတွက် အားလုံး အဆင်ပြေလေသည်။
နောက်တနေ့ မနက်မှာတော့ ဘုရားပွဲမဖွင့်သေး၍ လူမရှိသေးပါ။ မန်းချောင်းတလျောက် တဲထိုးနေကြသူများနှင့် ဈေးဆိုင်ဆောက်နေသူ အနည်းငယ်သာ ရှိပါသည်။ သာသနာပြုအဖွဲ့လဲ အထက်စက်တော်ရာတွင် ဆွမ်းကပ်ပြီး အထက်စက်တော်ရာ အဆင်းလမ်းအောက်တဆင့်မှ စေတီငယ်ကလေးများအား သန့်ရှင်းရေးလုပ်ကာ ရွှေဆေးင်္သကန်း ကပ်ကြလေသည်။
ဆေးသုှပ်ပြီးတော့ ရွှေရောင်တဝင်းဝင်းဖြစ်သွားသော စေတီကလေးများအား နောက်တနေ့မနက်တွင် နေကဇာတင်ပွဲ ကျင်းပလေသည် နေ့လည်မှာတော့ ရွှေစက်တော်ပတ်ဝန်းကျင် တောတောင်ထဲ ရှိကြကုန်
သော ဘုန်းကြီးများ သီလရှင်များအား ဆွမ်းကပ်ပွဲနှင့် ရေစက်ချပွဲကို အောက်စက်တော်ရာတွင် ကျင်းပကြလေသည် ပါလာသော လှူဖွယ်ပစ္စည်းများ ကပ်ကာ ရေစက်ချပြီး အမျှပေးသည့်အခါမှာတော့
သာဓုခေါ်သံများသည် ဟိန်း၍ ပဲ့တင်ထပ် သွားလေသည် သာဓုခေါ်ပြီးသည်နှင့်တပြိုင်နက် တရားနာ ပရိတ်သတ်ထဲမှ ပဌာန်းဆက် ရှိသည်ထင်ရသော ယောကျၤားမိန်းမများသည် မန်းချောင်းထဲ ပြေးဆင်းသွား
ကြကာ ဝိုင်းဒိုင်းကျဲ ရေကစားကြလေသည် သူတို့ရေကစားနေသည်မှာ မြွေများ နဂါးများ ရေထဲသွားနေသလို တွန့်လိမ် တွန့်လိမ့်ဖြင့် အဆန်းတကျယ် မြင်ရလေသည်။ ကျန်တဲ့သူများက ဝိုင်းဆွဲတဲ့အခါ
ရေကစားနေသူများက ပျော်တယ်ဟေ့ ငါတို့ပျော်တယ် ကျေနပ်တယ် ပျော်တယ်ဟေ့ဟုအော်ကာ မန်းချောင်းထဲ လူးလိမ့် နေကြလေသည်။ ဒါနဲ့ သာသနာပြုအဖွဲ့ထဲက သူများက အခုဝင်ပူးနေတာ ဘယ်သူ
တွေလဲ ငါတို့က ရွှေစက်တော်ကို စောင့်နေတဲ့ နဂါးတွေ ငါတို့ကို အခုလို အမျှပေးတာ ပျော်တယ်ဟေ့ ဒါနဲ့ ရေဆော့နေသော နဂါးများကော လိုက်ဆွဲနေသည့် လူများပါ ရေများ စိုရွဲနေကြပြီ အချိန်အတော်
ကြာမှ ရေပေါ်ပြန်တက်ကြတော့ နဂါးဝင်ပူးကာ ရေဆော့နေသော အမျိုးသမီးတစ်ယောက်သည် ရွှေလက်ကောက် နှစ်ကျပ်သားဟန်းချိန ေးရေထဲမ ောပျောက်သွားလေသည် လက်ကောက် ပျောက်သွားသောမိန်းမလဲ ထိပ်ထိပ်ပြာပြာ ဖြစ်သွားကာ ရှာလေသည်။ အားလုံးလဲ စိတ်မကောင်း ဖြစ်သွားကြသည်။ ထိုအခါ ကျန်လူများလဲ ရေထဲပြန်ဆင်းကာ ရှာကြလေသည်။
လက်ကောက်လဲ မတွေ့သေး လူတွေလဲ ပဲကြီးရေစိမ်ထားသလို ပွနေပြီ။ ဒီအချိန်မှာ ကမ်းစပ်မှ ဘုန်းကြီးတပါးက ဟေ့ မင်းတို့ ဒီလိုရှာနေလို့ တွေ့မှာမဟုတ်ဘူး ရေစီးကလဲ သန်နေတာ ခုနဝုန်းဒုန်းကြဲရေဆော့
နေတဲ့ နဂါးတွေကို ပြန်ရှာခိုင်းဟေ့ ဘုန်းကြီး အကြံပေးသည့်အတိုင်း ဟုတ်သော်ရှိ မဟုတ်သော်ရှိ စမ်းကြည့်ကြရန်အတွက် ပိုနေသော အုန်းသီးဌက်ပျောသီးများနှင့် ချောင်းအလယ် ဝါးတံတားပေ ါ်ပွဲပေးကာပေါက်ပေါက်များ ရေထဲကျဲရင်း သာသနာပြုအဖွဲ့က လက်ကောက်ပြန်ရှာပေးရန် နဂါးများအား တိုင်တည်ကာ ပြုသမျှကုသိုလ်အား အမျှပေးလေသည်။
အဖွဲ့ထဲက တယောက်ကလဲ အသံကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။ ဒီထဲနဂါးတွေ တကယ်ရှိတယ်ဆိုရင် ယုံအောင်ပြပါ ဒီမှာလာပြီး သာသနာပြုတာ ပျော်တယ် ကျေနပ်တယ်ဆို ရအောင်ရှာပေးပါက
နောက်နှစ်လဲ လာပြီး သာသနာပြုအဖွဲ့လှူဦးမယ် ထိုလူအော်ပြီး မကြာခင်လောကမှာ ပြောပြရင်တောင် မယုံနိုင်စရာပင် ရေထဲမှ နဂါးပုံလိုလို မြွေလိုလို ရေလှိုင်းများဖြစ်ပေါ်လာသည်မှ ာအဆန်းတကျယ် ရှိလှပေ
သည်။ ထိုထူးခြားသော ရေလှိုင်းပုံများသည် ရုတ်တရက်ကြည့်ပါက မြွေတကောင် လူးလိမ့်နေသလို ရေစီးကြောင်းကြီးဖြစ်သွားကာ ရေများဘောင်ဘင်ခတ် လှုပ်ရှားသွားလေသည်။
ဒီအချိန်တွင် ရေစီးကလဲ အလွန်သန်လာကာ ရေများနောက်သွားလေသည်ခဏအကြာ ရေစီးက ပုံမှန်ပြန်ဖြစ်သွားကာ ချောင်းစပ် ကျောက်စရစ်များကြားမှ ရွှေလက်ကောက်ကို အံ့ဖွယ်ပြန်တွေ့ရလေသည်
သာသနာပြုအဖွဲနှင့် လက်ကောက်ပိုင်ရှင်လဲ အလွန်ဝမ်းသာ သွားကြလေသည်။ ဒီအထဲတွင် ဝိုင်း၍ကူညီရှာပေးသော ဝါးတဲများ ဆောက်နေသူတယောက်က ဒီရွှေစက်တော်ဘုရားမှာ စောင့်ကြတဲ့ နဂါးတွေက
တကယ်ရှိတယ်ဗျ မယုံမရှိနဲ့ မိုးတွင်းအခါမှာဆို အောက်စက်တော်ရာကို နဂါးတွေ စောင့်ရှောက်တာဗျ တချိူ့ ပဌာန်းဆက်ရှိသူတွေက ဒီဘုရားက ရုပ်ထုနဂါးတွေ ရေဆင်းကူးနေတာ မြင်ရသတဲ့ တခုခုမှားလို့
ကတော့ နဂါးတွေက အိမ်မက်ပေးတာဗျ ဘုရားဖူးရာသီဆို အမှားမဖြစ်အောင် သတိထားပြောရတယ် တချို့ဒီချောင်းတိမ်တိမ်မှာ ရေနစ်သေသူတွေ ရှိတယ်လေ ချောင်းရေကလဲ လူအနဲအများလိုက်ပြီး အတိုးအလျေှ ာ့ရှိတယ်ဗျ
သာသနာပြုအဖွဲ့လဲ လက်တွေ့ယုံကြသည်မို့ ဒေသခံပြောပြတာ စိတ်ဝင်တစား နားထောင်နေကြလေသည် တချို့အဖြစ်တွေဟာ အမှန်တကယ် အဆန်းတကျယ်ရှိနေတာကို လက်တွေ့ကြုံဖူးသူများသာ သိကြပေမဲ့ မယုံမရှိ မဖြစ်ပါ နောင်လဲဆန်းကျယ်သော အဖြစ်များ ရှိနေဦးမှာဖြစ်သည်။
ပြီး
D Moe Moe
Wednesday, June 1, 2016
အေၾကာ္သည္ျပဇာတ္
ဤျပဇာတ္ျဖင့္ စေလဦးပုညအားး ကန္ေတာ့ပန္းဆင္ပါ၏
အေၾကာ္သည္ျပဇာတ္
.........................................................
အဖြင့္စကားးးသံ.... ဗုဒၶသည္သာ က်ြနု္ပ္၏ ကိုးကြယ္ရာ......
တရားဓမၼသည္သာ က်ြႏု္ပ္၏ ကိုးကြယ္ရာ....
သံဃၤာေတာ္အရွင္ျမတ္တို့သည္သာ က်ြနု္ပ္၏ ကိုးကြယ္ရာ......
ဤကုသိုလ္စြမ္းအား အက်ိဴးတရားေၾကာင့္ လူပ်ိဳဟိုင္းသိုး က်ြန္ေတာ္မ်ိဳးအား ကညာပ်ိဳအလွတပါး လာေရာက္ခစားပါေစသားးးးးး အရွင္ဘုရားးး
ကူလီေမာင္ေမာင္.......
တစ္ခန္းရပ္ျပဇာတ္အစ......
""""ကူလီေယာက်္ားႏွင့္အေၾကာ္သည္မိန္းမေတြ႔ဆံုခန္း"""
ေနရာ...... ဖဘျပည္ၾကီး၏ လမ္းခုလတ္ တစ္ေနရာ...၌.
ဆိပ္ကမ္းမွ ကူလီထမ္း၍ျပန္လာေသာ ကူလီေယာက်္ားႏွင့္ အေၾကာ္မကုန္ေသး၍ စိတ္ညစ္ညစ္ႏွင့္ ေရာင္းေနေသာ အေၾကာ္သည္မိန္းမ သည္ ဖဘ ျပည္ၾကီး၏ လမ္းခုလတ္တေနရာတြင္ ေတြ႔ဆံုၾကစဥ္.....
I Phone တကားကား ခါးညွပ္ကာထားလို့ အေၾကာ္ေရာင္းေနေသာ အေၾကာ္သည္မေလးအား ျမင္ျမင္ခ်င္း သေဘာေတာ္ေခြ႔ မေနာေဝွ႔၍ အေက်ာ္ဝယ္စားရင္းးး QQ လုပ္မိစဥ္... ...
"""""'"ဆံပင္ကုပ္ဝဲ နီက်ဲက်ဲႏွင့္ ခါးဝတ္ဂ်င္းမဲ ဇီးရိုးကြာတားျပဲကို ခါးပတ္ႏွင့္တြယ္.. အကၤ်ီစြပ္က်ယ္ႏွင့္ I Phone ကိုင္ထားျပီး High heel စီးလို့ လူျမင္သမ်ွ ငမ္းထေအာင္ လန္းခ်က္က 9 ေက်ာ္ပါတဲ႔... ႏွမအေၾကာ္သည္........ ေလာကခရီးၾကမ္း ခေရာင္းလမ္းကို ေနပူမေရွာင္ မိုးရြာမငဲ႔ အေၾကာ္ဗန္းနဲ႔ ပင္ပန္းမယ့္ျဖစ္ျခင္းးအားး အေမာင္ သနားမိလွတယ္ကြယ္....."""""
ကူလီေယာက်္ား၏ အီစီကလီစကားကိုအေၾကာ္သည္မိန္းမတုန့္ျပန္ပံုမွာ....
""""အပ်ိဳၾကီးတကိုယ္တည္းမို့ တဝမ္းတခါးအေရး ရွာစားရတယ္.. အေမာင္ရယ္... ဒါေပနဲ႔မ်ားးး ဖဘမည္ေခၚ ဒီျပည္ေတာ္မွာ အေက်ာ္ေဒယ ထြဋ္ေခါင္လွတဲ႔ ေျပာင္ဂ်ီးကေတာင္ အေဖေခၚေလာက္တဲ႔ ေျပာင့္ဖေအငယ္....... Fitting Shirt အမဲ ဂ်င္းဒူးျပဲကို levis ခါးပတ္ Converse ဖိနပ္နဲ႔ Note 2 တကားကား အေမာင္ကားး အဘယ္အလုပ္လုပ္လို့ အဘယ္သို့ၾကြခ်ီ အဘယ္ဆီခ်ီတက္ပါသနည္းးးးးးးး""""""""
အေၾကာ္သည္ရဲ႔ခ်စ္စဖြယ္အေမးးေၾကာင့္ ေျပာင္ေနေသာနဖူးအသာပြတ္ရင္း တန္ျပန္ဆိုတယ္.. အေမာင္ကူလီသည္ ......
""""""ဆိပ္ကမ္းရပ္ဝန္း ထိုအတန္းမွာ ကူလီထမ္းလို့ ပင္ပန္းလာေသာ္ ဘလက္တစ္လံုး မာဆက္မွာျဖဳန္းရင္း KTV တက္ Night Club တက္တယ္...ဖဘ ေပၚက မင္းသားေလ... ဘဝရည္တူ အကိုလူပ်ိဳမို့ ရင္ခုန္ဘက္လူ အရွာထြက္ရတယ္..ယခုဆံုသူ ခင္ပ်ိဳျဖဴကို သနားစံုမက္ ခ်စ္ခင္စံုဖက္လို့ အေမာင့္မိဖုရားေျမွာက္တင္ခ်င္တယ္.. ကညာပ်ိဳအလွ လြန္လန္းခ်က္က အေမာင့္ရင္ခုန္သံ တိုင္ပင္ ျမန္ေစတာမို့ ခ်စ္ျခင္းၾကည္ျဖဴ ညီတူပါမူ မေႏွးအျမန္ လက္သင့္ခံပါေလ ႏွမငယ္..... :-)
ကူလီေယာက်္ား၏လူပ်ိဳစကားကို အေၾကာ္သည္မိန္းမက အသာျပံဳးရင္းးးးးး
"""ခ်စ္ျခင္းစင္စစ္ ဧကန္ျဖစ္ပါက ဝမ္းသာအယ္လဲျဖစ္ခဲ႔ေပမယ့္ ဘဝခရီးလမ္း တူစံုလွမ္းဖို့အေရး ေတြးေၾကာက္မိတယ္ အေမာင္ရယ္... ႏွဳတ္ခမ္းပဲ႔ခ်င္းမို့ပါကြယ္...."""" :/
အေၾကာ္သည္မိန္းမ စကားေၾကာင့္ကူလီေယာက်္ား ဟက္ဟက္ပက္ပက္ရယ္ရင္းးးး ..
""""မပူပါနဲ႔အခ်စ္ရယ္.... အေမာင့္ရဲ႔ အနာဂတ္ ၾကင္ဖက္အတြက္ ၾကိဳတင္ၾကံဆ.... ဘတ္ေငြစမ်ား စုထားပါတယ္... ဆိပ္ကမ္းသံခြါ ခိုးထုတ္ေရာင္းကာ ရလာအသျပာ ထိုေငြအျဖာျဖာကို တိက်မွန္ကန္ ""ဧရာဝတီ ဘဏ္"" ၌ စုထားအျပားးး ပံုးငါးဆယ္မ်ား ရိွပါတယ္ကြယ္ အသက္ရယ္"""""" :D
"""""OH!!!!!!!
အ့ံၾသဟန္ျဖင့္ အာေမဋိတ္သံခ်ို ခါခါဆို၍ ဝမ္းသာပီတိဂြမ္းဆီထိလ်က္.... မရိွမဲ႔ ရင္ တင္ ခါခါျပင္ရင္းးး ဆီလူးအျပံဳး ငါးဆယ္ပံုးမ်က္ႏွာေၾကာင့္ ေလသံခ်ိဳခ်ိဳစကားဆိုတယ္... မိအေၾကာ္သည္ကေလ...
"""""သည္လိုဆိုလည္းး မအီေတာ့ဘဲ အတည္တြဲရေအာင္ Relation Ship မွာ နာမည္တင္လိုက္ပါေတာ့ အေမာင္"""
hak hak hak :P :P :P
> အေၾကာ္သည္ျပဇာတ္ တစ္ခန္းရပ္၏<
ဘဝအေမာေျပေပ်ာက္ပါေစ..........
ဆုမြန္ေျခြရင္းးးး
Thida Dae We
May 25, 2013
.................................................
ဤပြဇာတ်ဖြင့် စလေဦးပုညအားး ကန်တော့ပန်းဆင်ပါ၏
အကြော်သည်ပြဇာတ်
အဖွင့်စကားးးသံ.... ဗုဒ္ဓသည်သာ ကျွနု်ပ်၏ ကိုးကွယ်ရာ......
တရားဓမ္မသည်သာ ကျွနု်ပ်၏ ကိုးကွယ်ရာ....
သံင်္ဃာတော်အရှင်မြတ်တို့သည်သာ ကျွနု်ပ်၏ ကိုးကွယ်ရာ......
ဤကုသိုလ်စွမ်းအား အကျိူးတရားကြောင့် လူပျိုဟိုင်းသိုး ကျွန်တော်မျိုးအား ကညာပျိုအလှတပါး လာရောက်ခစားပါစေသားးးးးး အရှင်ဘုရားးး
ကူလီမောင်မောင်.......
တစ်ခန်းရပ်ပြဇာတ်အစ......
""""ကူလီယောကျ်ားနှင့်အကြော်သည်မိန်းမတွေ့ဆုံခန်း"""
နေရာ...... ဖဘပြည်ကြီး၏ လမ်းခုလတ် တစ်နေရာ...၌.
ဆိပ်ကမ်းမှ ကူလီထမ်း၍ပြန်လာသော ကူလီယောကျ်ားနှင့် အကြော်မကုန်သေး၍ စိတ်ညစ်ညစ်နှင့် ရောင်းနေသော အကြော်သည်မိန်းမ သည် ဖဘ ပြည်ကြီး၏ လမ်းခုလတ်တနေရာတွင် တွေ့ဆုံကြစဉ်.....
I Phone တကားကား ခါးညှပ်ကာထားလို့ အကြော်ရောင်းနေသော အကြော်သည်မလေးအား မြင်မြင်ချင်း သဘောတော်ခွေ့ မနောဝှေ့၍ အကျော်ဝယ်စားရင်းးး QQ လုပ်မိစဉ်... ...
"""""'"ဆံပင်ကုပ်ဝဲ နီကျဲကျဲနှင့် ခါးဝတ်ဂျင်းမဲ ဇီးရိုးကွာတားပြဲကို ခါးပတ်နှင့်တွယ်.. အင်္ကျီစွပ်ကျယ်နှင့် I Phone ကိုင်ထားပြီး High heel စီးလို့ လူမြင်သမျှ ငမ်းထအောင် လန်းချက်က 9 ကျော်ပါတဲ့... နှမအကြော်သည်........ လောကခရီးကြမ်း ခရောင်းလမ်းကို နေပူမရှောင် မိုးရွာမငဲ့ အကြော်ဗန်းနဲ့ ပင်ပန်းမယ့်ဖြစ်ခြင်းးအားး အမောင် သနားမိလှတယ်ကွယ်....."""""
ကူလီယောကျ်ား၏ အီစီကလီစကားကိုအကြော်သည်မိန်းမတုန့်ပြန်ပုံမှာ....
""""အပျိုကြီးတကိုယ်တည်းမို့ တဝမ်းတခါးအရေး ရှာစားရတယ်.. အမောင်ရယ်... ဒါပေနဲ့များးး ဖဘမည်ခေါ် ဒီပြည်တော်မှာ အကျော်ဒေယ ထွဋ်ခေါင်လှတဲ့ ပြောင်ဂျီးကတောင် အဖေခေါ်လောက်တဲ့ ပြောင့်ဖအေငယ်....... Fitting Shirt အမဲ ဂျင်းဒူးပြဲကို levis ခါးပတ် Converse ဖိနပ်နဲ့ Note 2 တကားကား အမောင်ကားး အဘယ်အလုပ်လုပ်လို့ အဘယ်သို့ကြွချီ အဘယ်ဆီချီတက်ပါသနည်းးးးးးးး""""""""
အကြော်သည်ရဲ့ချစ်စဖွယ်အမေးးကြောင့် ပြောင်နေသောနဖူးအသာပွတ်ရင်း တန်ပြန်ဆိုတယ်.. အမောင်ကူလီသည် ......
""""""ဆိပ်ကမ်းရပ်ဝန်း ထိုအတန်းမှာ ကူလီထမ်းလို့ ပင်ပန်းလာသော် ဘလက်တစ်လုံး မာဆက်မှာဖြုန်းရင်း KTV တက် Night Club တက်တယ်...ဖဘ ပေါ်က မင်းသားလေ... ဘဝရည်တူ အကိုလူပျိုမို့ ရင်ခုန်ဘက်လူ အရှာထွက်ရတယ်..ယခုဆုံသူ ခင်ပျိုဖြူကို သနားစုံမက် ချစ်ခင်စုံဖက်လို့ အမောင့်မိဖုရားမြှောက်တင်ချင်တယ်.. ကညာပျိုအလှ လွန်လန်းချက်က အမောင့်ရင်ခုန်သံ တိုင်ပင် မြန်စေတာမို့ ချစ်ခြင်းကြည်ဖြူ ညီတူပါမူ မနှေးအမြန် လက်သင့်ခံပါလေ နှမငယ်..... :-)
ကူလီယောကျ်ား၏လူပျိုစကားကို အကြော်သည်မိန်းမက အသာပြုံးရင်းးးးးး
"""ချစ်ခြင်းစင်စစ် ဧကန်ဖြစ်ပါက ဝမ်းသာအယ်လဲဖြစ်ခဲ့ပေမယ့် ဘဝခရီးလမ်း တူစုံလှမ်းဖို့အရေး တွေးကြောက်မိတယ် အမောင်ရယ်... နှုတ်ခမ်းပဲ့ချင်းမို့ပါကွယ်...."""" :/
အကြော်သည်မိန်းမ စကားကြောင့်ကူလီယောကျ်ား ဟက်ဟက်ပက်ပက်ရယ်ရင်းးးး ..
""""မပူပါနဲ့အချစ်ရယ်.... အမောင့်ရဲ့ အနာဂတ် ကြင်ဖက်အတွက် ကြိုတင်ကြံဆ.... ဘတ်ငွေစများ စုထားပါတယ်... ဆိပ်ကမ်းသံခွါ ခိုးထုတ်ရောင်းကာ ရလာအသပြာ ထိုငွေအဖြာဖြာကို တိကျမှန်ကန် ""ဧရာဝတီ ဘဏ်"" ၌ စုထားအပြားးး ပုံးငါးဆယ်များ ရှိပါတယ်ကွယ် အသက်ရယ်"""""" :D
"""""OH!!!!!!!
အ့ံသြဟန်ဖြင့် အာမေဋိတ်သံချို ခါခါဆို၍ ဝမ်းသာပီတိဂွမ်းဆီထိလျက်.... မရှိမဲ့ ရင် တင် ခါခါပြင်ရင်းးး ဆီလူးအပြံုး ငါးဆယ်ပုံးမျက်နှာကြောင့် လေသံချိုချိုစကားဆိုတယ်... မိအကြော်သည်ကလေ...
"""""သည်လိုဆိုလည်းး မအီတော့ဘဲ အတည်တွဲရအောင် Relation Ship မှာ နာမည်တင်လိုက်ပါတော့ အမောင်"""
hak hak hak :P :P :P
>>>> အကြော်သည်ပြဇာတ် တစ်ခန်းရပ်၏<<<<<
ဘဝအမောပြေပျောက်ပါစေ..........
ဆုမွန်ခြွေရင်းးးး
Thida Dae We
May 25, 2013
Monday, December 21, 2015
က်ြႏုပ္ ႏွင့္ ရိုစီ
"ေဖေဖ ေမေမနဲ႔ ႐ိုစီေလးပီးရင္ ကမာၻေပၚမွာ ေမာင့္ကိုအခ်စ္ဆံုးဘဲ"
အဲ႔ဒါ က်ဳပ္ရည္းစား ေျပာေနက်စကား ရိုစီဆိုတာက သူ႕ေခြး
ဒါေပမဲ႔ ေယာင္လို႕ေတာင္ ေခြးလို႕သြားမေခၚမိေစနဲ႕ေခြးကို ေခြးလို႕ေခၚမိလို႕
က်ဳပ္ကို တပတ္တိတိ အဆက္ျဖတ္ဖူးတယ္ တပတ္ၾကာေတာ့မွ မတ္ေဆ့ ပို႕လာတယ္
"က်မ သမီးကို ရွင့္သမီးလို သေဘာထားႏိုင္မွ က်မကို လက္တြဲဖို႕ စဥ္းစားပါ" တဲ႔
ျဖစ္ခ်င္ေတာ့ က်ဳပ္က ေရခ်ဳိးေနတာ အဲ႔ မတ္ေဆ့ က်ဳပ္အေမ ဖတ္မိသြားေကာ
သားေကာင္မေလးက ခေလးအေမ မဟုတ္ပါဘူး အဲ႔ဒါ သူ႕ေခြးကို ေျပာတာပါဆိုပီး မနဲ ျပန္ရွင္းျပယူရတယ္
ေခြးကို ေခြးလို႕ေခၚေတာ့လဲ ျပႆနာ ခေလးလို႕ေခၚေတာ့လဲ ျပႆနာ
ေနာက္ဆံုး သူ႕နာမည္တပ္ပီးဘဲ ေခၚေတာ့တယ္အဲ႔ရိုစီမ က က်ဳပ္တို႕ခ်ိန္းေတြ႕တိုင္း
အျမဲကန္႕လန္႕ကန္႕လန္႕ ပါတယ္ ဆိုင္ထိုင္ေတာ့လဲ ႏွစ္ေယာက္ၾကား ခံုတစ္လံုးနဲ႕
ဝင္ထိုင္ေနျပန္ေကာ ညဘက္ဖုန္းဆက္ေတာ့လဲ "ေမာင္ေရ သမီးေလးနဲ႕ ေျပာလိုက္ပါအံုး" ဆိုပီး
သူ႕ေခြးကို ဖုန္းထိုးေပးလိုက္တာက ရွိေသးေခြးဘဲဗ်ာ… ဘာစကားေျပာတတ္မွာလဲ
ဝုတ္ဝုတ္ေပါ့ …
ဒါေပမဲ႔ သူတခါ ဝုတ္တိုင္း"အင္းပါ ႐ိုစီေလးရာ အင္းပါ ေဖႀကီးနားလည္တယ္"
ဆိုပီး က်ဳပ္မွာ ေဖာ္လိုလိုက္လိုက္ေပးေနရတယ္ေျပာလို႕မရဘူး စပီကာဖြင့္ခ်င္ဖြင့္ထားမွာေလ
ေခြးဆီက ဖုန္းျပန္ယူပီးရင္လဲ ေမးေသးတယ္"သားအဖႏွစ္ေယာက္ ဘာေတြေျပာျဖစ္တံုး" တဲ႔
က်ဳပ္မွာ ျပန္ဘဲေဟာင္ျပရမလို …က်ဳပ္နဲ႕ သူနဲ႕ကြဲခဲ႔တာလဲ အဲ႔႐ိုစီမေၾကာင့္
ျဖစ္ပံုက ဒီလို…
အဲ႔ေန႕က သူက ဖုန္းဆက္တယ္သူအျပင္ေရာက္ေနလို႕သူ႕အိမ္ဝင္ပီး ႐ိုစီမကို ဝင္ေခၚခဲ႔တဲ႕
ပီးယင္ ေတြ႕ေနက် ပန္းျခံက ေစာင့္ေနပါတဲ႕သူလာခဲ႔မယ္တဲ႔
-
ဘယ္သြားသြား ဘတ္စ္ကားဘဲစီးတဲ႕က်ဳပ္ အဲ႔ေခြးကို တက္စီနဲ႕တင္ေခၚသြားရတယ္
တက္စီသမားကလဲ အလိုက္ကန္းဆိုးမသိဘူး "အကို ဘာေရေမႊးသံုးတာလဲ
ေမႊးလိုက္တာဗ်ာ အေကာင္းစားထင္တယ္"ေရခ်ဳိးဆပ္ျပာေတာင္ ႀကံဳတဲ႔ဟာနဲ႕ပြတ္တာကို
ဘယ္က ပိုက္ဆံနဲ႕ တကူးတကေရေမႊးဝယ္ဆြတ္ရမွာလဲက်ဳပ္မွာ အင္တင္တင္နဲ႕
" သူဆြတ္ထားတာ" ဆိုပီး ဟိုေခြးကို လက္ညိွဳးထိုးျပရေသးတယ္
ရွက္လိုက္တာဗ်ာ …ခ်ိန္းတဲ႕ေနရာေရာက္ေတာ့လဲေပါင္ေပၚတင္ထားလို႕မွ မၾကာ ေသးေပါက္ခ်ေကာ
က်ဳပ္လဲ ေဒါသထြက္ပီး ေမာင္းခ်တာေပါ့ ေအာက္ဆင္းသြားေတာ့လဲ အျငိမ္မေနဘူး
သူ႕ဟာသူအိပ္ေနတဲ႕လမ္းေဘးေခြးကို သြားကလိတယ္
ဘာေျပာေကာင္းမလဲ ဟိုက ေခြးတို႕ဘာသာဘာဝ တက္ပီး အာဝါဟ ဝိဝါဟ ေတာ့တာေပါ့
-
"ဟာ ကိုယ္က်ဳိးေတာ့ နဲပါပီ" "အခုေတာ့ မလုပ္ပါနဲ႕ကြာ မင္းႀကိဳက္ရင္ အိမ္လိပ္စာေမးပီး
ကိုယ့္ဘာသာ သြားလုပ္ပါကြာအခုမလုပ္နဲ႕ေနာ္ လိမ္မာတယ္"
ဘယ္လိုတားတား မရဘူးဗ်ာ က်ဳပ္ကဆြဲခြာ သူတို႕က ျပန္ပူးနဲ႕ သံုးေကာင္စလံုး ရႈပ္ရွက္ခပ္ေနတာေပါ့
( ႏွစ္ေကာင္နဲ႕ တစ္ေယာက္ေပါ့ေလ)
"ရွင္တို႕ အႀကံပက္စက္လွခ်ည္လား" ေမာ့ၾကည့္လိုက္ေတာ့ က်ဳပ္ရည္းစား
"ရွင္တို႕ႏွစ္ေယာက္ေပါင္းပီး က်မသမီးေလးကို ဖ်က္ဆီးေနၾကတယ္ေပါ့"
"ဟာ … မဟုတ္ဘူးေလ ငါကဆြဲခြာေပးေနတာ ဒီေခြးနဲ႕လဲ မသိဘူး
ခုမွ စေတြ႕ဖူးတာ ေနာ္ ေဟ့ေကာင္ ေနာ္" ဆိုပီး လွည့္ၾကည့္လိုက္ေတာ့ ေက်းဇူးရွင္က
ကိစၥပီးလို႕ ျပန္ေတာင္ႏွပ္ေနပီ
-
"မသိဘူး ရွင့္လူ တက္ဝုန္းေနတာ က်မမ်က္စိနဲ႕တပ္အပ္ျမင္တယ္ "
"လူမဟုတ္ပါဘူး ေခြးပါဟ" "အို ေခြးျဖစ္ျဖစ္ လူျဖစ္ျဖစ္ ရွင္တို႕ႏွစ္ေယာက္လံုး တူတူဘဲ
လူယုတ္မာနဲ႕ ေခြးယုတ္မာ ထဝီ" အရွိန္ျပင္းလိုက္တဲ႔ တံေတြးဗ်ာ
ေတာ္ေတာ္လွမ္းလွမ္းကိုေရာက္တာ ေတာ္လွန္ေရးကားေတြ ရိုက္တဲ႔
သီဟတင္စိုးေတာင္ သူ႕ေလာက္တံေတြး ေထြးတဲ႔ေနရာမွာ ဆရာက်မယ္ မထင္ဘူး
"က်မ သေဘာေပါက္သြားပါပီေနာက္ဆံုးေတာ့ ပေထြးဟာ ပေထြးဘဲ"
"ငမ္"
"လာ သမီး ျပန္မယ္ ဒီနား ေနေနရတာ ႐ြံတယ္ ထဝီ"
-
တံေတြးေထြး လို႕ဝေတာ့ သူ႕ေခြး သူခ်ီပီး ထြက္သြားေကာ သူနဲ႕က်ဳပ္လဲ ဇာတ္လမ္းျပတ္သြားတာေပါ့
သူငယ္ခ်င္းေတြေမးေတာ့လဲ သူဘဲ ဒိုင္ခံေျဖတာ "ျပတ္သြားပီ အဲ႔ဒီေဇယ်ာဆိုတဲ႔ေကာင္နဲ႕
သူ႕အေဖာ္ေၾကာင့္ ငါ့သမီးဗိုက္ႀကီးေနပီေလ သစၥာမရွိတဲ႕ေယာက်ာ္း" တဲ႕
ေကာင္းေရာ … လုပ္တဲ႔ေကာင္က လုပ္ပီးေျပးပီ ခံရေတာ့ က်ဳပ္
ဒီၾကားထဲ သူ႕ေခြးမက ေမြးခ်လိုက္တဲ႔ ခေလးေတြက မဆီမဆိုင္
က်ဳပ္နဲ႕ ရုပ္ခ်င္းလာဆင္ေနတယ္ဗ်ာ
-
က်ဳပ္မွာ ကိုယ့္ရည္းစားကိုယ္ ေခ်ာ့ခ်င္ေပမဲ႔ သူတို႕အိမ္ဘက္ကို ေယာင္လို႕ေတာင္ မသြားရဲဘူး
ေတာ္ၾကာ သူ႕ခေလးေတြ သံေယာဇဥ္မျပတ္ႏိုင္လို႕လာၾကည့္တာပါဆိုပီး ထပ္စြပ္စြဲေနမွာစိုးလို႕
က်ဳပ္မွာ ရည္းစားလဲဆံုး ေခြးခေလးအေဖလဲျဖစ္ ခေလးစရိတ္ဆိုပီး တလတခါ မေထာက္ပံ႔ရတာ
ကံေကာင္း …
-
Credit To Zay Yar
Saturday, June 13, 2015
လူပ်ိဳရည္ပ်က္ခ်င္တဲ့ ေကာင္ေလးတစ္ေယာက္ရွာေတြ႕ခဲ့ေသာ ညေမႊးပန္းေလးတစ္ပြင့္ရဲ႕ ေၾကကြဲဖြယ္ဇာတ္လမ္းတစ္ပုဒ္
ကၽြန္ေတာ့္နာမည္ ေအာင္ေသာ္ ပါ။
အသက္က ၁၇ႏွစ္ သူငယ္ခ်င္းေတြက လူပ်ိဳရည္မပ်က္ေသးတဲ့ ကၽြန္ေတာ့္ကို ဂိုဏ္း၀င္သြားေအာင္
မဂၤလာေစ်း JJ ေအာက္မွာ … ညေမႊးပန္းသြားရွာမယ္ လိုက္ခဲ့ ..ဆိုတာနဲ႕ လူငယ္ဆိုေတာ့ စူးစမ္းခ်င္တဲ့
စိတ္နဲ႕ လိုက္သြားခဲ့တယ္..
ဟိုေရာက္ေတာ့ .. သားၾကီး မင္းက ဒီည အထူးဆိုေတာ့ ..မင္းတစ္ေယာက္ေရြးကြာတဲ့ သူတို႕က သူတို႕
စိတ္ၾကိဳက္တစ္ေယာက္ေရြးတယ္..
အဲဒီမွာ ၀ိုင္းဆိုတဲ့ ေကာင္မေလးကို ကၽြန္ေတာ္စေတြ႕ခဲ့တယ္… ေရွ႕မွာလာရပ္ျပေနတဲ့ ေကာင္မေလးေတြထက္ ..
ဟုိးးး သစ္ပင္ေအာက္မွာတစ္ေယာက္တည္း ငူငူေငါင္ေငါင္ ထိုင္ေနတဲ့ သူမဆီ ..ကၽြန္ေတာ္ အသာေလွ်ာက္သြားတယ္..
မီးမလင္းတလင္းမွာ ..မပီ၀ိုးတ၀ါး ဆယ္ေက်ာ္သက္အရြယ္ မိန္းမပ်ိဳေလးတစ္ေယာက္ ကၽြန္ေတာ့္အထင္မ်က္ရည္ေတြမ်ား ၀ိုင္းေနသလား မသိပါဘူး.. မင္းနာမည္ ဘယ္လိုေခၚလဲဆိုေတာ့ ..၀ိုင္းတဲ့ .. နာမည္ေမးတုန္းရွိေသးတယ္….ေခါင္းဆိုတဲ့ လူ ေရာက္လာျပီး ညီက ဒီကေလးမေလးၾကိဳက္လို႕လားတဲ့ …
ကၽြန္ေတာ့္ေခါင္းကို အသာညိတ္မိလိုက္တယ္ ထင္ပါတယ္.. ကဲ ..မိ၀ိုင္း ထေတာ့ … အလုပ္ေပၚျပီ …နင္စိတ္ညစ္တာေနာက္မွညစ္.. လိုက္သြား .. ေခါင္းရဲ႕ စကားအဆံုးမွာ ..
ညမိမယ္ နတ္သမီးေလးတစ္ပါး ဘာဆိုဘာမွ ျပန္မေျပာပဲ အရုပ္တစ္ရုပ္လို ထလိုက္လာပါတယ္.. ဒီလိုနဲ႕ …၀ိုင္းရယ္ ..ေနာက္ေကာင္မေလးတစ္ေယာက္ရယ္ .. ကၽြန္ေတာ္တို႕ သူငယ္ခ်င္း သံုးေယာက္ရယ္ ..ကားတစ္စီးနဲ႕ သူတို႕ ညႊန္ျပတဲ့ သူတို႕က်က္စားရာ .. တည္းခိုခန္းတစ္ခုဆီ ထြက္လာခဲ့ၾကတယ္..
ကားေပၚမွာ ..ေရွ႕ခန္းမွာ ထိုင္ေနတဲ့ ကၽြန္ေတာ့္ကို လက္ညိဳးထိုးျပီး ..သူငယ္ခ်င္းကေျပာတယ္ ၀ိုင္း… နင့္ကို ဒီေကာင္က ဘိုင္နိမ္းနဲ႕ ေခၚလာတာေလ….အဲလို ေျပာေတာ့.. နတ္သမီးေလး ဆီက အသံထြက္လာတယ္.. အကိုက ၀ိုင္းကို သိလို႕လားတဲ့ …. ကၽြန္ေတာ္ အသာအယာပဲ ေခါင္းခါျပလိုက္ပါတယ္ ကၽြန္ေတာ္မွ မသိတာ … သူ႕ကိုဘာေၾကာင့္ ေရြးခဲ့မိတယ္ဆိုတာလဲ မသိဘူး.. ကၽြန္ေတာ့္စိတ္က ခံစားခ်က္ရွိတဲ့ သူေတြကို စိတ္၀င္စားတယ္ ထင္ပါရဲ႕ ..
ဟိုတယ္ေရာက္ေတာ့ … ကၽြန္ေတာ့္ကို သူငယ္ခ်င္းေတြက ၀ိုင္းနဲ႕ အတူေနဖို႕ အခန္းတစ္ခန္းေပးတယ္….. တစ္နာရီပဲ ရမယ္ေနာ္သားၾကီး .. ငါတို႕ အားလံုး အလွည္႕က်ပဲ …. လုပ္စရာရွိတာလုပ္…ရွက္ေၾကာက္မေနနဲ႕တဲ့ ေအးပါကြာ ..ဆိုျပီး ကၽြန္ေတာ္ အခန္းထဲ၀င္လိုက္ေတာ့ ၀ိုင္းက ကုတင္ေပၚမွာ ထိုင္ေနေလရဲ႕..
အကို .. ညီမ ေရခိ်ဳးလိုက္အုန္းမယ္ ရလားဟင္ ..တစ္ညေနလံုး ေရမခ်ိဳးရေသးလို႕ နံေစာ္ေနျပီ ….
ခြင့္ျပဳပါေနာ္တဲ့ … ရပါတယ္ ……. ကၽြန္ေတာ္လဲ လူပ်ိဳညအတြက္ ရင္ခုန္လိႈက္ေမာေနတာနဲ႕ အခ်ိန္ေလးတစ္ခုလိုအပ္ေနေသးတယ္ မဟုတ္လား.. ကၽြန္ေတာ္ အမွန္အတိုင္း ၀န္ခံပါရေစ … မေကာင္းဘူးဆိုတာသိေပမယ့္ .. အရာရာကို စမ္းသပ္ခ်င္ေနတဲ့ ..အရြယ္ဆိုေတာ့ ကိုယ္ ဘာလုပ္ရမယ္..ဘာေၾကာင့္
ဒီေနရာေရာက္ေနတယ္ဆိုတဲ့ စိတ္နဲ႕ စိတ္ေတြလႈပ္ရွားေနပါတယ္…
နားနဲ႕မနာ ဖ၀ါ္းနဲ႕ နာၾကပါဗ်ာ.. ကၽြန္ေတာ့္ ေသြးသားေတြကလဲ တစ္ခုခုကို ေတာင္းဆိုေနၾကတာ ..တရုန္းရုန္းနဲ႕ေပါ့ ေကာင္မေလး ေရခ်ိဳးသံနဲ႕ အတူ … တ၀ုန္း၀ုန္းတဒိုင္းဒိုင္းနဲ႕ ရင္ခုန္သံစည္းခ်က္ေတြက၀ရုန္းသုန္းကား ..ကၽြန္ေတာ္ ထိုင္မရ ထမရနဲ႕ .. ကၽြန္ေတာ့္စိတ္ေတြကလဲ ဟိုးးးး အေ၀းၾကီးကေန နီးလာသလို …နီးရာကေန ေ၀းသြားသလို.. တစ္ခုခုကို ေတာင့္တစိတ္ေတြက ထိန္းမရ သိမ္းမရ ျဖစ္ေနတယ္
ေကာင္မေလးထြက္လာပါျပီ …
ျဗဳန္းဆို …ေကာင္မေလး သဘတ္ကိုခၽြတ္ ေကာက္၀တ္လိုက္တဲ့ … ရင္စည္းက … ကၽြန္ေတာ္ ျမင္ေနက် ..ႏိုင္ငံျခားကားေတြထဲကလို ေတာက္ေတာက္ေျပာင္ေျပာင္ လွလွပပ အရာေလးမဟုတ္ပါဘူး …. အရြယ္မေရာက္ေသးတဲ့ မိန္းခေလးေတြ ၀တ္တဲ့ ရင္ခံအက်ီလို ဟာေလးပါ ေဟာင္းႏြမ္းစုတ္ျပတ္ျပီး
အေရာင္အဆင္းကင္းမဲ့ေနတဲ့ ရင္ခံအက်ီေလးကို ေငးၾကည္႕ရင္း ေကာင္မေလး လက္တစ္စံုက ..
အဲဒီအက်ီေလးရဲ႕ လက္ေမာင္းသားေပၚက ၾကိဳးကေလးကို ကိုင္ျပီး တစ္စံုတစ္ခုကိုလုပ္လိုက္ပါတယ္
ကၽြန္ေတာ့္ စိတ္ေတြ .. အဲဒီ တခဏမွာ ..ေခ်ာက္ကမ္းပါးတစ္ခုက ျပိဳက်သြားသလို ဟာခနဲ ျဖစ္သြားတယ္ဗ်ာ ..သူလုပ္လိုက္တဲ့အရာက …ျပတ္ေနတဲ့ ၾကိဳးႏွစ္ကို တြယ္ထားတဲ့ တြယ္ခ်ိတ္ေလးကို ျဖဳတ္လိုက္တာ…. တစ္ကယ္ကို ခ်ိတ္ေလးတစ္ခုပါ… စုတ္ျပတ္ေဟာင္းႏြမ္းေနတဲ့ ရင္စည္းအက်ီမွာ ..ၾကိဳးျပတ္ေနလို႕ …တြယ္ခ်ိတ္နဲ႕ တြယ္ထားရတဲ့ အဲဒီ အက်ီေလးက လူပ်ိဳတစ္ေယာက္ရဲ႕ … တ၀ုန္း၀ုန္းၾကဲေနတဲ့ မုန္တိုင္း ရမက္ေတြကို ျဖဳတ္ဆို ေပ်ာက္ဆံုးသြားေစခဲ့တယ္..
ကၽြန္ေတာ္ လွမ္းေျပာလိုက္တယ္…၀ိုင္း … မခၽြတ္နဲ႕ေတာ့လို႕ .. အက်ီေလးထပ္၀တ္ထားပါ ခ်မ္းေနပါမယ္ ဆိုေတာ့ … အံၾသတဲ့ မ်က္လံုးေတြနဲ႕ ကၽြန္ေတာ့္ကို လွမ္းၾကည္႕တယ္.. ဘာျဖစ္လို႕လဲ အကိုတဲ့ ..
ဘာမွ မျဖစ္ပါဘူးကြယ္…. အကိုစကားေျပာခ်င္လုိ႕ပါဆိုေတာ့ . အံၾသေနတဲ့ မ်က္၀န္းေတြနဲ႕ ကၽြန္ေတာ့္အနား ျဖည္းညွင္းစြာကပ္လာတယ္.. အကို ညီမကို မၾကည္ျဖဴလို႕လားဟင္…ညီမက ေတာ္ေတာ္
စိတ္ညစ္စရာေကာင္းေနလို႕လားတဲ့ ကၽြန္ေတာ္ေခါင္းပဲခါျပလိုက္တယ္…
သူမရဲ႕ အထာက်ေနတဲ့ မ်က္လံုးေတြက ဘယ္ညာ ရမ္းျပီး အၾကည္႕ေ၀့တစ္ခ်က္မွာ အရာအားလုံးကို
သေဘာေပါက္သြားတယ္ထင္ပါရဲ႕ .. ဒီလိုလုပ္ေလ ညီမကို ဖက္ထားလိုက္တဲ့ … အကို အဆင္ေျပေအာင္ပါ တဲ့
သူမေျပာတဲ့အတိုင္း ကၽြန္ေတာ္ ဖက္လိုက္ပါတယ္ ဟင္ … ဘာၾကီးလဲ … ကၽြန္ေတာ္ အလန္႕တၾကားလက္ကို ျပန္ဆြဲရုတ္မိတယ္.. အား ..ေတာင္းပန္ပါတယ္..အကို …တစ္ကယ္ပါ … ညီမေလ ..ညေနက ရပ္ကြက္ထဲမွာ ရန္ျဖစ္လာလို႕ …. ကၽြန္ေတာ္ ျပန္စမ္းၾကည္႕တယ္… ျပင္းထန္တဲ့ ဒဏ္ရာတစ္ခုပဲ ..
ဟိုဘက္လွည္႕လိုက္ဆိုေတာ့ သူမ လွည္႕ျပတယ္…. ဓါးဒဏ္ရာၾကီးပါလား … ရွပ္ထိတာ
ဆိုေပမယ့္ ..ေတာ္ေတာ္ေလး ျပင္းထန္တဲ့ ဒဏ္ရာပါ ဘယ္လိုျဖစ္တာလဲ ညီမရယ္ ဆိုျပီး … ဘယ္လိုမွ ရည္ရြယ္မထားေပမယ့္ ကၽြန္ေတာ္ ႏႈတ္က ထြက္သြားခဲ့တယ္.. ၀ိုင္း … မ်က္၀န္းေတြမွာ ..အရည္ေတြ လဲ့လာပါတယ္…ေနာက္ သူမ သက္ျပင္းတစ္ခုခ်တယ္ ကၽြန္ေတာ့္ကို ၾကည္႕တယ္…… သူ႕ၾကည္႕တဲ့ ပံုစံက အကိုတစ္ေယာက္ကို ညီမတစ္ေယာက္က ရင္ဖြင့္ခ်င္တဲ့ ခံစားခ်က္မ်ိဳး … ကၽြန္ေတာ္ ေခါင္းညိတ္ျပလိုက္တယ္..
ကၽြန္ေတာ္ နားေထာင္ေပးဖို႕ အသင့္ျဖစ္ေနပါျပီ.. ဘာေတြ ျဖစ္ခဲ့တာလဲ မိန္းမပ်ိဳေလးရဲ႕ ေက်ာကုန္းက
ဓၚးဒဏ္ရာဆိုတာက ေတာ္ေတာ္ေလးကို ဒြိဟျဖစ္စရာပဲမဟုတ္လား တိတ္ဆိတ္ေနတဲ့ ညမွာ
ေၾကကြဲေနတဲ့ ညငွက္ေလးတစ္ေကာင္ရဲ႕ စကားသံတိုးတိုးေလး ထြက္လာတယ္ ”ညီမ ညေနက ရပ္ကြက္ထဲမွာရန္ျဖစ္လာတာတဲ့ … ညီမ ေယာက်ား္ရဲ႕ မိန္းမၾကီးက ညီမကို ဓါးနဲ႕ လိုက္ခုတ္လို႕
ထြက္ေျပးခဲ့ရတယ္…ဒီ ဒဏ္ရာက ရွပ္ထိသြားတာပါ” တဲ့ ဒီလိုနဲ႕ပဲ သူမ စကားေတြ ဆက္ေျပာခဲ့တယ္…
သူမက အခုမွ ၁၆ ႏွစ္ေတာင္ မျပည္႕ေသးပါဘူး … ၁၄ ႏွစ္သမီးမွာ ေယာက်ား္ရတယ္ ရတဲ့
ေယာက်ာ္းက ေခါင္းပါ ..ဒီလိုနဲ႕ ဒီေလာကထဲေ၇ာက္လာခဲ့တယ္.. သူမရဲ႕ ဘ၀အစမွာတုန္းကေတာ့ …
ေကာင္းေရာင္းေကာင္း၀ယ္ အေၾကာ္သည္လင္မယားႏွစ္ေယာက္ရဲ႕ တစ္ဦးတည္းေသာ သမီးေလးပါတဲ့
ေျပာရင္းနဲ႕ … သူမ လက္ဆြဲအိတ္ေလးကို လွမ္းယူလိုက္ပါတယ္.. ေနာက္ ေၾကမြေနတဲ့ အက်ီ
အစုတ္ေတြၾကားထဲကေန … တစ္ခုခုကို ထုတ္ယူလိုက္တယ္.. မပီျပင္၀ိုးတ၀ါးအလင္းေရာင္မွာ သူျပခ်င္တဲ့ အရာအတြက္ အလင္းေရာင္တစ္ခုလိုအပ္တယ္ ထင္ပါရဲ႕ …. အခန္းမီးကို ဖြင့္လိုက္တယ္.. အဲဒီက်မွ ..သူမလက္ထဲမွာ ကိုင္ထားတာ .. ပလက္စတစ္ေလာင္းထားတဲ့ ဓါတ္ပံုအေဟာင္းေလး တစ္ပံု ..
အဲဒီမွာ ကေလးေလးတစ္ေယာက္ ဆုတံဆပ္ေလးကိုင္လို႕ …..ေဘးနားမွာက ေလာကဓံေၾကာင့္
ပိန္လွီေနေပမယ့္ မိန္းမေခ်ာတို႕ ရုပ္ရည္ရွိတဲ့ အသက္သံုးဆယ္ေက်ာ္ အမ်ိဳးသမီးတစ္ေယာက္ … ေသခ်ာပါတယ္… အဲဒါ သားအမိႏွစ္ေယာက္ပံုပါ ..သမီးေလးက ေက်ာင္းမွာ ဆုရ သမီးေလးနဲ႕ အေမ ဆုေလးနဲ႕ဓါတ္ပံုတြဲရိုက္ …. ႏွစ္ေယာက္လံုးရဲ႕ မ်က္ႏွာမွာ အျပံဳးေတြနဲ႕ … ဒီကေလးမေလးက ၀ိုင္းမွ ဟုတ္ပါေလစ ..ေဘးက သူ႕အေမေပါ့ .. ၀ိုင္းက ငယ္ငယ္တုန္းက စာေတာ္တဲ့ ကေလးမေလးပဲ … ရင္ထဲမွာ ဆို႕နင့္သြားတယ္
ဓါတ္ပံုေလးၾကည္႕ျပီး ငိုင္သြားတဲ့ ကၽြန္ေတာ္.. ”အဲဒါ ၀ိုင္းေမေမေလ…၀ိုင္း ႏွစ္တန္းတုန္းက ဆုရတုန္းက အမွတ္တရပံုေလးပါ.. ၀ိုင္းရဲ႕ ပညာအရည္အခ်င္းကလဲ အဲဒီႏွစ္က ေနာက္ဆံုးပါပဲ …. အဲဒီေနာက္ပိုင္းကေတာ့ …ရုပ္ရွင္ေတြထဲကလိုေပါ့ အကိုရယ္… အေဖကဆံုး ..အေမက ေနာက္ေယာက်ာ္းယူ …ပေထြးက ႏွိပ္စက္ … သမီးပါေက်ာင္းထြက္ ေစ်းေရာင္း ..ေနာက္ စိတ္ဖိစီးမႈဒဏ္ေတြေၾကာင့္ အေမကဆံုး .. ပေထြးက ေျခေတာ္တင္….ေနာက္ဆံုးမွာ ဖာေခါင္းနဲ႕ ရျပီး ဖာသည္မေလးျဖစ္သြားတယ္ေပါ့” ျပီးေတာ့ဟက္ဟက္ဟက္ဟက္နဲ႕ ေျခာက္ကပ္စြာ သူမ ရယ္ေမာေနခဲ့တယ္
ဒါ ျမင္ဖူးေနက် ရုပ္ရွင္ေတြ ..ဖတ္ဖူးေနက် ၀ထဳေတြ .. ၾကားဖူးေနက် .. ညဥ္႕နက္မေလးေတြရဲ႕
ပါးစပ္ဖ်ားက ပံုျပင္ေတြ ဆိုျပီး … ကၽြန္ေတာ္ ေတြးထင္ပလိုက္ခ်င္တယ္.. ဒါေပမယ့္ ..မ်က္စိေရွ႕မွာ
ျမင္ေနရတဲ့ ..ေကာင္မေလးရဲ႕ မ်က္ရည္မက်တဲ့ မ်က္၀န္းနဲ႕ ေလာကၾကီးကိုေလွာင္ျပံဳးေတြနဲ႕ ခနဲ႕တဲ့တဲ့ … မ်က္ႏွာထားေအာက္မွာ ကၽြန္ေတာ္ ဘယ္လိုလုပ္ျပီး ..ဒါေတြက ပံုျပင္ပါလို႕ ..ေတြးထင္လို႕ ရမွာတဲ့လဲ..
ကၽြန္ေတာ္ ယံုတယ္လဲ မေျပာပါဘူး …မယံုဘူးလဲ မေျပာပါဘူး.. ဘာမွလဲ ေျပာစရာမရွိပါဘူး … သူမကလဲ ဘာမွ ဆက္မေျပာပါဘူး …ပံုမွန္အားျဖင့္ ..ဒီအခ်ိန္မွာ မ်က္ႏွာကိုလႊဲ သက္ျပင္းကိုခ် ..တစ္ရိႈက္ရိႈက္နဲ႕ငိုေၾကြးေနရမယ့္ မိန္းခေလးတစ္ေယာက္က ဘာလို႕မ်ား…. ကၽြန္ေတာ့္မ်က္၀န္းေတြကို စိုက္စိုက္ၾကည္႕ျပီး တည္ျငိမ္ေနရတာလဲ ….
ကၽြန္ေတာ္ကေရာ … ဘာလို႕ အဓိပါယ္ဖတ္မရတဲ့ သူမမ်က္၀န္းေတြကို ေငးၾကည္႕ျပီး ရင္ထဲမွာ စို႕နင့္နင့္ၾကီး ျဖစ္ေနရတာတုန္း.. ေအာ္ ညီမရယ္ ..ဆိုျပီး ဖတ္လိုက္ရမွာလား ..သူမကလဲ ဟင့္ဟင့္ဆိုျပီး ငိုေၾကြးျပီး ကၽြန္ေတာ့္ရင္ခြင္ထဲ၀င္လာမွာလား … ဟားဟား ဒါရုပ္ရွင္ရိုက္ေနတာဆိုရင္ေတာ့ …ဒီဇတ္၀င္ခန္းက ဒီလိုရိုက္ျဖစ္သြားမွာပါ ဒါေပမယ့္ ဒါရုပ္ရွင္ရိုက္ေနတာ မဟုတ္…တစ္ကယ့္ ဘ၀ဆိုးၾကီးကို ဘာမွမဆိုင္တဲ့ ေကာင္ေလးတစ္ေယာက္ေရွ႕မွာ ေကာင္မေလးတစ္ေယာက္ကရင္ဖြင့္မိသြားတာ ဘာမွ မလုပ္ေပးႏိုင္တဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ခံစားခ်က္ကေရာ
တစ္ကယ္ေတာ့ အဲဒီအခ်ိန္မွာ တိတ္ဆိတ္ေနတဲ့အခန္းက်ဥ္းေလးထဲမွာ လူသားႏွစ္ေယာက္ၾကား တစ္စံုတစ္ခုက က်ကြဲသြားတယ္ အဲဒီ က်ကြဲသြားတဲ့ အရာက … ဘာသံမွ မထြက္ပဲ ကြဲေၾကသြားတဲ့ အသဲႏွလံုး ႏွစ္ခုပါ.. ေဒါက္ ေဒါက္ ေဒါက္ ”ေဟ့ေရာင္ ေအာင္ေသာ္ … မျပီးေသးဘူးလား …ျမန္ျမန္ထြက္ေတာ့ ေနာက္လူေတြေစာင့္ေနတယ္.” ကၽြန္ေတာ္ … သူမကို ျပံဳးျပလိုက္တယ္…. သူမကလဲ ျပန္ျပံဳးျပတယ္
ကၽြန္ေတာ္ ဘာႏႈတ္ဆက္စကားမွ မဆိုပဲ ..သူမအနားက ထလာခဲ့တယ္.. ေနာက္မွ လက္ထဲပါလာတဲ့ ..သူမရဲ႕ တန္ဖိုးအၾကီးဆံုး အမွတ္တရဓါတ္ပံုေလးကို ျပန္လွည္႕ေပးရင္ ..ကၽြန္ေတာ္ သူမကို ေက်ာခိုင္းထြက္လာတယ္ တံခါး၀နားေရာက္မွ ..ကၽြန္ေတာ္ လွည္႕ေျပာမိတယ္ ”အကို ညီမလို ေက်ာင္းမွာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ္းေတာ္တယ္ ” သူမ ျပံဳးသြားတယ္ …ေက်းဇူးတင္ပါတယ္ အကို တဲ့ .. ……….
ျပီးေတာ့ ကၽြန္ေတာ္ သူမရွိေနတဲ့ အခန္းထဲကေန ထြက္လာခဲ့တယ္..
အျပင္မွာ ေစာင့္ေနတဲ့ သူငယ္ခ်င္းက ဘယ္လိုလဲ ဆိုတဲ့ အထာနဲ႕ ေမးေငါ့ျပတယ္
”ငါ ခံစားခ်က္အၾကီးၾကီးရခဲ့ပါတယ္” လို႕ ျပန္ေျဖလိုက္တယ္
ဟဟဟဟဟ …သူငယ္ခ်င္းက ရယ္ပါတယ္. မင္းအဆင္ေျပရင္ျပီးတာပဲ..ဟိုဘက္
မွာ အခန္းတစ္ခုရွိတယ္ မင္း သြားနားေနလိုက္..ငါ ၀င္လိုက္အုန္းမယ္ ..တဲ့
ေျပာျပီး ..သူမရွိရာ အခန္းေလးထဲကုိ ၀င္သြားပါတယ္
ငါရခဲ့တဲ့ ခံစားခ်က္က မင္းထင္သလို မဟုတ္ဘူးဆိုတာ မရွင္းျပေတာ့ပါဘူး
ရွင္းျပစရာလဲ လိုမွ မလိုတာ … ဘာမွန္းမသိတဲ့ ခံစားခ်က္ အၾကီးၾကီးတစ္ခုကို
ထမ္းပိုး…. သူမနဲ႕အတူ ေပ်ာ္ပါးဖို႕ ၀င္သြားတဲ့ သူငယ္ခ်င္းေက်ာကုန္းကို ေငးၾကည္႕ေနရင္းနဲ႕
ကၽြန္ေတာ္ မြန္းက်ပ္လာတယ္
တစ္ဖက္အခန္းက … မပီ၀ိုးတ၀ါး ၾကားေနရတဲ့ အသံတစ္ခ်ိဳ႕မွာ …
ကၽြန္ေတာ္စိတ္ေတြ တိမ္ထဲမွာ လြင့္ေမ်ာေနရသလိုပဲ ..
ကၽြန္ေတာ္ ………..၂တန္းေက်ာင္းသူအရြယ္ေကာင္မေလးတစ္ေယာက္ကို ျမင္ေနရတယ္…
ေကာင္မေလးက လက္ထဲမွာ ပညာရည္ခၽြန္ဆုေလး ကိုင္ျပီး…သူ႕ေမေမနဲ႕ ဓါတ္ပံုရိုက္ေနတယ္…..
ေနာက္ ..ေကာင္မေလးနားမွာ သူ႕ေမေမ မရွိေတာ့ဘူး ..
ရမက္ျပင္းတဲ့ အၾကည္႕ေတြနဲ႕ ဘီလူးသဘက္လို မိန္းမပ်ိဳေလးရဲ႕ ေသြးသားကို
၀ါးျမိဳခ်င္တဲ့ လူတစ္ခ်ိဳ႕ …. ကေလးမေလး နားကို တျဖည္းျဖည္း ၀ိုင္းအံုလာၾကတယ္
ေကာင္မေလး ေၾကာက္ရြံ႕စြာ ေအာ္ဟစ္ေနတယ္..
သူမ ဘ၀ေလး ႏွင္းဆီပန္းကေလးလို တစ္ရစ္ျပီး တစ္ရစ္ …တစ္လႊာျပီး တစ္လႊာအေျခြခံေနရတယ္… ဘယ္သူမွ ကယ္မယ့္သူ မရွိဘူး
အားကိုးရာလဲ မရွိဘူး ..
နာက်င္မႈေတြ အျပည္႕နဲ႕ ..အရွက္ေတြကို နင္းေျခခံလိုက္ရတဲ့ … ကေလးမေလးရဲ႕ႏႈတ္ခမ္းတစ္စံုက ..ၾကာေတာ့ ေလာကၾကီးကို ေလွာင္ျပံဳးေလးနဲ႕ ျပန္ျပံဳးျပတတ္ျပီ
သူမ မ်က္ႏွာေပၚ တေပါက္ေပါက္ က်ေနတဲ့ တဏွာရမက္ေခၽြးစက္ေတြနဲ႕မ်က္ႏွာသစ္တတ္သြားျပီ …
ညည္းညဴလိႈက္ေမာ ပင့္သက္ရိႈက္သံေတြနဲ႕အတူ..
သက္တံေရာင္ တိမ္ေတြၾကား …. ကေလးမေလးတစ္ေယာက္ မ်က္ရည္ေတြနဲ႕
သူ႕ေမေမလဲ မ်က္ရည္ေတြနဲ႕ …ဆုတံဆိပ္ေလးကလဲ ေၾကမြလို႕ ….
ေနာက္ ကေလးမေလး မ်က္လံုးကိုမွိတ္ အံကိုၾကိတ္ ..အသူရာေခ်ာက္ထဲ … ပစ္ဆင္းသြားတယ္ …
ကၽြန္ေတာ္ လွမ္းျပီး ဖမ္းဆုပ္ခ်ိန္မရလိုက္ဘူး …….
အလန္႕တၾကားနဲ႕ ကၽြန္ေတာ္ သူမ ခုန္ဆင္းသြားရာ ေျပးလိုက္ရင္း
သူမ နာမည္ကို ေအာ္ဟစ္ေနမိတယ္
”၀ိုင္းးးးးးးးး ” ..
………….
”ေဟ့ေရာင္ …၀ိုင္းမေနနဲ႕ ထေတာ့ မိုးလင္းေနျပီကြ .. ဟိုေကာင္မေလးေတြလဲျပန္သြားၾကျပီ”
ကၽြန္ေတာ္ လန္႕ႏိုးလာတယ္….ေအာ္ မိုးေတာင္လင္းသြားျပီ
ေအာ္ ဒါနဲ႕ …၀ိုင္းက မင္းကို ဒါေလး ေပးေပးပါတဲ့ …ေရာ့
…………
ဘာေလးလဲ … သူငယ္ခ်င္းလွမ္းေပးတဲ့ အရာေလးကို ၾကည္႕လို္က္ေတာ့
တြယ္ခ်ိတ္ေလးတစ္ခု ..
သူမ ရင္စည္းအက်ီက တြယ္ခ်ိတ္ေလး ဘာအတြက္နဲ့ကၽြန္ေတာ့္ကို ေပးခဲ့တာလဲ
သူမအတြက္ မလိုအပ္ေတာ့ဘူးလား …..
ဒီတြယ္ခ်ိတ္ေလးမရွိပဲ ..သူမရဲ႕ အရွက္ကို ဘယ္လိုဖံုးမလဲ..
ဘာေၾကာင့္လဲ …
”အရွက္ေတြကို ဖံုးဖို႕ မလုိအပ္ေတာ့တာလား …ေကာင္မေလးေရ”
ဒါမွမဟုတ္”တြယ္ခ်ိတ္ေလးကို ခၽြတ္ျပီး … အရွက္တရားကို ေရာင္းစားရတဲ့ ဘ၀ကို ေက်ာခိုင္းေတာ့မွာမုိ႕လို႕ဒီ တြယ္ခ်ိတ္ေလး မလိုအပ္ေတာ့တာလား ”
ဒုတိယ အဓိပါယ္နဲ႕အတူ အကို႕ကို ဒီတြယ္ခ်ိတ္ေလး ေပးခဲ့တာ ျဖစ္ပါေစလို႕
အကို ဆုေတာင္းပါတယ္….
…………………………………………….
” ေဟ့ေရာင္ … ငါတို႕ ရပ္ကြက္ထဲကို ၀ိုင္းေရာက္ေနတယ္ကြ”
ဟုတ္ပါတယ္…ရပ္ကြက္ထဲဆိုတာထက္ …ကၽြန္ေတာ္တို႕ လမ္းရဲ႕ အေနာက္ထိပ္ဆံုးကို၀ိုင္းေရာက္လာခဲ့တာပါ..
၀ိုင္းက ၀ိုင္းမဟုတ္ေတာ့သလို … ညဥ္႕ငွက္မေလးလဲ မဟုတ္ေတာ့ဘူး
၀ိုင္းမွာ ကာမပိုင္ လင္ေယာက်ာ္း ရွိေနျပီ
သူမရဲ႕ အမ်ိဳးးသားက အညာက လက္သမားဆရာေလးတစ္ေယာက္ပါ
လမ္းအေနာက္မွာရွိတဲ့ လက္သမားရံုေတြမွာ အလုပ္လုပ္ဖို႕ ေရာက္လာတဲ့
လက္သမား ဆရာေလးနဲ႕အတူ … ေယာင္ေနာက္ ဆံထံုးပါ
သူမေရာက္လာခဲ့တာ ျဖစ္ပါတယ္..
တစ္ႏွစ္ေက်ာ္ႏွစ္ႏွစ္ဆိုတဲ့ အခ်ိန္ကာလတစ္ခုမွာ ..
၀ိုင္းဆိုတဲ့ ေကာင္မေလး ေတာ္ေတာ္ေျပာင္းလဲသြားတယ္..
ေလာကဓံေၾကာင့္ ဆိုရမလား ..ကၽြန္ေတာ့္ထက္ ငယ္ေပမယ့္ ..
ရုပ္ကေလးက အရင္လို မႏုပ်ိဳေတာ့ဘူး ..
အရင္လို လွတပတေလး မျပင္ဆင္ႏိုင္ေတာ့ဘူး ..
ဒါေပမယ့္ …
သူမဘ၀ေလး ျဖဴစင္သြားျပီ .. သန္႕ရွင္းသြားျပီ
သူမ အေၾကာ္ဆိုင္ေလး ဖြင့္တယ္ …
အေၾကာ္ဆိုင္ေလး နာမည္က ၀ိုင္း တဲ့ ..
ကၽြန္ေတာ္တို႕ သြားစားျဖစ္ေပမယ့္ … စကားေတြအမ်ားၾကီးေတာ့ မေျပာျဖစ္ပါဘူး
ေျပာဖို႕လဲ မလိုအပ္ဘူးေလ .. ဒါေပမယ့္ သူမဆီက ခင္ခင္မင္မင္နဲ႕ ဆက္ဆံမႈေတာ့ ရပါတယ္
ကၽြန္ေတာ္ ေက်နပ္တယ္ .. ၀ိုင္းကို ဒီလို ဘ၀နဲ႕ ျမင္ရတာ ..
တြယ္ခ်ိတ္ေလးေပးခဲ့တုန္းက ကၽြန္ေတာ္ ဆုေတာင္းခဲ့တာ ျပည္႕သြားခဲ့လို႕
၀မ္းသာ မဆံုးပါဘူး ..
ဒါေပမယ့္ ကံၾကမာက … အျငိဳးၾကီးတယ္..
သိပ္ျပီး ဇတ္လမ္းဆန္ေနမလား ….
တစ္ကယ့္ အျဖစ္အပ်က္ေတြက စိတ္ကူးယဥ္ထက္ အမ်ားၾကီး ပိုဆန္းျပားတယ္
မယံုၾကည္ႏိုင္ေလာက္ေအာင္ လွည္႕စားတတ္လြန္းတယ္ဗ်ာ
တစ္ေန႕ .. ၀ိုင္း ဆိုတဲ့ အေၾကာ္ဆိုင္ေလးမွာ အေၾကာ္ေတြ မရွိဘူး
ေၾကာ္မယ့္သူလဲ မရွိဘူး ..အားေပးမယ့္ စားသံုးသူေတြလဲ မ၇ွိဘူး
၀ိုင္း ေနမေကာင္းလို႕ ေဆးရံုတင္လိုက္ရတယ္..
သိပ္မၾကာပါဘူး …. ၀ိုင္းတစ္ေယာက္ ဆံုးျပီတဲ့ ..
…………
”ေအာင္ေသာ္ … ၀ိုင္းဆံုးတာ ေသြးရိုးသားရိုးမျဖစ္ႏိုင္ဘူးကြ..A လားမသိဘူး..
ငါတို႕ေတာ့ ဒုတ္ခပါပဲကြာ ”
ကၽြန္ေတာ္ သူငယ္ခ်င္းေတြကို မဲ့ျပံဳးေလးပဲ ျပံဳးျပလိုက္တယ္..
၀ိုင္းဆံုးတာ HIV ေၾကာင့္ပါဆိုတာ ကၽြန္ေတာ္ ေျပာမျပေတာ့ပါဘူး
သူတို႕ေတြ စိတ္တဇ ျဖစ္သြားမွာ စိုးလို႕ပါ ဟုတ္ပါတယ္…
လြန္ခဲ့တဲ့ ႏွစ္ပတ္ေက်ာ္တုန္းက .. လမ္းေနာက္က စတိုးဆိုင္ေလးတစ္ခုမွာ
ကၽြန္ေတာ္ ကြမ္းယာ၀ယ္ျပီး ေစာင့္ေနတုန္း..
ေနာက္ကေန …ၾကားဖူးေနက် အသံေလးတစ္ခုက တိုးတိုးေလး လာကပ္ေျပာတယ္
”အကို … ညီမ သြားရေတာ့မယ္ .. ညီမ ေဆးစစ္တာ positive လုိ႕ အေျဖထြက္တယ္ အကို
ညီမ ဒီေလာကၾကီးက ထြက္မသြားခင္.. အကို႕ကို ေက်းဇူးတင္စကားေျပာခ်င္လို႕ပါ
ညီမကို အရမ္းေတာ္တယ္လုိ႕ ေျပာေပးခဲ့တဲ့ ေက်းဇူးပါ…
ဒီေလာကၾကီးမွာ ညီမကို ေတာ္တယ္လို႕ေျပာတာ အကိုနဲ႕ ညီမေမေမပဲ ရွိခဲ့တာပါ
အဲဒီစကားတစ္ခြန္းနဲ႕ ညီမ ဘ၀ကို ေျပာင္းလဲဖို႕ ၾကိဳးစားခဲ့တယ္
ေျပာင္းလဲႏိုင္ခဲ့တယ္….
ဘာပဲေျပာေျပာ ..ေလာကၾကီးကေန ဒီေရာဂါဆိုးနဲ႕ ထြက္သြားရေပမယ့္
ေလာကဓံကို ညီမအႏိုင္ယူခဲ့တယ္..ညီမ ရိုးရိုးသားသားနဲ႕ ဘ၀ကို ရင္ဆိုင္သြားပါတယ္ အကို”
ထံုးစံအတိုင္း ..ဆြံ႕အစြာနဲ႕ ကၽြန္ေတာ္ ျငိမ္သက္ေနမိတယ္
ဘာမွ ျပန္မေျပာျဖစ္ဘူး..ကၽြန္ေတာ္ လွည္႕ၾကည္႕လိုက္ေတာ့ …ေက်ာခိုင္း ထြက္သြားတဲ့ သူမကိုပဲ
ျမင္ရေတာ့တယ္
……..
ကၽြန္ေတာ္ လမ္းေဘးအုတ္ခံုေလးမွာ ထိုင္ေနတယ္
ဒီေန႕ ေန႕လည္က ၀ိုင္း အသုဘကို သြားပို႕ျဖစ္တယ္….
ဘာရယ္ မဟုတ္ဘူး ..တြယ္ခ်ိတ္ေလးေတြ သူမအသက္နဲ႕ တြက္ျပီး ၀ယ္..
ျပီးေတာ့ ခ်ိတ္ေလးေတြကို ျဖဴတ္ေပး …ေျမမွာ ျမဳပ္ေပးခဲ့တယ္
သူမ လြတ္လပ္ပါေစ…ျဖစ္ေလရာ ဘ၀တိုင္း တြယ္ခ်ိတ္ေလးကို ခၽြတ္ေပးရတဲ့ ဘ၀မ်ိဳးနဲ႕ေ၀းကြာပါေစ …
…
အုတ္ခံုေလးမွာ ထိုင္ျပီး ကၽြန္ေတာ္ ေကာင္းကင္ကို ေမာ့ၾကည္႕လိုက္တယ္..
ၾကယ္ကေလးေတြနဲ႕ လမင္းၾကီး ၾကားထဲမွာ ..
၀ိုင္းဆိုတဲ့ ၂တန္းအရြယ္ ကေလးမေလး ေပၚလာတယ္…ဆုေလးကိုင္လို႕
သူ႕ေမေမကလဲ ျပံဳးလို႕ … ျပီးေတာ့ ကၽြန္ေတာ့္ကို ရီျပျပီး …..
သားအမိႏွစ္ေယာက္ ေပ်ာ္ရႊင္စြာ လွည္႕ထြက္သြားတယ္
သြားေတာ့ ၀ိုင္းေရ
ေနာက္ထပ္ ဘ၀ေတြ ဘ၀ေတြ ..သံသရာမျပီးသေရြ႕ ဆက္သြားႏွင့္ပါေနာင္ ဘ၀ဆက္တိုင္း ျဖစ္ေလရာမွာ ဒီဘ၀လို အျဖစ္ဆိုးမ်ိဳးေတြ မေတြ႕ပါေစနဲ႕ျဖစ္လာေတာ့မွာ မဟုတ္ဘူးလို႕လဲ အကို ယံုပါတယ္
ညီမေလးက ဘ၀ေပးအေျခအေန ကံၾကမာဆိုးေၾကာင့္ဘ၀ပ်က္ခဲ့ေပမယ့္ …
စိတ္ဓါတ္ေတြမွ မပ်က္စီးခဲ့တာ
ခိုင္မာတည္ၾကည္တဲ့ စိတ္ဓါတ္နဲ႕ ေလာကဓံကို အရံႈးမေပးေက်ာ္လႊားျပခဲ့တဲ့ညီမေလး တစ္ကယ္ေတာ္
ပါတယ္ငါ့ညီမ တစ္ကယ္ေတာ္ပါတယ္ကြာ ….
”၀ိုင္း ေကာင္းရာမြန္ရာ ေရာက္ပါေစ”
ဆရာၾကယ္
မာဆက္က မိန္းကေလးရဲ့ရင္ဖြင့္သံ
- အပယ္ခံလမ္းေပၚက ႏြမ္းပါးမ်က္ရည္ ..!
- ႐ုပ္႐ွင္မဟုတ္ဘူး ...... ၀တၱဳမဟုတ္ပါဘူး .... တကယ့္ျဖစ္ရပ္ႀကီးပါ
- ငရဲခန္းမွာ နွစ္(၂၀)
- တရားရံုး၏ တဖက္သတ္အမိန္ ့ေၾကာင့္ အရွက္ကို အသက္ႏွင့္လဲခဲ့သူ
- မာဆက္က မိန္းကေလးရဲ့ရင္ဖြင့္သံ
- ျပည့္တန္ဆာေခါင္း မားမားစံ (ေခၚ) ေဒၚစံစံႏွင့္ ေတြ႕ဆုံျခင္း
- ယူနန္ျပည္နယ္တြင္ ျမန္မာမေတြကိုေဒၚလာ ၃၂၀၀ နဲ ့ရႏိုင္ပါသည္ ဟုေၾကာ္ျငာထားမွဳမ်ား ရွိေန
- ကြ်န္မသာ ညဥ့္ငွက္တစ္ေကာင္ဆိုရင္ ရွင္လက္ထပ္မလား(၀မ္းနည္းဖြယ္ ဇာတ္လမ္းတစ္ပုဒ္)
- ျပည့္တန္ဆာေခါင္း မားမားစံ (ေခၚ) ေဒၚစံစံႏွင့္ ေတြ႕ဆုံျခင္း
- ယူနန္ျပည္နယ္တြင္ ျမန္မာမေတြကိုေဒၚလာ ၃၂၀၀ နဲ ့ရႏိုင္ပါသည္ ဟုေၾကာ္ျငာထားမွဳမ်ား ရွိေန
- ကြ်န္မသာ ညဥ့္ငွက္တစ္ေကာင္ဆိုရင္ ရွင္လက္ထပ္မလား(၀မ္းနည္းဖြယ္ ဇာတ္လမ္းတစ္ပုဒ္)
လူပ်ိဳရည္ပ်က္ခ်င္တဲ့ ေကာင္ေလးတစ္ေယာက္ရွာေတြ႕ခဲ့ေသာ ညေမႊးပန္းေလးတစ္ပြင့္ရဲ႕ ေၾကကြဲဖြယ္ဇာတ္လမ္းတစ္ပုဒ္ http://www.themeltingpot4u.com/2015/06/blog-post_616.html
Posted by The Melting Pot 4 U on Saturday, 13 June 2015
လူပျိုရည်ပျက်ချင်တဲ့ ကောင်လေးတစ်ယောက်ရှာတွေ့ခဲ့သော ညမွှေးပန်းလေးတစ်ပွင့်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်
By MP4 YoU June 13, 2015
ကျွန်တော့်နာမည် အောင်သော် ပါ။
အသက်က ၁၇နှစ် သူငယ်ချင်းတွေက လူပျိုရည်မပျက်သေးတဲ့ ကျွန်တော့်ကို ဂိုဏ်းဝင်သွားအောင်
မင်္ဂလာစျေး JJ အောက်မှာ … ညမွှေးပန်းသွားရှာမယ် လိုက်ခဲ့ ..ဆိုတာနဲ့ လူငယ်ဆိုတော့ စူးစမ်းချင်တဲ့
စိတ်နဲ့ လိုက်သွားခဲ့တယ်..
ဟိုရောက်တော့ .. သားကြီး မင်းက ဒီည အထူးဆိုတော့ ..မင်းတစ်ယောက်ရွေးကွာတဲ့ သူတို့က သူတို့
စိတ်ကြိုက်တစ်ယောက်ရွေးတယ်..
အဲဒီမှာ ၀ိုင်းဆိုတဲ့ ကောင်မလေးကို ကျွန်တော်စတွေ့ခဲ့တယ်… ရှေ့မှာလာရပ်ပြနေတဲ့ ကောင်မလေးတွေထက် ..
ဟိုးးး သစ်ပင်အောက်မှာတစ်ယောက်တည်း ငူငူငေါင်ငေါင် ထိုင်နေတဲ့ သူမဆီ ..ကျွန်တော် အသာလျှောက်သွားတယ်..
မီးမလင်းတလင်းမှာ ..မပီဝိုးတဝါး ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ယောက် ကျွန်တော့်အထင်မျက်ရည်တွေများ ၀ိုင်းနေသလား မသိပါဘူး.. မင်းနာမည် ဘယ်လိုခေါ်လဲဆိုတော့ ..၀ိုင်းတဲ့ .. နာမည်မေးတုန်းရှိသေးတယ်….ခေါင်းဆိုတဲ့ လူ ရောက်လာပြီး ညီက ဒီကလေးမလေးကြိုက်လို့လားတဲ့ …
ကျွန်တော့်ခေါင်းကို အသာညိတ်မိလိုက်တယ် ထင်ပါတယ်.. ကဲ ..မိ၀ိုင်း ထတော့ … အလုပ်ပေါ်ပြီ …နင်စိတ်ညစ်တာနောက်မှညစ်.. လိုက်သွား .. ခေါင်းရဲ့ စကားအဆုံးမှာ ..
ညမိမယ် နတ်သမီးလေးတစ်ပါး ဘာဆိုဘာမှ ပြန်မပြောပဲ အရုပ်တစ်ရုပ်လို ထလိုက်လာပါတယ်.. ဒီလိုနဲ့ …၀ိုင်းရယ် ..နောက်ကောင်မလေးတစ်ယောက်ရယ် .. ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်ရယ် ..ကားတစ်စီးနဲ့ သူတို့ ညွှန်ပြတဲ့ သူတို့ကျက်စားရာ .. တည်းခိုခန်းတစ်ခုဆီ ထွက်လာခဲ့ကြတယ်..
ကားပေါ်မှာ ..ရှေ့ခန်းမှာ ထိုင်နေတဲ့ ကျွန်တော့်ကို လက်ညိုးထိုးပြီး ..သူငယ်ချင်းကပြောတယ် ၀ိုင်း… နင့်ကို ဒီကောင်က ဘိုင်နိမ်းနဲ့ ခေါ်လာတာလေ….အဲလို ပြောတော့.. နတ်သမီးလေး ဆီက အသံထွက်လာတယ်.. အကိုက ၀ိုင်းကို သိလို့လားတဲ့ …. ကျွန်တော် အသာအယာပဲ ခေါင်းခါပြလိုက်ပါတယ် ကျွန်တော်မှ မသိတာ … သူ့ကိုဘာကြောင့် ရွေးခဲ့မိတယ်ဆိုတာလဲ မသိဘူး.. ကျွန်တော့်စိတ်က ခံစားချက်ရှိတဲ့ သူတွေကို စိတ်ဝင်စားတယ် ထင်ပါရဲ့ ..
ဟိုတယ်ရောက်တော့ … ကျွန်တော့်ကို သူငယ်ချင်းတွေက ၀ိုင်းနဲ့ အတူနေဖို့ အခန်းတစ်ခန်းပေးတယ်….. တစ်နာရီပဲ ရမယ်နော်သားကြီး .. ငါတို့ အားလုံး အလှည့်ကျပဲ …. လုပ်စရာရှိတာလုပ်…ရှက်ကြောက်မနေနဲ့တဲ့ အေးပါကွာ ..ဆိုပြီး ကျွန်တော် အခန်းထဲဝင်လိုက်တော့ ၀ိုင်းက ကုတင်ပေါ်မှာ ထိုင်နေလေရဲ့..
အကို .. ညီမ ရေချိုးလိုက်အုန်းမယ် ရလားဟင် ..တစ်ညနေလုံး ရေမချိုးရသေးလို့ နံစော်နေပြီ ….
ခွင့်ပြုပါနော်တဲ့ … ရပါတယ် ……. ကျွန်တော်လဲ လူပျိုညအတွက် ရင်ခုန်လှိုက်မောနေတာနဲ့ အချိန်လေး
တစ်ခုလိုအပ်နေသေးတယ် မဟုတ်လား.. ကျွန်တော် အမှန်အတိုင်း ၀န်ခံပါရစေ … မကောင်းဘူးဆိုတာ
သိပေမယ့် .. အရာရာကို စမ်းသပ်ချင်နေတဲ့ ..အရွယ်ဆိုတော့ ကိုယ် ဘာလုပ်ရမယ်..ဘာကြောင့်
ဒီနေရာရောက်နေတယ်ဆိုတဲ့ စိတ်နဲ့ စိတ်တွေလှုပ်ရှားနေပါတယ်…
နားနဲ့မနာ ဖဝါ်းနဲ့ နာကြပါဗျာ.. ကျွန်တော့် သွေးသားတွေကလဲ တစ်ခုခုကို တောင်းဆိုနေကြတာ ..တရုန်းရုန်းနဲ့ပေါ့ ကောင်မလေး ရေချိုးသံနဲ့ အတူ … တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ရင်ခုန်သံစည်းချက်တွေက
၀ရုန်းသုန်းကား ..ကျွန်တော် ထိုင်မရ ထမရနဲ့ .. ကျွန်တော့်စိတ်တွေကလဲ ဟိုးးးး အဝေးကြီးကနေ နီးလာသလို …နီးရာကနေ ဝေးသွားသလို.. တစ်ခုခုကို တောင့်တစိတ်တွေက ထိန်းမရ သိမ်းမရ ဖြစ်နေတယ်
ကောင်မလေးထွက်လာပါပြီ …
ဗြုန်းဆို …ကောင်မလေး သဘတ်ကိုချွတ် ကောက်ဝတ်လိုက်တဲ့ … ရင်စည်းက … ကျွန်တော် မြင်နေကျ ..နိုင်ငံခြားကားတွေထဲကလို တောက်တောက်ပြောင်ပြောင် လှလှပပ အရာလေးမဟုတ်ပါဘူး …. အရွယ်မရောက်သေးတဲ့ မိန်းခလေးတွေ ၀တ်တဲ့ ရင်ခံအကျီလို ဟာလေးပါ ဟောင်းနွမ်းစုတ်ပြတ်ပြီး
အရောင်အဆင်းကင်းမဲ့နေတဲ့ ရင်ခံအကျီလေးကို ငေးကြည့်ရင်း ကောင်မလေး လက်တစ်စုံက ..
အဲဒီအကျီလေးရဲ့ လက်မောင်းသားပေါ်က ကြိုးကလေးကို ကိုင်ပြီး တစ်စုံတစ်ခုကိုလုပ်လိုက်ပါတယ်
ကျွန်တော့် စိတ်တွေ .. အဲဒီ တခဏမှာ ..ချောက်ကမ်းပါးတစ်ခုက ပြိုကျသွားသလို ဟာခနဲ ဖြစ်သွားတယ်ဗျာ ..သူလုပ်လိုက်တဲ့အရာက …ပြတ်နေတဲ့ ကြိုးနှစ်ကို တွယ်ထားတဲ့ တွယ်ချိတ်လေးကို ဖြုတ်လိုက်တာ…. တစ်ကယ်ကို ချိတ်လေးတစ်ခုပါ… စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ ရင်စည်းအကျီမှာ ..ကြိုးပြတ်နေလို့ …တွယ်ချိတ်နဲ့ တွယ်ထားရတဲ့ အဲဒီ အကျီလေးက လူပျိုတစ်ယောက်ရဲ့ … တဝုန်းဝုန်းကြဲနေတဲ့ မုန်တိုင်း ရမက်တွေကို ဖြုတ်ဆို ပျောက်ဆုံးသွားစေခဲ့တယ်..
ကျွန်တော် လှမ်းပြောလိုက်တယ်…၀ိုင်း … မချွတ်နဲ့တော့လို့ .. အကျီလေးထပ်ဝတ်ထားပါ ချမ်းနေပါမယ် ဆိုတော့ … အံသြတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်.. ဘာဖြစ်လို့လဲ အကိုတဲ့ ..
ဘာမှ မဖြစ်ပါဘူးကွယ်…. အကိုစကားပြောချင်လို့ပါဆိုတော့ . အံသြနေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်အနား ဖြည်းညှင်းစွာကပ်လာတယ်.. အကို ညီမကို မကြည်ဖြူလို့လားဟင်…ညီမက တော်တော်
စိတ်ညစ်စရာကောင်းနေလို့လားတဲ့ ကျွန်တော်ခေါင်းပဲခါပြလိုက်တယ်…
သူမရဲ့ အထာကျနေတဲ့ မျက်လုံးတွေက ဘယ်ညာ ရမ်းပြီး အကြည့်ဝေ့တစ်ချက်မှာ အရာအားလုံးကို
သဘောပေါက်သွားတယ်ထင်ပါရဲ့ .. ဒီလိုလုပ်လေ ညီမကို ဖက်ထားလိုက်တဲ့ … အကို အဆင်ပြေအောင်ပါ တဲ့
သူမပြောတဲ့အတိုင်း ကျွန်တော် ဖက်လိုက်ပါတယ် ဟင် … ဘာကြီးလဲ … ကျွန်တော် အလန့်တကြားလက်ကို ပြန်ဆွဲရုတ်မိတယ်.. အား ..တောင်းပန်ပါတယ်..အကို …တစ်ကယ်ပါ … ညီမလေ ..ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာလို့ …. ကျွန်တော် ပြန်စမ်းကြည့်တယ်… ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုပဲ ..
ဟိုဘက်လှည့်လိုက်ဆိုတော့ သူမ လှည့်ပြတယ်…. ဓါးဒဏ်ရာကြီးပါလား … ရှပ်ထိတာ
ဆိုပေမယ့် ..တော်တော်လေး ပြင်းထန်တဲ့ ဒဏ်ရာပါ ဘယ်လိုဖြစ်တာလဲ ညီမရယ် ဆိုပြီး … ဘယ်လိုမှ ရည်ရွယ်မထားပေမယ့် ကျွန်တော် နှုတ်က ထွက်သွားခဲ့တယ်.. ၀ိုင်း … မျက်ဝန်းတွေမှာ ..အရည်တွေ လဲ့လာပါတယ်…နောက် သူမ သက်ပြင်းတစ်ခုချတယ် ကျွန်တော့်ကို ကြည့်တယ်…… သူ့ကြည့်တဲ့ ပုံစံက အကိုတစ်ယောက်ကို ညီမတစ်ယောက်က ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး … ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်..
ကျွန်တော် နားထောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ.. ဘာတွေ ဖြစ်ခဲ့တာလဲ မိန်းမပျိုလေးရဲ့ ကျောကုန်းက
ဓါ်းဒဏ်ရာဆိုတာက တော်တော်လေးကို ဒွိဟဖြစ်စရာပဲမဟုတ်လား တိတ်ဆိတ်နေတဲ့ ညမှာ
ကြေကွဲနေတဲ့ ညငှက်လေးတစ်ကောင်ရဲ့ စကားသံတိုးတိုးလေး ထွက်လာတယ် ”ညီမ ညနေက ရပ်ကွက်ထဲမှာရန်ဖြစ်လာတာတဲ့ … ညီမ ယောကျား်ရဲ့ မိန်းမကြီးက ညီမကို ဓါးနဲ့ လိုက်ခုတ်လို့
ထွက်ပြေးခဲ့ရတယ်…ဒီ ဒဏ်ရာက ရှပ်ထိသွားတာပါ” တဲ့ ဒီလိုနဲ့ပဲ သူမ စကားတွေ ဆက်ပြောခဲ့တယ်…
သူမက အခုမှ ၁၆ နှစ်တောင် မပြည့်သေးပါဘူး … ၁၄ နှစ်သမီးမှာ ယောကျား်ရတယ် ရတဲ့
ယောကျာ်းက ခေါင်းပါ ..ဒီလိုနဲ့ ဒီလောကထဲရောက်လာခဲ့တယ်.. သူမရဲ့ ဘဝအစမှာတုန်းကတော့ …
ကောင်းရောင်းကောင်းဝယ် အကြော်သည်လင်မယားနှစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးလေးပါတဲ့ ..
ပြောရင်းနဲ့ … သူမ လက်ဆွဲအိတ်လေးကို လှမ်းယူလိုက်ပါတယ်.. နောက် ကြေမွနေတဲ့ အကျီ
အစုတ်တွေကြားထဲကနေ … တစ်ခုခုကို ထုတ်ယူလိုက်တယ်.. မပီပြင်ဝိုးတဝါးအလင်းရောင်မှာ သူပြချင်တဲ့ အရာအတွက် အလင်းရောင်တစ်ခုလိုအပ်တယ် ထင်ပါရဲ့ …. အခန်းမီးကို ဖွင့်လိုက်တယ်.. အဲဒီကျမှ ..သူမလက်ထဲမှာ ကိုင်ထားတာ .. ပလက်စတစ်လောင်းထားတဲ့ ဓါတ်ပုံအဟောင်းလေး တစ်ပုံ ..
အဲဒီမှာ ကလေးလေးတစ်ယောက် ဆုတံဆပ်လေးကိုင်လို့ …..ဘေးနားမှာက လောကဓံကြောင့်
ပိန်လှီနေပေမယ့် မိန်းမချောတို့ ရုပ်ရည်ရှိတဲ့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် … သေချာပါတယ်… အဲဒါ သားအမိနှစ်ယောက်ပုံပါ ..သမီးလေးက ကျောင်းမှာ ဆုရ သမီးလေးနဲ့ အမေ ဆုလေးနဲ့
ဓါတ်ပုံတွဲရိုက် …. နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ … ဒီကလေးမလေးက ၀ိုင်းမှ ဟုတ်ပါလေ
စ ..ဘေးက သူ့အမေပေါ့ .. ၀ိုင်းက ငယ်ငယ်တုန်းက စာတော်တဲ့ ကလေးမလေးပဲ … ရင်ထဲမှာ ဆို့နင့်သွားတယ်
ဓါတ်ပုံလေးကြည့်ပြီး ငိုင်သွားတဲ့ ကျွန်တော်.. ”အဲဒါ ၀ိုင်းမေမေလေ…၀ိုင်း နှစ်တန်းတုန်းက ဆုရတုန်းက အမှတ်တရပုံလေးပါ.. ၀ိုင်းရဲ့ ပညာအရည်အချင်းကလဲ အဲဒီနှစ်က နောက်ဆုံးပါပဲ …. အဲဒီနောက်ပိုင်း
ကတော့ …ရုပ်ရှင်တွေထဲကလိုပေါ့ အကိုရယ်… အဖေကဆုံး ..အမေက နောက်ယောကျာ်းယူ …ပထွေးက နှိပ်စက် … သမီးပါကျောင်းထွက် စျေးရောင်း ..နောက် စိတ်ဖိစီးမှုဒဏ်တွေကြောင့် အမေကဆုံး .. ပထွေးက ခြေတော်တင်….နောက်ဆုံးမှာ ဖာခေါင်းနဲ့ ရပြီး ဖာသည်မလေးဖြစ်သွားတယ်ပေါ့” ပြီးတော့
ဟက်ဟက်ဟက်ဟက်နဲ့ ခြောက်ကပ်စွာ သူမ ရယ်မောနေခဲ့တယ်
ဒါ မြင်ဖူးနေကျ ရုပ်ရှင်တွေ ..ဖတ်ဖူးနေကျ ၀ထုတွေ .. ကြားဖူးနေကျ .. ညဉ့်နက်မလေးတွေရဲ့
ပါးစပ်ဖျားက ပုံပြင်တွေ ဆိုပြီး … ကျွန်တော် တွေးထင်ပလိုက်ချင်တယ်.. ဒါပေမယ့် ..မျက်စိရှေ့မှာ
မြင်နေရတဲ့ ..ကောင်မလေးရဲ့ မျက်ရည်မကျတဲ့ မျက်ဝန်းနဲ့ လောကကြီးကိုလှောင်ပြံုးတွေနဲ့ ခနဲ့တဲ့တဲ့ … မျက်နှာထားအောက်မှာ ကျွန်တော် ဘယ်လိုလုပ်ပြီး ..ဒါတွေက ပုံပြင်ပါလို့ ..တွေးထင်လို့ ရမှာတဲ့လဲ..
ကျွန်တော် ယုံတယ်လဲ မပြောပါဘူး …မယုံဘူးလဲ မပြောပါဘူး.. ဘာမှလဲ ပြောစရာမရှိပါဘူး … သူမကလဲ ဘာမှ ဆက်မပြောပါဘူး …ပုံမှန်အားဖြင့် ..ဒီအချိန်မှာ မျက်နှာကိုလွှဲ သက်ပြင်းကိုချ ..တစ်ရှိုက်ရှိုက်နဲ့
ငိုကြွေးနေရမယ့် မိန်းခလေးတစ်ယောက်က ဘာလို့များ…. ကျွန်တော့်မျက်ဝန်းတွေကို စိုက်စိုက်ကြည့်ပြီး တည်ငြိမ်နေရတာလဲ ….
ကျွန်တော်ကရော … ဘာလို့ အဓိပါယ်ဖတ်မရတဲ့ သူမမျက်ဝန်းတွေကို ငေးကြည့်ပြီး ရင်ထဲမှာ စို့နင့်နင့်ကြီး ဖြစ်နေရတာတုန်း.. အော် ညီမရယ် ..ဆိုပြီး ဖတ်လိုက်ရမှာလား ..သူမကလဲ ဟင့်ဟင့်ဆိုပြီး ငိုကြွေးပြီး ကျွန်တော့်ရင်ခွင်ထဲဝင်လာမှာလား … ဟားဟား ဒါရုပ်ရှင်ရိုက်နေတာဆိုရင်တော့ …ဒီဇတ်ဝင်ခန်းက ဒီလိုရိုက်ဖြစ်သွားမှာပါ ဒါပေမယ့် ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်…တစ်ကယ့် ဘဝဆိုးကြီးကို ဘာမှမဆိုင်တဲ့ ကောင်လေးတစ်ယောက်ရှေ့မှာ ကောင်မလေးတစ်ယောက်ကရင်ဖွင့်မိသွားတာ ဘာမှ မလုပ်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကရော
တစ်ကယ်တော့ အဲဒီအချိန်မှာ တိတ်ဆိတ်နေတဲ့အခန်းကျဉ်းလေးထဲမှာ လူသားနှစ်ယောက်ကြား တစ်စုံတစ်ခုက ကျကွဲသွားတယ် အဲဒီ ကျကွဲသွားတဲ့ အရာက … ဘာသံမှ မထွက်ပဲ ကွဲကြေသွားတဲ့ အသဲနှလုံး နှစ်ခုပါ.. ဒေါက် ဒေါက် ဒေါက် ”ဟေ့ရောင် အောင်သော် … မပြီးသေးဘူးလား …မြန်မြန်ထွက်တော့ နောက်လူတွေစောင့်နေတယ်.” ကျွန်တော် … သူမကို ပြံုးပြလိုက်တယ်…. သူမကလဲ ပြန်ပြံုးပြတယ်
ကျွန်တော် ဘာနှုတ်ဆက်စကားမှ မဆိုပဲ ..သူမအနားက ထလာခဲ့တယ်.. နောက်မှ လက်ထဲပါလာတဲ့ ..သူမရဲ့ တန်ဖိုးအကြီးဆုံး အမှတ်တရဓါတ်ပုံလေးကို ပြန်လှည့်ပေးရင် ..ကျွန်တော် သူမကို ကျောခိုင်းထွက်လာတယ် တံခါးဝနားရောက်မှ ..ကျွန်တော် လှည့်ပြောမိတယ် ”အကို ညီမလို ကျောင်းမှာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ်းတော်တယ် ” သူမ ပြံုးသွားတယ် …ကျေးဇူးတင်ပါတယ် အကို တဲ့ .. ……….
ပြီးတော့ ကျွန်တော် သူမရှိနေတဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်..
အပြင်မှာ စောင့်နေတဲ့ သူငယ်ချင်းက ဘယ်လိုလဲ ဆိုတဲ့ အထာနဲ့ မေးငေါ့ပြတယ်
”ငါ ခံစားချက်အကြီးကြီးရခဲ့ပါတယ်” လို့ ပြန်ဖြေလိုက်တယ်
ဟဟဟဟဟ …သူငယ်ချင်းက ရယ်ပါတယ်. မင်းအဆင်ပြေရင်ပြီးတာပဲ..ဟိုဘက်
မှာ အခန်းတစ်ခုရှိတယ် မင်း သွားနားနေလိုက်..ငါ ၀င်လိုက်အုန်းမယ် ..တဲ့
ပြောပြီး ..သူမရှိရာ အခန်းလေးထဲကို ၀င်သွားပါတယ်
ငါရခဲ့တဲ့ ခံစားချက်က မင်းထင်သလို မဟုတ်ဘူးဆိုတာ မရှင်းပြတော့ပါဘူး
ရှင်းပြစရာလဲ လိုမှ မလိုတာ … ဘာမှန်းမသိတဲ့ ခံစားချက် အကြီးကြီးတစ်ခုကို
ထမ်းပိုး…. သူမနဲ့အတူ ပျော်ပါးဖို့ ၀င်သွားတဲ့ သူငယ်ချင်းကျောကုန်းကို ငေးကြည့်နေရင်းနဲ့
ကျွန်တော် မွန်းကျပ်လာတယ်
တစ်ဖက်အခန်းက … မပီဝိုးတဝါး ကြားနေရတဲ့ အသံတစ်ချို့မှာ …
ကျွန်တော်စိတ်တွေ တိမ်ထဲမှာ လွင့်မျောနေရသလိုပဲ ..
ကျွန်တော် ………..၂တန်းကျောင်းသူအရွယ်
ကောင်မလေးတစ်ယောက်ကို မြင်နေရတယ်…
ကောင်မလေးက လက်ထဲမှာ ပညာရည်ချွန်ဆုလေး ကိုင်ပြီး…
သူ့မေမေနဲ့ ဓါတ်ပုံရိုက်နေတယ်…..
နောက် ..ကောင်မလေးနားမှာ သူ့မေမေ မရှိတော့ဘူး ..
ရမက်ပြင်းတဲ့ အကြည့်တွေနဲ့ ဘီလူးသဘက်လို မိန်းမပျိုလေးရဲ့ သွေးသားကို
၀ါးမြိုချင်တဲ့ လူတစ်ချို့ …. ကလေးမလေး နားကို တဖြည်းဖြည်း ၀ိုင်းအုံလာကြတယ်
ကောင်မလေး ကြောက်ရွံ့စွာ အော်ဟစ်နေတယ်..
သူမ ဘဝလေး နှင်းဆီပန်းကလေးလို တစ်ရစ်ပြီး တစ်ရစ် …တစ်လွှာပြီး တစ်လွှာအခြွေခံနေရတယ်… ဘယ်သူမှ ကယ်မယ့်သူ မရှိဘူး
အားကိုးရာလဲ မရှိဘူး ..
နာကျင်မှုတွေ အပြည့်နဲ့ ..အရှက်တွေကို နင်းခြေခံလိုက်ရတဲ့ … ကလေးမလေးရဲ့နှုတ်ခမ်းတစ်စုံက ..ကြာတော့ လောကကြီးကို လှောင်ပြံုးလေးနဲ့ ပြန်ပြံုးပြတတ်ပြီ
သူမ မျက်နှာပေါ် တပေါက်ပေါက် ကျနေတဲ့ တဏှာရမက်ချွေးစက်တွေနဲ့
မျက်နှာသစ်တတ်သွားပြီ …
ညည်းညူလှိုက်မော ပင့်သက်ရှိုက်သံတွေနဲ့အတူ..
သက်တံရောင် တိမ်တွေကြား …. ကလေးမလေးတစ်ယောက် မျက်ရည်တွေနဲ့
သူ့မေမေလဲ မျက်ရည်တွေနဲ့ …ဆုတံဆိပ်လေးကလဲ ကြေမွလို့ ….
နောက် ကလေးမလေး မျက်လုံးကိုမှိတ် အံကိုကြိတ် ..အသူရာချောက်ထဲ … ပစ်ဆင်းသွားတယ် …
ကျွန်တော် လှမ်းပြီး ဖမ်းဆုပ်ချိန်မရလိုက်ဘူး …….
အလန့်တကြားနဲ့ ကျွန်တော် သူမ ခုန်ဆင်းသွားရာ ပြေးလိုက်ရင်း
သူမ နာမည်ကို အော်ဟစ်နေမိတယ်
”၀ိုင်းးးးးးးးး ” ..
………….
”ဟေ့ရောင် …၀ိုင်းမနေနဲ့ ထတော့ မိုးလင်းနေပြီကွ .. ဟိုကောင်မလေးတွေလဲ
ပြန်သွားကြပြီ”
ကျွန်တော် လန့်နိုးလာတယ်….အော် မိုးတောင်လင်းသွားပြီ
အော် ဒါနဲ့ …၀ိုင်းက မင်းကို ဒါလေး ပေးပေးပါတဲ့ …ရော့
…………
ဘာလေးလဲ … သူငယ်ချင်းလှမ်းပေးတဲ့ အရာလေးကို ကြည့်လို်က်တော့
တွယ်ချိတ်လေးတစ်ခု ..
သူမ ရင်စည်းအကျီက တွယ်ချိတ်လေး ဘာအတွက်နဲ့ကျွန်တော့်ကို ပေးခဲ့တာလဲ
သူမအတွက် မလိုအပ်တော့ဘူးလား …..
ဒီတွယ်ချိတ်လေးမရှိပဲ ..သူမရဲ့ အရှက်ကို ဘယ်လိုဖုံးမလဲ..
ဘာကြောင့်လဲ …
”အရှက်တွေကို ဖုံးဖို့ မလိုအပ်တော့တာလား …ကောင်မလေးရေ”
ဒါမှမဟုတ်
”တွယ်ချိတ်လေးကို ချွတ်ပြီး … အရှက်တရားကို ရောင်းစားရတဲ့ ဘဝကို ကျောခိုင်းတော့မှာမို့လို့
ဒီ တွယ်ချိတ်လေး မလိုအပ်တော့တာလား ”
ဒုတိယ အဓိပါယ်နဲ့အတူ အကို့ကို ဒီတွယ်ချိတ်လေး ပေးခဲ့တာ ဖြစ်ပါစေလို့
အကို ဆုတောင်းပါတယ်….
…………………………………………….
” ဟေ့ရောင် … ငါတို့ ရပ်ကွက်ထဲကို ၀ိုင်းရောက်နေတယ်ကွ”
ဟုတ်ပါတယ်…ရပ်ကွက်ထဲဆိုတာထက် …ကျွန်တော်တို့ လမ်းရဲ့ အနောက်ထိပ်ဆုံးကိုဝိုင်းရောက်လာခဲ့တာပါ..
၀ိုင်းက ၀ိုင်းမဟုတ်တော့သလို … ညဉ့်ငှက်မလေးလဲ မဟုတ်တော့ဘူး
၀ိုင်းမှာ ကာမပိုင် လင်ယောကျာ်း ရှိနေပြီ
သူမရဲ့ အမျိုးးသားက အညာက လက်သမားဆရာလေးတစ်ယောက်ပါ
လမ်းအနောက်မှာရှိတဲ့ လက်သမားရုံတွေမှာ အလုပ်လုပ်ဖို့ ရောက်လာတဲ့
လက်သမား ဆရာလေးနဲ့အတူ … ယောင်နောက် ဆံထုံးပါ
သူမရောက်လာခဲ့တာ ဖြစ်ပါတယ်..
တစ်နှစ်ကျော်နှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ ..
၀ိုင်းဆိုတဲ့ ကောင်မလေး တော်တော်ပြောင်းလဲသွားတယ်..
လောကဓံကြောင့် ဆိုရမလား ..ကျွန်တော့်ထက် ငယ်ပေမယ့် ..
ရုပ်ကလေးက အရင်လို မနုပျိုတော့ဘူး ..
အရင်လို လှတပတလေး မပြင်ဆင်နိုင်တော့ဘူး ..
ဒါပေမယ့် …
သူမဘဝလေး ဖြူစင်သွားပြီ .. သန့်ရှင်းသွားပြီ
သူမ အကြော်ဆိုင်လေး ဖွင့်တယ် …
အကြော်ဆိုင်လေး နာမည်က ၀ိုင်း တဲ့ ..
ကျွန်တော်တို့ သွားစားဖြစ်ပေမယ့် … စကားတွေအများကြီးတော့ မပြောဖြစ်ပါဘူး
ပြောဖို့လဲ မလိုအပ်ဘူးလေ .. ဒါပေမယ့် သူမဆီက ခင်ခင်မင်မင်နဲ့ ဆက်ဆံမှုတော့ ရပါတယ်
ကျွန်တော် ကျေနပ်တယ် .. ၀ိုင်းကို ဒီလို ဘဝနဲ့ မြင်ရတာ ..
တွယ်ချိတ်လေးပေးခဲ့တုန်းက ကျွန်တော် ဆုတောင်းခဲ့တာ ပြည့်သွားခဲ့လို့
၀မ်းသာ မဆုံးပါဘူး ..
ဒါပေမယ့် ကံကြမာက … အငြိုးကြီးတယ်..
သိပ်ပြီး ဇတ်လမ်းဆန်နေမလား ….
တစ်ကယ့် အဖြစ်အပျက်တွေက စိတ်ကူးယဉ်ထက် အများကြီး ပိုဆန်းပြားတယ်
မယုံကြည်နိုင်လောက်အောင် လှည့်စားတတ်လွန်းတယ်ဗျာ
တစ်နေ့ .. ၀ိုင်း ဆိုတဲ့ အကြော်ဆိုင်လေးမှာ အကြော်တွေ မရှိဘူး
ကြော်မယ့်သူလဲ မရှိဘူး ..အားပေးမယ့် စားသုံးသူတွေလဲ မရှိဘူး
၀ိုင်း နေမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်..
သိပ်မကြာပါဘူး …. ၀ိုင်းတစ်ယောက် ဆုံးပြီတဲ့ ..
…………
”အောင်သော် … ၀ိုင်းဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးကွ..A လားမသိဘူး..
ငါတို့တော့ ဒုတ်ခပါပဲကွာ ”
ကျွန်တော် သူငယ်ချင်းတွေကို မဲ့ပြံုးလေးပဲ ပြံုးပြလိုက်တယ်..
၀ိုင်းဆုံးတာ HIV ကြောင့်ပါဆိုတာ ကျွန်တော် ပြောမပြတော့ပါဘူး
သူတို့တွေ စိတ်တဇ ဖြစ်သွားမှာ စိုးလို့ပါ ဟုတ်ပါတယ်…
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်တုန်းက .. လမ်းနောက်က စတိုးဆိုင်လေးတစ်ခုမှာ
ကျွန်တော် ကွမ်းယာဝယ်ပြီး စောင့်နေတုန်း..
နောက်ကနေ …ကြားဖူးနေကျ အသံလေးတစ်ခုက တိုးတိုးလေး လာကပ်ပြောတယ်
”အကို … ညီမ သွားရတော့မယ် .. ညီမ ဆေးစစ်တာ positive လို့ အဖြေထွက်တယ် အကို
ညီမ ဒီလောကကြီးက ထွက်မသွားခင်.. အကို့ကို ကျေးဇူးတင်စကားပြောချင်လို့ပါ
ညီမကို အရမ်းတော်တယ်လို့ ပြောပေးခဲ့တဲ့ ကျေးဇူးပါ…
ဒီလောကကြီးမှာ ညီမကို တော်တယ်လို့ပြောတာ အကိုနဲ့ ညီမမေမေပဲ ရှိခဲ့တာပါ
အဲဒီစကားတစ်ခွန်းနဲ့ ညီမ ဘဝကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်
ပြောင်းလဲနိုင်ခဲ့တယ်….
ဘာပဲပြောပြော ..လောကကြီးကနေ ဒီရောဂါဆိုးနဲ့ ထွက်သွားရပေမယ့်
လောကဓံကို ညီမအနိုင်ယူခဲ့တယ်..ညီမ ရိုးရိုးသားသားနဲ့ ဘဝကို ရင်ဆိုင်သွားပါတယ် အကို”
ထုံးစံအတိုင်း ..ဆွံ့အစွာနဲ့ ကျွန်တော် ငြိမ်သက်နေမိတယ်
ဘာမှ ပြန်မပြောဖြစ်ဘူး..ကျွန်တော် လှည့်ကြည့်လိုက်တော့ …ကျောခိုင်း ထွက်သွားတဲ့ သူမကိုပဲ
မြင်ရတော့တယ်
……..
ကျွန်တော် လမ်းဘေးအုတ်ခုံလေးမှာ ထိုင်နေတယ်
ဒီနေ့ နေ့လည်က ၀ိုင်း အသုဘကို သွားပို့ဖြစ်တယ်….
ဘာရယ် မဟုတ်ဘူး ..တွယ်ချိတ်လေးတွေ သူမအသက်နဲ့ တွက်ပြီး ၀ယ်..
ပြီးတော့ ချိတ်လေးတွေကို ဖြူတ်ပေး …မြေမှာ မြုပ်ပေးခဲ့တယ်
သူမ လွတ်လပ်ပါစေ…ဖြစ်လေရာ ဘဝတိုင်း တွယ်ချိတ်လေးကို ချွတ်ပေးရတဲ့ ဘဝမျိုးနဲ့ဝေးကွာပါစေ …
အုတ်ခုံလေးမှာ ထိုင်ပြီး ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်တယ်..
ကြယ်ကလေးတွေနဲ့ လမင်းကြီး ကြားထဲမှာ ..
၀ိုင်းဆိုတဲ့ ၂တန်းအရွယ် ကလေးမလေး ပေါ်လာတယ်…ဆုလေးကိုင်လို့
သူ့မေမေကလဲ ပြံုးလို့ … ပြီးတော့ ကျွန်တော့်ကို ရီပြပြီး …..
သားအမိနှစ်ယောက် ပျော်ရွှင်စွာ လှည့်ထွက်သွားတယ်
သွားတော့ ၀ိုင်းရေ
နောက်ထပ် ဘဝတွေ ဘဝတွေ ..သံသရာမပြီးသရွေ့ ဆက်သွားနှင့်ပါနောင် ဘဝဆက်တိုင်း ဖြစ်လေရာမှာ ဒီဘဝလို အဖြစ်ဆိုးမျိုးတွေ မတွေ့ပါစေနဲ့ဖြစ်လာတော့မှာ မဟုတ်ဘူးလို့လဲ အကို ယုံပါတယ်
ညီမလေးက ဘဝပေးအခြေအနေ ကံကြမာဆိုးကြောင့်ဘဝပျက်ခဲ့ပေမယ့် …
စိတ်ဓါတ်တွေမှ မပျက်စီးခဲ့တာ
ခိုင်မာတည်ကြည်တဲ့ စိတ်ဓါတ်နဲ့ လောကဓံကို အရှုံးမပေးကျော်လွှားပြခဲ့တဲ့ညီမလေး တစ်ကယ်တော်
ပါတယ်ငါ့ညီမ တစ်ကယ်တော်ပါတယ်ကွာ ….
”၀ိုင်း ကောင်းရာမွန်ရာ ရောက်ပါစေ”
ဆရာကြယ်






