Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 8, 2019

Burning Sun ရဲ့ နောက်ဆက်တွဲ -၂


🌟Burning Sun ရဲ့ နောက်ဆက်တွဲ -၂🌟

စာရှည်လို့ ဖတ်မရတဲ့ သူတွေ အတွက် အပိုင်းခွဲပြီ ထပ် တင်ပေးလိုက်ပါတယ်။

အပိုင်း-၁
http://www.themeltingpot4u.com/2019/05/burning-sun.html
https://www.facebook.com/100015987859439/posts/460316377844620?sfns=mo

အပိုင်း-၂

🌟J.J.Y မွှေးတဲ့ မီး 🌟

ရဲဖက်က ပထမဦးဆုံး မင်္သကာသူ အဆိုတော် Ri ရဲ့ဖုန်းကို စတင်စစ်ဆေးကြတယ်။ အဲဒီမှာပဲ Ri နဲ့ အလုပ်အတူလုပ်နေတဲ့ အခြား အနုပညာသည်တွေ ရဲ့ ပြဿနာတွေ ဆက်တိုက်ပေါ်လာတော့တယ်။

Burning Sun ကစတဲ့ပြဿနာမို့ Burning Sun Gate လို့ နာမည်တပ်တဲ့ အဲဒီအမှုကို Seungri Gate လို့ခေါ်ကြပြန်တယ်။

ပထမဦးဆုံး အဆိုတော် Jung Joon Young ရဲ့ ခိုးရိုက် ကာမ ဗီဒီယိုကိစ္စ ပေါ်လာတယ်။

Ri ဖုန်းထဲက ဂရုချက်တင်းမှာပါတဲ့ အခြား အဆိုတော်တွေရဲ့ နာမည်တွေ တစ်ယောက်ပြီး တစ်ယောက်ပေါ်လာတယ်။

အဆိုတော် Jung Joon Young ရဲ့ဖုန်းကို ဆက်စစ်ကြတယ်။ အဆိုတော် Jung Joon Young နဲ့ တစ်ယောက်ချင်း မက်ဆေ့ခ်ျပို့ ၊ ခိုးရိုက် ကာမ ဗီဒီယိုတွေ ကြည့်ဖို့ ပို့ထားတဲ့ အခြား အနုပညာသည်တွေရော ပြဿနာတက်ကုန်တယ်။

ဒါကြောင့် အဲဒီအမှုကို Jung Joon Young Gate လို့ခေါ်ကြပြန်တယ်။

ဒါကြောင့် ပြည်သူတွေရဲ့ ဒေါသက Burning Sun ထက် အဆိုတော် Jung Joon Young နဲ့ အခြားအဆိုတော်တွေ ဘက်ကိုရောက်သွားကြပြန်တယ်။

***********************

**အဆိုတော် Yong Junhyung ဆိုတဲ့သူဟာ Jung Joon Young နဲ့ one-on-one chat မှာ ခိုးရိုက် ဗီဒီယို အကြောင်း ဆွေးနွေးမိတဲ့လို့ မတ်လ ၁၃ ရက်နေ့မှာ HIGHLIGHTက သူ နှုတ်ထွက်သွားတော့တယ်။ ( Kakao ဂရုချက်တွေထဲမှာ သူမပါခဲ့ပါ..)၊

**အဆိုတော် Choi Jong Hoon ( F.T. Island လည်း အဆိုတော် Jung Joon Young ရဲ့ ကိုယ်တိုင်ရိုက် ညစ်ညမ်း ဗီဒီယိုတွေ နဲ့ ပတ်သက်မိတဲ့အတွက် DC FTISLAND Gallery က သူတို့ အဖွဲ့က နုတ်ထွက်ပေးဖို့ တောင်းဆိုတယ်။Choi Jong Hoon ဟာ မတ်လ ၁၄ ရက်နေ့က နှုတ်ထွက်လိုက်တယ်...။

**CNBLUE က အဆိုတော် Lee Jong Hyun တစ်ယောက်လည်း Jung Joon Young ပေးပို့တဲ့ ခိုးရိုက် ညစ်ညမ်း ဗီဒီယိုတွေ ကြည့်မိတယ်ဆိုတာ ဝန်ခံခဲ့တယ်။

**အဆိုတော် Roy Kim ဆိုတဲ့သူလည်း Jung Joon Young ရဲ့ KakaoTalk ဂရုထဲက သတိလစ်နေတဲ့ မိန်းကလေးတွေ ခိုးရိုက် ဓာတ်ပုံဖြန့်ဝေမှုနဲ့ တရားအစွဲခံရ။

** နောက်ထပ်တစ်ယောက်က Eddy Kim ဆိုတဲ့ လူ... Jung Joon Young ရဲ့ KakaoTalk မှာ ပါနေတယ်။

၂၀၁၉- ဧပြီလ ၃ ရက်နေ့မှာ

2AM's Jinwoon၊
Super Junior's Kangin ၊
မော်ဒယ်လ် Lee Chul Woo

အဲဒီ ၃ ယောက်နဲ့ ပတ်သက်တဲ့ စကားတစ်ချို့ Jung Joon Young ရဲ့ KakaoTalk ထဲမှာ ပါနေတယ်လို့ သူတို့ ၃ ယောက်အသိသက်သေအဖြစ်ခေါ်စစ်ခံရတယ်။ ( အသိသက်သေအဖြစ်သာ )

အဲဒါ အဆိုတော် Jung Joon Young မွှေးလိုက်တဲ့ မီးကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ အမှုတွေ...။

***********************

၂၀၁၉- ဧပြီလ ၁၅ ရက် မှာ Sports Chosun က သတင်းကြေငြာတယ်။ Seungri က Jung Joon Young chatroom ရဲ့ အက်ဒမင် (admin) ပါ တဲ့။

***********************

ဒါကြောင့် Burning Sun က စလိုက်တဲ့ပြဿနာဟာ တောင်ကိုရီးယား K pop နာမည်ကြီး အဆိုတော်တွေရဲ့ စိတ်နေစိတ်ထားတွေကို ကမ္ဘာက ဝေဖန်ခွင့်ရသွားတာ အဖတ်တင်တယ်..။

***********************

လူတွေက အဆိုတော် Jung Joon Young ကို ရွံရှာ အပြစ်ပြောကြပေမယ့် အဆိုတော် Jung Joon Young ပြဿနာက တစ်စုံတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားပျက်ပြားမှုပြဿနာလေ...။ သူ့ကို အရေးယူလိုက်နိုင်ပြီ။

Burning Sun နောက်ကွယ်ကလူတွေရဲ့ ဒုစရိုက်မှုတွေက အများပြည်သူနဲ့ ဆိုင်တဲ့ပြဿနာဖြစ်တယ်...။

ဘာလို့လဲ...?

SBS က Burning Sun နဲ့ပတ်သက်ပြီး သတင်းပေးမယ့်သူတွေရှိရင် ဆက်သွယ်ပါလို့ ကြေညာ လိုက်တော့ လူပေါင်း ၃၀၀ ကျော်က ဆက်သွယ်လာတယ်။

အရိုက်ခံရတဲ့ လူငယ်တွေ ကင်မ်တစ်ယောက်တည်းမဟုတ် အများကြီးပေါ်ထွက်လာတယ်။

အစော်ကားခံရတဲ့ မိန်းကလေးတွေလည်း အများကြီးပေါ်ထွက်လာတယ်။

***********************

သူတို့က စီးပွားရေးသမား နိုင်ငံခြားသား သူဌေး လုပ်ငန်းရှင်တွေ တောင်ကိုရီးယားကို လာလည်ရင် Burning Sun မှာ ဂီတနဲ့ ဖျော်ဖြည်ကြရုံတင်မက အရက်၊ မူးယစ်ဆေးဝါး... မိန်းမပါရှာပေးကြပြီး ကောင်းကောင်း ဧည့်ခံကြတာကိုး..။

သူဌေးတွေအတွက်တော့ တောင်ကိုရီးယားဟာ အပန်းဖြေဖို့...။ Burning Sun က သူတို့အတွက် နတ်ပြည်။

တရုတ်သူဌေးတွေ အများဆုံးပဲ။ သူတို့ တရုတ်ပြည်မှာ မူးယစ်ဆေးဝါးသုံးရင် သေဒါဏ်လေ။ ဒီမှာလာပြီး ထင်တိုင်းကြဲနေကြတာပေါ့။

ဒါဟာ စီးပွားရေးလုပ်ငန်းကြီးလာတာနဲ့ တစ်ပြိုင်နက်ဖြစ်လာတဲ့ နောက်ဆက်တွဲတွေပဲလေ ...။ မဆန်းပါဘူး။

ဒါကြောင့် Burning Sun မှာ ပြည့်တန်ဆာ အမှုတွေ၊ ငွေဖြူငွေမည်းအမှု...တွေရှိနေမှာ လူတိုင်း ခန့်မှန်းလို့ရနေတဲ့ ကိစ္စ။

***********************

ဒါပေမယ့် Burning Sun Club ရဲ့ အကျည်းတန်ဆုံးက ပြည့်တန်ဆာ မဟုတ်ပဲ အဆိုတော်တွေကို ကြည့်ဖို့လာတဲ့ ပရိတ်သတ် အမျိုးကောင်းသမီးတွေကို GHB ဆိုတဲ့ မူးယစ်ဆေးခတ်ပြီး မုဒိမ်းကျင့်စေတာပဲ။

ကလပ်အတွင်းက VIP အခန်းတွေမှာ ဒီလိုဖြစ်နေတာကို ဝန်ထမ်းတွေရော ပိုင်ရှင်တွေရော DJ လုပ်နေတဲ့ အနုပညာသည်တွေရော မသိဘူးတဲ့လား..?

ကလပ်ကိုလာတဲ့ မိန်းကလေးတွေဟာ ငွေကြေးပြည့်စုံတဲ့ မာနကြီးကြီး သူဌေးသမီးလေးတွေများတယ်။

မိန်းကလေးတွေဟာ အဲဒီကလပ်ကို သာမာန်ကလပ်တွေလို လုံခြုံစိတ်ချရတယ်လို့ ယုံကြည်လို့ သွားမိတယ်။ သူတို့ သတိလစ်သလိုဖြစ်သွားကြတယ်..၊သတိဝင်လာတော့ ကိုယ်မှာ အဝတ်အစားမရှိ... နံဘေးမှာ ထိုင်းလူမျိုး၊ တရုတ်လူမျိုး...စတဲ့ နိုင်ငံခြားသားတွေ၊ ဒါမှမဟုတ် ကိုရီးယားလုမျိုးတွေ ။GHB ဆိုတဲ့ မူးယစ်ဆေးကလည်း ဘာဆို ဘာမှကို မမှတ်မိအောင် အစွမ်းထက်တာ။ ဆေးခတ်မှန်းတောင် မသိလိုက်ရှာတဲ့ မိန်းကလေးတွေဟာ သူတို့ဖာသာ သူတို့ မူးသွားပြီး ဒီလိုဖြစ်ခဲ့တယ် မှတ်နေခဲ့ကြတယ်။

ဒီလို ဘယ်သူ့ကိုမှလည်း ဖွင့်မပြောရဲပဲ ပျက်ခဲ့ကြရတဲ့ ဘဝတွေ... အများကြီး ။

စီးပွားရှာသူတို့ကြောင့် ကိုယ့်နိုင်ငံကမိန်းကလေးတွေလည်း နိုင်ငံတကာက ယောက်ျားတွေဆီမှာ မုဒိမ်းကျင့်ခံခိုင်းတာ ရင်နာဖို့ကောင်းလှပါတယ်။

***********************

အဆိုတော် Jung Joon Young ဟာ ကိုယ့်နိုင်ငံက မိန်းကလေးတွေကို ကာကွယ်မပေးတဲ့အပြင် သူကိုယ်တိုင် ကြုံရင်ကြုံသလို...။

ဗီဒီယိုတောင်ခိုးရိုက်ပြီး သူငယ်ချင်းတွေကို ဖြန့်လိုက်သေး။

ဒါကြောင့် Burning Sun ရဲ့ မင်းမဲ့တိုင်းပြည်လို ထင်တိုင်းကြဲနေတဲ့ လုပ်ရပ်က တောင်ကိုရီးယားနိုင်ငံရဲ့ ထိတ်လန့် တုန်လှုပ်မှုကြီး တစ်ခုဖြစ်ပါတယ်။

***********************

တောင်ကိုရီးယားမှာ အဆိုတော်တွေ သတင်းကို လူတွေက စိတ်ဝင်စားကြပေမယ့် ခဏတာဖြစ်တယ်။

အခုဟာက ကိုယ့်နိုင်ငံက မိန်းကလေးတွေ အစော်ကားခံနေရတာလေ။

ဒီလို မင်းမဲ့တိုင်းပြည်လိုဖြစ်နေခဲ့တာတွေကို တရားဥပဒေ စိုးမိုးဖို့ ကြိုးစားကြပေမယ့် ထင်သလောက် မလွယ်လှ..။

တောင်ကိုရီးယားနိုင်ငံမှာ ဒီပြဿနာကိုဖော်ထုတ်ဖို့ Seoul Metropolitan Police Agency က ၁၈၆ ယောက်ရှိတဲ့ အထူးထောက်လှမ်းရေးအဖွဲ့ကို အလျင်အမြန်ဖွဲ့စည်းလိုက်တယ်။

***********************

၂၀၁၉- မတ်လ ၁၈ ရက်

- ရဲတပ်ဖွဲ့က Jung Joon Young ကို ဖမ်းဝရမ်းထုတ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ( အမှုက Sexual Violence Crimes )

၂၀၁၉- မတ်လ ၁၉ ရက်

- အဆိုတော် Jung Joon Young ပါမက Burning Sun ရဲ့ ဝန်ထမ်း Mr. Kim ဆိုသူကိုပါ ဖမ်းဆီးဖို့ ဖမ်းဝရမ်းကို တရားရုံးက အတည်ပြုလိုက်တယ်။

၂၀၁၉- မတ်လ ၂၁ ရက်

- Jung Joon Young အဖမ်းခံရပြီး အချုပ်ကျသွားပြီဖြစ်တယ်။

၂၀၁၉- ဧပြီလ ၁၁ ရက်

Roy Kim ၊ Eddy Kim နဲ့ Choi Jong Hoon တို့ ၃ ဦး Jung Joon Young ကဖြန့်ဝေတဲ့ မိန်းကလေးတွေ မသိအောင် ခိုးရိုက် ဗီဒီယို၊ ဓာတ်ပုံတွေကို ကြည့်ရှုပတ်သက်မိပါတယ်လို့ ဖြောင့်ချက်ပေးလိုက်ပြီ။

***********************
***********************
***********************

🌟 လာဘ်စားတဲ့ ရဲတွေ 🌟

ဒီလို မကောင်းမှုတွေကို ဖုံးဖိထားဘို့ဆိုတာ ရဲဖက်ကို ပိုင်မှလေ...။ Burning Sun ကို ပံ့ပိုးနေတဲ့ ရဲထောက်လှမ်းရေးတွေနဲ့ ဘယ်သူတွေ ဘယ်လို ဆက်စပ်နေလဲဆိုတာ ရှာဖွေကြပြန်တယ်။

၂၀၁၉- မတ်လ ၁၅ ရက်

၂၀၁၆ ခုနှစ်က Choi Jong Hoon ( F.T. Island ) အရက်မူးပြီးကားတိုက်မှုကို ကူညီဖို့ ရဲကို လာဘ်ထိုးတာတွေ့ရတယ်။

Yuri Holdings ကုမ္ပဏီက CEO ဖြစ်တဲ့ Yoo In Suk ဖြစ်ပါတယ်ဆိုတာ ဝန်ခံလိုက်ပြီလို့ SBS ကသတင်းကြေညာခဲ့တယ်။ ဒါကြောင့် Ri က အဲဒီအမှုထဲက ရှောင်ထွက်နိုင်ခဲ့တယ်။

အဲဒီနေ့ကပဲ Yuri Holdings ကုမ္ပဏီရဲ့ CEO ရာထူးက Yoo In Suk နုတ်ထွက်လိုက်တယ်။

ငွေပေးတာကို လက်ခံခဲ့တဲ့ ရဲအရာရှိဟာ Mr. Kang ဆိုတဲ့ ရဲအရာဆိုတာ ထောက်လှမ်းရေးဘက်က သတင်းရသွားတယ်။ အဲဒီ Mr. Kang ဆိုသူကလည်း Ri နဲ့ သိတဲ့သူမဟုတ်ဘူး။

အသက်မပြည့်တဲ့ မိန်းကလေးတွေကို ကလပ်ထဲသွင်းပြီး ရဲကို လာဘ်ထိုးတယ်ဆိုတာ စပ်တူ ပိုင်ရှင် Lee Moon Ho နဲ့ပတ်သက်နေပြီး ဒါကိုလည်း Ri က သူ မသိလိုက်တဲ့ ကိစ္စလို့ ဖြေရှင်းထားတာမို့ အဲဒီပြဿနာဟာ Lee Moon Ho ဆီရောက်သွားတယ်။

***********************

Mr. Kang ဆိုတဲ့ ရဲအရာရှိဟာ ဒီလို အစစ်အဆေးခံရတော့ SBS ကို ဟိုတယ်တစ်ခုမှာ လျှို့ဝှက်တွေ့ဆုံပြီး အမှန်တရားတွေကို ပြောပြခဲ့တယ်။

" ကျွန်တော် မကြာခင်ထောင်ကျတော့မယ်။ ထောင်မကျခင် ကျွန်တော်ပြောပြချင်တာလေးတွေရှိပါတယ်..."

" ကျွန်တော်တို့ဆီ အမြဲဆက်သွယ်တဲ့သူက Ri မဟုတ်ပါဘူး။ Lee Moon Ho လည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့တူလို ခင်ရတဲ့ Choi ဆိုတဲ့ကောင်လေး ဖြစ်ပါတယ်။ တူလေးက Monkey Museum မှာ အလုပ်လုပ်တဲ့ Ri ရဲ့သူငယ်ချင်းပါ။ Burning Sun မှာ အမှုတစ်ခုဖြစ်လာတိုင်း ' ဦးလေး အခြေအနေကောင်းလား မကောင်းလား စုံစမ်းပေးပာဦး ' ဆိုလို့ ကျွန်တော် စုံစမ်းပေးမိတယ်။ ငွေလည်း တစ်ပြားမှမရပါဘူး"

" Choi က သူတို့ ရဲဖက်ကို လာဘ်ငွေထိုးထားပြီးသားဖြစ်တာကြောင့် ဦးလေး စုံစမ်းရုံပဲစုံစမ်းပေးပါလို့ပြောတယ်၊ ကျွန်တော် ငွေတစ်ပြားမှ မရခဲ့ပါဘူး "

" အခုတော့ ငွေယူတဲ့ရဲက အဖမ်းမခံရဘူး။ စုံစမ်းပေးတဲ့ ကျွန်တော်က အဖမ်းခံရတော့မယ်..အထက်က လူကြီးတစ်ယောက်က ကူညီလို့ Burning Sun မှာဖြစ်တဲ့ အမှု ၁၀၀ ကျော် မှတ်တမ်းတောင် မရှိဘူး။"

" Ri ရဲ့ ပါလာဝန်မွေးနေ့ သွားခဲ့သူတွေ အားလုံး Ri ရဲ့ စီးပွားဖက်တွေ။ သူတို့ အားလုံး Ri နဲ့ အတူတူပြစ်မှုကျူးလွန်ကြတာဗျ...ကျွန်တော် ခင်တဲ့ တူလေး Choi လည်း ပါတာပဲ။ "

***********************

Mr. Kang ပြောတဲ့ အထက်ကလူကြီးကို ဆိုတာဟာ ရဲအရာရှိကြီး ( လက်ရှိ- Senior Superintendent ) ယွန်း ဆိုတဲ့လူဖြစ်တယ်။ သူက ဂန်နမ်းမှာ ရဲမှုးကြီးရာထူးနဲ့ အလုပ်လုပ်ခဲ့သူပေါ့။

ရဲအရာရှိကြီး ယွန်းကလည်း Ri ရဲ့ ပါလာဝန် မွေးနေ့ပါတီကို တက်ရောက်ခဲ့သူ...။

ရဲ အရာရှိကြီး ယွန်း နဲ့ တကယ်ရင်းနှီးတဲ့သူက Ri ..။ ဒါပေမယ့် Ri က ဒီပြဿနာကိုလည်း ရှောင်ထွက်နိုင်ခဲ့ပြန်တယ်။

Ri က KakaoTalk chatting group မှာ ရဲအရာရှိကြီးယွန်း က ကူညီတယ် ဘာညာ ရေးထားပေမယ့် ဒါတွေဟာ နောက်ပြောင်ပြီး ရေးခဲ့တာလို့ ထွက်ဆိုခဲ့တယ်လေ..။

***********************

၂၀၁၉- မတ်လ ၁၈ ရက်

Burning Sun ရဲ့ CEO ဖြစ်တဲ့ Lee Moon Ho အပါအဝင် လူ အယောက် ၄၀ ကို နှောက်ယှက်မှု၊ မူးယစ်မှု ( date-rape drug GHB ) နဲ့ ရဲဘက်က တရားစွဲလိုက်တယ်။

SBS ည ၈ နာရီ သတင်းမှာ ပါလာတယ်။Choi Jong Hoon ( F.T. Island ) က သူနဲ့ ရဲ အရာရှိကြီး ယွန်း (Senior Superintendent Yoon) နဲ့ ရင်းနှီးပါတယ်ဆိုတဲ့ အကြောင်း ဝန်ခံသွားတယ်ဆိုတဲ့ သတင်း...။

ဒါကြောင့် ရဲဖက်က ရဲအရာရှိကြီး ယွန်းနဲ့ အခြား ရဲ ဝန်ထမ်း ၃ ဦးကို သတင်းပေါက်ကြားမှုနဲ့ တရားစွဲဖို့ ကြိုးစားကြတယ်။

***********************

၂၀၁၉- မတ်လ ၁၉ ရက်

တရားရုံးက ရဲအရာရှိကြီး ယွန်း နဲ့ Yuri Holdings ကုမ္ပဏီက Yoo In Suk တို့ကို တောင်ကိုရီးယားနိုင်ငံမှ ပြည်ပသို့ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီ။ Yoo In Suk ရဲ့ မိန်းမ ရုပ်ရှင်မင်းသမီး Park Han Byul ပါစစ်ဆေးခံရပြီ။

***********************

၂၀၁၉- မတ်လ ၂၂ ရက်

ရဲအရာရှိ Mr. Kang တရားစွဲခံရပြီ ။ ရဲအရာရှိကြီး ယွန်းကိုတော့ စစ်ဆေးဆဲ။

***********************

၂၀၁၉- မတ်လ ၂၃ ရက်

Seungri နဲ့ Chosun Ilbo အင်တာဗျူးအကြောင်း သတင်းထဲပါလာတယ်။ သူက Burning Sun ပြဿနာတွေ၊ ပြည့်တန်ဆာပြဿနာတွေနဲ့ ရဲအရာရှိကြီး ယွန်းကို လာဘ်ထိုးတဲ့ ပြဿနာတွေမှာ သူ မပါဘူးလို့ပြောသွားတယ်။

***********************
***********************
***********************

🌟အဆိုတော် Seungri 🌟

Ri နာမည်က Burning Sun ကလပ် အမှုစဖြစ်ကတည်းက ထောက်လှမ်းရေးတွေရဲ့ မင်္သကာမှုနာမည်စာရင်းရဲ့ ထိပ်ဆုံးမှာ။ ရဲတွေက ခေါ်ပြီး တကယ် အမှုစစ်ခဲ့တာ ၂ လပိုင်း ၂၆ ရက်နေ့မှ ...။

Seungri တစ်ယောက် စစ်မှုထမ်းဆောင်ဖို့ တရားဝင် ရက်ရွှေ့ဖို့ လျှောက်ထားလိုက်တယ်။

ပြဿနာတွေ ဒီလောက် ဖြစ်နေပေမယ့် အဆိုတော် Ri (Seungri ) ကတော့ အပူအပင် သိပ်မရှိခဲ့ဘူးလို့ မှုခင်းဗေဒ ပညာရှင် (Criminal profiler) တွေကဆိုတယ်..။

ဘာလို့လဲ?
Ri အမှုအစစ်ခံဖို့ ရဲစခန်းကိုသွားတိုင်း သတင်းထောက်တွေ အင်တာဗျူးမှာမို့ အလှပြင် ဆိုင်သွားပြီး အးအေးဆေးဆေး ဆံပင်ပြင် မိတ်ကပ်လိမ်းနေခဲ့တယ်လေ ။

***********************

သူငယ်ချင်း Lee Moon Ho သူ တရားအစွဲမခံရခင် မတ်လ ၁၇ ရက်နေ့မှာ kyunghyang သတင်းစာတိုက်ကို ဒီလိုပြောခဲ့သေးတယ်။

" Seungri က လွန်ခဲ့တဲ့ ၃ နှစ်က KakaoTalk မှာ သူငယ်ချင်း အချင်းချင်း ဒီလို နောက်ပြောင်ပြီး မက်ဆေ့ခ်ျတွေပို့မိတာ ပြစ်မှုဆိုရင် ကျုပ်တို့ တစ်တိုင်းပြည်လုံးက ယောက်ျားတွေ လိုက်ဖမ်းဗျာ.." တဲ့။ သူတို့ဖက်က ခပ်တင်းတင်းပဲ...။ သူငယ်ချင်း အားလုံးက Ri ကို ကာကွယ်ဖို့ အဆင်သင့်။

***********************

“ ကျွန်တော် အဆိုတော် Jung Joon Young ကို ဒီလိုမလုပ်ဖို့ မကြာခဏတားမြစ်ခဲ့ပါသေးတယ်.."

သူငယ်ချင်းကြောင့် သူပါ ကန့်လန့် ကန်လန့် အမှုထဲမှာပါရတဲ့အကြောင်း ရှင်းပြတယ်။ SBS ကိုလည်း ဖုန်းမက်ဆေ့ခ်ျပို့ ရှင်းပြခဲ့တယ်။

***********************

Ri က မူးယစ်ဆေးသုံး မသုံး အစစ်ခံမယ်လို့ ရဲရဲဝံ့ဝံ့ ပြောလာတယ်။

Ri မူးယစ်ဆေးသုံး မသုံး အစစ်ခံထားတာ အဖြေရလာတယ်။

Ri ခန္ဓာကိုယ်ထဲက သွေးတွေ၊ ဆီးတွေမှာ မူးယစ်ဆေးဝါးမရှိ။

မူးယစ်ဆေးဝါး သုံးစွဲမှု နဲ့ Ri ကို တရားစွဲလို့မရခဲ့။

***********************

Ri ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပါဝင်ပတ်သက်နေသလားလို့ ဆက်လက်စစ်ဆေးကြတယ်။

ပြည့်တန်ဆာလုပ်ငန်းနဲ့ ပတ်သက်တာ ၃ ခုကို ရဲဖက်က စွပ်စွဲတယ်။

၁-၂၀၁၅ ခုနှစ် ဂျပန်ဧည့်သည်ကို ပြည့်တန်ဆာရှာဖွေပေးမှု

၂- ၂၀၁၅ ခုနှစ် ခရစ်စမတ်ပါတီမှာ ပြည့်တန်ဆာကိစ္စတွေနဲ့ ပတ်သက်မှု

၃- ၂၀၁၇ ခုနှစ် ပါလာဝန် မွေးနေ့ပါတီမှာ ပြည့်တန်ဆာတွေ ငှားရမ်းခဲ့မှု

***********************

ရဲတွေက Seungri ဖုန်းထဲက KakaoTalk chatroom မှာ ပြောဆိုနေကြတဲ့ Arena Club က အမျိုးသမီးနှစ်ယောက်ကို သက်သေအဖြစ်ခေါ်စစ်တယ်။

***********************

၂၀၁၉- ဧပြီလ ၇ ရက်

Channel A အသံလွှင့်ဌာနက ၂၀၁၇ ခုနှစ်က Seungri ရဲ့မွေးနေ့ပွဲအကြောင်း ကိုဖွင့်ချတယ်။

အဲ့ဒီပါတီကို သွားခဲ့တဲ့ ကိုရီးယားမိန်းမချောလေးတွေထဲက ၉ ယောက်ကို အရင်ခေါ်စစ်ခဲ့တယ်။

" ကျွန်မတို့ သူတို့ နဲ့ ကာမဆက်ခဲ့ဖူးတယ်လေ..ဘာလို့လဲ...? အပြစ်ရှိသလား "

သူဌေးတွေရဲ့ ပါတီမှာ ဒီအလုပ်လုပ်ရတဲ့ မိန်းမချောလေးတွေအတွက် သိပ်မဆန်းတော့သလို...ဒီအဖြေမျိုး ဖြေရတာကလည်း ရိုးနေပြီ။

ကာမနဲ့ စီးပွားရှာတယ်ဆို သူတို့ပါ အချုပ်ထဲဝင်ရတော့မှာလေ။

မိန်းမချောလေးတွေကလည်း ငွေရတော့ ကျေကျေနပ်နပ် သဘောတူပြီး လိုက်ခဲ့တာမဟုတ်လား။

အဲဒီနေ့က မိန်းကလေးတစ်ယောက်ကို သိန်း ၅၀၀စီ ငွေလွဲပေးထားတယ်...။

ဘဏ်ထဲငွေထည့်ပေးထားတာ သက်သေ..။

" အိုပါးက ကျွန်မကို ချစ်လို့ မုန့်ဖိုးပေးတာပါ..," ဆိုတာ ပြည်တန်ဆာလုပ်ငန်းလုပ်တဲ့သူတို့ ဖြေနေကျ အဖြေ...။

***********************

Ri ကပြောတယ် " အဲဒီနေ့က ပါလာဝန်ကျွန်းဆွယ်မှာ ပြည့်တန်ဆာ ကိစ္စတွေဖြစ်ခဲ့တာ သူ မသိခဲ့ပါဘူး" တဲ့။

Ri လုပ်ခဲ့တာ ဘာမှမရှိ ၊ သူ ဘာမှ မသိ၊
အားလုံးကို အဲဒီလို ငြင်းဆိုခဲ့တာပေါ့။

***********************

Ri ကတော့ အေးအေးဆေးဆေးပဲ။
Sisa Journal နဲ့ အင်တာဗျူးလုပ်တုန်း...။ KakaoTalk chatroom မှာပြောဆိုတာတွေဟာ နောက်ပြောင်တာတွေပာတဲ့။

အဲဒီ နိုင်ငံခြားသား ဧည့်သည်လာတုန်းက ပြည့်တန်ဆာရှာပေးမယ် ဘာမယ်ဆိုတာလည်း ဖုန်းမက်ဆေ့ခ်ျရိုက်ရင်း စာလုံးပေါင်းမှားတာရယ်၊ နောက်ပြောင်ကြတာရယ်ပေါင်းစပ်ပြီး ပြည်သူတွေ အထင်လွဲတာပါလို့ Ri ကပြောပြတယ်။

၂၀၁၅ ခုနှစ် ၁၂ လပိုင်း ၆ ရက်နေ့တုန်းက သဌေးမကြီး လင်းရဲ့ ဧည့်သည် တောင်ကိုရီးယားကို လာလည်တယ်။ Ri က KakaoTalk ဂရု ချက်တင်းမှာ " အပေးကောင်းတဲ့ မိန်းမတွေ ရှာကွာ.." လို့ရေးခဲ့တယ်။

"ဒါဟာ စာလုံးပေါင်းမှားသွားတာပါ..။ ဧည့်သည်တွေကို ပျော်ရွှင်အောင်ပြုလုပ်နိုင်တဲ့သူတွေကို ရှာကွာလို့ရေးထားတာဖြစ်တယ်" လို့ ဖြေရှင်းတယ်။

ကိုရီးယား စကားလုံး ㅈ နဲ့ ㄴ မှားရေးမိတာဖြစ်တယ်တဲ့။

***********************

SBS က သူတို့တတွေ ဘာဖြစ်လို့ နိုင်ငံခြားက VIP ဧည့်သည်တွေလာတိုင်း ကာကာအို ဂရုထဲမှာဘာလို့နောက်ပြောင်ကြပါလိမ့်လို့ အရွဲ့တိုက်ပြီးပြောခဲ့တယ်။

***********************

Ri နဲ့ ပတ်သက်ပြီး ပြစ်မှုသက်သေ ခိုင်ခိုင်မာမာရှာလို့မလွယ်တဲ့ ရဲတပ်ဖွဲ့ဟာ မေးခွန်းအသစ်မေးလာတယ်။

အဲဒီမေးခွန်းဟာ သူ့ရဲ့ အခြား ကလပ်တစ်ခုဖြစ်တဲ့ Monkey Museum နဲ့ အမြတ်ခွန်၊ ငွေဖြူ ငွေမည်း အလဲအလှယ်လုပ်မှုနဲ့ ပတ်သက်နေတယ်။

***********************

၂၀၁၉- မတ်လ ၂၀ ရက်

YG Entertainment လည်း အမြတ်ခွန်မှုနဲ့ စစ်ဆေးခံရပြီ ။

***********************

၂၀၁၉- မတ်လ ၂၈ ရက်

YG Entertaiment က ရုတ်တရက်ကြီး Ri ကို သူတို့ရဲ့ official online store ကထုတ်ပစ်လိုက်တယ်။ BIGBANG အုပ်စု ထဲက Ri ရဲ့ ဓာတ်ပုံတွေ ဖျက်ပစ်နေတယ် ။ Ri ရဲ့မျက်နှာကို မှုန်ဝါးအောင် ဖိုတိုရှော့နဲ့ လိုက်ဖျက်ထားတာတွေ့ရတယ်။ Ri ရဲ့ " THE GREAT SEUNGRI " ဆိုတဲ့ခေါင်းစဉ်အောက်က အွန်လိုင်း ရောင်းချ ပစ္စည်းကိုလည်း လိုက်ဖျက်နေတယ်။ လူတွေက အမျိုးမျိုးဝေဖန်ကုန်ကြပြီ။

***********************

၂၀၁၉- ဧပြီလ ၉ ရက်

KBS ရုပ်မြင်သံကြားက Jung Joon Young ၊ Ri နဲ့ Choi Jong Hoon တို့ပါဝင်တဲ့ programs တွေအားလုံး ဖျက်သိမ်းလိုက်တယ်။

***********************

၂၀၁၉- ဧပြီလ ၁၄ ရက်

News A ကသတင်းပေးတယ်။ Ri က ကိုရီးယားဝမ် သိန်း ၂၀၀ ကို Yuri Holdings ကုမ္ပဏီက ယူသုံးထားတယ်ဆိုတဲ့အကြောင်း။ ဘာကြောင့် ယူသုံးထားသလဲဆိုတာ စတင် စစ်ဆေးတော့တယ်။

ငွေ အလွဲသုံးစားမှု ( embezzlement)

***********************

၂၀၁၉- ဧပြီလ ၂၄ ရက်

၂၀၁၅ ခုနှစ် ဂျပန် နိုင်ငံခြားသား ဧည့်သည်တစ်ယောက်ကို ပြည့်တန်ဆာရှာပေးတဲ့ အမှုကနေ Ri ရှောင်ထွက်နိုင်ခဲ့တယ်...။

Yoo In Suk က ပြည့်တန်ဆာကို ငွေပေးခဲ့တယ်ဆိုတာ ဝန်ခံသွားပြီလေ။ Yoo In Suk အပြစ်ပေးလို့ရပြီဖြစ်တယ်။

***********************

ဒါနဲ့ပဲ ၂၀၁၉ ခုနှစ် မေလထဲရောက်လာပြီ။

Seungri အမှုစစ်ခံရတာလည်း ၁၇ ကြိမ်မြောက်ရှိပြီ။

ရဲတပ်ဖွဲ့က Ri ကို ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးတင်ဖို့ ကြိုးစားနေကြဆဲ...။Ri နဲ့ အတူ ဖမ်းဝရမ်းထုတ်ခံရမယ့်သူက Ri နဲ့ ကလပ်လုပ်ငန်းကို စတင်ခဲ့တဲ့ Yoo In Suk ဖြစ်တယ်။

***********************

၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့

ရဲဖက်က Ri နဲ့ Yoo In Suk ကို လုံလောက်တဲ့ အချက်တွေနဲ့ တရားရုံးကို ( ဒီနေ့ နေ့လယ် ၂ နာရီမှာ) ဖမ်းဝရမ်းတင်လိုက်ပြီဖြစ်တယ်။

ဖမ်းဝရမ်းတင်လိုက်တယ်ဆိုပေမယ့် တရားရုံးက အတည်ပြုလိုက်မှ ဖမ်းဝရမ်းထုတ်လို့ရမှာဖြစ်ပါတယ်။

တရားဥပဒေ နားလည်သူတွေကတော့ ဟိုးအစကတည်းကလိုပဲ သူတို့ကို အနည်းဆုံး ထောင် ၃ နှစ်အောက် သို့မဟုတ် ဒါဏ်ငွေ သိန်း ၃၀၀ အောက်လို့ ခန်းမှန်းကြပါတယ်။

**********************
**********************
**********************

🌟 သိုးမည်း အနုပညာသည်များ 🌟

တောင်ကိုရီးယားရဲ့ Burning Sun ကတော့ သိပ်ကြောက်ဖို့ကောင်းပြီး အန္တရယ်ရှိတဲ့ မကောင်းမှု ဒုစရိုက်အပြည့်နဲ့ နေရာတစ်ခုလို့ သမိုင်းတွင်ခဲ့ပြီ..။

ဒီအမှုကို မဖော်နိုင်ရင်... တောင်ကိုရီးယား ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေး အဖွဲ့ အရှုံးကြီးရှုံးမယ့်ပွဲဖြစ်တယ်။

ဒီအမှုကို မဖော်နိုင်ရင်...မိန်းကလေးတွေထပ် အစော်ကားခံရဦးမှာဖြစ်တယ်။

ဒီအမှုကို မဖော်နိုင်ရင်...အနာဂတ်မှာ နောက်ထပ် Burning Sun တွေပေါ်လာဦးမယ်။

သူတို့တတွေ ဥပဒေကို ဘယ်လို နည်းနဲ့ ကစားရမယ်ဆိုတာ သိသွားကြပြီလေ။

***********************

" အသက်ငယ်ငယ် ယောက်ျားလေး တစ်ယောက်က အရက်အတူတူသောက်ကြရအောင်လို့ ကျွန်မကို လာခေါ်တယ်။

သူ ကျွန်မကို VIP အခန်းကိုခေါ်သွားတယ်။ အထဲကိုဝင်သွားတော့ မိန်းကလေးတစ်ယောက် ဆိုဖာမှာ လှဲအိပ်နေတယ်။ ယောက်ျားလေးက အပေါ်က။

ကျွန်မကိုတွေ့တော့ ယောက်ျားလေးက အလန့်တကြား ထ ထိုင်လိုက်တယ်။

"ကျွန်တော့်ချစ်သူ မူးနေလို့ဗျ...။"

ကြည့်လိုက်တော့ အောက်ကမိန်းကလေးက သတိလစ်နေပုံရတယ်။

ကျွန်မ အဲဒီအခန်းထဲက ချက်ချင်းပြန်ထွက်လာပြီး မသင်္ကာလို့ ၁၁၂ ရဲစခန်းကို ချက်ချင်း ဖုန်းခေါ်ခဲ့တယ်။

ရဲတွေ တစ်ယောက်မှ မလာဘူး။ ၂ နာရီလောက်ကြာတော့ ဖုန်းပြန်လာတယ်။

" ခင်ဗျား ၁၁၉ ကိုဖုန်းဆက်ရမှာ ။ ၁၁၉ က ကျွန်တော်တို့ ၁၁၂ ကိုဆက်သွယ်ရမှာဗျ.."

မုဒိမ်းကျင့်ခံနေရပါတယ်ဆိုမှ ကယ်ဆယ်ရေးအဖွဲ့ဖုန်းဆက်တာပေါ့။ မုဒိမ်းကျင့်တယ် ဆိတြာတောင် ရောက်မလာပဲ ၂ နာရီကြာမှ ဖုန်းဆက်တဲ့ ရဲ...။

Burning Sun က အဲဒီလောက် တန်ခိုးကြီးနေခဲ့တယ်။

***********************

အဆိုတော်တွေကြည့်ချင်လို့ Burning Sun ကိုသွားတဲ့ မိန်းကလေးတွေဟာ လူမသိ သူမသိ GHB ဆိုတဲ့ မူးယစ်ဆေးဝါး ခတ်ခံရပြီး ဒီလို မုဒိမ်းကျင့်ခံနေရတယ်။ ရဲတိုင်လည်း အရေးယူမယ့်သူမရှိ။

***********************

ပြီးတော့ အသက် မပြည့်သေးတဲ့ ကလေးတွေ..။

" အဲဒီနေ့က၂၀၁၈ ခုနစ် ၇ လပိုင်း ၆ ရက်နေ့ ညဘက်ပေါ့.. ည သန်းခေါင်ကျော် ၁ နာရီလောက်ဖြစ်မယ် ။သားက ကျွန်မ ကဒ်ထဲက ငွေတွေ သိန်း ဆက်တိုက် သုံးနေတယ်။ သိန်း ၂၀၀ ကျာ်လာလို့ မေးကြည့်တော့ Burning Sun Club မှာတဲ့။ အသက်မပြည့်သေးတဲ့ ကျွန်မသားကို အထဲဝင်ခွင့်ပေးတဲ့ Burning Sun ကိုကျွန်မ ရဲတိုင်ခဲ့တာပေါ့။ ဒါပေမယ့် ဘယ်ရဲ မှမလာဘူးရှင့်"

" ရဲတွေက အတော်ကြာမှရောက်လာတယ်။ ပြီးတော့ ဘယ်သူ့ကိုမှ အရေးမယူခဲ့ဘူး"

ထူးထူးဆန်းဆန်း ရဲစခန်းမှာ မိခင်ကဖွင့်ထားတဲ့ အမှု မှတ်တမ်းတောင်မရှိဘူး။

ဒါတွေကို ကူညီနေတာ ဘယ်သူလဲ?
ယွန်း ဆိုတဲ့ ရဲအရာရှိ ကြီးကို ဒါနဲ့ပတ်သက်ပြီး စစ်ဆေးကြဆဲ..,။

***********************

ဒီလို ကြီးမားလှတဲ့ ဒုစရိုက် စီးပွားရေးလုပ်ငန်းရဲ့နောက်ကွယ်က ငွေမည်းတွေနဲ့ သးဌေးမကြီး လင်းကို အရေးယူဖို့အထိဆို နိုင်ငံတကာ ရဲတွေပူးပေါင်းမှဖြစ်မှာပါ။

ဒုစရိုက်သမားတွေနဲ့ ပေါင်းမိတဲ့ အဆိုတော်တွေကတော့ ပြဿနာတက်ပြီး တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံသွားရပြီ။

***********************

နောက်ဆုံးသတင်းကတော့ Burning Sun မှာ ကင်မ် အရိုက်ခံရတဲ့နေ့က အဲဒီမှာ မိတ်ကပ်ကုမ္ပဏီ အစည်းအဝေးရှိတယ်။ အဲဒီမှာ မိတ်ကပ် မိုဒယ် လုပ်နေတဲ့ အသက် ၃၀ ဝန်းကျင် ရုပ်ရှင်မင်းသမီးက မူးယစ်ဆေးသုံးနေတာ မြင်ထားတဲ့ မျက်မြင်သက်သေရှိနေတယ်။

ဘယ် ရုပ်ရှင်မင်းသမီး အဖမ်းခံရဦးမလဲ မသိသေး...။

***********************

တောင်ကိုရီးယားက လူကြီး လူငယ် အလွှာမျိုးစုံ၊ အသက်အရွယ်မျိုးစုံ Burning Sun နဲ့ ဆက်စပ်နေတဲ့ အဆိုတော်တွေကို စိတ်နာကုန်ကြတယ်။

လူကြီးတွေကတော့ စီးပွားရေး၊ နိုင်ငံရေး က်စ္စကြောင့်ပေါ့။

မိန်းကလေးတွေကရော ဘာလို့လဲ...?

သူတို့ မူးယစ်ဆေးသုံးလို့လည်း မဟုတ်ပါဘူး။

ပြည့်တန်ဆာနဲ့ မကင်းလို့လည်းမဟုတ်ပါဘူး။

ငွေဖြူ ငွေမည်းကိစ္စလည်း မဟုတ်ပါဘူး။ ဒါတွေက နိုင်ငံရေး နဲ့ စီးပွားရေး ပေါ့။ စီးပွားရေးလုပ်ငန်း တစ်ခု ကြီးမားလာရင် ဒါမျိုးတွေပါဝင်ပတ်သက်နေမှာပါပဲလေ...။

တောင်ကိုရီးယားက မိန်းကလေးတွေ ဒေါသစ်ြတဲ့ အကြောင်းက အနုပညာသည် သူတို့ဟာ မိန်းကလေးတွေကို တန်ဖိုးမထားလွန်းလို့ဖြစ်ပါတယ်။

သူတို့ စကားအသွားအလာတွေက ယောက်ျားလေးအချင်းချင်း နောက်ပြောင်ထားတာမျိုးမဟုတ်ဘူး။ လူလူချင်း တန်ဖိုးမထား စော်ကား နှိမ့်ချထားတယ်လေ... ။

သူတို့ ရဲ့ KakaoTalk ထဲမှာ ခိုးရိုက်ဗီဒီယိုတွေ တင်၊ မိန်းကလေးတွေကို ရေးထားတဲ့ စကားလုံး အသုံးအနှုံးတစ်ချို့ဟာ အဲဒီလို မကြားဝံ့မနာသာတွေပါနေတာကို သူတို့ စ်တ်နာကြတာပေါ့ ။

သူတို့ကို ဒီလိုဘဝမျိုးရောက်အောင် မြှင့်တင်ပေးခဲ့တဲ့ ပရိတ်သတ် အများစုက မိန်းကလေးတွေဖြစ်ပါတယ်။

"ဒီလူ အနုပညာသည်တွေ ပရိတ်သတ်ကို တစ်လွဲအသုံးချတတ်တဲ့အကြောင်း ပြည်သူတွေ မသိဘူး။ ပြည်သူတွေသိမှ ၊ နားလည်မှ၊ ဒီလူတွေ အရှက်ကွဲမှ ၊နောင်လာနောင်သားတွေ ဒီလိုအလုပ် ထပ်မလုပ်ရဲမှာဖြစ်တယ်" လို့ Jung Joon Young ဖုန်း မက်ဆေ့ခ်ျ သတင်းပေးသူက SBS ကိုပြောခဲ့တယ်။

သူတို့ဟာ သူတို့ကို ချစ်တဲ့သူတွေကို သစ္စာဖောက်ခဲ့လေပြီ...။

***********************

ဓမ္မနဲ့ အဓမ္မ...။
အခုခေတ်မှာ အဓမ္မမှုတွေပိုအားကောင်းလာပြီဖြစ်တယ်။ ပိုပြီး ထောက်ခံလာကြပြီ ဖြစ်တယ်။

Burning Sun ပြဿနာကိုပဲကြည့်..။
ကျောထောက်နောက်ခံမရှိတဲ့ ကင်မ်ဆိုတဲ့ သာမန်လူတစ်ယောက်က အနိုင်ကျင့်မှုကို မခံမရပ်နိုင် ... စတင် တိုက်ခိုက်ခဲ့တာဖြစ်တယ်..။

အဲဒီ ကင်မ်ဆိုတဲ့ သူတစ်ပါး ဖိတ်မှ ပါတီတက်နိုင်သူတစ်ယောက်က သိန်းပေါင်း သောင်းနဲ့ချီ သုံးဖြုန်း..ပါလာဝန်ကျွန်းမှာ ပါတီတက်နိုင် သူတွေကို တရားဥပဒေအရ အနိုင်ရမယ် လို့ သင် ထင်ပါလား..?

ဖြောင့်မတ်ပြီး တိကျပြတ်သားတဲ့ တောင်ကိုရီးယား လက်ရှိအစိုးရအဖွဲ့ ကတော့ အနိုင်ယူအောင်ကြိုးစားနေပါတယ်။

ငွေတွေအောက်မှာ ပုန်းနေတဲ့ မတရားမှုတွေကို ဖော်ထုတ်ချင်ရင် ငွေတွေကို အရင် ဖယ်ရှားပစ်ရမှာဖြစ်တယ်။

ခေတ်အဆက်ဆက်မှာ လူအများစုက ငွေတွေကို မဖယ်ရှားနိုင်ခဲ့ကြ...။

အနိုင်ကျင့်ခံရတဲ့ ဆင်းရဲသားတွေရဲ့ ဒုက္ခကိုပဲ မသိချင်ယောင်ဆောင်ပစ်ကြတယ်။ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေကိုပဲ မျက်နှာလွှဲလိုက်ကြတယ်။

ဒီလိုနဲ့ပဲ လူချမ်းသာတွေဟာ ခေတ်အဆက်ဆက်မှာ အနိုင်ယူနေခဲ့တာလေ...။

မရွှေမိုး ( ကိုရီးယား )
May 9th, 2019.

References
1161회 그것이 알고싶다
방송일| 2019.03.23(토)
‘버닝썬’ 게이트 그 본질을 묻다!

Everything About Seungri’s Exclusive And Luxurious Birthday Party In The Philippines Revealed by Koreaboo
FEBRUARY 27TH, 2019

버닝썬 게이트
최근 수정 시각: 2019-05-05 00:56:07

폭행사건으로 시작한 ‘버닝썬 100일’…한국사회 흔들 ‘게이트’ 될까- 이준희 기자 givenhappy@hani.co.kr

그것이 알고싶다 버닝썬 승리 w 대만 린사모
프로필
수하 백화점
2019. 3. 24. 2:08

승리의 변명"난 버닝썬 얼굴마담인데 한 평생 국민역적으로 살게 됐다"
프로필
다른나
2019. 3. 23. 21:19

그것이 알고싶다 버닝썬 실체 린사모 삼합회 성폭행[종합], 대만 린사모, 지디 승리, 버닝썬 승리, 지창욱 버닝썬
찬됴스
2019. 3. 24. 7:43

TIMELINE: From Burning Sun controversy to Seungri's retirement and beyond by SBS PopAsia

Get an overview of the accusations leading to Seungri's retirement
By Sevana Ohandjanian
12 MAR 2019 - 2:14 PM UPDATED 2 MAY 2019 - 2:17 PM

ARGUMENT
South Korea’s Darkest Clubs Are Being Dragged Into the Light
The Burning Sun investigation has exposed horrors against women—and men getting away with it.
BY JENNA GIBSON, S. NATHAN PARK | MAY 3, 2019, 2:14 PM

How The Mysterious Madam Lin In SeungRi’s Burning Sun Scandal Made $12 Billion In 5 Years
APRIL 3, 2019

YouTube https://youtu.be/1-Twhk7jjIQ

[속보] 경찰, ‘성매매 알선과 횡령’ 혐의 승리 구속영장 신청
기사입력2019.05.08. 오후 2:05

No comments:

Post a Comment