Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label news. Show all posts
Showing posts with label news. Show all posts
Sunday, January 13, 2019
.....................
Unicode
မြန်မာအမျိုးသမီး ၅ ဦးလျှင် ၄ ဦးကလက်မထပ်ခင်အခြားအမျိုးသားနှင့် အတူအိပ်ဖူးကြောင်းစစ်တမ်းတစ်ရပ်ကဆို….လက်ထပ် ထိမ်းမြား ခြင်း မပြု မှီ မှာ ပင် အမျိုး သမီး ငါး ဦး လျှင် သုံး ဦး က သူတို ့ ၏ အပျိုစင် ဘဝ ကို ဘဝ ကြင် ဖော် မဟုတ် သည့် အခြား တစ်ယောက် နှင့် မျှဝေခဲ့ ကြောင်း နှင့် ငါး ဦး လျှင် လေးဦး က မူ ကြင်ဖော် သို ့ မဟုတ် အခြား တစ်ယောက် နှင့် မျှ ဝေခဲ့ ကြောင်း FNG ၏ လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရ သည်။
ရန်ကုန် ၊ မန္တလေး နှင့် နေ ပြည် တော် မြို ့ များ တွင် ပြု လုပ် သည့် FNG ၏ ” လက် မထပ် မှီ အပျိုစင် ဘဝ ထိမ်းသိမ်းနိုင်မှု ” စစ်တမ်း တွင် ရန်ကုန် မြို ့ မှ ၂၄ ဦး ၊ မန္တလေး မြို ့ မှ ၁၅ ဦး နှင့် နေ ပြည် တော် မှ အမျိုး သမီး ရှစ် ဦး က သူတို ့ ၏ အတွေ ့အကြုံ များ ကို မျှ ဝေခဲ့ ကြသည်။
နိုဝင်ဘာလ အတွင်း က လက်ထပ် ထိမ်းမြှား မှု ပြု ခဲ့ သည့် ကွန်ပျုတာ ဆော့ဖ်ဝဲ နည်း ပညာရှင် အသက် ၂၅ နှစ် အရွယ် အမျိုး သမီး တစ်ဦး က ” လက်မထပ် ခင် ရည်းစား ငါး ယောက် ထား ဖူး ပြီး ငါး ယောက် လုံး နဲ ့ အတူ လိင် ဆက်ဆံ ခဲ့ ဖူး ကြောင်း FNG ကို ပြောသည်။စစ်တမ်း တွင် ဖြေ ဆို သည့် အမျိုး သမီး များ ၏ ထက် ဝက် ခန် ့မှာ လက်မထပ် ခင် လိင်ကိစ္စ အတွေ ့အကြုံ ရှိ ဖူး ရာ ဉ် နှစ် ယောက် ထက် ပင် ပိုမို သည် ဟု အဖြေပေး ခဲ့ ကြသည်။
ရန်ကုန် မြို ့ မှ ဖက်ရှင် နဲ ့ အလှ အပ ရေးရာ မဂ္ဂဇင်း မှာ တာဝန် ရှိ သူ တစ်ဦး က မူ ” မိန်း ကလေး တွေ လက်မထပ် ခင် လိင်ကိစ္စ အတွေ ့အကြုံ က သိပ် ပြီး တော့ အဆန်း ကြီး တော့ မဟုတ် တော့ ပါ ဘူး ၊ တစ်ချို ့ တွေ ဆို တစ်ပြိုင် တည်း ရည်း စား နှစ် ယောက် ထား တာ တို ့ (ဘွိုင်းဖရန် ့) ရည်စား နှစ် ယောက် နဲ ့ အတူ အိပ် တာ တို ့ တောင် ရှိ တယ်” ဟု ပြောသည်။
မြို ့ ပြ ယဉ် ကျေး မှု နှင့် အလှမ်း ဝေး သည် ့ နယ် မြို ့ များ တွင် မူ မိန်းကလေး ဆယ် ဦးလျှင် ရှစ်ဦး က သူတို ့ ၏ အပျိုစင် ဘဝ ကို ထိမ်းသိမ်း နိုင် ကြောင်း ဖြေကြားခဲ့သည်။ရန်ကုန် မြို ့ မှ ဆရာ ဝန် တစ်ဦး က မူ လစဉ် အသက် ၁၈ နှစ် မှ ၂၈ နှစ် အရွယ် အမျိုး သမီး ဆယ် ဦးခန် ့မှာ ကိုယ်ဝန် ဖျက် ချ ရန် အတွက် လာသည် ဟု သိရသည်။ရန်ကုန် မြို ့ ရှိ ဆေးဆိုင် များ တွင် သန္ဓေတားဆေး ၊ လိင် အကာအကွယ် များ မှာ ထိပ် တန်း ၁၀ စာရင်း ဝင် ရောင်း အကောင်း ဆုံး ဖြစ်သည်ဟု သိရသည်။Credit:freedomnewsgroup
Wednesday, December 26, 2018
အသက်၁၄နှစ် နဲ့ ရည်စားခိုးရာလိုက်ပြေးသူမိန်းကလေးကို နောက်ကလိုက်ဖမ်း
အမြန်လမ်းတလျောက်.၄င်းယာဉ်အား စောင့်ကြည့်ရှာဖွေရာ. မိုင်တိုင်. ၁၈၄. အနီးတွေ့ ရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ သာဂရစခန်း တပ်ဖွဲ့ဝင်နှင့် မိသားစု များမှ. ခေါ်ယူ စောင့်ရှောက်ထားကြောင်း သိရှိရသည်။
#Unicode Version#
ဒီဇင်ဘာလ(၂၃)ရက်နေ့ နေ့ လည်(၀၂၀၀)နာရီချိန်ပခုက္ကူမြို့နယ် အမှတ်(၃) ရပ်ကွက်နေ မောင်ညီညီရွှေ ၁၉နှစ်(ဘ) ဦးနုရွှေ ကျဘမ်းလုပ်ကိုင်သူမှ တရပ်ကွက်တည်းနေ မစုရည်မွန် ၁၄ နှစ် (ဘ)ဦးဇော်မင်းအောင် အားခိုးယူကာ 4J/2156 ထွန်းဧရာ Express ယာဉ်ဖြင့်လိုက်ပါသွားသဖြင့် ခေတ္တ ထိန်းသိမ်းထားပေးပါရန်နှင့် မိဘများနှင့် မြစ်ခြေ ရဲစခန်းမှ အဖွဲ့နောက်မှလိုက်ပါလာကြောင်း ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းသ ဖြင့်
အမြန်လမ်းတလျောက်.၎င်းယာဉ်အား စောင့်ကြည့်ရှာဖွေရာ. မိုင်တိုင်. ၁၈၄. အနီးတွေ့ရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့သာဂရစခန်း တပ်ဖွဲ့ဝင်နှင့် မိသားစု များမှ. ခေါ်ယူ စောင့်ရှောက်ထားကြောင်း သိရှိရသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံး
Tuesday, December 25, 2018
မန္တလေးမြို့တွင် New Year ညတွင် ဗြောက်အိုး မီးရှူးမီးပန်းများဖောက်လျှင်အရေးယူမည်
မန္တလေး ၂၅ ဒီဇင်ဘာ
မန္တလေးမြို့ New Year ည၌ ဗြောက်အိုး၊မီးရှူးမီးပန်းများ ပစ်ဖောက်လျှင် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံကသိရသည် ။
မန္တလေးမြို့ ညပိုင်းအချိန်များတွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေမည့် ဗြောက်အိုး၊ မီးရှူး၊မီးပန်းများ ပစ်ဖောက်မှုမရှိစေရေး အတွက် မန္တလေးမြို့ရှိ ဈေးကြီးများတွင် ဗောက်အိုးနှင့်မီးရှူး၊ မီးပန်းရောင်းဝယ်မှုများကို စီမံ ချက်ဖြင့် လိုက်လံစစ်ဆေးနေကြောင်းသိရသည် ။
" ပြည်သူလူထုအထိတ်တလန့် ဖြစ်စေနိုင်တဲ့ ဗြောက်အိုး၊မီးရှူးမီးပန်းတွေကို မဖောက်စေဖို့တွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးထားပါတယ် ။ ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေကိုလည်း လိုက်လံစစ်ဆေးနေပါတယ် ။ "ဟု မန္တလလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နှစ်သစ်ကူးညတွင် မန္တလေးမြို့၌ ဗြောက် အိုးနှင့်မီးရှူးမီးပန်းများကို ဈေးကြီးများတွင် ရောင်းချနေသည့် ဆိုင်များမှတစ်ဆင့် ရပ်ကွက်များအတွင်း ပျံ့နှံ့မှုမရှိစေရေး အတွက်လည်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ဈေးနှင့်သားသတ် ဌာန၊ ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့ များဖြင့် စစ်ဆေးကာ ဖမ်းဆီးအရေးယူမှု များပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗြောက်အိုး၊မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန် ထုတ်ပြန်ကာ တားမြစ်ထားသည် ။
ဗြောက်အိုး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများ တွေ့ရှိလျှင် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါ ပုဒ်မကို ကျူးလွန်သူသည် အလုပ်မဲ့ထောင်ဒဏ် တစ်လဖြစ်စေ၊ ဒဏ်ငွေ နှစ်ရာကျပ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းသိရသည် ။
သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
Monday, December 24, 2018
စရဖတစ်ဦးသေဆုံးမှုကြောင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ဆေးကုသမှုခံယူနေရ
ဒီဇင်ဘာ ၂၄ ၊ စစ်တွေ
စစ်တွေတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲကျော်(ခ) ကိုနီအောင်ကျော်မှာ ကျန်းမာရေးအခြေအနေကြောင့် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်တွေပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲဇော်မှာ ဗိုက်အောင့်၊ သွေးတိုး၊ အသားဝါ၊ ခါးနာ စသည့်ဝေဒနာများဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား ဓာတ်မှန်ရိုက်ထားကြောင်း သိရသည်။
ကိုရဲဇော်သည် ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်တွေအမှတ်(၁)ရဲစခန်းတွင် စစ်ဆေးခံနေရသည့် ကာလလည်းဖြစ်သည်။
ဒီဇင်ဘာ၁၅ ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းရင်းသားကျေးရွာမှ ကိုရဲဇော်အား ဖမ်းဆီးကာ စစ်တွေသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းအား ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ချုပ်ရမန်ယူထားကြောင်း သိရသည်။
ကိုရဲကျော်မှာ ရခိုင်အမျိုးသားပါတီ (ANP)၏ ရန်ကုန်တိုင်း လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး AYC ရခိုင် လူငယ်အဖွဲ့တွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
သေဆုံးသွားသည့် ကိုဖိုးလုံးမှာ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော်အတွင်း အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်အနီးကပ် လုပ်ကြံခံလိုက်ရပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ ကိုအောင်ချေ၊ ကိုမေယုထွန်းနှင့် ခိုင်ဘိုဘိုတို့ကိုလည်း စစ်တွေမြို့မရဲစခန်းမှ စစ်ဆေးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။
ခိုင်ရိုးလ / DMG
https://www.dmediag.com
ဇီးပင်ကြီးစစ်တမ်း ရေးသားသူကို ခုံရုံးဖွဲ့စစ်သူတွေကို အရေးယူမည်
ဒေါက်တာ စိုးသူရဇော် ကို တွေ့ရစဉ်/ Photo: Soe Thuya Zaw
အစိုးရ၀န်ထမ်းတွေကို သင်တန်းပေးနေတဲ့ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာ စိုးသူရဇော်ကို ခုံရုံးဖွဲ့ စစ်ဆေးတဲ့ကိစ္စကို ၀န်ထမ်းစည်းကမ်းအရ အရေးယူမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဒီနေ့ ပြောလိုက်ပါတယ်။
နေပြည်တော်က ကျန်းမာရေးဝန်ကြီးဌာနမှာ သတင်းမီဒီယာတွေက မေးမြန်းချက်အပေါ် ၀န်ကြီး ဒေါက်တာ မြင့်ထွေးက ခုံရုံးဖွဲ့စစ်ဆေးတဲ့ အဖွဲ့နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ဒီနေ့မနက်မှာ ခေါ်ယူမေးမြန်းပြီးဖြစ်ကြောင်းနဲ့ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမှာဖြစ်ကြောင်း  ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ဝေဖန်ခဲ့တဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာ စိုးသူရဇော်ကို အရေးယူမှာ မဟုတ်ဘူးလို့လည်း ၀န်ကြီးက ပြောပါတယ်။
ဒေါက်တာ စိုးသူရဇော်ကို ခုံရုံးဖွဲ့စစ်ဆေးတာမှာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ အမြဲတမ်းအတွင်းဝန် နှစ်ဦး မသိရှိဘဲ တခြားဝန်ထမ်းတွေက ခုံးရုံးဖွဲ့စစ်ဆေးခဲ့ခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒေါက်တာ စိုးသူရဇော်ကို ခုံရုံးဖွဲ့စစ်ဆေးတဲ့အပေါ် ဝေဖန်မှုတွေရှိသလို လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကလည်း ဒေါက်တာ စိုးသူရဇော် ဘက်က ရပ်တည်တဲ့အကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ဖော်ထုတ်ပြသခဲ့ကြပါတယ်။
ဒေါက်တာ စိုးသူရဇော်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
...........................
ဇီးပင်ကြီး စစ်တမ်း ( အပိုင်း တစ် )
http://www.themeltingpot4u.com/2018/12/blog-post_715.html
ဇီးပင်ကြီး စစ်တမ်း ( အပိုင်း နှစ် ) ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း
http://www.themeltingpot4u.com/2018/12/blog-post_868.html
ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး ) ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း
http://www.themeltingpot4u.com/2018/12/blog-post_121.html
Sunday, December 23, 2018
ချလိုက်တဲ့ ဗျူဟာနဲ့ လက်တွေ့ မအပ်စပ်ဘူးလို့ ဇီးပင်ကြီးစစ်တမ်းရေးသူက ပြော
လက်ရှိ အစိုးရတက်လာတဲ့ အချိန်မှာ ချမှတ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း မဟာဗျူဟာ ပြောင်းလဲရေး အစီအစဉ်တွေက အောက်ခြေက အနေအထားနဲ့ မအပ်စပ်တဲ့အတွက် အများသိသင့် လို့ဆို
ဇီးပင်ကြီးစစ်တမ်းဆိုပြီး ဗဟို ဝန်ထမ်း တက္ကသိုလ် အတွေ့အကြုံတွေကို ရေးသားခဲ့တာဟာ လက်ရှိ အစိုးရတက်လာတဲ့ အချိန်မှာ ချမှတ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း မဟာဗျူဟာ ပြောင်းလဲရေး အစီအစဉ်တွေက အောက်ခြေက အနေအထားနဲ့ မအပ်စပ်တဲ့အတွက် အများသိသင့်တာကြောင့် ရေးသားခဲ့တာလို့ ဒေါက်တာ စိုးသူရဇော်က ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာ စိုးသူရဇော်ဟာ မိုးကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီး အရာရှိဖြစ်ပြီး သူရဲ့ ဗဟို ဝန်ထမ်း တက္ကသိုလ် အတွေ့အကြုံတွေကို ဖေ့စ်ဘွတ်မှာ ရေးသားမှုကို ကျန်းမာရေးဝန်ကြီးဌာနက ဌာနတွင်း စစ်ဆေးမှု ပြုလုပ်ပြီး ထုချေလွှာတင်ဖို့ ညွှန်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။
အခုလို အပေါ်က ချလိုက်တဲ့ မဟာဗျူဟာတွေနဲ့ အောက်ခြေ မကိုက်ညီမှု အခြေအနေကို ကိုယ်တိုင် တက္ကသိုလ် တက်ခဲ့သူတွေ သိပေမယ့် အထက်က ညွှန်ကြားသူတွေလည်း သိသင့်တယ်လို့ သူက ပြောပါတယ်။
စစ်တမ်းထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး မအောင်မြင်တာက လက်ရှိ NLD အစိုးရက စေတနာ မရှိလို့ မအောင်မြင်တာ ဖြစ်ကြောင်း ပြောပြီး တပ်မတော်သာ အမိ တပ်မတော်သာ အဖ လို့ တိုင်တည်ပေးတဲ့ ဆရာတယောက် အကြောင်းလည်း ပါဝင်
ဒေါက်တာ စိုးသူရဇော်ရဲ့ အဲဒီ စစ်တမ်းထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး မအောင်မြင်တာက လက်ရှိ NLD အစိုးရက စေတနာ မရှိလို့ မအောင်မြင်တာ ဖြစ်ကြောင်း ပြောပြီး တပ်မတော်သာ အမိ တပ်မတော်သာ အဖ လို့ တိုင်တည်ပေးတဲ့ ဆရာတယောက် အကြောင်းလည်း ပါဝင်ခဲ့သလို ဒါဟာ ဝန်ထမ်းသတ်လို့ အစိုးရသေရမယ့် အကြောင်းရင်းခံတခု ဖြစ်မယ်လို့ ခိုင်းနှိုင်း ရေးသားခဲ့ပါတယ်။
အထူးသဖြင့် ဗဟို ဝန်ထမ်းတက္ကသိုလ်က သင်ကြားမှုပုံစံနဲ့ အကျိုးရှိမှုတွေကို ဒေါက်တာ စိုးသူရဇော်က မေးခွန်းထုတ်ခဲ့ပြီး အခမ်းအနားတွေနဲ့ ဟန်ပြဖို့သာ ဦးစားပေးနေတဲ့ ငွေကြေးကုန်ကျမှု ဖြစ်နေသလို လက်တွေ့ ဝန်ထမ်းတွေ အတွက်လည်း အကျိုးမရှိဘူးလို့ ရေးသားထားပါတယ်။
သူ့ရဲ့ ရေးသားမှုကို ကျန်းမာရေးဝန်ကြီးဌာန ထုချေလွှာ တင်ခိုင်းတဲ့အပေါ် ဆရာဝန် အသိုင်းအဝိုင်း၊ ရှေ့နေတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ကြပြီး လွှတ်တော်မှာလည်း အဲဒီ တက္ကသိုလ်သင်တန်းနဲ့ ပတ်သတ်လို့ ဝေဖန် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
အိပ်ဆောင်တွေမှာပါ သပ်ရပ်မှု အနေအထားကို ဟန်ပြလုပ်တာတွေ ရှိပြီး အမှန်တကယ်က စတိုခန်းတွေမှာ ပစ္စည်းတွေ စုပြု ထည့်ခိုင်းတာလို့ဆို
ဒီကိစ္စနဲ့ ပတ်သတ်လို့ အမျိုးသားလွှတ်တော်မှာ ဝေဖန် ဆွေးနွေးခဲ့တဲ့ မွန်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကတော့ ဝန်ထမ်းလောကမှာ ကိန်းအောင်းနေတဲ့ အတွေးအခေါ်ဟောင်းတွေကို ပြင်ဖို့ လိုနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် အစိုးရ တာဝန် ထမ်းဆောင်မှု ဘာလဲဆိုတာကို အဓိပ္ပာယ် ပြန်လည် ဖော်ဆောင်ဖို့ လိုအပ်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားမှုတွေမှာလည်း သင်ရိုး ပြောင်းလဲမှုသာမက ဆရာ ဆရာမ တွေကို ပြန်လည် သင်တန်းပေးဖို့ လိုအပ်နေတယ်လို့ ဦးမျိုးဝင်းက ပြောပါတယ်။
ဇီးပင်ကြီး သင်တန်းလို့ လူသိများတဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် အထက်မြန်မာပြည်ကို အစိုးရ ဝန်ထမ်း အားလုံးနီးပါး တက်ရောက် ရတာ ဖြစ်ပါတယ်။
အဲဒီ တက္ကသိုလ်က သင်တန်းတွေမှာ ငွေစာရင်း ကိစ္စက စလို့ နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာ၊ စီးပွားရေး ပညာနဲ့ သတင်းအချက်အလက် နည်းပညာ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေပြီး ဒီတက္ကသိုလ်ကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
Wednesday, December 19, 2018
၅ ဧက အောက်သာ ကျောက်မျက်တူးခွင့် လျှောက်ထားနိုင်တော့မယ်
အလွန်အကျွံ ထုတ်ယူမှုကို တားဆီးနိုင်ဖို့ ဥပဒေပြင်ဆင်
၅ ဧကနဲ့ အထက် တူးဖော်ထုပ်လုပ်တဲ့ အကြီးစား ကျောက်မျက်တူးဖော်မှုတွေကို ပိတ်ပင်တဲ့ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
လုပ်ကွက်တစ်ခုကို ဧက ၅ဝ အကျယ်အထိ အရင်က လုပ်ခွင့် လျှောက်ထား နိုင်ခဲ့တာကနေ အခု ဥပဒေသစ်အရ လုပ်နိုင်တဲ့ အကျယ်အဝန်းကို ကန့်သတ်လိုက်တာ အပြင်၊ လုပ်ခွင့် ကာလ လိုင်စင်သက်တမ်းကိုပါ လျှော့ချ ထားပါတယ်။
လိုင်စင်သက်တမ်းကို ၆ နှစ် ချပေးပြီး ၆ နှစ်ပြည့်တဲ့ အချိန် နောက် ၆ နှစ်သက်တမ်း ထပ်မံ လျှောက်ထား နိုင်ခဲ့တာကနေ အခုတော့ ၃ နှစ် သာ လိုင်စင် ချပေးတော့မှာ ဖြစ်သလို နောက်ထပ် နှစ်ကြိမ်သာ သက်တမ်း တိုးခွင့် ရှိမှာ ဖြစ်လို့ လုပ်ကွက် တစ်ခုကို အများဆုံး ၉ နှစ်သာ လုပ်ပိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
ဒီလို လုပ်နိုင်တဲ့ မြေဧက၊ လုပ်ခွင့် လိုင်စင်သက်တမ်းတွေကို လျှော့ချကန့်သတ်တာဟာ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတွေ အပေါ်မှာသာ ထိန်းချုပ် ကန့်သတ်တာ မဟုတ်ဘဲ အစိုးရပိုင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ အပေါ်မှာလည်း တပြေးညီ သက်ရောက်မှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
အစိုးရပိုင် လုပ်ငန်းတွေ အနေနဲ့ ဒီ တင်းကျပ်မှုမျိုးကနေ ကင်းလွတ်ခွင့် ပေးသင့်သလား ဆိုပြီး လွှတ်တော်ထဲမှာ ဆွေးနွေး ခဲ့ကြပေမယ့် အဆုံးမှာတော့ အားလုံးအပေါ် တပြေးညီ ကန့်သတ်ဖို့ဘက်က အလေးသာ သွားခဲ့တယ်လို့ နေပြည်တော် ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
လက်ကြီးသမားတွေကြောင့် ဒေသခံတွေ ကျောက်တူးခွင့် လက်လွှတ်ဆုံးရှုံး
 မြေစာပုံပြိုလို့ ရေမဆေးသမားတွေ အစုလိုက် သေရတာလည်း မကြာခနဖြစ်နေခဲ့
အခုလို ကျောက်စိမ်း အပါအဝင် ကျောက်မျက်ရတနာ တူးဖော်ရေးနဲ့ ပတ်သက်ပြီး အခုလို ထိန်းချုပ်ရတာဟာ လက်ကြီးသမား ကုမ္ပဏီကြီးတွေရဲ့ နေရာယူ လွှမ်းမိုးမှုကြောင့် ဒေသခံတွေ နစ်နာနေရတာကို ကာကွယ်နိုင်ဖို့ ဖြစ်တယ် ဆိုပြီး ဧရာဝတီ တိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ဘီဘီစီကို ပြောပါတယ်။
ဧကအမြောက်အမြား ရယူပြီး လုပ်ကိုင် ခဲ့ကြတာကလည်း နိုင်ငံတော်ပိုင် လုပ်ကွက်တွေ အနေနဲ့ ပထမ ရယူပြီး၊ နောက်ပိုင်းမှာ နီးစပ်ရာ ကုမ္ပဏီကြီးတွေ လက်ထဲ ရောက်သွားခဲ့ကြတာမျိုး ဖြစ်တဲ့ အတွက် အခု အတည်ပြုလိုက်တဲ့ ဥပဒေဟာ နိုင်ငံတော်ပိုင် လုပ်ကွက် ဆိုတဲ့ အကြီးစား တူးဖော်မှုတွေကို ဖျက်သိမ်း လိုက်တာပဲ ဖြစ်တယ် ဆိုပြီး ကချင်ပြည်နယ်၊ အင်ဂျားယန် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်ကလည်း ဆိုပါတယ်။
ဒီလို ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် အရင်က အနှစ် ၂ဝ တူးလို့ ကုန်သွားနိုင်တဲ့ နေရာတွေမှာ အနှစ် ၅ဝ အထိ ဆွဲဆန့်ပြီး တူးလာနိုင်မှာကြောင့် ကျောက်စိမ်းလုပ်ငန်း သက်တမ်းကို တာရှည်လာစေမယ့် အကျိုးမျိုး ရှိလာနိုင်တယ် လို့လည်း ဦးလမာနော်အောင်က ပြောပါတယ်။
ပတ်ဝန်းကျင် ပျက်စီးစေတယ် ဆိုတဲ့ ရှူထောင့်ကနေလည်း ဝေဖန်မှုတွေ ရှိခဲ့
လက်ကြီးသမား ကုမ္ပဏီကြီးတွေက မြေဧက အမြောက်အမြားပေါ် အကြီးစား တူးဖော်တာဟာ သဘာဝ ပတ်ဝန်းကျင် အပေါ် အကြီးအကျယ် ထိခိုက် ပျက်စီးစေတယ် ဆိုတဲ့ ဒေသခံတွေရဲ့ ထောက်ပြ ဝေဖန်မှုတွေကိုလည်း အခုနှစ်ပိုင်းတွေ အတွင်း ကျယ်ကျယ်လောင်လောင် ကြားနေခဲ့ရပါတယ်။
ကျောက်စိမ်းနယ်မြေ ဖြစ်တဲ့ ဖားကန့်မှာဆိုရင် နှစ်စဉ် ရေကြီး ရေလွှမ်းတဲ့ဒဏ်ကို တနှစ်ထက် တနှစ် တိုးပြီး ခံစား နေရတယ်လို့ မြို့ခံတွေက ပြောဆို နေခဲ့ကြတာ ဖြစ်ပါတယ်။
အခုတော့ ၅ ဧကအောက် အလတ်စား နဲ့အသေးစား ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေသာ တူးဖော် နိုင်တော့မှာ ဖြစ်ပါတယ်။
ကျောက်မျက်လုပ်ကွက်တွေ ချပေးတဲ့ အခါမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်က အဆိုပြုသူ ၃ ဦး ထက်မနည်း ပါဝင်တဲ့ ၉ ဦးထက် မပိုသော ကျောက်မျက် စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းရမှာ ဖြစ်ပြီး အဲဒီအဖွဲ့က ကျောက်မျက်လုပ်ကွက်တွေ ချထား ပေးရတော့မှာဖြစ်ပါတယ်။
ဒီကျောက်မျက်ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတကသာ လက်မှတ်ထိုးလိုက်ပြီ ဆိုရင် စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
အဲဒီလို ဥပဒေသက်ဝင်လာပြီ ဆိုရင်တော့ လက်ရှိ တူးဖော်နေတဲ့ ကျောက်တွင်းတွေ တူးခွင့်သက်တမ်း ကုန်ဆုံးသွားတဲ့ အခါ ဥပဒေသစ်ပါ ကန့်သတ်ချက်တွေကို လိုက်နာပြီး လုပ်ဆောင်ကြရတော့မှာ ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
Tuesday, December 18, 2018
ဗိုလ်ချုပ်ကျေးရွာမှာ ဓာတ်ငွေ့တွေ ထွက်လာတာကြောင့် မီးအသုံးပြုမှု တားမြစ်ထား
သန်လျင်မြို့ ဗိုလ်ချုပ်ရွာရှိ စံပယ်လမ်းသွယ်က နေအိမ်တအိမ်မှာ အဝီစိတွင်းတူးရာမှ ထွက်လာတဲ့ ဓါတ်ငွေ့တွေကို တွေ့ရစဉ် / Photo: Nay Lin Aung's FB
ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာ အ၀ီစိတွင်းတူးတဲ့နေရာကနေ ဓာတ်ငွေ့တွေ ပန်းထွက် လာတာကြောင့် ပေ ၁၀၀ ပတ်လည်အတွင်း မီးမသုံးဖို့ တားမြစ်ထားတယ်လို့ သိရပါတယ်။
မြေအောက်ကနေ ထွက်လာတဲ့ ဓာတ်ငွေ့အများစုမှာ မီသိန်းဓာတ်ငွေ့ ပါဝင်မှုများတာကြောင့် ပေ ၁၀၀ ပတ်လည် အတွင်း မီးမသုံးဖို့ တားမြစ်ထားသလို ပတ်ဝန်းကျင်နေအိမ်တွေကိုလည်း မီးသုံးစွဲမှု သတိထားဖို့ လိုက်ပြီး သတိပေးနေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် က ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ အ၀ီစိတွင်းတူးရင်းကနေ ဓာတ်ငွေ့တွေ ထွက်လာတာကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE က ဓာတ်ငွေ့ဆိုင်ရာ ကျွမ်းကျင်သူတွေက လာရောက်ကြည့်ရှုတဲ့အခါမှာ မြေအောက်မှာ ခိုအောင်းနေတဲ့ Bio Gas တွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဓာတ်ငွေ့ထဲမှာ ဘယ်လိုဓာတ်ပစ္စည်းတွေပါဝင်တယ်ဆိုတာကို ဓာတ်ခွဲစမ်းသပ်ရမှာဖြစ်တဲ့အကြောင်း၊ ဓာတ်ငွေ့တွေပန်းထွက်ပြီး မြေပေါ်မှာ တင်ကျန်နေတာတွေကို ရေနဲ့ဆေးထားတဲ့အကြောင်း၊ အဲဒီနေရာမှာ မီးမသုံးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တွေက စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
Monday, November 12, 2018
နာဆာက အင်္ဂါဂြိုဟ်ကို လွှတ်တင်မယ့် မားရဟတ်ယာဉ် ပရောဂျက်ကို မြန်မာအမျိုးသမီး မမီမီအောင်က ဦးဆောင်
မားစ်ဂြိုဟ်ကြီးအကြောင်းကို လူသားတို့ နားလည်မှုကို မြှင့်တင်ပေနိုင်မည့် အသေးစား ရဟတ်ယာဉ်တစ်စင်းကို၂၀၂၀ တွင် အင်္ဂါ ဂြိုဟ်ပေါ်သို့ လွှတ်တင်မည်ဟုအမေရိကန် အာကာသအေဂျင်စီက မေ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး လူလိုက်ပါခြင်း မရှိသေးသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်သည် ၄င်းဂြိုဟ်ပေါ်သို့ ပထမဦးဆုံး ပျံသန်းမည့် ရဟတ်ယာဉ် ဖြစ်လာမည်ဟု ဆိုသည်။
 VOA Burmese
#Unicode Version#
ဖွံဖြိုးပြီးနိုင်ငံတွေထက်စာရင် ကျွန်မတို့နိုင်ငံက သိပ်ထူးထူးထွေထွေ ဘာမှမရှိကြပေမယ့် ကျွန်မတို့မြင်တွေ့ရတဲ့ ကောင်းကင်ပြင်ကြီးကတော့ အတူတူပါပဲ။
ကောင်းကင်ပြင်ကြီးမှာ ဘာတွေများရှိနေမလဲ..နေစကြဝဠာ စသည်ဖြင့်ကဘာတွေရှိကြသလဲ..ဒီမေးခွန်းတွေဟာ ကနေ့အထိပါပဲ။
သဘာဝနဲ့ ပတ်သတ်လို့ သာမန်လူတွေမေးနေကြတဲ့ မေးခွန်းတွေပါ။ ကျွန်မတို့လူသားတွေ ဘယ်ကစခဲ့ကြသလဲ။
ကျွန်မတို့ကမ္ဘာဂြိုဟ်ကြီးတစ်ခုတည်း သက်ရှိတွေ ရှိတာလား။ ဒီမေးခွန်းတွေကို ကျွန်မအတွက် သိပ်ကိုသိလိုတဲ့ ဆန္ဒပြင်းပြလှပါတယ်။
ဒါကတော့ နာဆာခေါ် အမေရိကန်အာကာသစူးစမ်းလေ့လာရေးက JPL လို့အတိုကောက်ခေါ်တဲ့ Jet Propulsion Laboratory ဌာနမှာ
အင်္ဂါဂြိုဟ်ကိုလွှတ်တင်ဖို့ စီစဉ်နေတဲ့ မားစ်ဟယ်လီကော်ပတာ ပရောဂျက်ကိုဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး မမီမီအောင်ပဲ ဖြစ်ပါတယ်။
သူမဟာ JPL ဌာနမှာ အထူးချွန်ဆုံးအမျိုးသမီး ၁၄ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမဟာ ၁၉၈၈ခုနှစ်မှာ
အမေရိကန် အီလီနွိုက်တက္ကသိုလ်က သိပ္ပံဘွဲ့ရရှိပြီး ၁၉၉၀ခုနှစ်မှာတော့ လျှပ်စစ်အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။
၁၉၉၀ခုနှစ်မှာပဲ JPL ဌာနကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မမီမီအောင်ဟာ JPL Atomic System ဌာနမှာ
လက်ထောက်ညွှန်ကြားရေးရာထူးကို ထမ်းဆောင်နေသလို မားစ်ဟယ်လီကော်ပရာစီမံကိန်းရဲ့ ဦးဆောင်သူ မန်နေဂျာရာထူးကိုလည်း ထမ်းဆောင်လျှက်ရှိပါတယ်။
မားစ်ဂြိုဟ်ကြီးအကြောင်းကို လူသားတို့ နားလည်မှုကို မြှင့်တင်ပေနိုင်မည့် အသေးစား ရဟတ်ယာဉ်တစ်စင်းကို၂၀၂၀ တွင် အင်္ဂါ ဂြိုဟ်ပေါ်သို့လွှတ်တင်မည်ဟု
အမေရိကန် အာကာသအေဂျင်စီက မေ ၁၁ ရက်တွင်ပြောကြားခဲ့ပြီး လူလိုက်ပါခြင်း မရှိသေးသည့် ဒရုန်းပုံစံ ရဟတ်ယာဉ်သည် ၎င်းဂြိုဟ်ပေါ်သို့ပထမဦးဆုံး ပျံသန်းမည့် ရဟတ်ယာဉ် ဖြစ်လာမည်ဟု ဆိုသည်။
မားစ်ရဟတ်ယာဉ်ဟု ရိုးရိုးရှင်းရှင်း နာမည်ပေးထားသောယာဉ်ငယ်သည် အလေးချိန် လေးပေါင်(၁.၈ကီလိုဂရမ်)ပင် မရှိပေ။
၎င်း၏ ကိုယ်ထည်ပိုင်းသည် ဘောလုံးပျော့ တစ်လုံး၏ အရွယ်အစားခန့်သာ ရှိသည်။ ၎င်းကို ၂၀၂၀ မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်၏ ဝမ်းဗိုက်ပိုင်းနှင့် ချိတ်ပေးလိုက်မည်ဖြစ်သည်။
မားစ်ဂြိုဟ်စူးစမ်းရေးယာဉ်သည်ဘီးတပ်စက်ရုပ်ဖြစ်ပြီး အင်္ဂါဂြိုဟ် သဘာဝပတ်ဝန်းကျင်တွင် သက်ရှိနေထိုင်နိုင်မှုကိုဆုံးဖြတ်ရန်၊ ရှေးပဝေသဏီက သက်ရှိများ၏ လက္ခဏာများကိုရှာဖွေရန်၊
နောင်တချိန်လူသားတို့၏ စူးစမ်းလေ့လာမှုများအတွက် သဘာဝသံယံဇာတနှင့်ဘေးအန္တရာယ်များကိုတွက်ချက်ရန် ရည်ရွယ်သည်။
မားစ် ၂၀၂၀ စူးစမ်းရေးယာဉ်ကို၂၀၂၀ ခုနှစ်ဇူလိုင်လတွင် လွှတ်တင်ရန်စီစဉ်ထားခြင်း ဖြစ်ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ကို ဆိုက်ရောက်မည်ဟု ရည်မှန်းထားသည်။
‘နာဆာဟာ ပထမဦးဆုံး ဆိုတာတွေကို လုပ်ခဲ့တဲ့ ဂုဏ်ယူစရာ သမိုင်း ကြောင်းရှိပါတယ်။ အခြားဂြိုဟ်တစ်ခုရဲ့ ကောင်းကင်ယံမှာ ရဟတ်ယာဉ်ပျံသန်းစေတဲ့ စိတ်ကူးကတော့ ပိတီဖြစ်စရာပါပဲ ‘
ဟု နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒနန်စတိုင်းက ကြေညာချက်တွင်ပြောကြားခဲ့သည်။ ယခင်ကအင်္ဂါဂြိုဟ်ပေါ်တွင် မည်သည့်နိုင်ငံမျှ ရဟတ်ယာဉ် ပျံသန်းခဲ့ခြင်း မရှိသေးပေ။
နာဆာ၏ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်းတွင်နည်းပညာဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ် အသေးစားရဟတ်ယာဉ်စီမံကိန်းအား
၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။ အင်္ဂါဂြိုဟ်၏ ပါးလွှာသောလေထုတွင် ပျံသန်းနိုင်ရန် အသေးစား ရဟတ်ယာဉ်သည် အလွန်ပေါ့ပါးရမည်ဖြစ်သကဲ့သို့အတတ်နိုင်ဆုံး အင်အားကောင်းရမည်ဖြစ်သည်။
‘ဒီကမ္ဘာပေါ်မှာ ရဟတ်ယာဉ်တစ်စင်း အမြင့်ဆုံး ပျံသန်းတဲ့ စံချိန်ကတော့ ပေ ၄၀၀၀၀ (၁၂၁၀၀မီတာ)’ ဟု နာဆာ ဂျက်တွန်းကန်အား ဓာတ်ခွဲခန်း၏
အင်္ဂါဂြိုဟ် ရဟတ်ယာဉ် စီမံကိန်းမန်နေဂျာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင်က ပြောကြားခဲ့သည်။
‘အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာ့ လေထုရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ ရဟတ်ယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်ကို ရောက်သွားတဲ့အခါ
ကမ္ဘာပေါ်က အမြင့် ပေ ၁၀၀၀၀၀(၃၀၅၀၀မီတာ)နဲ့ညီမျှတဲ့ အမြင့်ကိုရောက်နေမှာဖြစ်ပါတယ်။’ဟု ‘ဒေါ်မီမီအောင်က ဖြည့်စွက်ပြောကြားခဲ့သည်။
Saturday, November 10, 2018
မန္တလေး ပေါ်တော်မူဘုရားအနီး နေထိုင်သူတွေကို အတင်းအကြပ်ဖယ်ရှား
မန္တလေးမြို့၊ ကမ်းနားလမ်း ပေါ်တော်မူဘုရားအနီးက တောင်သူတွေနဲ့ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)တို့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နေရာမှာ နေထိုင်သူတွေကို ရေကြောင်းရဲတပ်ဖွဲ့က ဒီနေ့မနက်မှာ အင်အားသုံး ၀င်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီမှာ ၀င်ရောက်နေထိုင်စိုက်ပျိုးနေတဲ့ တောင်သူ မိသားစု ၆ ဦးကို အချုပ်ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အဲဒီနေရာဟာ ၂၀၁၆ ခုနှစ်လောက်ကစပြီး မြေယာအငြင်းပွားမှု ရှိနေခဲ့တာဖြစ်ပြီး ပါဝင်ကူညီခဲ့တဲ့သူတွေကို ပုဒ်မ ၄၄၇ ပိုင်နက်ကျုးလွန်မှုနဲ့ ရေကြောင်းရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပေမယ့် သက်သေခိုင်လုံမှု မရှိတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ တရားရုံးက တရားရှင်လွှတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အင်အားသုံး ဝင်ရောက်ရှင်းလင်းတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး တောင်သူမိသားစုက သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
Wednesday, August 22, 2018
မြန်မာအမျိုးသမီးက သမီးအားမုဒိမ်းကျင့်သူကို သတ်ပြီး ရေထဲပစ်ချ
ဓာတ်ပုံ-Onbnews 
DVB
# Unicode Version ဖြင့် ဖတ်ပါ #
ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ ဘန့်ဘိန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က  သစ်သားစနဲ့ ပူးတွဲချည်နှောင်ပြီး ရေကန်ထဲပစ်ချခံထားရတဲ့ မြန်မာအလုပ်သမားတဦးရဲ့ အလောင်း တွေ့ရှိတာနဲ့ ပတ်သက်လို့  သံသယရှိတဲ့ မြန်မာအမျိုးသမီးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူဟာ သေဆုံးသူ ဇော်နိုင်ဦး (အသက် ၃၇ နှစ် ) နဲ့ တအိမ်တည်းနေထိုင်တဲ့ ဒေါ်မနု (၄၀ နှစ်)  ဖြစ်ပြီး ဇော်နိုင်ဦးဟာ သူမရဲ့ သမီးဖြစ်သူကို မုဒိမ်းကျင့်တဲ့အတွက် သံချောင်းနဲ့ ရိုက်သတ်ခဲ့တဲ့အကြောင်း ဝန်ခံထားတယ်လို့ တာဝန်ရှိ သူတွေက ဒီကနေ့မနက် ၁၀ နာရီလောက်က လူသတ်မှု ဖြစ်ပွားရပုံကို ပြန်လည်သ ရုပ်ပြခဲ့ပါတယ်။
သူမ နဲ့ သမီးဖြစ်သူတို့ဟာ ဇော်နိုင်ဦးနဲ့ စက်ရုံအလုပ်သမားအိမ်ခန်းမှာ အတူနေကြပြီး  ပြီးခဲ့တဲ့ ဇွန်လက မြန်မာပြည်ကို ခေတ္တပြန်သွားခဲ့ကြောင်း၊ ပြန်လာတော့ ဇော်နိုင်ဦးက သမီးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သမီးက တိုင်ပြောတဲ့အတွက် စိတ်ဆိုးပြီး  သြဂုတ် ၁၆ ရက်နေ့က နိုင်ဦး အရက်မူးပြီး အိပ်ပျော်နေစဉ် သံချောင်းနဲ့ ခေါင်းကိုရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ညရောက်တဲ့အခါ အလောင်းကို ရေထဲမပေါ်အောင် သစ်သားပြားနဲ့ ပူးချည်ကာ စက်ရုံဝင်းထဲရှိ ရေကန်ထဲမှာ သွားပစ်ချခဲ့တယ်လို့  ဒေါ်မနုက ဝန်ခံပြောပါတယ်။
သေဆုံးသူ ဇော်နိုင်ဦးရဲ့ အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ပြီးခဲတဲ့ သြဂုတ်လ ၁၉ ရက်မှာ  သူတို့အလုပ်လုပ်ရာ နောင်ဆမ့်ချတ်အုပ်စု သစ်သားစက်ရုံဝင်းထဲရှိ ရေကန်ထဲမှာ တွေ့ရှိခဲ့တာပါ။
ဒီမတိုင်ခင်က ဇော်နိုင်ဦးဟာ မြန်မာရွှေ့ပြောင်းလုပ်သား အချင်းချင်းကြား ငွေတိုးချေး စားနေသူဖြစ်လို့ ငွေချေးတဲ့ပြဿနာကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ နယ်မြေခံ ရဲစခန်းက ထင်မြင်ချက်ပေးထားခဲ့ပါတယ်။
ဓာတ်ပုံ-Onbnews 
DVB
Friday, June 1, 2018
မြောက်ကိုရီးယားစားသောက်ဆိုင် ဘာကြောင့်ပိတ်ရ
 မြောက်ကိုရီးယားစားပွဲထိုးတွေ
ရန်ကုန်မှာ တခုတည်းသော မြောက်ကိုရီးယားစားသောက်ဆိုင် ဒီနှစ်အစောပိုင်းမှာ ပိတ်လိုက် ရပါတယ်။ ပြုံယမ်းကောရို လို့အမည်ပေးထားတဲ့ ဒီစားသောက်ဆိုင်ဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ဆရာစံလမ်းထောင့် တနေရာမှာ၂ဝ၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ။
ထူးခြားတာက စားပွဲထိုးအလုပ်သမားတွေဟာ မြောက်ကိုရီးယား အမျိုးသမီးတွေဖြစ်ကြပြီး ရုပ်ရည်ချောမောတဲ့အပြင် မြန်မာသီချင်း၊ အင်္ဂလိပ်သီချင်းတွေလည်း ဆိုနိုင်ကြပါတယ်။
ဆိုင်ကိုလာတဲ့ဧည့်သည်တွေကိုလည်း သီချင်းဆို၊ ဂီတာတီး၊ ကခုန်ဖျော်ဖြေဧည့်ခံကြပါတယ်။
ဆိုင်မှာ မြောက်ကိုရီးယားအစားအစာတွေ ရောင်းပြီး ဈေးတွေကြီးပေမယ့် လာရောက် စားသောက်တဲ့ ဧည့်သည်တွေတော့ များတယ်လို့ ဆိုင်မပိတ်ခင် ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့သူ တချို့က ဘီဘီစီကို ပြောပါတယ်။
ပြုံယမ်းကောရိုစားသောက်ဆိုင်ကို ၂ဝ၁၈ ခုနှစ် မတ်လက တိတ်တဆိတ် ပိတ်လိုက်သလို ဖြစ်သွား တာကြောင့် လူအနည်းငယ်သာ သတိထားမိကြပါတယ်။ ဆိုင်ပိတ်လိုက်ရတဲ့ အကြောင်းအရင်းဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ နိုင်ငံရေးပယောဂတွေပါတယ်လို့ လေ့လာသူသတင်းသမားနဲ့ သံတမန်အသိုင်းအဝိုင်းကဆိုပါတယ်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး ရဲ့ပြောရေး ဆိုခွင့်ရှိသူ မစ္စ အာရာနီ မန်းရင်း ကတော့ မြောက်ကိုရီးယားအပေါ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ အရေးယူ ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အားပေးတိုက်တွန်းခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။
 မြန်မာလိုဝတ်စား ဖျော်ဖြေ
" ကျွန်မတို့ အမေရိကန်သံရုံးက မြန်မာအစိုးရကို မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် နဲ့အညီ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်။ ရန်ကုန်မြို့က မြောက်ကိုရီးယား စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေ မြန်မာပြည်က ပြန်ထွက်သွားတာဟာ မြောက်ကိုရီးယားပေါ် ထားရှိတဲ့ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ငြိစွန်းတာကြောင့် ဖြစ်ပါတယ်။ လုပ်ငန်းကိုရပ်ဖို့ မြန်မာအာဏာပိုင်ရဲ့ ညွှန်ကြားချက်နဲ့ ဆိုင်တယ်" လို့ မစ္စ အာရာနီမန်းရင်းက ဘီဘီစီကို ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကြောင့် လက်ရှိမှာ မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂ ပဋိဉာဉ်ဆုံးဖြတ်ချက်၂၃၇၅ နဲ့ ၂၃၉၇ ကို ထားရှိပါတယ်။ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်က မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို အရေးယူ တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့တဲ့ အဲဒီဆုံးဖြတ် ချက်တွေကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှာ ချမှတ်ခဲ့ပါတယ်။
အဲဒီစည်းမျဉ်းစည်းကမ်းတွေဟာ မြောက်ကိုရီးယားအစိုးရကို တခြားနိုင်ငံတွေမှာ တရားဝင် စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားတာအပြင် တခြားအရေးယူပိတ်ဆို့မှုတွေလည်း ပါဝင်ပါ တယ်။
ဒါကြောင့် မြောက်ကိုရီးယားက အခုလို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တာဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ရန်ကုန်အခြေစိုက် သံတမန် အသိုင်းအဝိုင်းက ဆိုပါတယ်။
 ပြုံယမ်း ခေါက်ဆွဲအေး
မြောက်ကိုရီးယားစားသောက်ဆိုင် မပိတ်ခင်မှာ သွားလည်ပတ်သူတွေထဲမှာ မြန်မာနဲ့ နိုင်ငံခြားသတင်းသမားတွေလည်းပါပါတယ်။ ဆိုင်မှာ ဓာတ်ပုံရိုက်တာ လုံးဝပိတ်ပင်ထားတာမရှိပေမယ့် ဓာတ်ပုံရိုက်တာ တွေ့ရင်တော့ အတင်းအကျပ် တားပါတယ်။ ဒါပေမဲ့ သတင်းဆောင်းပါးအတွက် ဖုန်းနဲ့ဓာတ်ပုံခိုးရိုက်တဲ့ သတင်းသမားတွေလည်း ရှိပါတယ်။
စားသောက်ဆိုင်ကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့ဖူးတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုဝေမိုး ကတော့ "မြောက်ကိုရီးယားဆိုင်က စားပွဲထိုးကောင်မလေးတွေ အကုန်လုံးဟာ မြန်မာ စကားကိုသင်ထား ပုံရတယ်။ မြန်မာစကားကို အနည်းဆုံးတော့ နည်းနည်းပါးပါး ရကြတယ်။ တချို့ကလည်း ကျွမ်းကျင် ကြတယ်။ မြန်မာပြည်ကို လာမယ်ဆိုရင် သေသေချာချာ လေ့ကျင့် သင်ကြားပေးပြီးမှ လာတဲ့သဘောရှိတယ်။ ဝန်ဆောင်မှုလည်း ကောင်းတယ်။ တက်တက်ကြွကြွ စားပွဲထိုးတယ်။ မြန်မာသီချင်း စိုင်းထီးဆိုင်ရဲ့ သီချင်းတွေတောင် ဆိုနိုင်တယ်။ မြောက်ကိုရီးယား စားပွဲထိုးတွေ ပြောပြတာကတော့ တပတ်မှာ အပြင်တရက် ထွက်လို့ရတယ်။ ကျန်တဲ့ရက်တွေ မှာတော့ သူတို့စီစဉ်ထားတဲ့ နေရာမှာပဲ နေကြတယ်" လို့ဆိုပါတယ်။
အမည်မဖော်လိုတဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဝါရင့်သတင်းသမားတဦးကတော့ ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင်ဟာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကဖွင့်ထားတဲ့ မြောက်ကိုရီးယားစားသောက်ဆိုင်လိုပဲ မြောက်ကိုရီးယားအစိုးရနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။ ရန်ကုန်က မြောက်ကိုရီးယားစားသောက်ဆိုင်ရဲ့ ပူးတွဲပိုင်ရှင်ကတော့ ရှမ်းလူမျိုးစီးပွားရေးသမားတယောက်ရဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်တယ် လို့လည်း သူကပြောပါတယ်။ အဲဒီရှမ်းစီးပွားရေးသမားဟာ တရုတ်စီးပွားရေးသမားတွေနဲ့ တော်တော်နီးစပ်တယ်၊ ရေသန့်ဘူး၊ အချိုရည်ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။
ကိုရီးယားရိုးရာဂီတနဲ့ဖျော်ဖြေ
"အဲဒီဆိုင်ကို ကျွန်တော်နှစ်ခါရောက်ဖူးတယ်။ စားပွဲထိုးမတွေဟာ ကိုရီးယားသီချင်း၊ တရုတ်သီချင်း၊ မြန်မာသီချင်းနဲ့ အင်္ဂလိပ်သီချင်းတွေလည်းဆိုနိုင်တယ်။ အင်္ဂလိပ်သီချင်း Country Road ကိုလည်း ဆိုနိုင်တယ်။ ကောင်တာမှာရောင်းတဲ့ ပစ္စည်းထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ လိင်အားဆေးအမျိုးအစား Viagra တခုလည်း တွေ့ခဲ့တယ်" လို့ သူကဆိုပါတယ်။
"ဆိုင်ပေးတာလည်း ငွေသားပဲပေးရတယ်။ ခရက်ဒစ်ကဒ်စနစ် (အွန်လိုင်းငွေပေးတဲ့စနစ်)ကို မသုံးဘူး။ မြန်မာငွေကျပ်နဲ့ ဒေါ်လာပဲ ပေးရတယ်။ နိုင်ငံခြားက တခြားမြောက်ကိုရီးယား စားသောက်ဆိုင်တွေလိုပဲ ပြုံယမ်းအစိုးရကို ငွေရှာပေး၊ အလုပ်လုပ်ပေးတယ်လို့ထင်တယ်။ အစားအသောက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဈေးတော့ ကြီးတယ်။ တချို့ဧည့်သည်တွေက သီချင်းဆိုတဲ့ ကောင်မလေးတွေကို ပန်းကုံးစွပ်ကြတယ်။ ကောင်မလေးတွေက အသက်လည်း ငယ်တယ်၊ ချောလည်းချောတယ်။ ဘန်ကောက်နဲ့ ဖနွမ်ပင်မြို့က မြောက်ကိုရီးယားဆိုင်တွေလိုပဲ သီချင်းဆိုကောင်းတယ်" လို့ သူကဆက်ပြောပါတယ်။
ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူ ဦးတင်စိုး ကတော့ မြောက်ကိုရီးယား စားသောက်ဆိုင်ဟာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပိတ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
"လဝက က ပိတ်တာဗျ။ နှစ်လလောက်တော့ရှိပြီ ထင်တယ်။ ဆိုင်ကတော့မရှိတော့ဘူး။ လက်လွှဲယူလိုက်တာပေါ့။ ဗမာလူမျိုးပဲလုပ်တာ။ ပထမဆိုင်ရှင်လည်းဗမာလူမျိုးပဲ။ ကျန်တာတော့ ကျနော်မသိဘူး" လို့ ဦးတင်စိုး ကဆိုပါတယ်။
မြောက်ကိုရီးယား စားသောက်ဆိုင်ကို ဆယ်သွယ်ဖို့ အင်တာနက်မှာ တင်ထားတဲ့ ဖုန်းနံပါတ်ကို ဘီဘီစီက အကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် ဖုန်းပိတ်ထားတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယား စားသောက်ဆိုင်နေရာမှာ အခုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
နိုင်ငံခြား ဝါရင့်သတင်းစာဆရာကတော့ မြောက်ကိုရီးယားဆိုင်ကိုဖွင့်တဲ့ မြန်မာနိုင်ငံသားက ဆိုင်ကို သူ့နာမည်အရင်းနဲ့ဖွင့်တာလား၊ တခြားလူနာမည်နဲ့လားတော့ အသေအချာပြောလို့မရဘူး ဆိုပါတယ်။
"အဲဒီစီးပွားရေးသမားဟာ အမေရိကန်ရဲ့စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှာကို စိုးရိမ်ပုံရတယ်။ အဲဒါကြောင့် အဲဒီဆိုင်ကိုပိတ်လိုက်တယ်လို့ထင်တယ်" လို့ အဲဒီသတင်းစာဆရာက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
Friday, May 25, 2018
AI အစီအရင်ခံစာပါ လူသတ်မှုများကို ARSA ငြင်းဆို
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်/ Photo Courtesy: Amnesty International
၂ဝ၁၆ စက်တင်ဘာလ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေအတွင်း အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေက ဟိန္ဒူဘာသာဝင် ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း မေလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ကြီး AI ရဲ့ အစီအရင်ခံစာပါ အချက်တွေကို ငြင်းဆိုကြောင်း ARSA အဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ARSA အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အကာကွယ်ပေးဖို့သာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
AI အဖွဲ့အစီအရင်ခံစာမှာ  စုံစမ်းစစ်ဆေးချက် အသစ်တွေအရ မောင်တောမြို့နယ် မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေး ရွာမှာ ကလေးငယ်တွေ အများစုပါဝင်တဲ့ ဟိန္ဒူဘာသာဝင် ၅၃ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ ARSA အဖွဲ့ဝင်တွေအနေနဲ့ ဟိန္ဒူကလေး၊ အမျိုးသမီးနဲ့ အမျိုးသားတွေကို ရွာအပြင်ထုတ် ရက်ရက်စက်စက် မသတ်ဖြတ်ခင် ဖမ်းဆီးချုပ်နှောင် ခြိမ်းခြောက်ခဲ့ကြောင်း၊ အမျိုးသားတွေကို သတ်ပြီး အမျိုးသမီး တချို့ကို အတင်းကြပ် အစ္စလာမ်ဘာသာကို ကူးပြောင်းခိုင်းပြီး ခေါ်ဆောင်သွားကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
RFA Burmese
https://www.rfa.org/burmese
Wednesday, May 23, 2018
ရခိုင်တွေ့ရှိချက်သစ် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်
ဟိန္ဒူတွေလည်း ရာနဲ့ချီ အသတ်ခံခဲ့ရ
ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ Amnesty International အဖွဲ့ ယူကေ ကနေ သူတို့ရဲ့ တွေ့ရှိချက် အသစ်တွေ ဆိုပြီး ထုတ်ပြန် လာပါတယ်။
AI အဖွဲ့ရဲ့ ဒီတခေါက် အစီရင်ခံစာထဲ မှာတော့ ရခိုင်ပြည်နယ်ထဲက ဟိန္ဒူ အသိုင်းအဝိုင်းကို ပစ်မှတ် ထားပြီး အာဆာ အဖွဲ့ ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့မှုတွေ အကြောင်း ဖော်ပြ ထားပါတယ်။
ဒီ အစီရင်ခံစာ ထုတ်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေထဲ AI အဖွဲ့ သွားရောက် ခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း အစုလိုက် အသတ် ခံခဲ့ရသူတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး ခဲ့ကြ ရသူတွေထဲ ဟိန္ဒူဘာသာဝင် တွေလည်း ပါဝင်ခဲ့တယ် ဆိုတဲ့ အချက်ကို နိုင်ငံတကာက မျက်ကွယ်ပြု ထားတယ်လို့ မြန်မာ အစိုးရက ပြောနေခဲ့ပါတယ်။
ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားတဲ့ ကျုးလွန်မှုတွေ ဆိုပြီး မြန်မာ အစိုးရနဲ့ စစ်တပ်အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေ ကြီးကြီးမားမား ရှိနေချိန်မှာ အာဆာ အဖွဲ့ရဲ့ လုပ်ရပ်တွေ အပေါ်မှာတော့ နိုင်ငံတကာအနေနဲ့ အာရုံစိုက်ဖို့ ပျက်ကွက်တယ် ဆိုပြီး မြန်မာဘက်က အဓိက ကိုင်စွဲထားတဲ့ တုံ့ပြန် ချက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ် ဦးဟောက်ဒိုစွမ်းက ဒီ အချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ အစီရင်ခံစာတွေ ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေ အပါအဝင် မြန်မာ အာဏာပိုင်တွေ အပေါ် ဝေဖန်မှုတွေ ပြုလုပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေထဲပါဝင်တဲ့ AI အဖွဲ့က အခု တခေါက်မှာတော့ ဟိန္ဒူတွေလည်း ရာနဲ့ချီ အသတ်ခံခဲ့ရပြီး ကျုးလွန်သူဟာ ရိုဟင်ဂျာ အာဆာ အဖွဲ့ဖြစ်တဲ့ အကြောင်း သက်သေ အထောက်အထားတွေ ရရှိ ထားတယ်လို့ ပြောလာတာပါ။
    ဟိန္ဒူတွေလည်း ရာနဲ့ချီ အသတ်ခံခဲ့ရပြီး ကျုးလွန်သူဟာ ရိုဟင်ဂျာ အာဆာ အဖွဲ့ဖြစ်တဲ့ အကြောင်း သက်သေ အထောက်အထားတွေ ရရှိ
AI အဖွဲ့က လော်ရာဟေ့ဂ် ဆိုတဲ့ အမျိုးသမီးဟာ မြန်မာ့အရေး အထူးပြု သုတေသနလုပ်တဲ့သူ ဖြစ်ပြီး အခု အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့သူပါ။ သူဘယ်တွေ သွားခဲ့လဲ၊ ဟိန္ဒူ အသိုင်းအဝိုင်း ဘက်က ဘာတွေ ထွက်ဆိုတာ ကြားသိခဲ့ရလဲ ဆိုတာက စပြောပြပါတယ်။
လော်ရာဟေ့ဂ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေထဲ ရောက်နေတဲ့ ဟိန္ဒူ ဒုက္ခသည်တွေကို လူတွေ့မေးမြန်းတာတွေ လုပ်ခဲ့တာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာတော့ လောလောလတ်လတ် ပြီးခဲ့တဲ့လကပဲ စုံစမ်းမှုတွေ ပြုလုပ် ခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုထဲ အသက်မသေပဲ ကျန်ရစ်ခဲ့သူတွေနဲ့ရော၊ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံ ခဲ့တာပါ။ လူတွေ့မေးတာတွေ အကြိမ်ရေ ရာနဲ့ချီ ပြုလုပ်ခဲ့ပြီး အခု အစီရင်ခံစာဟာ အဲဒိ စုံစမ်းမှုတွေအပေါ် အခြေခံပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ် ဦးဟောက်ဒိုစွမ်း
ဘီဘီစီ။ အဲဒီလို တွေ့ဆုံမှုတွေကနေ AI အဖွဲ့ အနေနဲ့ ဘာတွေ သိလာရသလဲ။
လော်ရာဟေ့ဂ်။ မောင်တောနယ် ခမောင်းဆိပ်ရွာမှာ ဟိန္ဒူ ၉၉ ယောက် အထိ အသတ်ခံခဲ့ရပြီး မောင်တောအပြင်ဘက် သီးခြားဖြစ်ရပ်တစ်ခုမှာလည်း အသတ်ခံရတဲ့ ဟိန္ဒူ ၆ ယောက် ရှိတယ် ဆိုတဲ့ အထောက်အထား သက်သေတွေကို မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ ကျူးလွန်သူတွေက အာဆာတွေလို့လည်း ကောက်ချက် ချနိုင်ပါတယ်။
ဘီဘီစီ။ ဟိန္ဒူတွေကို ရာနဲ့ချီ သတ်ဖြတ်ခဲ့သူတွေဟာ အာဆာအဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုပြီး ဘာဖြစ်လို့ အတိအကျ ပြောနိုင်ရတာလဲ။
    ခမောင်းဆိပ်ရွာမှာ ဟိန္ဒူ ၉၉ ယောက် အထိ အသတ်ခံခဲ့ရပြီး မောင်တောအပြင်ဘက် မှာလည်း အသတ်ခံရတဲ့ ဟိန္ဒူ ၆ ယောက် ရှိ
    လော်ရာဟေ့ဂ်, နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
လော်ရာဟေ့ဂ်။ ထွက်ဆိုသူတွေရဲ့ ပုံဖော် ပြောပြချက်တွေဟာ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ အာဆာ အဖွဲ့ဝင်တွေရဲ့ အသွင်အပြင်တွေ၊ ကျွန်မတို့ မြင်ဖူးထားတဲ့ အာဆာအဖွဲ့ရဲ့ ဓာတ်ပုံတွေနဲ့ ကိုက်ညီနေပါတယ်။ ဒီလို ကိုက်ညီလို့ ဟိန္ဒူတွေကို သတ်ဖြတ်ခဲ့တာ အာဆာတွေပါလို့ ကျွန်မတို့ ကောက်ချက်ချ နိုင်တာပါ။
ဘီဘီစီ။ တိုက်ခိုက်လာသူတွေ အကြောင်း အသက်ရှင်ကျန်ရစ်တဲ့ မျက်မြင်တွေက ဘယ်လို ထွက်ဆိုကြသလဲ ဆိုတာ ပြန်ပြောပြပါလား။
လော်ရာဟေ့ဂ်။ တိုက်ခိုက်ခဲ့သူတွေဟာ ခေတ်မီလက်နက်တွေ တပ်ဆင် ထားကြသူတွေ မဟုတ်ဘဲ ဓားတွေ၊ တုတ်တွေကို အဓိက ကိုင်စွဲထားကြသူတွေ ဆိုပြီး သူတို့ ထွက်ဆိုကြတာတွေဟာ ကျွန်မတို့ သိထားနှင့်ပြီးတဲ့ အချက်နဲ့ ကိုက်ညီပါတယ်။ သေဆုံးခဲ့ရသူတွေရဲ့ ခန္ဓာကိုယ်တွေကို ပြန်လည်တူးဖော် ရရှိ ခဲ့ပြီးတဲ့နောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မှုခင်း ဆရာဝန်ဆီပို့ပြီး မှတ်ချက် ရယူခဲ့ပါတယ်။ သူ့ရဲ့ ကောက်ချက်အရလည်း ဓားဒဏ်ရာနဲ့ သေဆုံးထားတယ်လို့ ဆိုပါတယ်။
 သတ်ဖြတ်မှုမှာ သေဆုံးတဲ့ ဟိန္ဒူတွေ အလောင်းကို ဒေါက်တာ ဝင်းမြတ်အေး သွားရောက်ကြည့်ရှု
ဘီဘီစီ။ အာဆာအဖွဲ့က ဟိန္ဒူတွေပေါ် ပစ်မှတ်ထား သတ်ဖြတ်တာမျိုး ဘာဖြစ်လို့ လုပ်ခဲ့တယ်လို့ AI အနေနဲ့ ယူဆလဲ။
လော်ရာဟေ့ဂ်။ ကျွန်မတို့ လေ့လာထားသရွေ့ အာဆာအဖွဲ့ဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုတာကို ပြသတဲ့ အထောက်ထား တစုံတရာ ရှိမနေပါဘူး။ ဒါပေမယ့် သူတို့ဟာ မြန်မာ ရဲကင်းစခန်းတွေကို တိုက်ခိုက် ခဲ့တယ် ဆိုတာ အငြင်းပွား စရာ မရှိသလို၊ ဟိန္ဒူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေတွေလည်း ရထားပါပြီ။
    အာဆာအဖွဲ့ဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုတာကို ပြသတဲ့ အထောက်ထား တစုံတရာ ရှိမနေ
    လော်ရာဟေ့ဂ်, နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
AI အဖွဲ့က မြန်မာ့အရေး သုတေသီ လော်ရာဟေ့ဂ် ဖြစ်ပါတယ်။
ငိုကြွေးနေကြတဲ့ ဆွေမျိုးတွေ
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာအုပ်စုဝင် ၊ ရဲဘော်ကျရွာအနီးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ် မြှုပ်နှံ ခံထားရတဲ့ အလောင်း ၅ဝ နီးပါးကို တွေ့ရှိ လာခဲ့ကြတာကနေ ဟိန္ဒူ ဘာသာဝင်တွေ ပစ်မှတ်ထား သတ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ အချက်ကို မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သိလာရတာ ဖြစ်ပါတယ်။
အာဆာ အနေနဲ့ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက် ခံနေရလို့ ဆိုတဲ့ အကြောင်းပြချက်မျိုး ပေးလို့ မရနိုင်ဘူးလို့ AI အဖွဲ့က ဆိုပါတယ်။
တစ်ဘက်ဘက်က ကျူးလွန်တဲ့ အခွင့်ရေးချိုးဖောက်မှုတွေကို လက်ညှိုးထိုးပြီး နောက်တစ်ဘက်ကလည်း အလားတူ ချိုးဖောက်တာမျိုး လုပ်မယ်ဆို နှစ်ဘက်စလုံးကို ရှုတ်ချ ပြစ်တင်ရမှာ ဖြစ်တယ်လို့လည်း AI အဖွဲ့က ထောက်ပြ ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese