CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဒီနေရာမှာ စတုဒိသာကို ပြောပြမယ်။ စတုဒိသာဆိုတာ ယုတ်လတ်အမြတ်မရွေး တန်းစီလို့ပဲဖြစ်ဖြစ် ပြုံအုံလို့ပဲဖြစ်ဖြစ် လာသမျှလူ ရောက်သမျှလူမှန်သမျှကို ရော့ ဆိုပြီး ပေးလိုက် ကျွေးလိုက်တာကို စတုဒိသာလို့ခေါ်တယ်။ Food box ကျတော့ အဲ့လိုမဟုတ်ဘူး။ ခရီးသွားဟန်လွှဲဖြစ်နေရင်းက တကယ်လိုအပ်လာချိန်မှာ လိုအပ်လို့ အသုံးပြုလိုက်ရတာမျိုး။ အနီးစပ်ဆုံးပြောရရင် လမ်းဘေး ရေချမ်းစင်လိုမျိုး။ ရေထည့်ပေးထားတယ်. တကယ်ရေဆာတဲ့သူက ရေဆာနေချိန်မှာ ဝင်သောက်သွားတယ်။ ဒီနေရာမှာ ရေချမ်းစင်ရှိတယ်ဆိုပြီး ဆိုင်ကယ်ကြီးနဲ့ တကူးတက လာသောက်စရာမလိုဘူး။ ရေဘယ်အချိန်ထည့်မလဲ စောင့်ကြည့်နေပြီး ရေထည့်လိုက်တာနဲ့ တစ်ပြိုင်နက် ဝုန်းကနဲပြုံရောက်လာပြီး လုသောက်နေစရာလည်း မလိုဘူး။ ကိုယ်တကယ်ရေဆာနေချိန် ရေချမ်းစင်နားရောက်ချိန် ခပ်သောက် ဒါပဲ။ Food box ဆိုတာ အဲ့ဒီသဘောမျိုးပဲ။
ခု နောက်ပိုင်း လှူတဲ့သူတွေများလာတယ်. အလှူရှင်ပရဟိတလူငယ်တွေကလည်း Food box တစ်ဖက်တစ်ချက်မှာ ရပ်နေကြပြီး တန်းစီလာတဲ့ လုထုကြီးကို ရေဗူးကမ်း မုန့်ထုတ်ပေးနဲ့. အဲ့ လာယူတဲ့သူတွေ စည်းကမ်းရှိလာကြပုံလေးကိုလည်း live လေးလွှင့်လို့.. အာ့ ဘာလဲ??. အဲ့ဒါ Food box culture မဟုတ်ဘူး.. တကူးတကကြီးတွေ လုပ်ယူနေကြတာ။ အာ့မျိုး လုပ်ချင်ရင် ၆၆ x ၂၆ ထောင့်မှာ စတုဒိသာကျွေးပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မုန့်ဝေ ရေသန့်ဗူးဝေ. အဲ့လိုပဲ ဝေလိုက်ကြပါ။ Food box ဆိုပြီး ခေါင်းစဉ်တက်မနေပါနဲ့။ ဥပမာဗျာ.. ၆၆ ပလက်ဖောင်းမှာ အပြေးလေ့ကျင့်ခန်းလုပ်နေတဲ့ လူတစ်ယောက်.. ပြေးရင်းနဲ့ မောချိန် food box နားရောက်ခိုက် အထဲက အသင့်ရှိတဲ့ Royal D တစ်ဗူး ယူသောက်လိုက်မယ်။ Royal D တစ်ဗူး ဘယ်လောက်မှ မရှိဘူး. အချိန်မရွေး ဝယ်သောက်လို့ရတယ်. ဒါပေမယ့် food box နားရောက်နေတုန်းမှာ အထဲက လှူထားတဲ့ ဗူးကို အမှန်တကယ်လိုအပ်ချက်နဲ့ ယူသောက်လိုက်တယ်။ အဲ့ဒါကမှ food box အတွက် လှူတဲ့သူနဲ့ အလှူကို အမှန်တကယ် လိုအပ်ချိန်မှာ လိုအပ်လို့ အသုံးချလိုက်တဲ့ ပုဂ္ဂိုလ်။ Food box ဆိုတာ ဒါပဲ။ အဖိုးနဲ့ မြေး ၆၆ ပလက်ဖောင်းမှာ လမ်းလျှောက်ကြတယ်။ မြေးဖြစ်သူက ဖိုးဖိုး ဗိုက်ဆာတယ်. မုန့်စားချင်တယ် ပြောမယ်။ အဖိုးဖြစ်သူက Food box ထဲမှာ လှူထားတဲ့ ပဲလမုန့်တစ်ထုတ် ယူကျွေးလိုက်တယ်။ သူတို့ မြေးဖိုးက တကူးတက လာစားတာမဟုတ်ဘူး။ လမ်းလျှောက်ထွက်လာရင်းက ကလေးပီပီ ဗိုက်ဆာလာလို့ အဖိုးဖြစ်သူက မြေးအတွက် ယူကျွေးလိုက်တယ်။ အဲ့ဒါ food box ပဲ။
အစကတော့ အုံလိုက် ပြုံလိုက် လာယူကြတဲ့ လူတွေကိုပဲ ပြောမလို့. ခုကြ လှူတဲ့သူတွေကိုပါပြောချင်လာတယ်။ လူတွေက food box အတွက် သီးသန့်ကြီး လာတန်းစီယူကြတာကိုပဲ လှူတဲ့သူတွေအမြင်မှာက စည်းကမ်းရှိလာပြီ ဘာဖြစ်လာပြီ ညာဖြစ်လာပြီနဲ့ အကျေနပ်ကြီးကျေနပ်နေတယ်(အပြစ်တင်တာမဟုတ်ဘူးဗျ food box ဆိုတာ စတုဒိသာကျွေးသလို တန်းစီစနစ်နဲ့ အလှည့်ကျဝေရတာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်တာပါ) အလှူခံပုဂ္ဂိုလ်ကိုရော လှူတဲ့သူကိုပါ ထပ်ပြောချင်ပါတယ် food box သည် စတုဒိသာ မဟုတ်ပါ။ စတုဒိသာစတိုင်နဲ့ လုပ်ချင်သပါ့ဆို ကျုံးဘေး ၆၆ ပလက်ဖောင်းထက် ချို့တဲ့ဆင်းရဲတဲ့ နေရာမျိုးတွေမှာပဲ တန်းစီစနစ်လေးနဲ့ လှူပေးပါ။ ရတဲ့ ကုသိုလ်ချင်းအတူတူပါပဲလို့။ Food box လား စတုဒိသာလား ကွဲကွဲပြားပြားလှူပါ။ food box သည် စတုဒိသာမဟုတ်ပါ..
•••••••••••••••••••••••••••••••••••••••••••••••••••••

Ye Lwin

Unicode Version
၃၈လမ်း ဖွင့်ပွဲပြင်ဆင်နေမှုများနဲ့ အဆုံးသပ် လုပ်ငန်းလုပ်ကိုင်နေမှုများစစ်ဆေး။
•••••••••••••••••••••••••••••••••••••••••••••••••••••
ဖွင့်ပွဲမုခ်ဦးရဲ့ အလယ်တိုင်မှာ လူထုခေါင်းဆောင်ပုံကို မွေးနေ့အထိမ်းအမှတ် အဖြစ်ထည့်ပြီး
လမ်းအမည်ကိုလည်း မန္တလေးမြို့ရဲ့ မွေးနေ့လက်ဆောင်အဖြစ်
“အောင်ဆန်းစုကြည်” လမ်း လို့အမည်ပေးဖို့ စိတ်ကူးထားပါတယ်။
မွေးနေ့အထိမ်းအမှတ်လမ်းမို့လို့လည်း ထောင့်စေ့အောင်စစ်ဆေးရတာပါ။
လက်စသတ်လုပ်ငန်းမှာ လိုနေတာတွေ စိတ်ကြိုက်မဟုတ်တာတွေ ချက်ချင်းမှာကြား လုပ်ခိုင်းခဲ့ပါတယ်။
လမ်းမအနေနဲ့ လိုအပ်ချက်မရှိပေမယ့် ဘေးလမ်းသွယ်တွေက ရေမြောင်းတွေ ပြုပြင်ဖို့ လမ်းညွှန်တာ အပါအဝင် ပန်းကစားဌာနရဲ့ လိုအပ်ချက်တွေပါ မှာကြားခဲ့ပါတယ်။
သန့်ရှင်းရေးဌာနကိုလည်း မြောင်းဆယ်၊ အမှိုက်လှည်း အပြင် နေ့စဉ်အမှိုက်သိမ်းရေးနဲ့ အမှိုက်ပုံးများချထားရေးပါ ညွှန်ကြားခဲ့ပါတယ်။
ဒီနေ့မနက် ၃၈လမ်းပေါ်နဲ့ လမ်းသွယ်တွေမှာရှိတဲ့ ကျူးဆိုင်တွေနဲ့ ကျူးနေတဲ့ လုပ်ငန်းတွေရှင်းလင်း ပြီးပါပြီ။
ဘတ်ဂျက်ကြောင့် လုပ်ငန်းအဆုံးသတ် မသေသတ်မှုတွေ မပြီးပြတ်မှုတွေလျော့နည်းသွားရေးက အရေးကြီးပါတယ်။
စည်ပင်ဝန်ထမ်းတွေရဲ့ အားသာချက်က ညွှန်ကြားရင်
သေသေသပ်သပ်နဲ့ ချက်ချင်းပြီးအောင် နေ့နေ့ညည စိတ်ပါလက်ပါ ဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်ပါ။
မြို့တော်အတွက် စည်ပင်ပါ။
Ye Lwin
Ye Lwin
ကျူးနေတာတွေကို ကြည်ကြည်ဖြူဖြူဖျက်ပေးပြီးနောက်ဆုတ်ပေးတဲ့ ၇၈-၈ဝကြား ၄၁လမ်းလေးစားစရာကောင်းတဲ့ မန်းလေး သူ မန်းလေးသားများ
မြောက်ဖက်ခြမ်းကသာကျူးနေပေမဲ့ တောင်ဖက်ခြမ်းကပါ လမ်းအကျယ်ပိုရဖို့ သဒ္ဓါတရားထက်သန်စွာ မိမိပိုင်မြေကို၃ပေစီလှူကြလို့ မြို့တော်အတွက်ကျေးဇူးအထူးတင်ပါတယ်။
လမ်းအကျယ်ပေ၃၀ အထက်ရပါမယ်။
မီးရထားလမ်းကူးရဖို့ စည်ပင်ကတာဝန်ယူမှာပါ။
၄၂လမ်းကုန်းကျော်ကို တက်ခွင့်မရှိတဲ့ဆိုင်ကယ်တွေအတွက် အဆင်ပြေသွားမဲ့ လမ်းပါ။
၇၈လမ်းထိပ်က Co Co (ခေါခေါ) စတိုးဆိုင်နေရာက ၉ပေကျူးထားလို့ တစ်တိုက်လုံးဖျက်ပြီးပြန်ဆောက်ရမှာပါ။
မေတ္တာကိုအဓိကထားညှိနှိုင်းပေးတဲ့ ကော်မတီဝင် Kyaw Zawe Aung ရဲ့ ကြိုးပမ်းအားထုတ်မှု ရလာဒ်ပါ။အမိန့်အာဏာတစုံတရာ မသုံးပဲ မြို့တော်စည်ပင်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းပေးတဲ့ပြည်သူတွေပါ။
မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲကြိုးပမ်းနေတဲ့ စည်ပင်ပါ။
Ye Lwin
မႏၱေလး ၂၅ ဒီဇင္ဘာ
မန္တလေးမြို့ New Year ည၌ ဗြောက်အိုး၊မီးရှူးမီးပန်းများ ပစ်ဖောက်လျှင် အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံကသိရသည် ။
မန္တလေးမြို့ ညပိုင်းအချိန်များတွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေမည့် ဗြောက်အိုး၊ မီးရှူး၊မီးပန်းများ ပစ်ဖောက်မှုမရှိစေရေး အတွက် မန္တလေးမြို့ရှိ ဈေးကြီးများတွင် ဗောက်အိုးနှင့်မီးရှူး၊ မီးပန်းရောင်းဝယ်မှုများကို စီမံ ချက်ဖြင့် လိုက်လံစစ်ဆေးနေကြောင်းသိရသည် ။
" ပြည်သူလူထုအထိတ်တလန့် ဖြစ်စေနိုင်တဲ့ ဗြောက်အိုး၊မီးရှူးမီးပန်းတွေကို မဖောက်စေဖို့တွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေးထားပါတယ် ။ ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေကိုလည်း လိုက်လံစစ်ဆေးနေပါတယ် ။ "ဟု မန္တလလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နှစ်သစ်ကူးညတွင် မန္တလေးမြို့၌ ဗြောက် အိုးနှင့်မီးရှူးမီးပန်းများကို ဈေးကြီးများတွင် ရောင်းချနေသည့် ဆိုင်များမှတစ်ဆင့် ရပ်ကွက်များအတွင်း ပျံ့နှံ့မှုမရှိစေရေး အတွက်လည်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ဈေးနှင့်သားသတ် ဌာန၊ ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့ များဖြင့် စစ်ဆေးကာ ဖမ်းဆီးအရေးယူမှု များပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗြောက်အိုး၊မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်လာနိုင်ခြင်းကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန် ထုတ်ပြန်ကာ တားမြစ်ထားသည် ။
ဗြောက်အိုး ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများ တွေ့ရှိလျှင် ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါ ပုဒ်မကို ကျူးလွန်သူသည် အလုပ်မဲ့ထောင်ဒဏ် တစ်လဖြစ်စေ၊ ဒဏ်ငွေ နှစ်ရာကျပ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းသိရသည် ။
သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
၁၆ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာမောင်မောင်၏ ဆေးခန်းမှမူးယစ်ဆေးဝါးများ ယခုလ ၁၅ ရက်ကဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ၊ ချမ်းအေးသာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်(မြောက်)ရပ်ကွက်၊ ၇၈x၇၉ လမ်းကြား၊ ၄၂x၄၁ လမ်းကြား၊ အကွက်အမှတ်(၈၄၀)၊ အိမ်အမှတ်(၅၉/၃)နေ ကျော်ကျော်မင်း(ခ)ကိုစိုး၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ SEDUXEN တံဆိပ် ထိုးဆေးပုလင်း ၂၉ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ကွင်းဆက် ဖော်ထုတ်ချက်အရ ည ၇ နာရီ ၃၀ အချိန် ပူးပေါင်းအဖွဲ့သည်။
ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၇x၂၈ လမ်းကြားရှိ အေးချမ်းသာ အဆင့်မြင့်ရောဂါ ရှာဖွေရေးနှင့်အထူးကုဆေးခန်းကို ဝင်ရောက်ရှာဖွေရာ ဆေးခန်းအောက်ထပ်ရှိကောင်တာအံဆွဲနှင့် အပေါ်ထပ်ရှိ ဒေါက်တာမောင်မောင်၏ အခန်းအတွင်းတို့မှ SUDUXEN စာတမ်းပါ ဖြူ/နီရောင်စက္ကူဘူး ၄၉၀ ဘူးဖြင့်ထည့်လျက် SEDUXEN တံဆိပ် Diazepam 10 mg ပါ 2ml ထိုးဆေးပုလင်း ၄,၉၄၀ လုံး၊ Tramadol ဆေးတောင့် ၄၀၀ တောင့်၊ Alprazolan ဆေးပြား ၁,၂၁၅ ပြား၊ Tramadol ထိုးဆေး ၁၉၀ လုံး၊ Diazepam ဆေးပြား ၉၆၀ ပြား၊ SUDUXEN စာတမ်းပါ ဖြူ/နီ ရောင်စက္ကူဘူးခွံ ၂၀၅ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။
ကျော်ကျော်မင်း (ခ)ကိုစိုးနှင့်MRCCI အတွင်းရေးမှူး ဒေါက်တာမောင်မောင်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိဘပြည်သူများသို့ အသိပေးတင်ပြခြင်း
(31.8.2018)
၁။ ပြည်ကြီးတံခွန်မြို့နယ် စက်မှု နယ်မြေရဲစခန်းမှ (ပ)၄၄၅/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၆အမှုမှ တရား(၉)ဦးအား ကျူးလွန်သည့်သက်သေခံပစ္စည်း ဓါးနှင့်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိပြီးကြောင်း မိဘပြည်သူများအား အသိ ပေးတင်ပြအပ်ပါသည်။
၂။ အမှု ဖြစ်စဉ်မှာ (၃၀. ၈ .၂၀၁၈)ရက်နေ့ ည(၂၁၃၀)အ ချိန်တွင် မနှင်းစန္ဒာထွန်းနှင့် ၄င်း၏အကိုဖြစ်သူ မောင် ယဉ်အောင်တို့ ရွာတော်ရပ်ကွက်မှ စက်မှုပန်းခြံလမ်းအတိုင်း နေအိမ်သို့ပြန်လာစဉ် VE VE အချိုရည်စက်ရုံရှေ့ တွင် CZI 125 ဆိုင်ကယ်ဖြင့် ဘေးချင်းကပ်သုံးယောက်တွဲ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်အလယ်ခုံမှ လိုက်ပါလာသူ အမည်မသိ လူငယ်မှဓါးရှည်ဖြင့်လှမ်းခုတ်ခဲ့သဖြင့် ဓါး ခုတ်ခဲ့သည့် အမည်မသိလူငယ်များနှင့်အဖွဲ့အပေါ် အရေးယူ ပေးပါရန်တိုင်တန်းမှုဖြစ်ပါသည်။
Pyi Gyi
မန္တလေးမြို့တွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား လင်မယားထံမှ စလင်းဘက် ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသွားသူအား ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၅ရက်နေ့ ည ၁၁နာရီအချိန့်တွင် ကျုံးဘေး၌ လေညှင်းခံ လမ်းလျှောက်ပြီး တည်းခိုရာ ဟိုတယ်သို့ ပြန်လာသည့် တရုတ်နိုင်ငံသား လင်မယားသည် ချမ်းအေးသာစံမြို့နယ်၊ ၂၈×၂၉လမ်းကြား၊ ၇၃လမ်းအရောက်၌ ၎င်းတို့အနောက်ဖက်မှ မျက်နှာအား Mask ဖြင့် တပ်ဆင်ဖုံးအုပ်ထားပြီး ဆိုင်ကယ်မောင်းနှင်လာသူမှ တရုတ်နိုင်ငံသား အမျိုးသမီးလွယ်ထားသည့် စလင်းဘက် ပိုက်ဆံအိတ်ကို လုယူခဲ့ရာ တရုတ်အမျိုးသမီးမှာ ဒရွတ်တိုက်ပါသွားခဲ့ပြီး လုယူသူ၏ ဆိုင်ကယ်မှာလည်း လဲကျသွားခဲ့သည်။
ထိုသို့ လဲကျစဉ် အမျိုးသမီးက အော်ဟစ်အကူအညီတောင်းခဲ့ရာ ပတ်ဝန်းကျင်ရှိပြည်သူများနှင့်လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းဖမ်းဆီးခဲ့သဖြင့်စလင်းဘက်အိတ်အား လုယူရန်ကြံစည်အားထုတ်သူ မင်းဆက်သာ(ခ)ဆက်လင်းမောင်၊ ၂၁နှစ်၊ (ဘ)ဦးသိန်းမြင့်၊ ကျပန်းလုပ်၊ ၂၆×၅၇လမ်း နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား အမှတ်(၈)မြို့မရဲစခန်းမှ (ပ)၄၁၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၃ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
Burmese Asia
#Unicode Version#
ပြောပြန်ရင်လည်း ကိုယ့်မြို့ သိက္ခာကျတယ်.. မပြောပဲလည်း မနေနိုင်ပြန်ဘူး မန်းလေးမှာ ညနေစောင်းအချိန်
မြို့ လယ်ခေါင် ၃၅လမ်းလို နေရာမျိုးတွေ ..
လူပြတ်တဲ့ မြို့ သစ်ဘက်တွေ ကန်တော်ကြီးပတ်လမ်းလိုနေရာမျိုးတွေ ဆိုင်ကယ်နဲ့ မိန်းကလေးတစ်ယောက် နှစ်ယောက်ထဲ ထွက်ဖို့စိတ်မကူးနဲ့ နောက်က ပါလာပြီးသားပဲ
ပါလာတာက ရည်းစားစကားလိုက်ပြောဖို့မဟုတ် ရည်းစားစကားပြောယောင်ဆောင်ကပ်လာပြီးလုဖို့
ပိုက်ဆံအိတ်ဘေးလွယ်အိတ်လေးတွေများ လှတပတလွယ်ပြီး ရှိုးထုတ်ဖို့စိတ်မကူးနဲ့ လုပြီးသားပဲ ..
မန်းလေးမှာက မူးယစ်ဆေးဆိုတာ တစ်ထောင် နှစ်ထောင်နဲ့လည်း တစ်ချောင်းထိုး နှစ်ချောင်းထိုးတွေရနေတာမို့ ညနေစောင်းရင် မန်းလေးမှာ ဆေးကွဲနေတဲ့ဘဲတွေ
ရှက်ကြောင် ကြောင်နေတဲ့ ရှက်ကီဘဲတွေ ပြည်သူလူထုဆီက လုပ်မိလုပ်ရာတွေလုပ် လုမိလုရာတွေလု
နောက်ဆုံးအသက်အန္တရာယ်အထိ ထိပါးလာတဲ့အမှုတွေ မကြာခဏ ဆိုသလိုဖြစ်ခဲ့ပါတယ်
ဒါတွေရဲ့ အဓိက လက်သည်က မူးယစ်ဆေးဝါးပါ မိပါတယ် အောက်ခြေက တစ်မူးတစ်ပဲ ရောင်းချသူ သုံးစွဲသူ တွေပဲ ဖြစ်လို့နေတယ်
ဘာအမှုလာလာ လောင်းကစားပဲဖြစ်ဖြစ် အောက်ခြေက ကော်မရှင်စားလေးတွေ ထိုးကျွေးခံရ စတေးခံရ အဓိက ပင်စည်ကိုတော့ အမြစ်ပါ မလှန်နိုင်ပါဘဲ အကိုင်းတွေပဲခုတ် ပြည်ထဲရေး စောက်လုပ်မလုပ်တော့
အင်းးးးသိပ်မကြာတော့ပါဘူး ပြည်သူတွေ ဓါးထမ်းလမ်းထွက်ရတော့မယ်
မိမိကိုယ်ကိုယ် ကာကွယ်ဖို့လေ ..ဟုတ်ဖူးလား ခရိုနီ့သားမှမဟုတ်ဘဲ .. သေနတ်ဘယ်ဝယ်နိုင်မလဲ…နော့်…
Burmese Asia
မန္တလေး ၂ ဇွန်
လူမှုကွန်ရက်စာမျက်နှာတွင် နာမည်ကြီးနေသည့် ကံကြီးကုန်း၊ ဇီးအုပ်ကျေးရွာရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲနေသည့် ဗီဒီယိုဖိုင် တက်လာပြီးနောက်ပိုင်း အဆိုပါနေရာရှိ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေသည့်နေအိမ်များအား ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ စတင်ဖမ်းဆီးခဲ့ ကြောင်းသိရသည်။
‘ပြည်သူတွေရဲ့ အန္တရာယ်အကြီးဆုံးဖြစ်တဲ့အတွက် ထိထိရောက်ရောက် တားဆီး နှိမ်နင်းတာပေါ့၊ အရင်ကလည်းဇီးအုပ်နဲ့ပတ်သက်ပြီး အကြိမ်ပေါင်းမြောက်မြားစွာ ဖမ်းဆီးခဲ့တယ်။ အမြစ်မပြတ်ဘူး ဖြစ်နေတာပေါ့။ ဒါကို အမြစ်ပြတ်အောင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရယ်၊ စည်ပင်သာယာရေးရဲတပ်ဖွဲ့ရယ် ပေါင်းပြီး အိမ်တွေကို ဝင်ရှာတယ်’ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ရုံး ၊ ဒုတိယရဲမှူးကြီး မျိုးအောင်မှ ပြောသည်။
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ၊ ကံကြီးကုန်း ၊ ဇီးအုပ်ကျေးရွာတွင်ရှိသည့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေသည့်အိမ်များအား စည်ပင်သာယာ ရဲတပ်ဖွဲ့ ၊ မူးယစ်ရဲတပ်ဖွဲ့ ၊ မန္တလေး ခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ကြသည်။
ယခုလိုဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးသုံးစွဲနေမှု တစ်မှု နှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိသည့် အိမ် အလုံး၂၀ ခန့်ကို ဖျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ အိမ်များသည် အကျယ် ၁၀ ပေ ပတ်လည် ခန့်ရှိသည့် မြေစိုက်အိမ်များဖြစ်ပြီး အိမ်အတွင်းတွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် အပ်များ ၊ ဆေးလိပ်များနှင့် အခြားဆက်စပ်ပစ္စည်းများတွေ့ရသည်။ အိမ်အတွင်းတွင် ဖုန်းမသုံးရန် ၊ ဆူညံခြင်းမပြုရန် တားမြစ်ထားသည့် စာအချို့ ကပ်ထားသည်ကိုလည်း တွေ့မြင်ရသည်။
ကံကြီးကုန်း ၊ ဇီးအုပ်ကျေးရွားများတွင် မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင်လည်း ဆွေးနွေးခဲ့သည်။
‘မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ ကံကြီးကုန်း ၊ ဇီးအုပ်ကျေးရွာများဟာ လွတ်မြောက်နယ်မြေကြီးလို ဖြစ်နေပါတယ်။ အိမ်ခြေ ၃၆၀၀ ရှိပါတယ်။ အဲဒီအထဲမှာ အိမ်ပေါင်း ၄၀ လောက်က မူးယစ်ဆေးဝါးရောင်းဝယ် နေတာပါ။ ညပိုင်းဆိုရင် ပွဲတော်ကြီးလို ပေါ်ပေါ်တင်တင် ရောင်းဝယ်နေတာပါ။ မူးယစ်ဆေးဝါး သုံးပြီး ရှော့ခ်ဖြစ်သေဆုံးနေတဲ့သူက နေ့စဉ် အနည်းဆုံး တစ်လောင်း ရှိပါတယ်။ တခါတရံ သေလုမျောပါး အခြေနေနဲ့ အမှိုက်ပုံမှာ ပစ်ထားတာတွေလည်းရှိပါတယ်’ဟု အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ချမ်းမြသာစည်မြို့နယ် ၊ မဲဆန္ဒနယ်မြေ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူ၊ သုံးစွဲသူများအား သတင်းအရ စဉ်ဆက်မပြတ်ဖမ်းဆီးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီးမျိုးအောင်မှ ဆိုသည်။
မူးယစ်ဆေးဝါး ရောင်းဝယ် ၊ သုံးစွဲနေမှုနှင့် ဆက်စပ်သည့် အမျိုးသား ၇ ဦးနှင့် အမျိုးသမီးနှစ်ဦးကိုဖမ်းဆီး ထားကြောင်းသိရသည်။
အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မတ်လ ၂၁ရက်နေ့ မွန်းလွဲ ၁၂း၁၅နာရီအချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆လမ်း ၇၀×၇၁လမ်းကြားရှိ ကျုံးရေပြင်အတွင်း အမျိုးသားအလောင်းတစ်လောင်းပေါ်ခဲ့ကြောင်းသိရသည်။
အလောင်းပေါ်ရာသို့ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မျိုးညွန့်၊ တာဝန်မှူး ဒုရဲအုပ်နန်းသန်းသန်းဌေးနှင့် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာ သေဆုံးသူမှာ အာကာအောင် (၂၇)နှစ်၊ (ဘ)ဦးမြင့်အောင်၊ သီချင်းဆို၊ မြစပယ်လမ်းတောင်ပိုင်း၊ အမှတ်(၈)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့နေသူဖြစ်ကြောင်း သိရပြီး မတ်လ ၂၀ရက်နေ့ညပိုင်းက သူငယ်ချင်းဖြစ်သူ၏ မင်္ဂလာဆောင်ဧည့်ခံပွဲမှ အပြန် ၂၆×၇၁လမ်းထောင့် ကျုံးဘေးအရောက်တွင် ကျုံးအတွင်းရေဆင်းကူးရာမှ ပြန်ပေါ်မလာ၍ ရှာဖွေခဲ့သော်လည်း မတွေ့ရှိရဘဲ ယခုမှ အလောင်းပြန်ပေါ်လာခြင်းဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူမှ ပြောပြသိရှိရကြောင်း ရဲမှတ်တမ်းများအရသိရသည်။
သေဆုံးအလောင်းအား ဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ (PR-16)ဖြင့် လက်ခံထားရှိပြီး သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အမှတ်(၂)နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၈)ဖြင့်ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းသိရသည်။
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်းခွဲတွင် ၅ နှစ်အရွယ်ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရသည်ကို မတ်လ ၁၀ရက်နေ့ ည ၈:၁၅ နာရီက အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသည်ဟု သိရသည်။
အဆိုပါ ဘကကျောင်းမှ ကျောင်းဆရာ(စာရေးဆရာ) မောင်သစ်ဦးက ကျောင်းအိပ်ကျောင်းစားပညာသင်နေသော ကျောင်းသူ မ---- (အသက် ၅နှစ်)အား မတရားချုပ်နှောင်၍ ကာမရယူခဲ့ကြောင်း သိရရှိရ၍ အမှတ် (၁) နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
သက်ငယ်မုဒိမိးမှုကျူးလွန်သူ ကျောင်းဆရာ စာရေးဆရာ မောင်သစ်ဦးမှာ ယခုအခါ ထွက်ပြေးတိမိးရှောင်လျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းဆရာ စာရေးဆရာ မောင်သစ်ဦး အား အမှတ် (၁) ရဲစခန်းမှ ပ-၁၂၄/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၇၇ ဖြင့် အမှု့ဖွင့်တရားစွဲဆိုသွားနိုင်ရန် ဝရမ်းထုတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်ထူး
#TheMandalayNewsJournal
မတ် ၃ ။
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် ရွာငံမြို့နယ်မှ အိမ်ဖေါ်လာရောက်လုပ်ကိုင်သူ မိန်းကလေးတစ်ဦး မှာ အက်စစ်ဖြင့်အပက်ခံရပြီး မျက်နှာတခြမ်းဒဏ်ရာရခဲ့သည့်အပြင် မျက်လုံးတစ်ဖက်ပျက်စီးခဲ့သဖြင့်မတ် ၁ရက် က အမှုဖွင့် အရေးယူထားကြောင်း အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မန္တလေး)မှ သိရသည်
“လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကျော်လောက်က အမျိုသမီး ရေးရာ အတွင်းရေးမှုက တဆင့်အိမ်ရှင်တွေ အပြစ်ရှာ နေတယ်သိရလို့ လုံခြုံရေးအတွက် ဆောင်ရွက်ပေးဖို့ပြောလို့ ဒီကလေးမကိုတွေ့တယ်။သူမမှာ စားလဲ မစားနိုင် ကြောက်လန့်နေတယ်။ အောင်ပင်လယ် စခန်းမှာ အမှုဖွင့်အရေူးထားတယ်”ဟုယင်း ရဲတပ်ဖွဲ့စု တာဝန်ရှိသူကပြောသည်။
ဖြစ်စဉ်မှာ၂၀၀၈ ခုနှစ်က ရွာငံမြို့နယ်မြို့နယ်မှ ၁၄ နစ်အရွယ်အမျိုးသမီးကို ကုန်စုံဆိုင် တွင်လစာကျပ် တစ်သောင်းဖြင့် အလုပ်လုပ်ရန် ဒေါ်မို့မို့ခေါ်လာခဲ့ရာ ယခုချိန်တွင်၂၄ နှစ်ခန့််ရှိကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ဒေါ်မို့မို့နှင့်မနီနီနုနွယ်က အက်ဆစ်နှင့်ပက်ခဲ့သဖြင့် ဘယ်ဘက်မျက်နှာတစ်ခြမ်းဒဏ်ရာရခဲ့ပြီး ၀ဲဘက်မျက်လုံးကွယ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အောင်ပင်လယ်ရဲစခန်းတွင် လူကုန်ကူးမှုတာဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ၂၄ ။ ၃၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Mandalay News
https://www.facebook.com/lin.aung.777/
ဒီဇင်ဘာ ၂၄ ။
မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀နာရီ မိနစ် ၅၀ ကျော်က ရင်ခြင်းဆက်သုံးမွှာပူး အမွှာကလေးမွေးဖွားခဲ့ ရာအဆို ပါကလေးများတွင် မျက်နှာတစ်ခုတည်းပါရှိကာ မိန်းကလေး ၂ ဦးမှာ ၁.၂၅ ကီလိုဂရမ်ရှိပြီး ယောက်ကျားလေး ၁ ဦးမှာအလေးချိန် ၁.၂ ကီလိုဂရမ်ရှိေ ကြာင်းအွန်လိုင်းသတင်းရပ်ကွက်မှ သိရသည်။
ပြင်ပသတင်းရပ်ကွက်တွင် ကလေးမိဘများမှာ နယ်မှဖြစ်ပြီး ဆေးရုံသို့ မွေးဖွားပြီးမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊မွေးဖွားစဉ်ကတည်းက သေဆုံးနေပြီဖြစ်ကြောင်းကြား သိရသည်။
Mandalay News
https://www.facebook.com/lin.aung.777/
ကွယ်လွန်သွားတဲ့အမေရိကန်နိုင်ငံသူရဲ့ဖခင် မန္တလေးရောက်။
မိဘချင်းစာနာစိတ်နဲ့ ၀မ်းနည်းကြောင်းပြောကြား၊
လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ပါတယ်။.....
Ye Lwin
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ နောက်ကျောတော်တွင် ကုသိုလ်ရှင်များ ကပ်လှူပူဇော်ထားသည့် ရွှေသားများကို ခွာယူနေသူတစ်ဦးကို CCTVမှတ်တမ်းများမှ တဆင့် စောင့်ကြည့်ဖော်ထုတ် ဖမ်းဆီးရမိကြောင်း သိရသည်။
"ဒီနေ့ ညနေ ၃နာရီကျော်လောက်က ဂေါပကရုံး စီမံခန့်ခွဲရေးဌာနမှူးက ဘုရားကြီးလုံခြုံရေးအတွက် CCTVမှတ်တမ်းခန်းက ကြည့်ရှုနေတုန်းမှာ ရုပ်ရှင်တော်မြတ်ကြီးရဲ့ နောက်ကျောတော်မှာ ကုသိုလ်ရှင်တွေ ကပ်လှူပူဇော်ထားသည့် ရွှေသားများကို အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ရွှေသင်္ကန်းကပ်လှူသလိုနဲ့ ၄လက်မလောက်ရှိတဲ့ စတီးပိုက်အသုံးပြုပြီး ခွာယူနေတာတွေ့လို့ ဂေါပကအဖွဲ့နဲ့ ဝန်ထမ်းအဖွဲ့တွေ ဝိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းမှာ စီမံခန့်ခွဲရေးဌာနမှူးကိုယ်တိုင် တရားလိုပြုလုပ်တိုင်တန်း အမှုဖွင့် အရေးယူခဲ့တာပါ"ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ရွှေသားများကို ခွာယူနေသူမှာ ထွန်းအောင်ကျော်၊ ၃၀နှစ်(ဘ)ဦးမြင့်ခိုင်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်၊ အကွက်(၆၅၀)၊ အကြော်တန်းရပ်၊ မဟာအောင်မြေမြို့နယ်နေသူဖြစ်ပြီး ၎င်းအား ရွှေခွာရာတွင်အသုံးပြုသည့် အချင်း ၁လက်မခန့်၊ အရှည် ၄လက်မခန့်စတီးပိုက်နှင့် ခွာယူထားသည့် ရွှေသား (၃)ပဲသား(တန်ဖိုး ၁၇၀၀၀၀ိ/-)ကျပ်နှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်ကာ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀)မြို့မရဲစခန်းမှ (ပ)၄၀၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/၂၉၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ-မဟာမုနိရုပ်ရှင်တော် CCTV မှတ်တမ်း
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့ ကျုံးဘေးပတ်လည် ၂၆လမ်း(၆၆လမ်းမှလမ်း၈၀အထိ)၊ လမ်း၈၀(၂၆လမ်းမှ ၁၂လမ်းအထိ)၊ ၁၂လမ်း(လမ်း၈၀မှ ၆၆လမ်းအထိ)၊ ၆၆လမ်း(၁၂လမ်းမှ ၂၆လမ်းအထိ) အများပြည်သူစိတ်အပန်းဖြေသည့်နေရာများ၌ အရက်ဘီယာဝိုင်းဖွဲ့စားသောက်သူများ၊ မိန်းမလျာများ၊ ပြည့်တန်ဆာများနှင့် အမြင်မသင့်တော်သည့်စုံတွဲများအား ဖမ်းဆီးရှင်းလင်း အရေးယူဆောင်ရွက်မှုကို အောက်တိုဘာ ၇ ရက် ညပိုင်းမှစတင်၍ ရဲအက်-၄၇ ဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အောက်တိုဘာ ၇ ရက် ညပိုင်းမှ အောက်တိုဘာ ၈ ရက် ညပိုင်းအထိတွင် ရဲအက်-၄၇ ဖြင့် လူ ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားသည်။
Photo-MDY Police
Ah Lin Nge
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal
 |
| ရှင်အဇ္ဈဂေါဏ ဆင်းရဲသားပပျောက်ရေးအသင်းကို ဦးဆောင်သူ စတြာမင်းပါရမီရှင် ဦးသန့် ကို တွေ့ရစဉ် |
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ ရှင်အဇ္ဈဂေါဏ ဆင်းရဲသားပပျောက်ရေးအသင်းလို့ အမည်ခံထားတဲ့ ပရဟိတအသင်းဟာ တရားမ၀င် ငွေကြေးဆိုင်ရာ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့အတွက် လက်ရှိ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး တရားဝင် မှတ်ပုံတင်ဖို့ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အခုလဆန်းပိုင်းက သတိပေး လိုက်ပါတယ်။
ပရဟိတအသင်းအနေနဲ့ ငွေစုငွေချေးလုပ်ငန်းပုံစံ လုပ်လို့မရတာကြောင့် တရားဝင်မှတ်ပုံတင်ပြီး ဆောင်ရွက်ဖို့ ပြောတာဖြစ်တယ်လို့ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးညီညီအောင်က ပြောပါတယ်။
"သူက ငွေစုငွေချေး မှတ်ပုံတင်ခွင့်ပြုချက်ရမှလုပ်လို့ရမယ်။ သူကအလွတ်သဘောမျိုး ခွင့်မပြုတာမဟုတ်ဘူး တရားဝင်ခွင့်ပြုချက်ရအောင်လုပ်ဖို့ ပြောတာပါ။ အသင်းအဖွဲ့နဲ့လုပ်လို့မရဘူး ပရဟိတအသင်းက ဒီလို ငွေစုငွေချေးလုပ်လို့မရဘူး။ သူလုပ်ရမယ့် လုပ်ထုံးလုပ်နည်းတွေရှိပါတယ်၊ အဲဒီတိုင်းသူတို့လျှောက်ဖို့ပဲ ခွင့်ပြုချက်ရရင်လုပ်ပေါ့ မရရင်မလုပ်နဲ့ပေါ့"
တရားဝင် မှတ်ပုံတင်မရှိဘဲ ဆက်လုပ်နေရင် အရေးယူမယ်လို့လည်း အုပ်ချုပ်ရေးပိုင်းက အကြောင်းကြားထား ပါတယ်။
ရှင်အဇ္ဈဂေါဏ ဆင်းရဲသားပပျောက်ရေးအသင်းလို့ အမည်ခံထားတဲ့အသင်းကို စတြာမင်းပါရမီရှင် ဦးသန့်ဆိုသူက ဦးဆောင်တာဖြစ်ပြီး အသင်းဝင်ကြေးကိုတစ်ဦး ကျပ် သုံးသောင်းခွဲကောက်ခံပြီး တစ်လကို ကျပ်တစ်သိန်းနှုန်း ပြန်လည်ထုတ်ပေးတယ်လို့ သိရပါတယ်။
တစ်လကိုတစ်သိန်းနှုန်းနဲ့ ၃ လအထိထုတ်ပေးထားပြီး ၃ သိန်းရရှိထားသူတွေရှိကြောင်းနဲ့ ဘယ်လိုပုံစံ ထုတ်ပေးတယ်ဆိုတာကိုတော့ မသိရဘူးလို့ မြင်းခြံမြို့နယ် အုပ်ချုပ်ရှေးမှူးက ပြောပါတယ်။
အဲဒီလိုအသင်းအဖွဲ့ဟာ နွားထိုးကြီးမြို့နယ်မှာလည်း အသင်းဝင်တွေ စုဆောင်းလုပ်ကိုင်ခဲ့တာရှိပြီး လက်ရှိ မြင်းခြံမြို့နယ်မှာ လုပ်ကိုင်နေတာကြောင့် အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူသတိပေးထားတာလို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
မန္တလေးမြို့ကို မြို့တော်အင်္ဂါရပ်နှင့် ညီစေရန် လူစည်ကားသည့် နေရာများ၌ တောင်းရမ်းစားသောက်နေသူများ ကို ဖမ်းဆီးအရေးယူလျက်ရှိရာ သြဂုတ် ၁၅ ရက်ထိ တောင်းရမ်းသူ (၆၀)ဦးနှင့် စေခိုင်းသူ(၃)ဦးကို ဖမ်းဆီး အရေးယူထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ သိရှိရသည်။
"မန္တလေးမြို့ရဲ့ လူစည်ကားတဲ့နေရာတွေမှာ ကလေးသူငယ်တွေ တောင်းရမ်းစားသောက်နေတာတွေ အများ ကြီးတွေ့ရတယ်။ ဒါတွေကလည်း နောက်ကွယ်ကနေ စေခိုင်းတဲ့သူတွေရှိလို့ အခုလိုများလာတာပါ။ မနှစ်ကဆို ဒီလောက်မများဘူး။ ဒီနှစ်က ပိုပြီးများလာတယ်။ ဒီလိုတောင်းရမ်းစားသောက်နေကြတဲ့သူတွေကလည်း စီးပွား ရေးတစ်ရပ်လိုလုပ်လာတာ တွေ့ရတယ်။ ဒီအတွက် အရေးယူဆောင်ရွက်မှုတွေလုပ်နေတာပါ။"ဟု မန္တလေးမြို့ တော်သန့်ရှင်းရေးဌာနမှ ဌာနမှူးဦးစိုးတင့်အောင်ကပြောသည်။
အဆိုပါ ဖမ်းဆီးအရေးယူခြင်းကို သြဂုတ် ၁၁ ရက်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး မသန်စွမ်းနှင့် သက်ကြီးရွယ် အိုများကို ခိုင်းစေသည့် သူများသည် လူစည်ကားသည့် နေရာများသို့ ဆိုင်ကယ်များဖြင့် ပို့ကာ တောင်းရမ်း ခိုင်းနေခြင်းကြောင့် ၎င်းတို့ကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။
“လက်ရှိ မန္တလေးမြို့ရဲ့ လူစည်ကားတဲ့လမ်းဆုံတွေမှာ မီးပွိုင့်တွေရှိတယ်။ အသက်(၈)နှစ်၊ (၉)နှစ်၊ (၁၀)နှစ်က လေးတွေ တောင်းရမ်းစားသောက်နေတာတွေရှိတယ်။ ဒီကလေးတွေက အသက်မစေ့သေးတဲ့အတွက် သူတို့ကို နောက်ကွယ်က ခိုင်းတဲ့သူတွေ ရှိလောက်တယ်။ ကျုံးထောင့်လိုနေရာမျိုးဆိုရင် နိုင်ငံခြားသားတွေ အများဆုံး သွားတယ်။ အဲဒီအတွက် ဒီလိုလုပ်တာ နိုင်ငံအတွက်သိက္ခာကျစေသလို မြို့ကိုလည်း သိက္ခာကျစေတယ်။ အခု လိုလုပ်တာကောင်းပါတယ်။ ဒါပေမဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူဖို့ လိုအပ် တယ်။”ဟု မန္တလေးမြို့ခံ ဦးထွန်းထွန်းက ပြောသည်။
လက်ရှိ ဖမ်းဆီးရမိသူ (၆၀)ဦးတွင် အသက်(၁၈)နှစ်အောက်ကလေးသူငယ်(၄၀)ဦး ပါရှိပြီး ၎င်းတို့ကို မန္တလေးမြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မန္တလေးပြီး ထပ်သေမည့် မြို့
ရန်ကုန်မြို့တော် လမ်းမကြီးများနှင့် ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီးကို သူတို့ အပိုင်စီးထားကြသည်။ သူတို့ဆိုသည်ကား အခြားမဟုတ်။ မြန်မာစကား မတတ်သည့် ပြည်ကြီးပေါက်ဖော်များ။
ထိုအထဲတွင် Xiao Yan တစ်ယောက်လည်း အပါအဝင်။ တရုတ်ပြည်၊ ရွှေလီသား Xiao Yan သည် အခုတော့ ရန်ကုန်သား ကျော်ကျော်လွင် ဖြစ်နေပြီ။
ရန်ကုန်မြို့တော်ရှိ နာမည်ကျော် ဆံပင်ညှပ်ဆိုင်ကြီးတစ်ခုမှ ဆံပင်ညှပ် ဆရာလေး Xiao Yan ခေါ် ကျော်ကျော်လွင်သည် အရောင်နွမ်းနေပြီ ဖြစ်သည့် တရုတ်နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် သစ်လွင် တောက်ပနေသော ပန်းရောင် မြန်မာနိုင်ငံသား စိစစ်ရေး ကတ်ပြားလေးကို ထုတ်ပြလျက် တရုတ် ဘာသာစကားဖြင့် ဆိုလိုက်သည်က-
“မှတ်ပုံတင်က နှစ်ခုရှိတယ်။ ဒါက ပြည်မတုန်းက မှတ်ပုံတင်။ ဒါက မြန်မာ မှတ်ပုံတင်လေ။ အစိုးရက အသိအမှတ် ပြုထားတာပဲ။ ကျွန်တော်လည်း မြန်မာနိုင်ငံသားပဲပေါ့”
၎င်းကိုယ်တိုင် ရန်ကုန်သား ကျော်ကျော်လွင်ဟု မိတ်ဆက်လာသည့်တိုင် Xiao Yan သည် မြန်မာစကားကိုပင် ရေရေလည်လည် မပြောတတ်သေး။ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား မှတ်ပုံတင်သည်ပင်လျှင် အတု၊ အစစ်ပင် ခွဲခြားနိုင်စွမ်း မရှိသေး။
မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှစ်ခု ကိုင်ဆောင်ခွင့် မရှိသည်ကိုလည်း သူမသိ။ သူအလုပ်လုပ်နေသည့် ဆံပင်ညှပ်ဆိုင်တွင်လည်း Xiao Yan ကဲ့သို့ပင် တရုတ်နိုင်ငံမှ လာရောက် လုပ်ကိုင်သည့် ဆံပင်ညှပ်ဆရာနှင့် ခေါင်းလျှော်၊ ပေါင်းတင်သည့် တရုတ်အမျိုးသား၊ အမျိုးသမီး ဝန်ထမ်း ၁၀ ဦး ရှိနေသေးသည်။
ရန်ကုန်မြို့တော်တွင် တရုတ်အမည်ဖြင့် ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားသည့် ယင်းကဲ့သို့ အလှပြင်ဆိုင်များတွင် တရုတ်စကားကို ပြောဆိုကြပြီး မြန်မာစကား လည်လည်ပတ်ပတ် မတတ်သည့် မြန်မာနိုင်ငံသားဟုဆိုသော Xiao Yan လို ဝန်ထမ်းပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။
အလှပြင်ဆိုင်များ ကဲ့သို့ပင် တရုတ်တိုင်းရင်းရိုးရာ ဆေးခန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ လက်ကိုင်ဖုန်းစင်တာ များတွင်လည်း ဗမာစကား လုံးဝမတတ်သည့် တရုတ်ဝန်ထမ်းများကို တွေ့ရတတ်သည်။
ရန်ကုန်မြို့တော်ရှိ နာမည်ကျော် အမျိုးသား အထူးကု တရုတ်တိုင်းရင်း ဆေးခန်းတစ်ခုမှ ဝန်ထမ်းဖြစ်သူ မမေရီချွမ်ကတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကျေးရွာလေးတစ်ရွာမှ ဖြစ်သည်။ မေရီချွမ်တွင်တော့ Xiao Yan ကဲ့သို့ မှတ်ပုံတင်ကတ်ပြား ပန်းရောင်မရှိ။
၎င်းအလုပ်လုပ်ရာ သူဌေး၏ စီမံပေးမှုဖြင့် လမ်းမတော်မြို့နယ် အတွင်းရှိ တိုက်ခန်းတစ်ခန်းတွင် နေထိုင်ပြီး တစ်နှစ်အတွင်း မည်သည့် ပြဿနာမျှ မရှိခဲ့ကြောင်း မေရီချွမ်က ဆိုသည်။
လူနာများနှင့် တွေ့ဆုံရာတွင် “မကွေးသူ” ဟု သူ့ကိုယ်သူ ပြောလေ့ရှိသည့် အသားဖြူဖြူ မေရီချွမ်သည် မြန်မာစကားကို မပီကလာ ပီကလာဖြင့် လည်လည်ပတ်ပတ် ပြောနိုင်သည့် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သို့သော် အညာလေတော့ ပေါက်မနေ။
တရုတ်လူမျိုး ဝန်ထမ်းများသာ ခန့်ထားသော အလှပြင်ဆိုင်များအပြင် နောက်ထပ် ရန်ကုန်မြို့တွင်း နေရာယူလာသည်က မေရီချွမ်ကဲ့သို့ တရုတ် အမျိုးသမီးလေးများ လုပ်ကိုင်နေသည့် တရုတ် တိုင်းရင်းဆေးခန်းများ ဖြစ်သည်။
ဆေးခန်း အများစုသည် အမျိုးသားများတွင် ဖြစ်တတ်သော ရောဂါများ၊ ကာမနှင့်ဆိုင်သော ရောဂါများကို အထူးဝန်ဆောင်မှု ပေးသည်ဟု ဝေဝေဆာဆာ ကြေညာလေ့ ရှိကြသည်။
ဆေးခန်းဝန်ထမ်း အများစုမှာလည်း ငယ်ရွယ်သည့် တရုတ် အမျိုးသမီးလေး များသာဖြစ်ပြီး မြန်မာစကား ကျွမ်းကျင်မှု အားနည်းကြသည်ဟု အဆိုပါ ဆေးခန်းများတွင် သွားရောက် ကုသဖူးသူ ပန်းဘဲတန်း မြို့နယ်မှ ကိုလင်းမင်းက ဆိုသည်။
“ဈေးကလည်း အရမ်းကြီးတယ်ဗျ။ သူတို့ပေးတဲ့ ဆေးလုံးတွေက ပလတ်စတစ် အိတ်ထဲမှာ ဒီအတိုင်း ထည့်ထားတာ။ ဘာဆေးညွန်း၊ ဘာစစ်ဆေးရေး ထောက်ခံချက်မှ မပါဘူး။ ပထမတော့ ဆေးသောက် ကြည့်သေးတယ်။ ရောဂါလည်း သိပ်မထူးခြားတာနဲ့ ရပ်ပစ်လိုက်ရတယ်” ဟု ကိုလင်းမင်းက ဖြည့်စွက်ပြောသည်။
၂၀၁၄ နှစ်စပိုင်းတွင် ရန်ကုန်မြို့တော် အတွင်းရှိ တရားမဝင် တရုတ်ဆေးခန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်အရေးယူခဲ့သည်။
ထိုသို့ အရေးယူရာတွင် ဆေးခန်းအများစုမှာ ဆေးကုသခွင့်လိုင်စင် မရှိခြင်း၊ ဆေးကုသသူ ပညာရှင်က ဖော်ပြထားသူ မဟုတ်ဘဲ အစားထိုးထားခြင်း စသည်တို့ကို တွေ့ရှိရပြီး ဆေးခန်းကို သီတင်းပတ် တစ်ပတ်ပိတ်ခြင်း၊ တစ်လပိတ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်းလည်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ ဒေါက်တာအေးကိုကိုက ပြောကြားသည်။
အရေးယူမှုများ ပြုလုပ်ခဲ့သည် ဆိုသော်လည်း ရန်ကုန်မြို့တော် အတွင်းရှိ တရုတ်ဆေးခန်း အများစုကတော့ ပန်းပန်လျက်ပင်။ မေရီချွမ်းကဲ့သို့ ချောမောလှပသော တရုတ် အမျိုးသမီးငယ်လေး များကလည်း ယင်းဆေးခန်းများတွင် ဝန်ဆောင်မှု ပေးလျက်ပင် ဖြစ်သည်။
Xiao Yan နှင့် မေရီချွမ်တို့ ကဲ့သို့သော တရုတ်နိုင်ငံသားများသည် ၎င်းတို့ မွေးရပ်မြေကို စွန့်ခွာကာ မြန်မာနိုင်ငံ အတွင်းသို့ အဘယ့်ကြောင့် ဝင်ရောက် လာကြသနည်း။
“အဖေရော အမေရောဆုံးတော့ ညီအစ်ကိုမောင်နှမလည်း မရှိဘူး။ ပြည်မမှာက ကျွန်တော် တတ်ထားတဲ့ပညာနဲ့ အလုပ်လျှောက်ရတာ လုံးဝမလွယ်ဘူး။ အဲဒါနဲ့ မြန်မာပြည်ကို ရောက်တာကြာပြီ အဆင်ပြေနေတဲ့ ကျွန်တော်တို့ ရွှေလီသား ဒီဆိုင်ပိုင်ရှင် အစ်ကိုက လှမ်းခေါ်တာ” ဟု Xiao Yan က ဆိုသည်။
လူဦးရေ ပေါက်ကွဲမှုနှင့် ဆင်းရဲချမ်းသာ လူတန်းစား ကွာဟမှုဒဏ်ကို ရင်ဆိုင်နေရသည့် အိမ်နီးချင်း တရုတ်နိုင်ငံမှ လူငယ်များအဖို့ မြန်မာနိုင်ငံသည် အောင်မြင်မှု လမ်းစအတွက် အခွင့်အလမ်း တစ်ခုအဖြစ် ထင်မြင်ယူဆ ထားကြခြင်းက အကြောင်းအရင်း တစ်ရပ်ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည့် စာရင်း၊ ၂၀၀၆ ခုနှစ် China’s Overseas Chinese အင်တာနက် စာမျက်နှာနှင့် ၂၀၀၅ ခုနှစ် ရန်ကုန်ရှိ တရုတ်သံရုံးတို့က ထုတ်ပြန်သည့် စာရင်းများအရ မြန်မာနိုင်ငံတွင် တရုတ်လူမျိုး ၂ ဒသမ ၅ သန်း ရှိနေပြီ ဖြစ်သည်။
ဒေးဗစ်စတိန်းဘတ်ကမူ မြန်မာနိုင်ငံ၌ ရောက်ရှိနေသည့် တရုတ်ဦးရေသည် သုံးသန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ၎င်းက တရုတ်-မြန်မာ ကပြားများပါ ထည့်သွင်း တွက်ချက်မည် ဆိုပါက ပြည်တွင်းရောက် တရုတ်လူမျိုးသည် မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့် ရှိမည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်ရှိသော တရုတ်များကို မည်သူတို့ ဖိတ်ခေါ် ခဲ့ကြသနည်း။ မေးခွန်းကရှိသည်။ သို့သော် အဖြေက မရှိ။ စီးပွားရေးကို ဦးတည်သော တရုတ်တို့သည်ကား တရုတ်ကြီးပွားရေးသာ အဓိက။
မြန်မာနိုင်ငံတွင်း စီးပွားရေး လာရောက် လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများသည် လုပ်ငန်းခွင်များ၌ ဒေသခံ မြန်မာနိုင်ငံသားများအစား ၎င်းတို့၏ တရုတ်နိုင်ငံသား များကိုသာ အသုံးပြုလေ့ ရှိကြသည်။
မြန်မာနိုင်ငံရှိ ရခိုင် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အစရှိသော တရုတ်စီမံကိန်း များတွင်လည်း အလုပ်ကြမ်းသမားမှအစ အင်ဂျင်နီယာအဆုံး ပြည်တွင်း အလုပ်သမားများကို အသုံးမပြုဘဲ တရုတ်နိုင်ငံမှ အလုပ်သမား များကိုသာ အသုံးပြုသည်ကို တွေ့ရှိရသည်။
အာဖရိကတွင် တရုတ်တို့ သုံးသည့် နည်းရှိသည်။ အာဖရိက နိုင်ငံများတွင် တရုတ်တို့ အကောင်အထည် ဖော်နေသော စီမံကိန်းများ၊ စားသောက်ဆိုင်များတွင် တရုတ်နိုင်ငံမှ အကျဉ်းသားများကို ခေါ်ယူပြီး လျှော့ရက်၊ လွတ်လပ်မှု၊ အနေအစားတို့ဖြင့် မက်လုံးပေး အလုပ်ခိုင်းကြောင်း နော်ဝေနိုင်ငံတွင် နေထိုင်သည့် ဘလော့ဂါ တစ်ဦးဖြစ်သူ ကိုညိုက လင်္ကာဘလော့တွင် သုံးသပ်ထားသည်။
“ဒီနည်းနဲ့ အာဖရိက ပြည်သူတွေ ရသင့်ရထိုက်တဲ့ လစာနဲ့ အလုပ်တွေမှာ တရုတ်က ကိုယ့်အိတ်ထဲ ကိုယ်ပြန်ထည့် သွားတာပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာလည်း တရုတ်က အာဖရိကလမ်းစဉ် သုံးနေပါတယ်” ဟု ကိုညိုက ရေးထားသည်။
Xiao Yan ကို ခေါ်ယူသော ဆံပင်ညှပ်ဆိုင် ပိုင်ရှင်မှာလည်း ယခင်က တရုတ်နိုင်ငံသား တစ်ဦးပင် ဖြစ်ပြီး မြန်မာနိုင်ငံသူ တရုတ်အမျိုးသမီး တစ်ဦးကို လက်ထပ်ပြီးနောက် ယာယီ နိုင်ငံသားကတ် ကိုင်ဆောင်ထားသူ ဖြစ်သည်ဟု Xiao Yan က ဆိုသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး လာရောက် လုပ်ကိုင်သည့် တရုတ် နိုင်ငံသားများ အနေနှင့် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသည့် အမျိုးသမီးများကို လက်ထပ်ခြင်းဖြင့် နိုင်ငံသား ခံယူခွင့်ရရှိရန် ကြိုးပမ်းလေ့ ရှိကြောင်းလည်း တရုတ် - မြန်မာနယ်စပ်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဒုလဝကမှူး ဦးမင်းဇော်က ဆိုသည်။
Xiao Yan ထံမှ ပန်းရောင် မှတ်ပုံတင်သည်လည်း အဆိုပါ ဆိုင်ရှင်က စီမံပေးခြင်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။ တရုတ် နိုင်ငံသားများအနေနှင့် မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နည်းလမ်း များကလည်း အမျိုးမျိုး ရှိနေသည်။
ပထမနည်းလမ်းမှာ အလုပ်လုပ်ကိုင် ခွင့်ဗီဇာကိုင်ကာ တရားဝင် ပတ်စ်ပို့ဖြင့် လာရောက်ခြင်း ဖြစ်ပြီး တရားဝင် နေထိုင်ခြင်း။ ဒုတိယနည်းလမ်းမှာ နယ်စပ်မှတစ်ဆင့် ခိုးဝင်၍ မှတ်ပုံတင်အတုများ ကိုင်ဆောင်ကာ နေထိုင်ခြင်း။
တတိယနည်းလမ်းမှာ ရွှေလီ-မူဆယ် နယ်စပ် ချစ်ကြည်ရေးတံတားမှ နေ့ဗီဇာဖြင့် ဝင်ရောက်ပြီး တရုတ်နိုင်ငံတွင်းသို့ ပြန်မသွားတော့ဘဲ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းတို့ ဖြစ်သည်။
ရွှေလီသား Xiao Yan က တတိယနည်းကို သုံးခဲ့သည်။ တရုတ်နယ်စပ်မှ နေ့ဗီဇာဖြင့် ဝင်ရောက်ခဲ့ပြီး အလုပ်ရှင်သူဌေး၏ အဆက်အသွယ်ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တစ်ခု၏ ထောက်ခံစာ ကိုင်ဆောင်ကာ ပြည်တွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အချို့ အနေနှင့် တရုတ် နိုင်ငံသားများကို ဒေသခံ တိုင်းရင်းသား လူမျိုးများ ဖြစ်ကြောင်း ထောက်ခံစာများ ပြုလုပ်ပေးကာ ပြည်တွင်းသို့ ခေါ်သွင်းပေးလေ့ ရှိကြောင်း တရုတ် - မြန်မာ နယ်စပ်တွင် ဒုလဝကမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးမင်းဇော်က ဆိုသည်။
သို့သော် ထိုသို့သောကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့် နီးကပ်သည်ဟု စွပ်စွဲပြောဆို ခံရလေ့ရှိသော ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီက ငြင်းချက်ထုတ်သည်။
မိမိတို့အနေနှင့် မည်သည့် နိုင်ငံခြားသားကိုမှ ထောက်ခံစာ ပြုလုပ်ပေးခြင်းမျိုး မရှိဘဲ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသည့် ဒေသခံ တိုင်းရင်းသား အစစ်အမှန်ကိုသာ ပြည်တွင်း ခရီးစဉ်များတွင် လွယ်ကူစေရန်အတွက် ထောက်ခံစာ ပေးလေ့ရှိကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိများ၏ လုပ်ပိုင်ခွင့် အတွင်းကသာ လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ဦးဆမ်ခွန်က ပြောဆိုသည်။
မည်သို့ပင်ဆိုစေ မြန်မာ့ယဉ်ကျေးမှု မြို့တော် မန္တလေးသည်ကား ပုံသဏ္ဌာန် မျိုးစုံဖြင့် ဝင်ရောက်လာသည့် စိနတိုင်းသား လက်တွင်းသို့ သက်ဆင်းခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ယခုတော့ စိနတိုင်းသားတို့၏ နောက်ထပ် ပစ်မှတ်သည်ကား ရန်ကုန်။ ရန်ကုန်မြို့တော်သို့ တရားမဝင် တရုတ်နိုင်ငံသားများ ဝင်ရောက် နေထိုင်ခြင်းနှင့်အတူ ကြီးထွားလာသည့် လုပ်ငန်းတစ်ခုမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြား အတုဈေးကွက် ဖြစ်သည်။
ပန်းဆိုးတန်း အနီးတစ်ဝိုက်ရှိ ပွဲစားများနှင့် ကွန်ပျူတာ စာစီဆိုင်များသည် တရုတ်လူမျိုးတို့၏ ပြည်ဝင်ခွင့် ဂိတ်ပေါက်။ မှတ်ပုံတင် အတုတစ်ခုလျှင် အရည်အသွေးပေါ် မူတည်ကာ ကျပ်ငါးသောင်းမှ သုံးသိန်းအထိ ဈေးပေါက်ပြီး အဖြူအမည်း မှတ်ပုံတင် ဓာတ်ပုံတစ်ပုံသာ လိုကြောင်း အဆိုပါ ဈေးကွက်နှင့် ချိတ်ဆက် လုပ်ကိုင်ဖူးသူ ကိုအောင်အောင်က ဆိုသည်။
မှတ်ပုံတင်အတု ဆိုရာတွင် တကယ့်မှတ်ပုံတင် အစစ်ကို စကင်ဖတ်၍ ထုတ်သော မှတ်ပုံတင်နှင့် မှတ်ပုံတင် အစစ်ကို ဓာတ်ပုံကပ်ခွာ ပြုလုပ်ပြီး အနည်းငယ် ပြုပြင်ပေးခြင်းဟူ၍ နှစ်မျိုး ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။
“နိုင်ငံသား မဟုတ်တဲ့သူကို နိုင်ငံသားကတ် မပေးဖို့ကို ထိန်းချုပ်ထားတယ်။ ပေးရင် ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူတယ်။ နမူနာ တစ်ခုအနေနဲ့ ပြောရရင် မြန်မာစကား မတတ်ဘဲ တရုတ်စစ်စစ်ကြီးက နိုင်ငံသားကတ် ကိုင်ဆောင် ထားတယ်ဆိုတာ မတွေ့မိသေးဘူး။ ရှိတယ်ဆိုရင် ဖော်ထုတ် အရေးယူရမယ်။ ပေးလို့လည်း မရဘူး” ဟု ဆိုလာသူက မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းဇော် ဖြစ်သည်။
ဤသို့ဆိုလျှင် မန္တလေးနှင့် ရန်ကုန် မြို့တော်ကြီးရှိ မြန်မာစကား မတတ်သည့် ပေါက်ဖော်များက အဘယ်တံခါးက ဝင်လာကြသနည်း။ လူဝင်မှု ကြီးကြပ်ရေး စည်းကမ်း ဥပဒေများအရ မြန်မာနိုင်ငံအတွင်း မွေးဖွားသည့် သွေးနှော တရုတ်များကိုသာ နိုင်ငံသားကတ်ကို ပေးရမည် ဖြစ်သည်။ မြန်မာသွေး ငါးမူး တရုတ်သွေး ငါးမူးပါသည့် သွေးနှော နိုင်ငံသားအဖြစ် မြို့နယ်မှ လ.ဝ.က အထိ အဆင့်သုံးဆင့်ခန့် ဖြတ်သန်း စစ်ဆေးပြီးမှ ခွင့်ပြုရမည် ဖြစ်သည်။
ယင်းသို့ မဟုတ်ပါက မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းဇော်ကတော့ ‘အားလုံးတွင် တာဝန်ရှိသည်’ ဟူ၍သာ။ ဤသို့ဆိုလျှင် ရန်ကုန်မြို့ရောက် ပေါက်ဖော်များ အရေးက မည်သူ့တွင် တာဝန်ရှိသနည်း။ မျက်မှေးတို့ ပြည်ဝင်ခွင့် ရရေးတွင် သေသူလည်း မနေသာ။
ကွယ်လွန်ပြီးသူများ၊ ပြည်ပသို့ ထွက်ခွာသွားသူများ၏ မှတ်ပုံတင် အဟောင်းများကို ရောင်းခြင်း၊ ဝယ်ခြင်း ဈေးကွက်ကလည်း အဆိုပါ မှတ်ပုံတင်တု ဈေးကွက်အတွင်း ပါဝင်လည်ပတ်လျက် ရှိသည်။
လမ်းမတော် မြို့နယ်တွင် နေထိုင်သူ ကိုအောင်အောင်သည် တရုတ်စကားပြန် တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံသား အများအပြား မှတ်ပုံတင် ပြုလုပ်ရာတွင် အဆိုပါ ဈေးကွက်နှင့် ချိတ်ဆက် ပေးခဲ့ဖူးသည်ဟု ဆိုသည်။
“အများစုကတော့ ဒီမှာနေလို့၊ ထိုင်လို့ရရုံ အတွက်ပဲ မှတ်ပုံတင် အတုလုပ်ကြတာ။ အတုနဲ့အစစ်က တော်ရုံလူခွဲခြားလို့ မရဘူး။ ရေစာတွေ ဘာတွေတောင်ပါတယ်။ ဒါပေမဲ့ လဝက ဝန်ထမ်းတွေ ကိုယ်တိုင်စစ်ရင်တော့ သိသာပါတယ်။ ဒီတော့ ပတ်စ်ပို့တို့ဘာတို့ လုပ်လို့မရဘူး။ ခရီးသွားလို့ ရတယ်။ ဧည့်စာရင်း တိုင်လို့ရတယ်” ဟု ၎င်းကဆိုသည်။
တကယ်တော့ Xiao Yan ကိုင်ဆောင်သည့် ပန်းရောင် နိုင်ငံသားစိစစ်ရေး ကတ်ပြားသည်လည်း အဆိုပါ ပန်းဆိုးတန်း ဈေးကွက်ထွက် ကတ်ပြားပင်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်မည် နည်းလမ်းကို လူဗြောင်သွင်းခြင်းကို တားဆီးရန် နည်းလမ်းအချို့ တင်ပြဖူးကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သက်နောင်က ဆိုသည်။ “ကံကောင်းရင် ဖြစ်လာမှာပေါ့” ဟု ဒုရဲမှူးကြီး သက်နောင်က ဆိုသည်။
ထိုသို့ ခိုးဝင်ခြင်းနှင့် ပတ်သက်ပြီး ၁၉၄၇ မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပြီး ကျူးလွန်သော ဝန်ထမ်းများကို အရေးယူခဲ့သော ဖြစ်စဉ်များလည်း ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဆိုသည်။
“ခိုးဝင်တာတွေ၊ တရားမဝင် နေထိုင်တာတွေက နိုင်ငံတိုင်းမှာ ဖြစ်နေတာပဲ၊ ကျွန်တော်တို့ကတော့ ရဲတပ်ဖွဲ့ အစရှိတဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ်နေပါတယ်” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ဆိုသည်။
၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ မြန်မာနိုင်ငံတွင်း ဗီဇာ စည်းကမ်း ဖောက်ဖျက်သူ၊ တရားမဝင် ဝင်ရောက် နေထိုင်သူ မည်သူ့ကိုမဆို ထောင်ဒဏ် ခြောက်လမှ ငါးနှစ်အထိနှင့် ငွေဒဏ် ၁၅၀၀ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
Xiao Yan ကဲ့သို့ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသားများ၊ မည်သည့် အထောက်အထားမျှ ကိုင်ဆောင်ထားခြင်း မရှိဘဲ ရန်ကုန်မြို့တွင်း၌ ပေါ်ပေါ်ထင်ထင် နေထိုင်ကြသည့် မေရီချွမ်ကဲ့သို့ တရုတ်နိုင်ငံသားများ အရေအတွက်ကား မည်မျှရှိမည်ကို မခန့်မှန်းနိုင်။ တိကျသော စစ်ဆေး အတည်ပြုမှုများလည်း မရှိ။
ရန်ကုန်မြို့တော်၌ တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သည့် အခြားဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ လက်ကိုင်ဖုန်းဆိုင် များသည်လည်း အများအပြားပင်။
နောက်ထပ်၍လည်း ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံအတွင်း နယ်မြေသစ်အဖြစ် ခြေချ ဝင်ရောက်လာမည့် တရုတ် နိုင်ငံသားသည်လည်း မည်မျှ ရှိနေသေးသည် မသိ။
“ဘယ်သူတွေလဲ ... ဒီမြို့ထဲမှာ ... ဟိုးအရှေ့ရပ်က ... အိမ်နီးချင်းတွေ ...၊ မျက်လုံးမှေးမှေး ... အကြည့်နဲ့ပါ။ မေးခွန်းများစွာ ငါလေတွေးရင်း၊ သမိုင်းကြောင်းများစွာ ငါလေမေးရင်း... နားနှစ်ဖက်ချည်း ပိတ်နေမိ၊ တစိမ်းတွေနဲ့ ဆုံတွေ့နေတဲ့ ငါတို့ရဲ့ ... မြို့ ...”
ရန်ကုန် ဆောင်းနေ ပူပူအောက်တွင် တရွေ့ရွေ့ တွန်းသွားသော ထီတွန်းလှည်းဆီမှ လွင့်ပျံ့လာသည့် လင်းလင်း၏ “မန္တလေးမြို့ သေဆုံးခြင်း” သီချင်းသံကို Air-Con အခန်း အေးအေးလေးထဲ၌ ဆံပင်ညှပ်နေသူ ရွှေလီသား Xiao Yan တစ်ယောက် ကြားနိုင်မည် မဟုတ်ပါ။
ကြားလျှင်လည်း ထိုသီချင်း၏ အဓိပ္ပာယ်ကိုလည်း သူနားလည်မည်မထင်။ Xiao Yan နားလည်ထားသည်ကား ဘယ်သူမေးမေး သူသည် ရန်ကုန်သား ကျော်ကျော်လွင်ဟု ပြောမည်သာ။
ထိုအတိုင်းဆိုပါက အဆိုတော် လင်းလင်းသည်လည်း သူ့ဇာတိ မန္တလေးအတွက်သာမက ယခု သူနေထိုင်ရာ ရန်ကုန် အတွက်လည်း နောက်ထပ် သီချင်းတစ်ပုဒ် ထပ်စပ်ရမည့်သဘော ရှိနေသည်။
ခက်ဇော်
The Voice