Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label Thailand. Show all posts
Showing posts with label Thailand. Show all posts
Tuesday, February 19, 2019
သေဒဏ်ကျခံ မြန်မာအမျိုးသမီးနဲ့ ပတ်သက်သူတွေကို ထိုင်းရဲ ဆက်လက်ဖမ်းဆီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တရားရုံးချုပ်မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၁၇)
ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံနေရတဲ့ မြန်မာအမျိုးသမီးနဲ့ ဆက်နွယ်နေတဲ့ ထိုင်းနိုင်ငံသားများအား ဆက်လက်ဖမ်းဆီးပြီး ပိုင်ဆိုင်မှု ဘတ်သန်း ၁၀၀ ကျော် သိမ်းဆည်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။ ဒါ့အပြင် ထိုင်းမြောက်ပိုင်းက တောင်ပေါ်တိုင်းရင်းသူ ၃ ဦးကိုလည်း ကာလ ပေါက်ဈေး ဘတ်ငွေသန်း ၁၀၀ လောက်တန်ဖိုးရှိတဲ့ စိတ်ကြွဆေး ၅ သိန်း ဖမ်းမိခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
မူးယစ်ဂိုဏ်းတွေရဲ့ ငွေမဲတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးမှုနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရချဒါ တရားရုံးကနေ ဇန်န၀ါရီလအတွင်းက သေဒဏ် အမိန့် ချခဲ့တဲ့ မြန်မာအမျိုးသမီး နန်းမြင့်သိန်းအေးနဲ့ ဆက်စပ်မှုရှိတဲ့ တခြား မူးယစ်တရားခံ ၃ ဦးကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ က ထိုင်းမူးယစ်နှိမ်နင်းအဖွဲ့ နဲ့ အမှတ်(၅) ဒေသ ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး နေရာ ၆ နေရာကို ၀င်ရောက်ရှာဖွေခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်းနိုင်ငံသူ ပီယာချပ် ၀ပ်ချဒါဒီနဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။ တရားခံတွေဟာ ထိုင်းမြောက်ပိုင်းက လာတဲ့ မူးယစ်ဆေးတွေကို ထိုင်းအလယ်ပိုင်း၊ တောင်ပိုင်း တခွင်ဆီ အဓိက ဖြန့်ပေးနေသူတွေဖြစ်တယ်လို့ ထိုင်းရဲချုပ် ချလန်ကရက် စီဝါရာခန်က အခုလိုပြောဆိုသွားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နန်းမြင့်သိန်းအေးနဲ့  ဆက်စပ်ပြီး ဘဏ်ငွေ အလွှဲအပြောင်းလုပ်တာတွေနဲ့ မူးယစ်ဆေးရောင်းရတဲ့ တရားမ၀င်ငွေတွေကို ငွေဖြူဖြစ်အောင် နာမည်ခံပေးတာတွေ၊ သူတို့ပိုင်အမည်ခံပြီး ရွှေ့ပြောင်းမရတဲ့ ပစ္စည်းတွေဖြစ်တဲ့ မြေတွေ၊ အိမ်တွေ၊ ၀ယ်ထားတာတွေ မြန်မာနိုင်ငံအတွင်းက ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်တွေထံကို ငွေတွေ လွှဲပေးနေတာတွေမှာ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေတာဖြစ်တယ်လို့ ထိုင်းရဲချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်တဲ့ နေအိမ် ၄ လုံး၊ ကွန်ဒိုတိုက်ခန်း ၂ လုံး၊ တန်ဖိုးကြီး ဇိမ်ခံကား ၄ စီးအပြင် ဆိုင်ကယ်တွေနဲ့ အတွင်းပစ္စည်းနဲ့ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀ ခန့်ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့တယ်လို့ဆိုပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံအတွင်းကို ၀င်ရောက်လာနေတဲ့ မူးယစ်ဆေးတွေကို ပိတ်ဆို့ ရှာဖွေနေရာမှာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ကတော့ ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေး ၅၀၀၀၀၀ (ငါးသိန်း)နဲ့ အတူ တောင်ပေါ်တိုင်းရင်းသူ သုံးဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။
ဒီအမျိုးသမီးတွေဟာ တန်ဖိုးကြီး ဇိမ်ခံကားတွေနဲ့ စိတ်ကြွဆေးတွေ သယ်ဆောင်နေတာ ၇ ကြိမ် ထက်မနည်း ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အမှတ်(၅) ဒေသက အာဏာပိုင်တွေက ဆိုပါတယ်။
ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကတော့ တနင်္သာရီတိုင်း မြိတ်မြို့နဲ့ အနီးဆုံး ထိုင်းနိုင်ငံ ပကျော့ခီရီခန် ခရိုင်အတွင်း ရာဘာသစ်တောလမ်းအတိုင်း ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား လေးဦးကိုလည်း ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ပါတယ်။
မူးယစ်ဆေးဝါးအဖြစ် သုံးစွဲမှုကြောင့် တားမြစ်ထားတဲ့ ထိုင်းဘာသာနဲ့ (ဘိုင်ကထော့မ့်) လို့ခေါ်တဲ့ ဆေးရွက်၂၈၇ ကီလိုကို ထိုင်းနိုင်ငံတွင်း သယ်ဆောင်လာတာကြောင့် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောဆိုခဲ့ပါတယ်။ ဒီဆေးရွက်တွေကလည်း ကာလပေါက်ဈေးဘတ်ငွေ ၃သိန်းလောက် တန်ဖိုးရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Monday, February 4, 2019
ထိုင်းမှာမွေးတဲ့ မိဘမဲ့ မြန်မာကလေးတွေကို ထိုင်းမှတ်ပုံတင်တွေ ဒီကနေ့ ထုတ်ပေးမယ်
ထိုင်းမှာမွေးတဲ့ မိဘမဲ့ မြန်မာကလေးတွေကို ထိုင်းမှတ်ပုံတင်တွေ ဒီကနေ့ ထုတ်ပေးမယ်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က SAW လို့ခေါ်တဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာက ကလေးငယ် ၄၆ ယောက်ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံသားမှတ်ပုံတင်တွေ ရကြတော့မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့မရှိစေရဆိုပြီး ပြဌာန်းလိုက်တဲ့ ဥပဒေအရ ဒီကလေးငယ်တွေကို မှတ်ပုံတင်ထုတ်ပေးတာဖြစ်တယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
'ကလေးတွေကို ထိုင်းနိုင်ငံမှာ မွေးဖွားကြောင်း အထောက်အထားစစ်တယ်၊ သူတို့မှာ ဆွေမျိုးသားချင်းလုံးဝမရှိတာ၊ အသက် ၁၀ နှစ်အထက် အရွယ်ရှိသူတွေဖြစ်တယ်ဆိုတဲ့ အချက်တွေကို ၃ လ ကနေ ၆ လ အတွင်း အသေအချာစစ်ခဲ့ပြီးမှ မှတ်ပုံတင်ထုတ်ပေးတာ ဖြစ်တယ်' လို့ SAW အဖွဲ့က နာယက နိုင်ဆူရဖုန်ကောင်ကျန်တစ် က ပြောပါတယ်။
SAW ဂေဟာရဲ့ ဒါရိုက်တာဒေါ်အေးအေးမာကလည်း အခုမှတ်ပုံတင်ထုတ်ပေးဖို့ စိစစ်တဲ့အဖွဲ့ဟာ ပထမဆုံးအသုတ်ဖြစ်ပြီး နောက်ထပ်စိစစ်နေတဲ့ ကလေးငယ် ၇၀၀ ကျော် ရှိသေးတယ်လို့လည်း ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
မိုင်းဆတ်ခရိုင်အတွင်း ခိုးဝင်သည့် ထိုင်းနိုင်ငံသား ၈၀ ကျော်ကို မြန်မာအာဏာပိုင်ဖမ်းဆီး
ဖေဖော်ဝါရီလ ၄ ရက် ၂၀၁၉
သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း တရားမ၀င်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသား ၈၁ ဦး နှင့်အတူ သျှမ်းအမျိုးသား ၂ ဦးတို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရ မိခဲ့ကြောင်းသိ ရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်နယူးစ် သတင်းဌာနက - မိုင်းဆတ်မြို့နယ် နားယောင်းရွာက ရီဆော့တနေရာမှာ မြန်မာရဲ တွေ ၀င်ရောက်စစ်ဆေးတဲ့အခါမှာ ထိုင်းလူမျိုး ၈၁ ဦး(ကျား ၄၈ ဦးနဲ့ မ ၃၃ ဦး) ကိုတရားမ၀င်ခိုးဝင်မှုနဲ့ ဖမ်းဆီးအရေး ယူထားတယ်- ဟု ရေးသားဖော်ပြထားသည်။
မိုင်းဆတ်ဒေသခံ စိုင်းအေ က- ဒီဒေသတွေ ထိုင်းနဲ့နယ်မြေချင်းထိစပ်နေတဲ့နေရာတွေဖြစ်တယ်။ မူးယစ်ဆေးဝါး လည်းအရမ်းကိုပေါများပါတယ်။ အဲဒီဒေသမှာ အတူတကွနေထိုင်နေကြတဲ့တိုင်းရင်းသား တွေလည်းများပြား တယ် - ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
၎င်းတို့အား စစ်ဆေးမှုများဆက်လက်ပြုလုပ်ထားပြီး ထိုင်းနိုင်ငံမှ ဥပဒေချိုးဖောက်ကာ ထွက်ပြေးတိမ်းရှောင် နေသူ များဟုတ်မဟုတ်ထပ်မံစစ်ဆေးနေကြောင်းသိရပါသည်။
သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
Sunday, January 27, 2019
ထိုင်းမှာ သေဒဏ်ချခံထားရတဲ့ မြန်မာအမျိုးသမီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တရားရုံးချုပ်မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၁၇)
မူးယစ်ဆေးဝါး ဘိန်းရာဇာတို့ရဲ့ငွေမည်းတွေကို ခဝါချပေးနေတဲ့ မြန်မာနိုင်ငံသူတဦးကို ၂၀၁၇ ခုနှစ်က ဖမ်းဆီးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ကတော့ ထိုင်းတရားရုံးကနေ သေဒဏ်အမိန့်ချလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရချဒါဖိဆစ်တရားရုံးကနေ မူးယစ်ဆေးဥပဒေ BE 2534 အရ တရားခံအဖြစ် စွဲချက်တင်ခံထားရတဲ့ မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေးဟာ မူးယစ်ဆေးဝါးအဖွဲ့ရဲ့ အရေးပါတဲ့ ငွေကြေးခဝါချ ပေးမှုအပြင် မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ရာဇာတွေရဲ့ မူးယစ်ဆေး ရောင်းရငွေတွေ လွှဲပြောင်းပေးရာမှာလည်း ကြားခံအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် သေဒဏ်ချမှတ်ခဲ့တာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
သူ့ကိုဖမ်းဆီးပြီးချိန်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဝရမ်းကို ဖတ်ပြသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလက အခု သေဒဏ်ပေးခံရသူ အသက် ၄၃ နှစ်အရွယ် နန်းမြင့်သိန်းအေးဟာ ဘန်ကောက်မြို့မှာ ဆေးလာကုနေချိန် ဖမ်းဆီးခံခဲ့ရတာပါ။ သူစီးလာတဲ့ ဗင်ကားကို မူးယစ်တိုက်ဖျက် အရာရှိတွေက ကားတွေနဲ့ပိတ်ရပ်ခဲ့ပြီး ကားထဲကနေ ဆွဲခေါ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူမရဲ့လုပ်ငန်းဟာ ငွေလွှဲပြောင်း၊ ငွေလဲလုပ်ငန်းတွေဖြစ်ပြီး မူးယစ်ဆေးနဲ့ ဘာမှ မပတ် သက်ကြောင်း ငြင်းဆိုခဲ့သလို မူးယစ်ဆေးကရတဲ့ငွေတွေကို ခဝါချပေးနေသူဆိုတဲ့ စွပ်စွဲချက်ကိုလည်း ရှေ့နေနဲ့အတူ ငြင်းဆိုခဲ့ပါသေးတယ်။
နန်းမြင့်သိန်းအေး ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆိုင်နဲ့တာချီလိတ်မှာ ဟန်ပြ စီးပွားရေးလုပ်ငန်း ရတနာဆိုင်၊ ရွှေဆိုင်နဲ့ ဟိုတယ်လ်လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေသူဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံသူ အစိုးရအေးဂျင့်တဦးက စိတ်ကြွဆေးဝယ်ဖို့ ဘတ်ငွေ ၁၃ သန်းကို နန်းမြင့်သိန်းအေး ဖွင့်ထားတဲ့ ဘဏ်စာရင်းထဲ ငွေလွှဲပြောင်းပေးခဲ့တာကိုလည်း ထိုင်း မူးယစ်နှိမ်နင်းရေးက သက်သေအဖြစ် တရားရုံးမှာ တင်ပြခဲ့တာပါ။ သူ့ကို ထိန်းသိမ်းစစ်ဆေးအပြီးလပိုင်းအတွင်းမှာပဲ သူနဲ့ဆက်စပ်တယ်ဆိုတဲ့ မဲဆိုင်နဲ့ စမုတ်ပရကန်က မူးယစ်ရာဇာတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့သလို သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထိုင်းအာဏာပိုင်တွေက လိုက်လံ သိမ်းဆည်းနိုင်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က နန်းမြင့်သိန်းအေးကို ကိုယ်တိုင်ဖမ်းခဲ့တဲ့ ထိုင်းမူးယစ်နှိမ်နင်းရေး ဒုရဲချုပ် စုန်မိုင်ကတော့ - “အခုလို တရားခံကို ဖမ်းဆီးနိုင်ခဲ့တာဟာ မူးယစ်ရာဇာတွေရဲ့ အဓိကသွေးကြောတခုကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်းနဲ့ တရားခံဟာ တနှစ်ကို ဘတ်ငွေသန်းပေါင်း ၅၀၀ အထိ မူးယစ်ဆေးဝါးက ရတဲ့ ငွေမည်းတွေကို မြန်မာနိုင်ငံထဲ ပြန်လွှဲပေးနေသူဖြစ်”…ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။
မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Saturday, January 19, 2019
Breaking news ; ဘုန်းကြီးကျောင်းအားဝင်ရောက်ပစ်ခတ် ဆရာတော်အပါအ၀င် သံဃာများ ပျံလွန် ဒဏ်ရာရ
ခုလိုဖြစ်ရပ်တွေ ဖြစ်လာတိုင်း မဆိုင်တဲ့ သူတွေကို လိုက်လံ သတ်ဖြတ်ကြတာကြောင့် တောင်ပိုင်းပ်ြနယ်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း သတိထားရပါလိမ့်မယ်။
ဒီကနေ့ မနက်မှာ ပြည်နယ်အုပ်ချုပ်ေ၇းမှူးကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်းမှာ လုံခြုံရေးတိုးမြင့်မယ် ..တရားခံတွေကိုရအောင်ဖမ်းမယ်လို
SAW
Unicode
ထိုင်းတောင်ပိုင်း ခွဲထွက်ရေး အုပ်စုက ဘုန်းကြီးကျောင်းအားဝင်ရောက်ပစ်ခတ် ဆရာတော်အပါအဝင် သံဃာများ ပျံလွန်ဒဏ်ရာရ
Breaking news
အနက်ရောင်ဝတ် လက်နက်ကိုင် ၁ဝဦးထက်မနည်း အင်အားနဲ ့မနေ ့ညပိုင်းက ရသနာနုဘ ဘုန်ကြီးကျောင်းအတွင်း ဆိုင်ကယ်တွေနဲ ့ ဝင်လာပြီး ကျောင်းတွင်းမှာ သတင်းသုံးနေကြတဲ့ သံဃာတွေကို ပစ်ခတ်ခဲ့တာပါ။
ယခုပစ်ခတ်မှုမှာသာသနာပြုနေကြတဲ့ ထိုင်းတောင်ပိုင်း နရာသီဝ ခရိုင် ရသနာနုဘ ဘုန်းတော်ကြီးကျောင်း စာချဆရာတော်နဲ ့
သံဃာ နှစ်ပါး ပျံလွန်သွားခဲ့ပြီးတခြား ကျောင်းနေသံဃာတွေ လည်းဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ခုလို ဘာသာရေး ဘုန်တော်ကြီးကျောင်းကို ဝင်ရောက်ပစ်ခတ်သူတွေဟာ ထိုင်းတောင်းပိုင်း ပြည်နယ် ခွဲထွက်ရေး အကြမ်းဖက် သူပုန်အုပ်စုတွေက
သူတို့ရဲ့ခေါင်းဆောင်တဦး( ဟာဆန်မာလီ ) ကို ယခုရက်ပိုင်းအတွင်းက ထိုင်းစစ်တပ်က အသေဖမ်းဆီးခဲ့လို ့တန်ပြန် လက်စားခြေတဲ့အနေနဲ့ဝင်ရလွယ်တဲ့ ဘုန်း ကြီးကျောင်းကို ဝင်ပြစ်ခဲ့တာဖြစ်နိုင်တယ်လို ့သိရပါတယ်။
ယခုရက်ပိုင်းအတွင်းက မူလတန်းကျောင်းတစ်ကျောင်းကိုလည်း ဝင်ပစ်ခဲ့ကြပါတယ်။
ယခုလိုလုပ်ရပ်ဟာ တောင်ပိုင်းပြည်နယ်အတွင်းကဗုဒ္ဓဘာသာဝင် တွေနဲ ့တခြား ဘာသာဝင်တွေအတွက် ပါ အလွန်စိတ်မကောင်းစရာ နဲ ့ စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။
ခုလိုဖြစ်ရပ်တွေ ဖြစ်လာတိုင်း မဆိုင်တဲ့ သူတွေကို လိုက်လံ သတ်ဖြတ်ကြတာကြောင့် တောင်ပိုင်းပြ်နယ်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း သတိထားရပါလိမ့်မယ်။
ဒီကနေ ့မနက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒီဖြစ်ရပ်နဲ ့ပတ်သက်ပြီး ပြည်နယ်အတွင်းမှာ လုံခြုံရေးတိုးမြင့်မယ် ..
တရားခံတွေကိုရအောင်ဖမ်းမယ်လို ့ ထုတ်ပြန်ခဲ့ပြီး ၊ ပြည်သူတွေအနေနဲ ့စစ်ဝတ်အစား နဲ ့ အနက် ရောင် အပေါ်အောက် အဝတ်အစားတွေဝတ်ပြီးမသွားလာကြဖို ့ သတိပေးနေပါပြီ။
မလေးရှားနယ်စပ်နဲ ့ထိစပ်နေတဲ့ ဒေသတွေမှာ ထကြွ သောင်းကျန်းနေတဲ့ ထိုင်းတောင်ပိုင်း ခွဲထွက်ရေး မူဆလင် အကြမ်းဖက်အုပ်စု
(၅)ဖွဲ ့ (RKK,GMIP,BBMP,PULO BRN-C )ဟာ မှတ်တမ်းအရ အင်အား ၁၀၀၀၀ ကျော်ရှိလာနေပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့်
ဒီကနေ ့အထိ သံဃာ ကျောင်းဆရာ နဲ ့ ပြည်သူ ၆၅ဝဝကျော် သေဆုံးခဲ့ရပြီး ၁၂၀၀၀ ကျော် ဒဏ်ရာရခဲ့ရပါတယ်။
SAW
Wednesday, January 16, 2019
မြန်မာ ၁၄ ဦး ဘတ်ငွေ ၁ ဒသမ ၇သန်း လျော်ကြေးခံစားခွင့် ထိုင်းတရားရုံးချုပ် အတည်ပြု
(ဓါတ်ပုံ- Phil Robertson twitter)
ထိုင်းနိုင်ငံက ကြက်မွေးမြူရေးခြံမှာ မတရားခိုင်းစေခံခဲ့ရတယ်လို့ တိုင်ကြားထားတဲ့ မြန်မာ အလုပ်သမား ၁၄ ဦးကို နစ်နာကြေးပေး လျော်ဖို့ ထိုင်းတရားရုံးချုပ်က အင်္ဂါနေ့မှာ စီရင်ချက် ချမှတ်လိုက်ပါတယ်။ Thammakaset ကြက်မွေးမြူရေး လုပ်ငန်းနဲ့ အလုပ်သမားတွေရဲ့ အမှုက သုံးနှစ်တာ တရားရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ မနေ့ အင်္ဂါနေ့က ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေ အရေး ထိုင်းတရားရုံးချုပ်ရဲ့ စီရင်ချက်က သမိုင်းဝင် စီရင်ချက်လည်း ဖြစ်ပါတယ်။ အလုပ်သမား ၁၄ ဦး အတွက် ကုမ္ပဏီဘက်က နစ်နာကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅ သောင်း ၃ ထောင်လောက် ရှိတဲ့ ထိုင်းဘတ်ငွေ ၁ သန်း ၇ သိန်း ပေးလျော်ဖို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာပါ။
Thammakaset ကြက်မွေးမြူရေး လုပ်ငန်းမှာ အလုပ်လုပ်ခဲ့ကြတဲ့ အလုပ်သမား ၁၄ ဦးတို့က သူတို့ကို အချိန်ပို ခိုင်းစေမှု၊ အနိမ့်ဆုံး လုပ်ခလစာထက် လျှော့ပေးခဲ့တာ၊ နိုင်ငံကူး လက်မှတ်တွေကို သိမ်းထားပြီး သွားခွင့်လာခွင့်တွေ ပိတ်ပင်ခံခဲ့ရတယ်ဆိုပြီး ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်မှာ တရားဝင် တိုင်ကြားခဲ့ကြတာပါ။ ဒါပေမယ့် Thammakaset လုပ်ငန်းဘက်ကတော့ အလုပ်သမားတွေရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
အလုပ်သမားတွေ အနေနဲ့ သူတို့ဆန္ဒအတိုင်း ညပိုင်း အလုပ်ဆင်းခဲ့တာ ဖြစ်ပြီး ကြက်ခြံနားမှာ အိပ်ဖို့လည်း သူတို့ဘာသာ ဆုံးဖြတ်ခဲ့တာလို့ ကြက်မွေးမြူရေး လုပ်ငန်းကြီးက ပြောဆိုပြီး အသရေဖျက်မှုနဲ့ ပြန်ပြီး စွဲဆိုခဲ့ပေမယ့် ဘန်ကောက်မြို့တော် တရားရုံး တခုက ပယ်ချခဲ့တာပါ။ အလုပ်သမားတွေကို လျော်ကြေးပေးဖို့ အောက်တရားရုံးက ဆုံးဖြတ်ခဲ့တာကို ထိုင်းကုမ္ပဏီဘက်က အယူခံဝင်ခဲ့တာ ဖြစ်ပြီး တရားရုံးချုပ်ဘက်ကတော့ ကုမ္ပဏီဘက်က လျှောက်လှဲမှုတွေက ခိုင်ခိုင်မာမာ မရှိဘူးဆိုပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို အနိုင်ပေး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အခု ထိုင်းတရားရုံးချုပ်ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အရေး ဆုံးဖြတ်ချက် အပေါ်မှာတော့ အလုပ်သမားရေး လှုပ်ရှားသူတွေဘက်က ကြိုဆိုလိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Monday, January 14, 2019
DVB
.........
ဖခင်ကိုသတ် မိခင်ကို မုဒိမ်းကျင့်ပြီး ထွက်ပြေးနေသူအား ထိုင်းရဲပိုက်စိပ်တိုက်ရှာဖွေ
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်ထဲမှာ ဖခင်ရင်းကိုသတ်ပြီး မိခင်ရင်းကို မုဒိမ်းကျင့်တဲ့ လူဆိုးတဦးကို ထိုင်းရဲတပ်ဖွဲ့က ပိုက်စပ်တိုက် အပူတပြင်းရှာဖွေနေပါတယ်။
အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းချိုင်းယားတာ့နား ဆိုသူမှာ လွန်ခဲ့တဲ့ ၁၇ နှစ်က ဖခင်ရင်းကို ဓားနဲ့ ထိုးသတ်မှုနဲ့ ထောင်ကျခဲ့ဖူးပြီး မနှစ်က ထောင်ရက်စေ့လို့ ပြန်လွတ်လာခဲ့ပေမယ့် မိခင်ကို မုဒိမ်းကျင့်၊ ညီမဖြစ်သူကို ရိုက်နှက်ကာ ထွက်ပြေးလွတ်မြောက်နေတာလို့ ဆိုပါတယ်။
သူဟာ ဖခင်ကို သတ်စဉ်က အသက် ၁၄ နှစ်သာရှိသေးတဲ့ လူငယ်တဦးဖြစ်လို့ လူငယ်ပြုပြင်ရေး စခန်းမှာ ၃ နှစ်သာနေခဲ့ရပါတယ်။
ထောင်ကထွက်လာပြီး အလုပ်အကိုင်မရှိ၊ အရက်မူးလာရင် မိခင်နဲ့ ညီမ၊ အမတွေကို ခြိမ်းခြောက်ရိုက်နှက်လေ့ရှိကြောင်း၊ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ ၂၄ ရက်နေ့ကတော့ ညီမကိုရိုက်ပြီး မိခင်ကို မုဒိမ်းကျင့်ကာ အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။
မိသားစုက ရဲကိုတိုင်ကြားတဲ့အတွက် သူထွက်ပြေးပုန်းအောင်းသွားနိုင်မယ့်နေရာ အထူးသဖြင့် သူတို့နေထိုင်ရာ ဒွိုင်စကစ်မြို့နယ် မယ့်ပုံကျေးရွာအုပ်စုထဲမှာ ရဲက အပူတပြင်း ရှာဖွေလျက်ရှိပါတယ်။
ဒါပေမယ့် သူတို့ရွာဟာ တောတောင်အစပ်နားမှာဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ၁၀ ကီလိုမီတာထိ တောထဲတောင်ထဲ ၀င်ရောက်ရှာဖွေပေမယ့် ကနေ့ထိ မတွေ့သေးပါဘူး။
နိုင်းချိုင်းယားရဲ့ အကြမ်းဖက်တာခံရပြီးနောက် မိခင်နဲ့ မိသားစုဝင်တွေလည်း အဲဒီအိမ်မှာ မနေရဲတော့ဘဲ ရပ်ဝေးကဆွေမျိုးတွေဆီ ထွက်ပြေးပုန်းရှောင်နေသလို အဲဒီကျေးရွာအုပ်စုက လူတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်နေကြရပါတယ်။
မနေ့ကတော့ နိုင်းချိုင်းယားကိုတွေ့ရှိသူ ဒါမှမဟုတ် သူရှိတဲ့နေရာကို သတင်းပေး နိုင်သူကို ဘတ်ငွေ ၅၀၀၀ ဆုချမှာဖြစ်ကြောင်း၊ နိုင်းချိုင်းယားအနေနဲ့ အဖမ်းမခံဘဲ ပြန်ခုခံရင် ရဲတပ်ဖွဲ့အနေနဲ့ မိမိကိုယ်မိမိ ပြန်ကာကွယ်ရလိမ့်မယ်လို့ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာ ထားပါတယ်။
DVB
Saturday, January 12, 2019
ကြံခင်းထဲမှာသေဆုံးတဲ့ကလေးအမူ့ ပြန်စပြီ
ကြံတောအတွင်း သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသာကလေးအမှု အစမှပြန်စစ်ပေးပါရန် တရားခံရဲ့  မိသားစုဝင်များက ဘန်ကောက်မြို့ တွင်လာရောက်တောင်းဆိုပါတယ်။
ထိုင်းနိုင်ငံ ဆူဖန်ဘူရီကြံတောအတွင်း ပျောက်ဆုံးခဲ့တဲ့မြန်မာကလေးအား သတ်သူဟု ရဲက စွဲချက်တင်ထားသူရဲ့  မိသားစုဝင်များက သားဖြစ်သူ(မသန်စွမ်း )ကို တရားခံအဖြစ် ထုတ်ပြစစ်ဆေးခဲ့တာကို ယုံကြည်နိုင်စရာ မရှိတာကြောင့် အမှုကို အစကနေ ပြန်လည်စစ်ဆေးပေးဖို့ 
ငါးနှစ်သားကလေးတဦးလို ဖြစ်နေသူဖြစ်တယ်၊ ငယ်ငယ်ကတဲက က လေးတွေကို နှိပ်စက်ညှင်းပမ်းတာမျိုး တခါမှလုပ်ခဲ့သူမဟုတ်၊ ရဲတွေ
တရားခံအမှုကို လိုက်ပေးတဲ့ ရှေ့ နေ နိုင် အနမ်ချိုင်က ကလေးအလောင်းတွေခဲ့တဲ့ နေရာဟာ ပထမပိုင်းအကြိမ်ကြိမ်ရှာဖွေပြီးတဲ့နေရာဖြစ်နေတာ ၊ကလေးအလောင်းတွေပြီး သက်သေနေရာကို မီးရို့ ဖျောက်ဖျက်ခဲ့တာတွေရှိနေတာ တွေ့ ရှိရတယ်လို့  သတင်းထောက်တွေ
ကိုပြောပါတယ်။
SAW
Thursday, January 10, 2019
ထိုင်းရဲ စစ်ဆေးမှု ယုံကြည်နိုင်စရာ မရှိလို့ အမှုအစမှပြန်စစ်ပေးဖို့ တောင်းဆိုပြီ
တရားခံအမှုကို လိုက်ပေးတဲ့ ရှေ့ နေ နိုင် အနမ်ချိုင်က ကလေးအလောင်းတွေခဲ့တဲ့ နေရာဟာ ပထမပိုင်းအကြိမ်ကြိမ်ရှာဖွေပြီးတဲ့နေရာဖြစ်နေတာ ၊ကလေးအလောင်းတွေပြီး သက်သေနေရာကို မီးရို့ ဖျောက်ဖျက်ခဲ့တာတွေရှိနေတာ တွေ့ ရှိရတယ်လို့  သတင်းထောက်တွေကိုပြောပါတယ်။
Thutasone
#Unicode Version#
ကြံတောအတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသာကလေးအမှု အစမှပြန်စစ်ပေးပါရန် တရားခံ၏ မိသားစုဝင်များက ဘန်ကောက်မြို့တွင်လာရောက်တောင်းဆို ။ January 9 2019 ။ ကြံတောအတွင်း သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသာကလေးအမှု အစမှပြန်စစ်ပေးပါရန် တရားခံ၏ မိသားစုဝင်များက ဘန်ကောက်မြို့တွင်လာရောက်တောင်းဆိုပါတယ်။
ထိုင်းနိုင်ငံ ဆူဖန်ဘူရီကြံတောအတွင်း ပျောက်ဆုံးခဲ့ မြန်မာကလေးအား သတ်သူဟု ရဲက စွဲချက်တင်ထားသူရဲ့ မိသားစုဝင်များက သားဖြစ်သူ(မသန်စွမ်း )ကို တရားခံအဖြစ် ထုတ်ပြစစ်ဆေးခဲ့တာကို ယုံကြည်နိုင်စရာ မရှိတာကြောင့် အမှုကို အစကနေ ပြန်လည်စစ်ဆေးပေးဖို့ဘန်ကောက်မြို့ အဂတိတိုက်ဖျက်ရေး ကော်မရှင်ရုံးကို ရှေ့နေနဲ့အတူ လာရောက်တိုင်ကြား ခဲ့ကြောင်းသိရပါတယ်။
သားငယ်သေဆုံးခဲ့ရမှု တရားခံလို့ ပြထားတဲ့ ထိုင်းနိုင်ငံသား နိုင်ထောင်ခွမ် (ဖွန်)ဟာ သူစီးတဲ့စက်ဘီးနဲ့ ကလေးကိုတင်သွားတယ်ဆိုတာ နောက်မှာ ဖင်ထိုင်ခုံမပါလို့မဖြစ်နိုင်ကြောင်း၊သူတို့သားဟာ ငယ်ငယ်ထဲက ဦးနှောက် သန်းစွမ်းမှုမရှိ(ကြပ်မပြည့်)ငါးနှစ်သားကလေးတဦးလို ဖြစ်နေသူဖြစ်တယ်၊ငယ်ငယ်ကတဲက လေးတွေကို နှိပ်စက်ညင်းပန်းတာမျိုး တခါမှလုပ်ခဲ့သူမဟုတ်၊ ရဲတွေကသူ့ကိုခေါ်သွားပြီး လက်ညိုးထိုးပြတဲ့နေရာကို သူ့သားကို ခေါင်ငြိမ့် ခိုင်းခဲ့တာဟာ ရိုးသားမှုမရှိဘူးလို့ တရားခံ နိုင်ဖွန်(စိတ်ကျန်းမာရေးချိုးယွင်းသူ)ရဲ့ မိသားစုကပြောပါတယ်။
တရားခံအမှုကို လိုက်ပေးတဲ့ ရှေ့နေ နိုင် အနမ်ချိုင်က ကလေးအလောင်းတွေခဲ့တဲ့ နေရာဟာ ပထမပိုင်းအကြိမ်ကြိမ်ရှာဖွေပြီးတဲ့နေရာဖြစ်နေတာ ၊ကလေးအလောင်းတွေပြီး သက်သေနေရာကို မီးရိူ့ဖျောက်ဖျက်ခဲ့တာတွေရှိနေတာ တွေ့ရှိရတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။
ကလေးဟာ သာမန်ထွက်ပြေးရင်းရေနစ်သေတာမဖြစ်နိုင် စက်တခုတွင်း ကြိတ်မိခဲ့သလို့ တကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ ကြေမွနေတာကိုရဲစစ်ဆေးရေးအဖွဲ့က မှုခင်စစ်ချက်မှာ ရေးမထားတာကိုလည်းတွေ့ရပါတယ် ရှေနေ့ကပြောပါတယ် ။
ပြီးခဲ့တဲ့၂၀၁၈ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဆူဖန်ဘူရီ ခရိုင် ကြံတောအတွင်း ကစားနေရင်း ပျောက်ဆုံးသွားခဲ့ရတဲ့ နှစ်နှစ်သားအရွယ် မြန်မာနိုင်ငံသားကလေး သားငယ်ကို (၉)ရက်ကြာမှအလောင်းပြန်တွေ့ခဲ့တာပါ။
ကလေးမိဘနှစ်ဦးက တော့သူတို့သားငယ်သေဆုံးရတာဟာ လယ်ထွန်စက်အတွင်းညပ်ပါပြီး သေဆုံးရတာ၊ ထွန်စက်ပိုင်ရှင်က အလောင်းကို ဖျောက်ထားခဲ့တယ်လို့ သံသယရှိခဲ့လို့ အမှုကို ပြန်စစ်ပေးဖို့ တောင်းဆိုခဲ့ပြီး မကြာခင် တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ တရားစွဲခံရပြီးမြန်မာနိုင်ငံ ပြန်ပို့တာခံခဲ့ရပါတယ်။
Thutasone
Friday, January 4, 2019
ထိုင်းက အာဏာဖီဆန်တဲ့ အမျိုးသမီးရဟန်းခံပွဲ
ဆံချတဲ့အချိန်
ထိုင်းနိုင်ငံမှာ ၁၉၂၈ ခုနှစ်က ထုတ်တဲ့ ဥပဒေအရ အမျိုးသမီးတွေ ရဟန်းပြုခွင့် မရှိပါဘူး။
ဒါပေမဲ့ အာဏာဖီဆန်တဲ့ အမျိုးသမီးတစုကတော့ အစိုးရ အသိအမှတ်မပြုတဲ့ အမျိုးသမီး ဘုန်းကြီးကျောင်းတကျောင်းမှာ စုပြီး ဗုဒ္ဓဘာသာ ထုံးစံအရ ရဟန်းခံခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်း နခုံပထုံ ခရိုင်က ဆောင်ဓမ္မကလျာဏီ ကျောင်းမှာပါ။ ဒီကျောင်းကို ၁၉၆ဝ က တည်ထောင်ခဲ့ပြီး သီဟိုဠ်ကနေ ပထမဆုံး ရဟန်းခံပြီး ပြန်လာတဲ့ ထိုင်း ဘိက္ခုနီတပါးက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီကျောင်းမှာပဲ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ရဟန်းခံပွဲကို ၂ဝဝ၂ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။
ကြာပန်းကိုယ်စီကိုင်
 ဆွေမျိုးမိဘတွေ အကန်တော့ခံ
ဆံစကိုဖြတ်
ဆံစကို ကြာဖက်နဲ့ခံ
နံရံပန်းချီက ဘိက္ခုနီပုံ
အမျိုးသမီး ပဉ္စင်းလောင်းတွေ သိမ်မဝင်ခင်
သင်္ကန်းတောင်းကြတော့မယ့်အချိန်
ဝပ်တွားကြည်ညို
 ပြုသစ်စ ရဟန်းမများ
မနက်ဆွမ်းခံကြွချိန်
ရဟန်းကထွက်ပြီး သင်္ကန်းပြန်အပ် 
BBC Burmese
https://www.bbc.com/burmese
Wednesday, December 26, 2018
မဲဆောက်အမှိုက်ပုံ တဲထိုးနေထိုင်သူ မြန်မာ ၈၀ကျော်ကို ထိုင်းရဲဖမ်းဆီး
မဲဆောက်အမှိုက်ပုံ တဲထိုးနေထိုင်သူ မြန်မာနိုင်ငံသားများ (၂၀၁၂ မတ်လ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်ပရပ်ကွက်ထဲက မြန်မာနိုင်ငံသားအများစုနေထိုင်ရာ အမှိုက်ပုံကြီးရှိတဲ့နေရာနဲ့ မကြာ သေးခင်က မြန်မာနိုင်ငံသား မိသားစုလေးဦး အသတ်ခံရတဲ့ဖြစ်ရပ် ဖြစ်ခဲ့တဲ့ ထစိုင်လွတ်နေရာတွေကို ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်စ်နေ့မှာ ထိုင်းအာဏာပိုင်တွေ ပိတ်ဆို့ရှာဖွေပြီး တရားမဝင်နေထိုင်သူ ၉၀ နီးပါးကို ဖမ်းဆီးသွားပါတယ်။ မဲဆောက်မြို့မှာ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ လူကုန်ကူးမှုတွေ စတဲ့မှုခင်းတွေကို ဖြေရှင်းဖို့ ထိုင်း ဒုတိယရဲချုပ်နဲ့ ဒေသ ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အရေးပေါ်အစည်းအဝေးတခုကိုလည်း လုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မဲဆောက်မြို့နယ်အတွင်းမှာ ဆိုးရွားတဲ့လူသတ်မှုတွေဖြစ်ထားတာ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်သူတွေ ပုန်းခိုနေကြတာ၊ တရားမ၀င် စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံသားတွေ အုပ်စုလိုက် လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတာတွေကို အပြတ်ရှင်းလင်းနိုင်ဖို့ ထိုင်းလုံခြုံရေးကောင်စီက ဒုရဲချုပ် ချလန်ကရက်စီဝါရာခံ ကိုယ်တိုင် ဆင်းလာပြီး တာ့ခ်ရိုင်ဒေသတွင်းက အဆင်မြင့်အရာရှိတွေနဲ့အတူ ဒီရက်ပိုင်းမှာပဲ အရေးပေါ် အစည်းဝေးလုပ်ခဲ့တာပါ။
အဲဒီနောက်မှာတော့ မြန်မာမိသားစုလေးဦး သတ်ဖြတ်ခံခဲ့ရတဲ့လူသတ်မူ ဖြစ်ပွားခဲ့တဲ့နေရာနဲ့ မဲဆောက်တမြို့လုံးက အမှိုက်တွေ စုပုံစွန့်ပစ်ရာနေရာဖြစ်တဲ့ အမှိုက်ပုံမှာနေထိုင်ပြီး ရှာဖွေစားသောက်နေကြတဲ့ တရားမ၀င် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့တဲ့အကြောင်း မယ်ပရပ်ကွက်မှာ နေထိုင်နေသူတဦးက ပြောပြပါတယ်။
"အမှိုက်ပုံမှာတော့ ဒီနေ့ အယောက် ၈၀ကျော်အဖမ်းခံရတယ်။ အရင်တုန်းကလည်းသူတို့အဲဒီနေ့ရာကနေ မနေအောင်ဖယ်ထားပဲ ။ မရဘူး စိုက်ပျိုးရေးနေရာတွေလည်းသွားပို့တယ် မရဘူး ။ အဲဒီ နေရာပဲ သူတို့ ပြန်လာကြတာပဲ ။ အဲဒီ နေရာမှာပဲနေကြတယ်။ အမှိုက်ကနေ ပလပ်စတစ်တွေရတယ်၊ ကော်ခွက်တွေရတယ်၊ စားစရာဆိုရင်ငပိငခြောက် ခရမ်းချဉ်သီးတွေ အမှိုက်တွေရတာတွေကို ပြန်သန့်စင်ပြီး စားကြတယ်။ အဲဒီအမှိုက်ပုံနဲ့ နီးစပ်တဲ့နေရာတွေမှာပဲ သူတို့နေကြတာပဲ"
အဖမ်းခံရသူ တရားမ၀င် မြန်မာနိုင်ငံသား စုစုပေါင်း ၈၇ ဦး ဖမ်းဆီးခံခဲ့ရတာပါ။ ထစိုင်လွတ်ရပ်ကွက်ကတော့ မြန်မာမိသားစုဝင် လေးဦး အသတ်ခံရတဲ့နေရာဖြစ်ပြီး အဲဒီလူသတ်မှုအတွက် သံသယရှိသူတွေကိုတော့ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေက ဖမ်းမိထားပါပြီ။
မယ်ပ အမှိုက်ပုံမှာ မြန်မာနိုင်ငံသားတွေ တဲထိုးနေထိုင်ကြတဲ့အတွက် ကျန်းမာရေးဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်ပွားလာတာ၊ ရာဇ၀တ်မှုတွေ များလာနေတာဟာ ဒေသခံကျေးရွာသားတွေအတွက် အန္တရာယ်ဖြစ်လာနေတာကြောင့် ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ မဲဆောက် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရရှိ မာန ရသန ပရထစ်က ပြောသွားပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သိန်းထက်မနည်း နေထိုင်လုပ်ကိုင်နေတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ဟာဖြင့် မြန်မာ နိုင်ငံသားအများစု အဝင်အထွက်လုပ်တဲ့ နှစ်နိုင်ငံနယ်စပ် အဓိကနေရာတခုဖြစ်သလို တရားမ၀င်နေထိုင်သူ သိန်းနဲ့ချီပြီး ရှိနေ တာပါ။ အဲဒီထဲက အများစုဟာ ကြုံရာကျပမ်းအလုပ်တွေ၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အထည်ချုပ်စက်ချုပ် လုပ်ငန်းတွေမှာ လုပ်ကြ တာများပါတယ်။
အခု အဖမ်းအဆီးတွေဟာ တရားမ၀င်နိုင်ငံခြားသား ကင်းစင်ရေးအတွက် လုပ်ဆောင်တာဖြစ်သလို မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ် မှုခင်းတွေ ကျဆင်းအောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
မကြာသေးခင်တုန်းကပဲ မဲဆောက်မြို့က မူးယစ်ရာဇာလို့ ထင်ရှားသူတဦးရဲ့နေအိမ်ကို ၀င်ရောက်ရှင်းလင်းတာမှာ မူးယစ်ဆေးဝါး သိုလှောင်တဲ့နေရာတွေနဲ့ မြေအောက်လိုဏ်ခေါင်းတွေကို တွေ့ရှိခဲ့ပြီး မူးယစ်ရာဇာကတော့ တိမ်းရှောင်သွားတယ်လို့ဆိုပါတယ်။ အဲဒီ မူးယစ်ရာဇာဟာ ထိုင်း၊ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံသားအသိအမှတ်ပြု လက်မှတ်တွေ ကိုင်ဆောင်ထားတယ်လို့ ထိုင်း အာဏာပိုင်တွေကပြောပြီး သူ့ရဲ့ပိုင်ဆိုင်မူတွေကို သိမ်းဆည်းခဲ့သလို့ သူရဲ့ အဓိကလက်ထောက်တွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ အဲဒီမူးယစ်ရာဇာဆိုသူကိုတော့ ဖမ်းဝရမ်းထုတ်ထားဆဲဖြစ်ပါတယ်။
မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Tuesday, December 25, 2018
ထိုင်းမှာ ဆေးခြောက်ကို ပထမဆုံး သုံးစွဲခွင့်ပေး
 ဆေးခြောက်ကို ကျန်းမာရေးအတွက် သုံးခွင့်ပေးဖို့ တောင်းဆိုကြ
ဆေးခြောက်ကို ကျန်းမာရေး အတွက် သုံးခွင့်ပေးဖို့ ထိုင်းလွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါပြီ။ ဒါကို ပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင်လို့ အမတ်တယောက်က ကြွေးကြော်ခဲ့ပါတယ်။
အပျော်အပါးအတွက် သုံးတာကိုတော့ ခုထိ ခွင့်မပြုသေးပါဘူး။
ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ရိုးရာတိုင်းရင်းဆေးအဖြစ် သုံးခဲ့ပြီး ၁၉၃ဝ ကျော်မှ ပိတ်ပင်ခဲ့တာပါ။
အရှေ့တောင်အာရှမှာ မူးယစ်ဆေးသုံးစွဲမှုကို အပြင်းထန်ဆုံး ပြစ်ဒဏ်တွေ ပေးနေချိန်မှာ ထိုင်းနိုင်ငံကနေပြီး ပထမဆုံး ဒေသတွင်းမှာ ဆေးခြောက်ကို ကျန်းမာရေးအတွက် ပထမဆုံး သုံးစွဲခွင့် ပေးတော့မှာ ဖြစ်ပါတယ်။
၁၉၇၉ ခု မူးယစ်ဥပဒေကို ပြင်ဖို့ ထိုင်းစစ်အစိုးရက ခန့်ထားတဲ့ လွှတ်တော်က ဒီဇင်ဘာလ ၂၅ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
နှစ်သစ်ကူး ပိတ်ရက်တွေ မတိုင်ခင် ဥပဒေကြမ်းတွေ အမြန်အပြီးသတ်ဖို့ လွှတ်တော်အထူးအစည်းအဝေး ခေါ်ပြီး ဆုံးဖြတ်ခဲ့တာလို့လည်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
ဒီပြင်ဆင်ချက်ကို အစိုးရဂေဇက်က ပုံနှိပ်ပြီးနောက် ဥပဒေအဖြစ် အသက်ဝင်လာမှာလို့လည်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။
"ဒါဟာ ထိုင်း အမျိုးသား လွှတ်တော်ကနေ အစိုးရနဲ့ ပြည်သူတွေကို နှစ်ကူးလက်ဆောင်ဝေတာ " လို့ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဆုံချိုင်း စဝန်ကန်က ပြောပါတယ်။
ဘာတွေခွင့်ပြုမလဲ
လူနာတွေမှာ ကျန်းမာရေးအတွက် သုံးစွဲဖို့ သတ်မှတ်ထားတဲ့ ဆေးခြောက်ပမာဏကို သယ်ဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ ဆေးစာရွက်စာတမ်း အထောက်အထားတွေကို ယူရမယ်လို့လည်း ဘန်ကောက်ပို့စ်က ရေးသားပါတယ်။
ဒီအတွက် လိုအပ်တဲ့ စိုက်ပျိုး ရောင်းချခွင့် လိုင်စင်တွေကိုတော့ တင်းကျပ်စွာ ထိန်းချုပ်ထားမှာပါ။
ကရာတွမ်လို့ ခေါ်တဲ့ ဒေသတွင်းမှာ စိုက်ပျိုးတဲ့ စိတ်ကို နိုးကြားစေတဲ့ အပင်တမျိုးဟာလည်း ဒီဥပဒေသစ်မှာ အကျုံးဝင်တယ်လို့ သိရပါတယ်။
တကမ္ဘာလုံးပြောင်းလဲ
တကမ္ဘာလုံး နိုင်ငံတော်တော်များများမှာ ဆေးခြောက် ဥပဒေတွေကို ပြန်ပြီး သုံးသပ်ကြပါတယ်။
ကနေဒါနဲ့ ဥရုဂွေးမှာ အပျော်အပါးအတွက် အပါအဝင် ဆေးခြောက်ကို ပထမဆုံး စပြီး တရားဝင် ခွင့်ပြုခဲ့ပါတယ်။ အရှေ့တောင်အာရှမှာတော့ မူးဆစ်ဆေးနဲ့ ပတ်သက်ရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ခုထိ ချမှတ်တုန်း ဖြစ်ပါတယ်။
ဒီနှစ်ဆန်းကပဲ မလေးရှားမှာ အမျိုးသားတယောက်ကို ဆေးခြောက်ဆီ ရောင်းလို့ ဆိုပြီး သေဒဏ်ပေးခဲ့ပါတယ်။
အင်ဒိုနီးရှားက ဘာလီကျွန်းမှာတော့ ကျန်းမာရေးအတွက် ဆေးခြောက်ဆီကို ဆောင်ထားတဲ့ ဗြိတိသျှ အမျိုးသား တယောက်ကို ထောင် ၁၅ နှစ်ချခဲ့ပါတယ်။
အဆစ်မြစ်ရောင် ရောဂါအတွက် လိုလို့ မိတ်ဆွေတယောက်ဆီကနေ မှာခဲ့တာလို့ ကွန်းဝေါနယ်က ၄၅ နှစ်အရွယ် ပစ်ဟုမ်းက ပြောပါတယ်။
ဆေးဘက်ဝင်တဲ့ ဆေးခြောက်
    လူကြီးတွေမှာ ဖြစ်တဲ့ နာတာရှည် နာကျင်မှုတွေ ကုစားရာမှာ
    ဓာတ်ကင်တဲ့ ကုထုံးကြောင့် ဖြစ်တဲ့ အော့အန် မူးဝေတဲ့ ဝေဒနာကို ကုသရာမှာ
    ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်တဲ့ မာလ်တီပယ် စကယ်လရိုးစစ် ရောဂါ လက္ခဏာတွေကို ကုစားရာမှာ သိသာတဲ့ သာဓကတွေ တွေ့ရပါတယ်။
နောက်
    ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ ဖြစ်တဲ့ ဖိုင်ဘရိုမိုင်ရဲဂျီးယား ရောဂါနဲ့ အိပ်ရင်းနဲ့ အသက်ရှူရပ်တဲ့ ရောဂါတွေကို ကုစားရာမှာ အတော်အသင့် တိုးတက်မှု ရတယ်လို့လည်း သိရပါတယ်။
ဝက်ရူးပြန် ရောဂါ
    ကလေးတွေမှာ ရှားရှားပါးပါး ဖြစ်တတ်တဲ့ ဝက်ရူးပြန် ရောဂါတမျိုးကို ကုသရာမှာ ဆေးခြောက်က ထုတ်တဲ့ ကာနာဘစ်ဒိုင်ရော ဆေးက အတက်ကို လျှော့ချပေးတယ်လို့ လတ်တလော လေ့လာချက်တွေအရ သိရပါတယ်။
BBC Burmese
https://www.bbc.com/burmese
ကလေးပျောက်သွားတဲ့ ကြံခင်းနားက ထူးခြားချက်
ကြံတောထဲပျောက်နေတဲ့ကလေးကိုပြန်တွေ့ပြီ
မြန်မာခလေး စိုးလေးဖြူအလောင်းကို ဆူဖန်ဘူရီ ကယ်ဆယ်ရေး အဖွဲ့ တွေ သယ်လာကြတဲ့ပုံပါ။
ကောင်းရာဘုံဘ၀ ရောက်ပါစေ။
....................................................................................
စိုးလေးဖြူ ဘယ်မှာလဲ
thutasone
#Unicode Version#
စိုးလေးဖြူ ဘယ်မှာလဲ
ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် အတွင်းက ဧကပေါင်းရာနဲ့ချီ ကျယ်ဝန်းတဲ့ ကြံတောထဲမှာ ဒီဇင်ဘာလ ၁၇ ရက်မနက်ကတဲက ပျောက်ဆုံးသွားခဲတဲ့နှစ်နှစ်သားအရွယ် မြန်မာခလေးငယ် ကို (၈)ရက်ကြာ ရှာဖွေနေကြဆဲဖြစ်ပြီး ဒီကနေ့အထိ မတွေ့ကြေသေးပါဘူး။
ဒီကနေ့ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ရေငုတ်သမား ရှာဖွေရေးအဖွဲ့တွေဟာ ရေမှော်တွေပြည့်နေတဲ့ ကြံတောအနီးက ရေကန်ကို ရှင်းလင်းပြီး ရေငုတ်ရှာနေကြသလို… ရွာသားတွေသတင်းပေးလာလို့ ကြံတောနဲ့အနီးဆုံး က မင်္သကာရတဲ့ အိမ်တစ်လုံးကို ရဲတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေကြပါတယ်။
တဲငယ်အတွင်းမှာ အသက် (၅၀) အမျိုးသမီးတစ်ဦးသာနေထိုင်နေတာတွေ့ရပါတယ်။ ထူးဆန်းတာက အိမ်းတွင်းမှာ ခလေးနတ်ရုပ်တွေအများအပြားတွေရပြီး ယောက်ကျားဖြစ်သူ ပရောဂကု နတ်ဆရာဟာ သေဆုံးသွားတာ နှစ်နှစ်ကျော်ပြီလို့ ဆိုပါတယ်။
လက်ရှိယူထားတဲ့ယောက်ကျားကတော့ ကြံကားမောင်းထွက်သွားနေတယ်လို့ သိရပါတယ်။ အိမ်ထဲမှာတော့ ပျောက်ဆုံးနေတဲ့ စိုးလေးဖြူရဲ့ သက်သေအထောက်အထောက်အထား တွေ မတွေ့ခဲ့ရပါဘူး။
စပျောက်တဲ့နေ့က စိုးလေးဖြူနဲ့ အတူ ကစားနေတဲ့ သုံးနှစ်သမီးလေးက စိုးလေးဖြူကို လူတဦးက ဖက်နမ်းပြီးခေါ်သွားတယ်လို့သာလူကြီးတွေကိုပြောနေပါတယ်။(၃နှစ်ကလေးစကားကတော့ ပြီးခဲ့တဲ့ ရက်က လက်ကြီးတခုပဲ ထွက်ပြီး မောင်လေးကို ခေါ်သွားတယ်လို့လည်းပြောပြတာပါ )
ဖြစ်တဲ့နေ့က ကြံကားတစ်စီး အပြင်းမောင်းသွားတာကို ရွာသားတစ်ချို့ကတွေ့လိုက်တယ်လို့ သိရတော့ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေလိုက်လံ စစ်ဆေးပေးနေပါတယ်။ဆူဖန်ဘူရီ စစ်တပ်က ဗိုလ်မှူး အဖိနမ် ကတော့ ခလေးကိုတွေ့နိုင်ဖို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေ တပ်ဖွဲ့အင်အားနဲ့ စက်ပစ္စည်းတွေသုံးပြီး ကူညီရှာဖွေပေးနေပါတယ်။
ဘယ်နိုင်ငံသားခလေးပဲဖြစ်ပါစေ ဘေးကြုံလာရင် လူသားချင်း မိဘချင်း ကိုယ်ချင်းစာပါတယ် လို့ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။ကြံတောထဲမှာ စပါးအုံးမြွေတွေအောင်းနေတတ်လို့ မြွေမြိုသွားတာဖြစ်နိုင်တယ်လို့လည်း ထင်မြင်ချက်တွေပေးနေကြပါတယ်။
မိဘဖြစ်သူတွေကတော့ စိုးလေးဖြူ သူတို့သားလေးဘာဖြစ်သွားတယ်ဆိုတာ အမှန်တိုင်း သိပါရစေ ..ဝိုင်းဝန်းကူညီကြတဲ့ သူတွေအားလုံးကျေးဇူးတင်ပါတယ်လို့ ပြောနေပါတယ်။။။
စိုးလေးဖြူ ကို အမြန်ပြန်တွေ့ပါစေ။
thutasone
ကြံတောထဲပျောက်နေတဲ့ကလေးကိုပြန်တွေ့ပြီ
မြန်မာခလေး စိုးလေးဖြူအလောင်းကို ဆူဖန်ဘူရီ ကယ်ဆယ်ရေး အဖွဲ့ တွေ သယ်လာကြတဲ့ပုံပါ။
ကောင်းရာဘုံဘ၀ ရောက်ပါစေ။
...........................
ပျောက်ဆုံးမြန်မာကလေးကို ရဟတ်ယာဉ်နဲ့ ထိုင်းအစိုးအာဏာပိုင်တွေ၇ှာဖွေပေးနေ
ယနေ့ အထိ ၇ှာမတွေ့ သေးတာကြောင့်ဒီဇင်ဘာလ ၁၉ ရက်နေ့ ကစပြီး ရဲတပ်ဖွဲ့ နဲ့  
လူမှုရေးအဖွဲ့  ၀င် စုစုပေါင်း ၃၀၀ ကျော်နဲ့  မြန်မာကလေးကို ကယ်တင်နိုင်ဖို့  ကူညီ၇ှာဖွေပေးနေကြပါတယ်။
ကလေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့  လိုအပ်ရင် ကြံပင်တွေအားလုံး ခုတ်ပေးဖို့  ကြံခြံပိုင်၇ှင်ကလည်း ခွင့်ပြုခဲ့တယ်လို့  
သိရပါတယ်။
SAW
.........
ယူနီ
ကြံတောထဲမှာ အသက်ရှင်ရက် ရှိနေသေးတယ်လို ပဲ
ယုံကြည်နေပြီး တနေကုန် သားနံမည်ကိုခေါ်
ကြံစိုက်ခင်းတောအတွင်း(၆) ရက်တာ ပျောက်ဆုံးနေသည့်
မြန်မာရွှေ ့ပြောင်းအလုပ်သမားရဲ ့ နှစ်နှစ်သားအရွယ် ကလေးငယ်ကို ဒေသခံ နှင့်အာဏာပိုင် အင်အား ၃၀၀ကျော် ဖြင့် ကူညီရှာဖွေပေးနေပါတယ် ။
စိုးလေဖြူ (အသက်နှစ်နှစ်)ဟာ ဒီဇင်ဘာလ ၁၇ ရက် နေ ့ကတဲက ထိုင်းနိုင်ငံ စူဖန်ဘူရီ အိုထောင်ခရိုင် စဖန်လန် ကျေးရွာအုပ်စု( ၉) မှာ ဧက ၁၀၀၀ ကျယ်ဝန်းတဲ့ကြံတောအတွင်း အသက်သုံးနှစ် အရွယ် မိန်းခလေးငယ်တစ်ဦး နဲ ့ ကြံတောထဲ ကစားနေရင်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးငယ်ရဲ ့ မိဘဖြစ်သူ မြန်မာနိုင်ငံသားမိသားစုဟာ ခြံခုတ်လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ပထမရက်တွေမှာ ဘဝတူ ကြံလုပ်သားတွေက ကူညီရှာပေးခဲ့ကြပါတယ်၊ ကလေးငယ်ကို ယနေ ့အထိ ရှာမတွေ ့သေးတာကြောင့်ဒီဇင်ဘာလ ၁၉ ရက်နေ ့ကစပြီး ရဲတပ်ဖွဲ ့နဲ ့ လူမှုရေးအဖွဲ ့ ၀င် စုစုပေါင်း ၃၀၀ ကျော်နဲ ့ မြန်မာကလေးကို ကယ်တင်နိုင်ဖို ့ ကူညီရှာဖွေပေးနေကြပါတယ်။
စူဖန်ဘူရီ မြို ့ပိုင်ကိုယ်တိုင် လာရောက် သတင်းမေးမြန်းခဲ့ပြီး ခရိုင်အတွင်း အသုံးပြုနေတဲ့ ဌာနဆိုင်ရာ ရဟတ်ယာဉ်တစ်စီး ကို ကူညီရှာဖွေဖို ့ စေလွတ်ခဲ့ကြောင်းသိရပါတယ်။
ကလေးရဲ ့အသက်ကို ကယ်တင်နိုင်ဖို ့ လိုအပ်ရင် ကြံပင်တွေအားလုံး ခုတ်ပေးဖို ့ ကြံခြံပိုင်ရှင်ကလည်း ခွင့်ပြုခဲ့တယ်လို ့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ ကလေးရဲ ့ ဖခင်ဖြစ်တဲ့ ကိုဖြူ ၂၆ နှစ် နဲ ့ မိခင်မမူ အသက် (၂၀) ကတော့သားဟာ ကြံတောထဲမှာ အသက်ရှင်ရက် ရှိနေသေးတယ်လို ပဲ ယုံကြည်နေပြီး တနေကုန် သားနံမည်ကိုခေါ်ပြီး ရှာဖွေရေးအဖွဲ ့တွေနဲ ့အတူ လိုက်ရှာနေပါတယ်။
မြန်မာကလေးလို ကူညီရှာပေးနေကြတဲ့ အင်းအား ၃၀၀ ကျော်အတွက် ထိုင်းဘုရင့်မိသားစုကလည်းနေ ့စဉ် အစားသောက် အတွက်တာဝန်ယူပေးနေကြောင်း သိရပါတယ်။
SAW