Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 16, 2020

Whipple Procedure


ကိုစိုးမြင့် ခွဲစိတ်ကုသမှုကြီးလုပ်ရတယ်ဆိုတော့ ဘာဖြစ်တာလဲလို့ မေးကြတယ်။ ကျွန်တော်ကတော့ ကာယကံရှင်ခွင့်ပြုချက်စောင့်ပြီးမှ ပြောပြချင်လို့ မပြောဘဲထားခဲ့ပါတယ်။ အခုတော့ လူနာက ပြောစေချင်လို့၊ အထူးသဖြင့် Grand Hantha ဂရန်းဟံသာဆေးရုံက ခွဲစိတ်ကု ဆရာဝန် သမားတော်ကြီး ဒေါက်တာ ဒေါ်တင်တင်မာ၊ အစာအိမ် အူလမ်းကြောင်း နဲ့ အသဲ အထူးကု ဆရာကြီး ဦးသိန်းမြင့်၊ ရင်ကြပ်ပန်းနာ အထူးကုဆရာမကြီး သမားတော် ဒေါ်သန်းသန်းအေးတို့ကို ကျေးဇူးတင်စကား အမှတ်တရ ပြောကြားစေချင်လို့ပါ။

မြန်မာပြည်မှာ ဒါမျိုး ခွဲစိတ်ကုသမှုကြီး ပြောရရင် Whipple Procedure လုပ်နိုင်တာ ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ပထမတော့ ကျွန်တော်တို့မယ် စိတ်ထဲထင်တာက မြန်မာပြည်မှာ ခွဲဖို့ အဆင်မပြေလောက်ဘူး၊ အဲဒီတော့ Whipple လုပ်နိ်ုင်တဲ့ အခြေခံအဆောက်အဦနဲ့ facility ရှိတဲ့ ထိုင်းကိုသွားမလား၊ အိန္ဒိယသွားခွဲမလားပေါ့။ နေရာစဉ်းစားရတာက ကုန်ကျစားရိတ်နဲ့ အထောက်အကူပေးနိုင်မယ့်သူတွေ ဘယ်လောက်ရှိလဲဆိုတာပေါ့။ အိန္ဒိယမှာတော့ ချန်နိုင်တို့ မွန်ဘိုင်းတို့မှာ ထိပ်တန်းပဲ။ ဒါပေမယ့် ကိုဗစ်-၁၉ ကာလ လေယာဉ်တွေမထွက်သလို ဝင်ခွင့်တွေပိတ်ပင်ထားတာရှိတယ်။ မြန်မာပြည်က အိန္ဒိယသံရုံးနဲ့ နယူးဒေလီက မြန်မာသံရုံးတွေက Relief flight လိုက်ခွင့်ရအောင် ကူညီပေးမယ်။ ဒါပေမယ့် Relief flight က ဂျူလိုင်လ
လယ်မှရမယ်။ ဒါ့အပြင် အိန္ဒိယရောက်ရင် ကွာရန်တင်းဝင်ရမယ်။ အိန္ဒိယမှာလက်ရှိက မြို့တွေက အပြင်ကလာသူတွေကို ကွာရန်တင်းသတ်မှတ်ထားတော့ လေယာဉ်က ဆိုက်တဲ့မြို့မှာ တစ်ခါ၊ ဆေးရုံရှိတဲ့ မြို့မှာ တစ်ခါ ကွာရန်တင်းဝင်ရမယ်ဆိုတော့ အချိန်က တစ်လလောက်ကြာသွားမယ်။ ဆရာဝန်ကြီး ဒေါက်တာသိန်းမြင့်က အန္တရာယ်မစွန့်စားစေချင်ဘူး။ အဲဒါနဲ့ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်တင်တင်မာကို လူနာအခြေအနေပြကြည့်တော့ ဆရာမကြီးက ၉၅ ရာခိုင်နှုန်း အောင်မြင်စေရမယ်တဲ့။ အဲမှာ စဉ်းစားရပြီ ခွဲမလား၊ လေယာဉ်စောင့်မလားပေါ့။ ကျွန်တော်လည်း ဆရာမကြီး နောက်ကြောင်းလိုက်ကြည့်တော့ အတွေ့အကြုံကောင်းတယ်။ အောင်မြင်တဲ့ရလာဒ်တွေအများကြီးရှိတယ်။ တည်ငြိမ်တယ်။ နောက် Confident ရှိတာကို ကြိုက်တယ်။ အဲဒီတော့ လူနာကသဘောထားမေးတော့ ခွဲဖို့တိုက်တွန်းလိုက်တယ်။

Whipple procedure ဝှစ်ပယ် လုပ်ထုံးလုပ်နည်းလို့ ဆိုရမယ်ထင်တယ်။
ဒီခွဲစိတ်နည်းကို အမေရိကန်ခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ အလန် ဝှစ်ပယ် Allen Whipple က ထွင်ခဲ့တာဖြစ်လို့ သူ့ကိုဂုဏ်ပြုမှည့်ခေါ်ထားတာပါ။

Whipple procedure ကို မှုန့်ချိုအိတ်နဲ့ဆိုင်တဲ့ ကင်ဆာတွေကို ကုသတဲ့နေရာမယ်သုံးပါတယ်။ မှုန့်ချိုအိတ်၊ အူနဲ့ သည်းခြေပြွန်တို့မှာ အကြိတ်တည်တာနဲ့ အလုပ်လုပ်ပုံမမှန်တော့တာတွေအတွက် ကုသဖို့ပေါ့။
မှုန့်ချိုအိတ်ရဲ့ ခေါင်း၊ အူသိမ်ပိုင်း၊ သည်းခြေအိတ်နဲ့ သည်းခြေပြွန်တို့ကို ဖြတ်ထုတ်ပစ်ရတာဖြစ်ပါတယ်။

အစာအဟာရတွေကို ချေဖျက်ဖို့အတွက် သည်းခြေက အရည်တွေထုတ်ပေးတယ်။ ဒီအရည်တွေကို သည်းခြေပြွန်ကနေတဆင့် အစာခြေတဲ့အင်္ဂါအဖွဲ့အစည်းတွေကိုပို့ပေးတယ်။ သည်းခြေပြွန်မှာ အကျိတ်တည်တော့ သည်းခြေပြွန်ပိတ်ဆို့မှုဖြစ်တယ်။ အဲဒီတော့ အစာချေဖျက်မှုစနစ်ပျက်ပြားသွားတယ်။

ဘာလို့ကျန်တာတွေဖြတ်ထုတ်ရလဲဆိုတော့ အူသိမ်က ထုတ်ပေးတဲ့ ဟိုမုန်းက သည်းခြေကို အလုပ်လုပ်စေတယ်။ Duodenum ကိုထုတ်လိုက်တဲ့အတွက် ဟိုမုန်းတွေမထွက်တော့ဘူး။ ဒါ့အပြင် တစ်စုံလုံးကိုထုတ်လိုက်တဲ့အတွက် သည်းခြေမှာ သွေးလွှတ်ကြောက သွေးလည်းမရောက်တော့ဘူး။ ခန္ဓာကိုယ်မှာ သည်းခြေကိုထုတ်လိုက်တာ လူနာမှာ ဘာအကျိုးဆက်မှ မရှိဘူးလို့ဆိုတယ်။

ခွဲစိတ်ဖြတ်တောက်ပြန်ဆက်လုပ်ရတာမှာ ကိုယ်တွင်းကလီစာအားဖြင့် လေးနေရာရှိတယ်။ မှုန့်ချိုအိတ်၊ သည်းခြေပြွန်၊ အူ၊ အစာအိမ်တွေပါဝင်တယ်.

အင်မတန်မှ ရှုတ်ထွေးတဲ့ ခွဲစိတ်ကုသမှုပြီး အန္တရာယ်လည်းများလှပါတယ်။ ခွဲစိတ်ကုသမှုက လေးနာရီကနေ ၁၂ နာရီလောက်အထိ ကြာတတ်တယ်လို့ ဆိုပါတယ်။ မေ့ဆေးပေးပြီးခွဲတာဆိုတော့ လူနာကတော့ သတိထားမိမှာတော့ မဟုတ်ပါဘူး။

တွဲထားတဲ့ ပုံကိုကြည့်လိုက်ရင်မြင်သာတယ်၊ ခရမ်းရောင်အပိုင်းတစ်ခုလုံးကို ဖြတ်ထုတ်ပစ်လိုက်တာပါပဲ။

ကိုစိုးမြင့်မှာ ဒီခွဲစိတ်ကုသမှု ခြောက်နာရီလောက်ကြာတယ်၊ အောင်အောင်မြင်မြင်ဖြစ်သွားခဲ့တယ်။ အဲသလိုဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ ဦးဆောင်ဆရာဝန်ဖြစ်တဲ့ ခွဲစိတ်ကု ဆရာဝန် သမားတော်က ဒေါ်တင်တင်မာနဲ့ အတူ ဆရာကြီး ဦးသိန်းမြင့်၊ သမားတော် ဒေါ်သန်းသန်းအေးတို့ကို ကျေးဇူးတင်စရာပါပဲ။ ခွဲစိတ်အဖွဲ့ထဲက သူနာပြုတွေလည်း ကျေးဇူးတင်ပါတယ်။ ခြောက်နာရီဆက်တိုက်လုပ်ရတဲ့ အလုပ် မလွယ်တာစဉ်းစားကြည့်။

Biopsy ရလာဒ်ထွက်လာတော့လည်း စောစောခွဲလိုက်တာ ကံကောင်းတယ် သို့မဟုတ် မှန်တယ်ဆိုတာ တွေ့လာရတယ်။

အခုဆို လူနာက အစားပြန်စားတာကျင့်နေပြီ။ လမ်းဖြေးဖြေးလျှောက်တာမျိုးလို အဆုတ်အားကောင်းအောင်လုပ်တာမျိုးလို ကာယလေ့ကျင့်တာပြန်လုပ်နေပြီ။ လူကောင်းလိုပြန်ဖြစ်ဖို့တော့ အချိန်ယူရပါဦးမယ်။ ဘာပဲဖြစ်ဖြစ် တောင်ကြီးတစ်တောင်ကိုကျော်နိုင်ခဲ့ပါပြီ။

https://www.youtube.com/watch?v=68XsPhyMEZA

Zawgyi

ကိုစိုးျမင့္ ခြဲစိတ္ကုသမႈႀကီးလုပ္ရတယ္ဆိုေတာ့ ဘာျဖစ္တာလဲလို႔ ေမးၾကတယ္။ ကြၽန္ေတာ္ကေတာ့ ကာယကံရွင္ခြင့္ျပဳခ်က္ေစာင့္ၿပီးမွ ေျပာျပခ်င္လို႔ မေျပာဘဲထားခဲ့ပါတယ္။ အခုေတာ့ လူနာက ေျပာေစခ်င္လို႔၊ အထူးသျဖင့္ Grand Hantha ဂရန္းဟံသာေဆး႐ုံက ခြဲစိတ္ကု ဆရာ၀န္ သမားေတာ္ႀကီး ေဒါက္တာ ေဒၚတင္တင္မာ၊ အစာအိမ္ အူလမ္းေၾကာင္း နဲ႔ အသဲ အထူးကု ဆရာႀကီး ဦးသိန္းျမင့္၊ ရင္ၾကပ္ပန္းနာ အထူးကုဆရာမႀကီး သမားေတာ္ ေဒၚသန္းသန္းေအးတို႔ကို ေက်းဇူးတင္စကား အမွတ္တရ ေျပာၾကားေစခ်င္လို႔ပါ။

ျမန္မာျပည္မွာ ဒါမ်ဳိး ခြဲစိတ္ကုသမႈႀကီး ေျပာရရင္ Whipple Procedure လုပ္ႏိုင္တာ ဂုဏ္ယူစရာလည္းျဖစ္ပါတယ္။ ပထမေတာ့ ကြ်န္ေတာ္တို႔မယ္ စိတ္ထဲထင္တာက ျမန္မာျပည္မွာ ခြဲဖို႔ အဆင္မေျပေလာက္ဘူး၊ အဲဒီေတာ့ Whipple လုပ္ႏိ္္ုင္တဲ့ အေျခခံအေဆာက္အဦနဲ႔ facility ရွိတဲ့ ထိုင္းကိုသြားမလား၊ အိႏၵိယသြားခြဲမလားေပါ့။ ေနရာစဥ္းစားရတာက ကုန္က်စားရိ္တ္နဲ႔ အေထာက္အကူေပးႏိုင္မယ့္သူေတြ ဘယ္ေလာက္ရွိလဲဆိုတာေပါ့။ အိႏၵိယမွာေတာ့ ခ်န္ႏိုင္တို႔ မြန္ဘိုင္းတို႔မွာ ထိပ္တန္းပဲ။ ဒါေပမယ့္ ကိုဗစ္-၁၉ ကာလ ေလယာဥ္ေတြမထြက္သလို ၀င္ခြင့္ေတြပိတ္ပင္ထားတာရွိတယ္။ ျမန္မာျပည္က အိႏၵိယသံရံုးနဲ႔ နယူးေဒလီက ျမန္မာသံရံုးေတြက Relief flight လိုက္ခြင့္ရေအာင္ ကူညီေပးမယ္။ ဒါေပမယ့္ Relief flight က ဂ်ဴလိုင္လလည္မွရမယ္။ ဒါ့အျပင္ အိႏၵိယေရာက္ရင္ ကြာရန္တင္း၀င္ရမယ္။ အိႏၵိယမွာလက္ရွိက ၿမိဳ႔ေတြက အျပင္ကလာသူေတြကို ကြာရန္တင္းသတ္မွတ္ထားေတာ့ ေလယာဥ္က ဆိုက္တဲ့ၿမိဳ႔မွာ တစ္ခါ၊ ေဆးရံုရွိတဲ့ ၿမိဳ႔မွာ တစ္ခါ ကြာရန္တင္း၀င္ရမယ္ဆိုေတာ့ အခ်ိန္က တစ္လေလာက္ၾကာသြားမယ္။ ဆရာ၀န္ႀကီး ေဒါက္တာသိန္းျမင့္က အႏၲရာယ္မစြန္႔စားေစခ်င္ဘူး။ အဲဒါနဲ႔ ခြဲစိတ္ဆရာ၀န္ႀကီး ေဒါက္တာ ေဒၚတင္တင္မာကို လူနာအေျခအေနျပၾကည့္ေတာ့ ဆရာမႀကီးက ၉၅ ရာခိုင္ႏႈန္း ေအာင္ျမင္ေစရမယ္တဲ့။ အဲမွာ စဥ္းစားရၿပီ ခြဲမလား၊ ေလယာဥ္ေစာင့္မလားေပါ့။ ကြ်န္ေတာ္လည္း ဆရာမႀကီး ေနာက္ေၾကာင္းလိုက္ၾကည့္ေတာ့ အေတြ႕အၾကံဳေကာင္းတယ္။ ေအာင္ျမင္တဲ့ရလာဒ္ေတြအမ်ားႀကီးရွိတယ္။ တည္ၿငိမ္တယ္။ ေနာက္ Confident ရွိတာကို ႀကိဳက္တယ္။ အဲဒီေတာ့ လူနာကသေဘာထားေမးေတာ့ ခြဲဖို႔တိုက္တြန္းလိုက္တယ္။

Whipple procedure ဝွစ္ပယ္ လုပ္ထုံးလုပ္နည္းလို႔ ဆိုရမယ္ထင္တယ္။
ဒီခြဲစိတ္နည္းကို အေမရိကန္ခြဲစိတ္ဆရာဝန္ျဖစ္တဲ့ ေဒါက္တာ အလန္ ဝွစ္ပယ္ Allen Whipple က ထြင္ခဲ့တာျဖစ္လို႔ သူ႔ကိုဂုဏ္ျပဳမွည့္ေခၚထားတာပါ။

Whipple procedure ကို မႈန႔္ခ်ိဳအိတ္နဲ႔ဆိုင္တဲ့ ကင္ဆာေတြကို ကုသတဲ့ေနရာမယ္သုံးပါတယ္။ မႈန႔္ခ်ိဳအိတ္၊ အူနဲ႔ သည္းေျခႁပြန္တို႔မွာ အႀကိတ္တည္တာနဲ႔ အလုပ္လုပ္ပုံမမွန္ေတာ့တာေတြအတြက္ ကုသဖို႔ေပါ့။
မႈန႔္ခ်ိဳအိတ္ရဲ႕ ေခါင္း၊ အူသိမ္ပိုင္း၊ သည္းေျခအိတ္နဲ႔ သည္းေျခႁပြန္တို႔ကို ျဖတ္ထုတ္ပစ္ရတာျဖစ္ပါတယ္။

အစာအဟာရေတြကို ေခ်ဖ်က္ဖို႔အတြက္ သည္းေျခက အရည္ေတြထုတ္ေပးတယ္။ ဒီအရည္ေတြကို သည္းေျခႁပြန္ကေနတဆင့္ အစာေျခတဲ့အဂၤါအဖြဲ႕အစည္းေတြကိုပို႔ေပးတယ္။ သည္းေျခႁပြန္မွာ အက်ိတ္တည္ေတာ့ သည္းေျခႁပြန္ပိတ္ဆို႔မႈျဖစ္တယ္။ အဲဒီေတာ့ အစာေခ်ဖ်က္မႈစနစ္ပ်က္ျပားသြားတယ္။

ဘာလို႔က်န္တာေတြျဖတ္ထုတ္ရလဲဆိုေတာ့ အူသိမ္က ထုတ္ေပးတဲ့ ဟိုမုန္းက သည္းေျခကို အလုပ္လုပ္ေစတယ္။ Duodenum ကိုထုတ္လိုက္တဲ့အတြက္ ဟိုမုန္းေတြမထြက္ေတာ့ဘူး။ ဒါ့အျပင္ တစ္စုံလုံးကိုထုတ္လိုက္တဲ့အတြက္ သည္းေျခမွာ ေသြးလႊတ္ေၾကာက ေသြးလည္းမေရာက္ေတာ့ဘူး။ ခႏၶာကိုယ္မွာ သည္းေျခကိုထုတ္လိုက္တာ လူနာမွာ ဘာအက်ိဳးဆက္မွ မရွိဘူးလို႔ဆိုတယ္။

ခြဲစိတ္ျဖတ္ေတာက္ျပန္ဆက္လုပ္ရတာမွာ ကိုယ္တြင္းကလီစာအားျဖင့္ ေလးေနရာရွိတယ္။ မႈန႔္ခ်ိဳအိတ္၊ သည္းေျခႁပြန္၊ အူ၊ အစာအိမ္ေတြပါဝင္တယ္.

အင္မတန္မွ ရႈတ္ေထြးတဲ့ ခြဲစိတ္ကုသမႈၿပီး အႏၲရာယ္လည္းမ်ားလွပါတယ္။ ခြဲစိတ္ကုသမႈက ေလးနာရီကေန ၁၂ နာရီေလာက္အထိ ၾကာတတ္တယ္လို႔ ဆိုပါတယ္။ ေမ့ေဆးေပးၿပီးခြဲတာဆိုေတာ့ လူနာကေတာ့ သတိထားမိမွာေတာ့ မဟုတ္ပါဘူး။

တြဲထားတဲ့ ပုံကိုၾကည့္လိုက္ရင္ျမင္သာတယ္၊ ခရမ္းေရာင္အပိုင္းတစ္ခုလုံးကို ျဖတ္ထုတ္ပစ္လိုက္တာပါပဲ။

ကိုစိုးျမင့္မွာ ဒီခြဲစိတ္ကုသမႈ ေျခာက္နာရီေလာက္ၾကာတယ္၊ ေအာင္ေအာင္ျမင္ျမင္ျဖစ္သြားခဲ့တယ္။ အဲသလိုျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ဦးေဆာင္ဆရာဝန္ျဖစ္တဲ့ ခြဲစိတ္ကု ဆရာဝန္ သမားေတာ္က ေဒၚတင္တင္မာနဲ႔ အတူ ဆရာႀကီး ဦးသိန္းျမင့္၊ သမားေတာ္ ေဒၚသန္းသန္းေအးတို႔ကို ေက်းဇူးတင္စရာပါပဲ။ ခြဲစိတ္အဖြဲ႕ထဲက သူနာျပဳေတြလည္း ေက်းဇူးတင္ပါတယ္။ ေျခာက္နာရီဆက္တိုက္လုပ္ရတဲ့ အလုပ္ မလြယ္တာစဥ္းစားၾကည့္။

Biopsy ရလာဒ္ထြက္လာေတာ့လည္း ေစာေစာခြဲလိုက္တာ ကံေကာင္းတယ္ သို႔မဟုတ္ မွန္တယ္ဆိုတာ ေတြ႕လာရတယ္။

အခုဆို လူနာက အစားျပန္စားတာက်င့္ေနၿပီ။ လမ္းေျဖးေျဖးေလွ်ာက္တာမ်ဳိးလို အဆုတ္အားေကာင္းေအာင္လုပ္တာမ်ဳိးလို ကာယေလ့က်င့္တာျပန္လုပ္ေနၿပီ။ လူေကာင္းလိုျပန္ျဖစ္ဖို႔ေတာ့ အခ်ိန္ယူရပါဦးမယ္။ ဘာပဲျဖစ္ျဖစ္ ေတာင္ႀကီးတစ္ေတာင္ကိုေက်ာ္ႏိုင္ခဲ့ပါၿပီ။

No comments:

Post a Comment